Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Part-2
*ဆရာနိုး အမှတ်တရ
အထူးသဖြင့် အနက်အဓိပ္ပာယ်ကိုလေ့လာသော အတ္ထဗေဒ(Sementics) အပိုင်းကို စိတ်ဝင်စားလျက်ရှိရာ အနက်အဓိပ္ပာယ်အကြောင်းရေးသော သူ့ဆောင်းပါး များကို ပို၍အာရုံစိုက်ဖြစ်သည်။ သူ မဟာတန်းတက်ရင်း ဌာနမှာ အနက်အဓိပ္ပာယ် အကြောင်း စာလေးတစ်စောင် သူဖတ်သည်။ နောက်ပိုင်းမှာ ‘ဗမာစာဗမာစကား’ ဆောင်းပါးပေါင်းချုပ် ထွက်လာတော့ ပြည့်ပြည့်စုံစုံဖတ်ရသည်။ ဘာသာဗေဒနှင့် ပတ်သက်သည့် သူ့‘ကိုယ်ခံ’ပမာဏကိုလည်း ချင့်တွက်မိပါသည်။
ကျွန်တော်တို့က ဌာနအခန်းထဲမှာ စကားပြောဖြစ်ကြသလို ဦးချစ် ဆိုင်မှာ လည်း စကားပြောဖြစ်ကြသည်။ သူပြောပြသော အနောက်တိုင်းစာပေအကြောင်း၊ ဘာသာစကားအကြောင်းများကို ကြားရသည်။ ကျွန်တော်ကတော့ ဝါရင့်သမ္ဘာရင့် မိတ်ဆွေတစ်ယောက်နှင့် နီးနီးကပ်ကပ် ပြောဖို့ ဆိုဖို့ အခွင့်ကြုံရသည်ကို ဝမ်းသာ နေသည်။ နောက်ပိုင်းကျတော့ သူ့ကို ‘ဆရာနိုးဟုသာ ခေါ်ပါတော့သည်။ ထိုစဉ်က ဒေါက်တာနိုးရုပ်ရှင် ခေတ်စားနေရာ ကျွန်တော်တို့ဆရာ ပါမောက္ခ ဦးမောင်မောင် ကြီးက သူ့ကို 'ဒေါက်တာနိုး'ဟု တစ်ခါတစ်ခါ ကျီစယ်ပြီးခေါ်သည်ကို ကြားရ ပါသည်။
သူ မဟာဝိဇ္ဇာ အရည်အချင်းစစ်အတန်း နောက်ဆုံးနှစ်အတန်းတက်ပြီး မဟာဝိဇ္ဇာဘွဲ့ အတွက် မြန်မာဂန္ထဝင်ကဗျာတွေကို ကျမ်းပြုပြီးသည်အထိ ငါးနှစ်၊ ခြောက်နှစ်မျှ ကြာခဲ့ရာ ထိုကာလအတွင်း တောင်ငူဆောင် မြန်မာစာဌာနမှာ အနေများ သည့်အတွက် သူနှင့် အထိအတွေ့ များပါသည်။
မှတ်မှတ်ရရ ရှင်မဟာရဋ္ဌသာရ နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမှာ သူဖတ်ခဲ့သော ‘ပုလဲပန်း၏သဒ္ဒါလင်္ကာရ' စာတမ်းကို ထိုအထိမ် အမှတ်စာအုပ်မှာ လေ့လာရသည်။ ကိုးခန်းပျို့၏ အသံတန်ဆာများကို စကားသံ ဖွဲ့မှ သဘောတရား နည်းနာများဖြင့် ခြေခြေမြစ်မြစ် သုတေသနပြုထားသည်ကို လေ့လာရသည့်အတွက် စာပေနှင့်ဘာသာစကား အပြန်အလှန်ဆက်စပ်ပုံ၊ အထောက်အကူပြုပုံကို သိမြင်လာရသည်။ အသိသစ် အမြင်သစ်များ ပွင့်လင်း လာရသည်။ စာပေအထူးပြုလေ့လာသူများနှင့် ဘာသာစကား အထူးပြုလေ့လာသူ များ တစ်ဖက်နှင့်တစ်ဖက် မသက်ဆိုင်သလို ‘ခပ်စိမ်းစိမ်း” နေကြသော ထိုကာလတွင် ဆရာနိုး၏စာတမ်းသည် စာပေလေ့လာမှုနှင့် ဘာသာစကားလေ့လာမှုကို ပေါင်းကူး တံတားထိုးပေးသည့် စာတမ်းအဖြစ် ရှုမြင်မိသည်။ စာပေ၏ အသံတန်ဆာကို လေ့လာရာတွင် အသံချိုသာ၏၊ ပြေပြစ်၏။ မဓုရတာဂုဏ်မြောက်၏ ဟူသော အပေါ်ယံသုံးသပ်ချက်တို့ထက် ကောင်းမွန်ပြီး ထိုးထိုးထွင်းထွင်း သုတေသနပြု၍ ဖော်ထုတ်ထားသည်။ ထိုစာတမ်းမှာ ဘာသာစာပေတန်ဖိုးကြီးမားလှသည်။ ဘာသာစာပေ ပေါင်းကူးလေ့လာမှုအတွက် ရှေ့ဆောင်လမ်းပြသဖွယ်ဖြစ်သည်။
