ဂင်ချားနား

image
1 y - Translate

သီလပျက်သွားတဲ့ အင်းသားတချို့နဲ့ အချိန်မီ မပြုပြင်ရင် စီးပွားပျက်ကြတော့မယ့် အဖြစ် (အင်းလေး ရှင်ကျန်ဖို့ အင်းသားတွေမှာ တာဝန်ရှိပါတယ်)
ဟိုးတချိန်တုန်းက တောင်ကြီး အင်းလေးရယ်လို့ အမည်တပ်ပြီး ထွက်တဲ့ဘုရားဖူးခရီးစဉ်တွေထဲမှာ အင်းလေးက ဘုရင်ပဲ။ အင်းလေးပြီးမှ တောင်ကြီး၊ ကက္ကူ၊ ထန့်ဆန်း ပြီးတော့မှ ပင်းတယ၊ ရွာငံတွေ ဘာတေ ဘယ်ဆီနေမှန်းတောင်မသိ၊ ကလောဆိုတာ တကယ့်ငချွတ်လေး၊ နှီးဘုရားတခုပဲဝင်တာ၊ ဗျူးပွိုင့်တေ ဘာတွေ ဘာမှမရှိ လမ်းမှာဆို ဘဝသံသရာ တခုပဲဝင်တယ်။ သီခေါင်ဗျူးပွိုင့် ဘာညာဆိုတာ ခုမှပေါ်လာတာ ဟိုတုန်းက သိတာ သရက်ပုအဆင်းလို့ပဲသိကြတာ။
အင်းလေးဖက်ပြန်ဆက်ကြမယ် အဲဒီချိန်အင်းလေးဆိုတာ တကယ်ဆရာ၊ ရှမ်းပြည်သွားတဲ့သူတွေရဲ့ အိပ်မက်၊ သီတင်းကျွတ်လပြည့် ဘုရားပွဲရက်ဆို တကယ်ကို ကြက်ပျံမကျစည်တာ၊ ကျွန်တော် guide လုပ်တဲ့အချိန်က စိန်ဝင်းနှင့်ရောင်းရင်းများ ဘာညာက ဆရာ၊ ကျွန်တော်တို့က သေးသးလေး၊ အင်းထဲမှာဆို ရေပေါ်စားသောက်ဆိုင်ဘာညာ ကျွန်တော်တို့ဝင်တိုးလို့မရဘူး။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ဂျက်ကာက ဖောင်တော်ဦးပဲ။ ဆိုင်အပြည့် လူအပြည့် တကယ်တန် တကယ်ကောင်း။
အဲဒီချိန်ကစားခဲ့ရတဲ့ ငါးဒုက္ခဆို အခုထိမမေ့ဘူး။ အဲဒီအရသာလည်း တခါမှပြန်မရတော့ဘူး။ အင်းသူအင်းသားတွေလည်း တကယ်ရိုးသား ယဉ်ကျေးကြတာ၊ ဧည့်သည် လာတာကိုပဲ ပျော်နေကြတာ၊ ဂျင်းထည့်တာဘာညာ ဘာမှမရှိ၊ ဆိုင်တွေတိုင်း ထုတ်ကုန် ရောင်းကုန်တွေတိုင်း စျေးမတရားသက်သာတာ၊ အဲဒီကာလက အင်းလေးထဲကို တရက်သီးသန့်အချိန်ပေးရတဲ့အထိကို အင်းလေးဒေသကစည်ကားခဲ့တာ။
ဒီနေ့လိုအချိန် အင်းလေးက ဂျင်းဒေသအဖြစ် ကြားရတော့ တကယ်စိတ်မကောင်းဘူး။ တကယ်လည်း အင်းသားတချို့က သီလပျက်ကြပုံပါပဲ။ မည်သို့ပင်ဆိုစေကာမူ အင်းလေးဒေသဟာ သွားကိုသွားသင့်တဲ့ဒေသတခုဖြစ်ပါတယ်။ ဂျင်းထည့်တယ်ဆိုတဲ့ အနေထားတွေကြုံရမယ်ဆိုလည်း ညှိနှိုင်းရှောင်ရှားပြီး ရောက်အောင်သွားသင့်တဲ့ဒေသဖြစ်ပါတယ်။ ဘာလို့ရောက်အောင်သွားသင့်လဲဆိုတော့ ရေပေါ်လူနေမှုဘဝ၊ ရေခြံတွေ၊ ဘုရားစေတီတွေ၊ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေ အင်းထဲမှာ လေ့လာစရာတွေ အများကြီးရှိနေပါတယ်။
နောက်တချက်အနေနဲ့ ပြီးခဲ့တဲ့ကာလ သဘာဝဘေးအန္တရာယ်ကြောင့် ဒေသခံတွေအတိဒုက္ခရောက်ကြပြီး ပြန်လည်ထူထောင်ရေး ကာလအဖြစ် အခုမှအစပြုနေတာဖြစ်လို့ ဧည့်သည် မဝင်ရင် သူတို့ဘဝတွေ ရပ်ဆိုင်းသွားရမှာပါ။ တာဝန်ရှိသူတွေကလည်း ဒေသခံတွေနဲ့ ညှိနှိုင်းထိန်းသိမ်းကြပြီး ဧည့်သည်များဖက်ကလည်း အင်းလေးကန်ကြီး ရေရှည်ရပ်တည်နိုင်ရေး ဒေသခံတွေအတွက် စားဝတ်နေရေး အစရှိတာတွေ အတွက် အင်းလေးဒေသကို ကျောခိုင်းမသွားကြစေဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
image
image
image
image
1 y - Translate

