အမေရိကန်မှာ လူ ၆၀ ကျော်သေတဲ့ လေယာဉ်ပျက်ကျမှုအပြီး လေယာဉ်ငယ်တစင်း ပျက်ကျမှု ဖြစ်ပွားပြန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားအရှေ့မြောက်ပိုင်းမှာ အဆောက်အအုံတွေပေါ်ကို လေယာဉ်ငယ်တစင်း မီးလောင်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး မြေပြင်ပေါ်က လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီမှာ ခရီးသည်တင်လေယာဉ်နဲ့စစ်ရဟတ်ယာဉ်တို့ ပျက်ကျမှုကြောင့် လူ ၆၀ ကျော်သေဆုံးခဲ့တဲ့ မတော်တဆမှုအပြီး ရက်ပိုင်းအကြာမှာ အခုလေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူအများအပြား လိုက်ပါသွားတယ်လို့ ဆိုပါတယ်။

လေယာဉ်ဘာကြောင့် ပျက်ကျရတယ်ဆိုတာနဲ့ လိုက်ပါသွားသူအရေအတွက် ဘယ်လောက်၊ အသက်ရှင်ကျန်ရစ်သူ ဘယ်လောက်ရှိလဲဆိုတာကို ရှင်းလင်းစွာ မသိရသေးပါဘူး။ ပျက်ကျမှုဟာ မြို့ရဲ့လူနေထူထပ်တဲ့ သုံးထပ်စျေးဝယ်စင်တာရဲ့ အရံအတားတွေဖြစ်ပွားခဲ့တာပါ။

အဲဒီနေရာမှာ တဆက်တည်းအိမ်ရာတွေနဲ့စျေးဆိုင်တွေ အများအပြားတည်ရှိနေပါတယ်။ ဒီဖြစ်စဉ်အတွင်း မော်တော်ကားတွေလည်း ပျက်စီးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ Learjet 55 အမျိုးအစား လေယာဉ်ဟာ ဖီလာဒဲလ်ဖီးယား လေဆိပ်ကနေ ပျံတက်ပြီး လေးမိုင်အကွာမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

အခင်ဖြစ်ချိန်မှာ ရာသီဥတုက တိမ်အသင့်အတင့်ရှိနေပြီး လေတိုက်နှုန်း ၁၀ မိုင်ကနေ မိုင် ၂၀ ရှိတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး လေကြောင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။

Ref:BBC
Photo: Office of Emergency Management.

#centralnewsnaypyitaw

image

နစက အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်းအပါအဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ နဲ့ ဝန်ကြီးအပြောင်းအလဲ အမိန့်စာများ။

#သတင်းဟင်းလေးအိုးကြီး

imageimage
+7

စနေနေ့ မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image

ဖေဖော်ဝါရီ ၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ကိုယ်၀န်ဆောင်သည်အဖြစ်ဟန်ဆောင်တဲ့ငါးမန်းထီးကြီး😁😁

➪➪➪➪➪➪➪➪➪➪➪➪➪➪

The Bad Guys (2022) မြန်မာစာတန်းထိုး

ခိုးတဲ့ဝှက်တဲ့နေရာမှာ မသိသူမရှိရလောက်အောင်ကျော်ကြားလှတဲ့ Bad guys နာမည်ရသူငယ်ချင်းငါးယောက်။
သူတိုရဲ့သမိုင်း၀င် ခိုးဝှက်မှု အဖြစ် မှတ်တမ်းတင်နိုင်လောက်စရာ ကိစ္စရပ်ကြီးမှာ မျှော်လင့်ပဲ ဖမ်းခံလိုက်ကြရပါတယ်။
အဲ့အချိန်မှာပဲ Bad guys တွေကိုပညာပေးမဲ့ဆရာ့ဆရာ ပါမောက္ခကြီး ကသူတိုကို ပြောင်းလဲပေးဖိုကြိုးစားခဲ့ပါတယ်။

ဖြစ်ရပ်အလှည့်အပြောင်းတွေ ကြောင့် Bad guys တွေကို လူကောင်းတွေဖြစ်လာအောင်လုပ်ပေးနိုင်မလား
ကောင်းခြင်းဆိုးခြင်းဆိုတာ ဘယ်အရာပေါ်အခြေခံနေလဲ ဆိုတာတွေကိုAnimated film လို မထင်ရလောက်အောင်
ဇာတ်လမ်း ဇာတ် ကွက် အသံပိုင်းဆိုင်ရာပြီးပြည့်စုံမှုတွေ နဲ့ကြည့်ရှု့ရမှာဖြစ်ပါတယ်

image

ဖေဖော်ဝါရီ ၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
1 y - Translate

❝The Haunted Cop Shop❞ (1987) (မြန်မာစာတန်းထိုး)