#ဆက်ရန်ရှိ
ကမ္ဘာ့စျေးအကြီးဆုံးဖရဲသီးမှာ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းမြောက်ပိုင်းမှ ထွက်ရှိသော Densuke ဖရဲသီးဖြစ်ပါသည်
ဤဖရဲသီးတွင် ထူးခြားစွာပြောင်လက်နေသည့် အမည်းရောင် အခွံရှိပြီး အလွန်ချိုကာ အစေ့ပါဝင်မှုနည်းပြီး ကြွပ်ဆတ်သော အသားရှိပါသည်။
၂၀၀၈ ခုနှစ်တွင် Densuke ဖရဲသီးတစ်လုံးကို အမေရိကန်ဒေါ်လာ ၆,၁၀၀ ခန့်ဖြင့် ( မြန်မာငွေ ၂၇၄သိန်း ) လေလံတင်ရောင်းချခဲ့ပြီး၊ ထိုအချိန်က ကမ္ဘာ့အချမ်းသာဆုံး ဖရဲသီးအဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။
Densuke ဖရဲသီးကို နှစ်စဉ် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်လေ့ရှိပြီး၊ ၎င်းရှားပါးမှုနှင့် ထူးခြားသော အရည်အသွေးတို့ကြောင့် ၎င်း၏တန်ဖိုးကို မြင့်တက်စေပါသည်။
ဤဖရဲသီးများကို စိုက်ပျိုးရာတွင် အထူးဂရုစိုက်ရသော နည်းလမ်းများဖြင့် စိုက်ပျိုးပြီး၊ ၎င်းတို့၏ ထူးခြားသော အရသာနှင့် အသွင်အပြင်ကို ဖန်တီးပေးပါသည်။
ဂျပန်နိုင်ငံတွင် Densuke ဖရဲသီးကဲ့သို့သော သစ်သီးများကို ဈေးကြီးသော လက်ဆောင်များအဖြစ် ပေးလေ့ရှိပြီး၊ ၎င်းကလည်း ၎င်းတို့၏ ဈေးကွက်တန်ဖိုးကို မြင့်တက်စေပါသည်။
ဤအချက်များကြောင့် Densuke ဖရဲသီးသည် သစ်သီးတစ်မျိုးသာမက ဂျပန်ယဉ်ကျေးမှုတွင် ဇိမ်ခံပစ္စည်းနှင့် ဂုဏ်သိက္ခာ၏ သင်္ကေတအဖြစ် မှတ်ယူကြပါသည်။
ပင်စင်လစာများကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ဝန်ဆောင်ခ အခမဲ့ဖြင့် ထုတ်ယူနိုင်
နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ပင်စင်လစာများကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁၆၅) ဘဏ်အနက် မည်သည့် ဘဏ်ခွဲတွင်မဆို ဝန်ဆောင်ခ အခမဲ့ဖြင့် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့စီးပွါးရေးဘဏ်သည် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို e-Pension စနစ်မှ Centralized e-Pension စနစ်သို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ Centralized e-Pension စနစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်နေခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁၆၅) ဘဏ်ရှိပြီဖြစ်၍ ယင်း ဘဏ်ခွဲများတွင် အငြိမ်းစားများအနေဖြင့် ပင်စင်လစာများကို ဝန်ဆောင်ခ အခမဲ့ဖြင့် ထုတ်ယူနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် လက်ရှိတွင် ရန်ကုန်မြို့ရှိ မြန်မာ့စီးပွါးရေးဘဏ်ခွဲ ကိုးခု၌လည်း ပင်စင်လာရောက် ထုတ်ယူသည့် ပင်စင်စားဝန်ထမ်းများကို လစဉ် (၂၁) ရက်မှ (၂၄) ရက်အထိ သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။