Conjuring Kannappan (2023) “အိပ်မက် ခေါ်သံ”

IMDb 6.5 ရထားတဲ့ တမီးလ် Horror/comedy ကားအသစ် ဖြစ်ပါတယ်
တမီးလ် ဟာသရုပ်ရှင် ပင်တိုင်မင်းသားဖြစ်တဲ့ Sathish ပါဝင်ထားပါတယ်
Sathish ဆိုတာ ဟိုနေ့တင်ပေးထားတဲ့ မင်းသားဗီဂျေးရဲ့ Kaththi ထဲမှာ ဗီဂျေးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့မင်းသားပါ Kaththi နဲ့ အကောင်းဆုံးဟာသ သရုပ်ဆောင်ဆု ရခဲ့တဲ့ မင်းသားဖြစ်ပြီး ဒီကားကလည်း horror နဲ့ comedy ကို အချိုးကျကျ ရောစပ်ထားတဲ့ ကားပါပဲ

ဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေက သူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ တွဲချည်ထားတဲ့ dream catcher ကိုတွေ့ပါတယ်…
ဆရာသမားက အဲဒီ dream catcher က ငှက်မွေးအနီရောင်လေးကို မတော်တဆ ဖြုတ်မိသွားတဲ့အချိန် … ရေတွင်းထဲက အသံတစ်ခုကြားလိုက်ရလို့ အလန့်တကြား လွှတ်ချလိုက်ပေမယ့် နောက်တစ်နေ့ သူ့ရဲ့ အိပ်ခန်းထဲမှာပဲ အဲဒီပစ္စည်းလေး ပြန်ရောက်နေတာ တွေ့လိုက်ရပါတယ် အဲဒီညက စလို့ ကန်နာတစ်ယောက် ထူးဆန်းတဲ့ အိပ်မက်တွေကို စပြီး မက်ပါတယ်
အိမ်မက်ထဲက တစ္ဆေတွေဟာ လက်တွေ့ဘဝက အိမ်ကြီးထဲအထိ ရောက်လာခဲ့ပြီး သူတို့တစ်မိသားစုလုံးကို ဒုက္ခပေးပါတော့တယ် အဲဒီလို မတရားခြောက်နေတဲ့ နာနာဘာဝတွေရန်က တစ်မိသားစုလုံး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို Comedy/Horror တို့ ထုံးစံ “အကြောက်” တစ်ခါ “အဖောက်” တစ်လှည့် ခံစားကြည့်ရှူရမှာပဲ ဖြစ်ပါတယ်

ဇာတ်ကားလင့်
https://t.me/c/2222390798/135

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
1 y - Translate

Smurfs: The Lost Village (2007)

ပါပါစမက်ဖ်အုပ်ချုပ်တဲ့ စ မက်ဖ်ရွာလေးမှာ စမက်ဖက်တီ၊ ဘရိန်နီ၊ ကလမ်ဆီနဲ့ ဟက်ဖ်တီ တို့က အခင်ဆုံးသူငယ်ချင်းတွေ ပါ။