ဒီတရုတ်သရဲကားလေးကတော့ ၁၉၈၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီး တရုတ်သရဲ ဟာသကားလေးတစ်ကားပါ။ ကျွန်တော်တို ရွှေပန်းသီးမှာ တင်ခဲ့ပေးဖူးတဲ့ Mr. Vampire 1 ထဲက သရဲနိုင်ဆရာကြီးရဲ့ တပည့် ဟာသကောင် Ricky Hui လည်း ပါဝင်ထားပါတယ်။ တရုတ်သရဲကားတွေကို ကြိုက်တတ်တဲ့သူ မှန်ရင် ဒီကားကိုလည်း ကျိန်းသေကြိုက်မှာပါ။ ဟိုအရင်ခေတ်က တရုတ်သရဲကားတွေရဲ့ ထုံးစံအတိုင်း အက်ရှင်လေး၊ ဟာသလေးနဲ့ကိုမှ Horror အရသာလေးကိုပါ ပေါင်းထည့်ထားလိုပါ။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ဖြင့် မန်ချုးဆိုတဲ့ကောင်နဲ့ မက်ကင်ဆိုတဲ့ကောင်နှစ်ကောင်ဟာ စုံထောက်တွေ ဖြစ်ပေမယ့် သရဲဆိုတာကို တစ်ခါမှ မတွေ့ဖူးသလို ယုံလည်း မယုံပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံလာရပါတော့တယ်။ ဒါ့အပြင် သူတိုရဲ့ အထက်အရာရှိဖြစ်သူတွေကလည်း သူတိုပြောတာကို မယုံပါဘူး။ ဒါနဲ့ သူတိုတွေ ယုံလာအောင် သူတိုနှစ်ကောင် ကြိုးစားရင်း သွေးစုပ်ဖုတ်ကောင် တစ်ကောင်နဲ့ အလွဲလွဲအချော်ချော် ဖြစ်ရပုံတွေကို ပရိသတ်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုဖို ပြောလိုက်ပါရစေ..
#movie

image
1 y - Translate

ယခုပုံမှာ မြင်တွေ့ရတာကတော့ ၁၉၇၂ ခုနှစ် ဒီဇင်ဘာ
လအတွင်း အပိုလို ၁၇ (Apollo 17) မစ်ရှင်မှာ အသုံးပြု
ခဲ့တဲ့ လသွားယာဉ် (Lunar Roving Vehicle - LRV) ရဲ့ ညာဘက်နောက်ဘီးနဲ့ ပျက်စီးသွားတဲ့ အကာအစိတ် အပိုင်းကိုရိုက်ကူးထားတဲ့ မှတ်တမ်း ဓါတ်ပုံပဲ ဖြစ်ပါတယ်။
ဒီမှတ်တမ်း ဓါတ်ပုံရဲ့ ဖြစ်စဉ်ကဒီလိုပါ
¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨
အပိုလို ၁၇ မစ်ရှင်အတွင်းမှာ အာကာသယာဉ်မှူး ယူဂျင်းဆာနန် (Eugene Cernan) စီးနင်းနေတဲ့ LRV ယာဉ်ရဲ့ ညာဘက်နောက်ဘီးအကာဟာ မတော်တဆမှုတစ်ခုကြောင့်အစိတ်အပိုင်းတစ်ခု ပြုတ်ထွက်သွားခဲ့ပါတယ်။
အကာမရှိတော့တဲ့အတွက် LRV မောင်းနှင်တဲ့အခါ လပေါ်က ဖုန်မှုန့်တွေ အများအပြား လွင့်စင်လာပြီး အာကာသ ယာဉ်မှူးတွေ၊ ကိရိယာတွေနဲ့ ယာဉ်ကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အာကာသယာဉ်မှူးတွေဟာ တီထွင်ကြံဆမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ လမျက်နှာပြင်မှာ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ယူ ဆောင်လာတဲ့ မြေပုံ လေးခုကို အသုံးပြုပြီး ပျက်စီးသွားတဲ့ အကာနေရာမှာ အစားထိုးတပ်ဆင်ခဲ့ပါတယ်။
အဆိုပါမြေပုံတွေကို တိပ်တွေ၊ ဓါတ်မီးညှပ်ကလစ်တွေ အသုံးပြုပြီး ယာဉ်ပေါ်မှာ လုံခြုံစွာ တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒီယာယီပြုပြင်မှုဟာ အောင်မြင်စွာ အလုပ်လုပ်ခဲ့ပြီး ဖုန်မှုန့်တွေ လွင့်စင်မှုကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပါတယ်။
ဒီဓာတ်ပုံဟာ အပိုလို ၁၇ မစ်ရှင်ရဲ့ အမှတ်တရတစ်ခုဖြစ်ရုံသာမက အာကာသစူးစမ်းလေ့လာရေးမှာ ကြုံတွေ့ရတတ်တဲ့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကို အာကာ သယာဉ်မှူးတွေက တီထွင်ကြံဆမှုနဲ့ ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုတာကို ပြသနေတဲ့ သက်သေတစ်ခုလည်း ဖြစ်ပါတယ်။
ယာယီပြုပြင်ထားတဲ့ အကာနဲ့ LRV ယာဉ်ဟာ ကမ္ဘာ
မြေကို ပြန်လည်သယ်ဆောင်လာခဲ့ပြီး ဝါရှင်တန်ဒီစီမြို့
ရှိ အမျိုးသားလေကြောင်း နှင့် အာကာသပြတိုက် (National Air and Space Museum) မှာ ယနေ့တိုင်
ပြသထားလျက်ရှိပါတယ်။

image

image

image