တစ်ရက်မှာတော့ စမက်ဖက် တီဟာ မြေပုံထဲမှာ တားမြစ်ကန့် သတ်ထားတဲ့ တောကြီးနဲ့ပတ် သက်ပြီး ရှာဖွေတွေ့ရှိခဲ့တာ ကြောင့်ပါပါစမက်ဖ်နဲ့ သူ့သူငယ် ချင်းတွေကို ပြောပြခဲ့ပါတယ်။စည်းကမ်းတင်းကျပ်လွန်းပြီး အ စိုးရိမ်ကြီးတဲ့ ပါပါစမက်ဖ်က အဲဒီ တောကိုရှာဖို့ ခွင့်မပြုခဲ့ပါဘူး။
ဒါပေမဲ့လည်း တစ်ညမှာ တော့ စမက်ဖက်တီဟာ သူ အရမ်းစူးစမ်း ရှာဖွေချင်နေတဲ့ တောကြီးဆီကိုသွားဖို့စမက်ဖ် ရွာ ထဲကနေ ညဘက် တိတ်တဆိတ် ထွက်ခွာခဲ့ပါတယ်။သူ့ သူငယ် ချင်းတွေဖြစ်တဲ့ ဘရိန်နီတို့လည်း အတူလိုက်လာတဲ့အတွက်လေး ဦးသား စွန့်စားခန်းခရီးစဉ်ကို ချီ တက်ခဲ့ကြပါတော့တယ်။စမက်ဖ်တွေရဲ့ ရန်သူဖြစ်တဲ့ အကျင့်မကောင်းတဲ့ စုန်းကြီးဂါဂါ မဲကလည်း ထူးဆန်းတဲ့ စမက်ဖ် ရွာ ကို ရှာဖွေနေတာပါ။ဂါဂါမဲက စမက်ဖ်လေးတွေကို အကုန်ဖမ်း ပြီး သူ့ရဲ့မှော်အတတ်တစ်ဖက် ကမ်းခပ်ဖို့အတွက် အသုံးချဖို့ ကြံစည်နေတာဖြစ်ပါတယ်။စမက်ဖက်တီတို့ သူငယ် ချင်းတစ်သိုက်ဟာ မြေပုံအတိုင်း ထူးဆန်းတဲ့တောကြီးကို ရှာဖွေ တဲ့အခါမှာလမ်းခရီးတစ်လျှောက် ဒုက္ခသုက္ခတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက် ဆုံးမှာတော့အံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ ထူးဆန်းတဲ့ တော ကြီးဆီကို ရောက်သွားခဲ့ပါတယ်။အဲဒီတောထဲမှာ လူရိုင်းတွေ ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့လူရိုင်းတွေ ဆိုတာကလည်း စမက်ဖက်တီတို့ လို စမက်ဖ်လေးတွေဆိုတာ သိခဲ့ ကာအချင်းချင်း ပြေလည်သွားခဲ့ ကြပါတယ်။ ထူးဆန်းတဲ့ တောဆီ ကို ဂါဂါမဲနဲ့ သူ့ကြောင်ကလည်း လိုက်လာတဲ့အတွက်စမက်ဖက် တီတို့ရယ်၊ တောထဲက စမက်ဖ် လေးတွေရယ် အတူတူတိုက်ခိုက် ကြပါတော့တယ်။ပါပါစမက်ဖ်က ထူးဆန်းတဲ့ တောနဲ့ပတ်သက်ပြီး ဘာကြောင့် ဖုံးကွယ်ထားချင်တာလဲ၊စမက် ဖက်တီတို့တွေ ထူးဆန်းတဲ့တော ကို ဂါဂါမဲရန်က ဘယ်လို ကာ ကွယ်ကြမှာလဲဆိုတာဆက်ကြည့် ဖို့ အမြည်းလေးပေး လိုက်တယ် နော်။ဒီဇာတ်ကားလေးမှာ အသံ သရုပ်ဆောင်ထားသူတွေက တော့ဒီမီလိုဗာတို၊ ရိန်းဝီလ်ဆင်၊ ဂျိုးမန်ဂန်နယ်လို၊ ဂျက်မက်ဘရေ ရာ၊ ဒန်နီပူဒီ၊ မန်ဒီပါတင်ကင် စသူတွေပဲ ဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/95

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image