မြ၀တီ နယ်စပ်ဒေသတွေကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ဖို့ ထိုင်းအစိုးရ စီစဉ်

ဘန်ကောက်၊ ဇန်နဝါရီ ၂၅

ထိုင်းနိုင်ငံဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို ဖြိုခွင်းဖို့ အားထုတ်မှုအဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနယ်စပ်မြို့ ဒေသတွေကို လျှပ်စစ်ဓါတ်အားပေးတာတွေကို ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဖြတ်တောက်ထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းက မနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကရင်ပြည်နယ် မြ၀တီ ရွှေကုက္ကိုလ်နဲ့ KK Park တို့လို ကာစီနိုနဲ့အွန်လိုင်း လောင်းကစားတွေနဲ့ ရာဇဝတ်မှုထူပြောရာနေရာတွေမှာ ဒီလုပ်ငန်းတွေအဆင်ပြေစေဖို့ အိမ်နီးချင်းနိုင်ငံက လျှပ်စစ်နဲ့ အင်တာနက်တွေ ရရှိနေတယ်လို့ မြန်မာဘက်က ပြောဆိုပြီးနောက် ဒီကိစ္စအပေါ် ထိုင်းကာကွယ်ရေးဝန်ကြီးက ငြင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံဟာ အမှတ် ၂ ချစ်ကြည်ရေးတံတား၊ မြ၀တီနယ်စပ် မဲရမက်နဲ့ မဲဆောက်ခရိုင်တို့ကို အရင်က လျှပ်စစ်မီးပေးခဲ့ပေမယ့် တရုတ်သရုပ်ဆောင်တယောက် လူကုန်ကူး အဖမ်းခံရမှုအပါအဝင် အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးပွားလာပြီးနောက် ဒီလုပ်ငန်းတွေကို ပစ်မှတ်ထား ဖြတ်တောက်လိုက်တာလို့ ထိုင်းကာကွယ်ရေး ဝန်ကြီးကပြောပါတယ်။

ဒါအပြင် နှစ်နိုင်ငံနယ်စပ်မှာ တရားမဝင်အင်တာနက် ဆက်သွယ်ရေးကြိုးတွေနဲ့ ကိရိယာတွေကိုလည်း ဖျက်သိမ်းခဲ့ပြီး အင်တာနက်ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ မြန်မာနယ်စပ်မြို့တွေကို အင်တာနက်ဆက်သွယ်ရေးတွေ မကြခင်ဖြတ်တောက်ဖို့ စီစဉ်နေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက အတည်ပြု ပြောဆိုပါတယ်။

ချစ်ကြည်ရေးတံတားနဲ့ မြ၀တီနယ်စပ်မှာ ဒေသသုံးအတွက် လျှပ်စစ်ဓါတ်အား ခွင့်ပြုထားပေမယ့် မဲရမက်နဲ့ မဲဆောက်ခရိုင်ကနေ ဖြတ်ကျော်ပေးတဲ့ နယ်စပ်ဒေသတွေကို ပြီးခဲ့တဲ့နှစ် ဇွန် ၅ ရက်ကတည်းက ဓါတ်အားဖြတ်တောက်ထားတယ်လို့ သူကဆိုပါတယ်။

ပြသနာကို ဖြေရှင်းဖို့အတွက် တရုတ်၊ မြန်မာ၊ ထိုင်းတို့ပူးပေါင်းပြီး ရွှေကုက္ကိုလ်သို့ သွားရောက်မယ့်သူတွေကို လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းတွေ တင်းကြပ်ဖို့ လိုအပ်တယ်လို့လည်း သူက ထောက်ပြပြောဆိုထားပါတယ်။

Ref:The The Nation
Photo:The Nation

#centralnewsnaypyitaw

image

ပန်ဝါဘက်မှာ ကေအိုင်အေက စစ်သားစုဆောင်းမှုတွေကြောင့် ခရီးသွားနဲ့ ကားသမားတွေပါ အခက်ကြုံ

ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်၊ ပန်ဝါဘက် ဒီရက်ပိုင်း‌ေတွမှာ ကေအိုင်အေက စစ်သား စုဆောင်း လူခေါ် နေတာကြောင့် ခရီးသွားနဲ့ ကားသမားတွေပါ အခက်ကြုံနေရကြောင်း ကားသမားတွေနဲ့ ခရီးသွား တွေဆီက သိရပါတယ်။

"စစ်သား ခေါ်တာပေါ့။ ခရီးသည်တွေ၊ ဆိုင်ကယ်သမားတွေလည်း ဆိုင်ကယ်နဲ့ တယောက်ထဲ သွားရင် ဆိုင်ကယ်ရော မှတ်ပုံတင်ရော ဖုန်းရော သိမ်းတယ်။ လိုင်းကားနဲ့ ဆိုရင်လည်း လိုင်းကားပေါ် ယောက်ျားတွေ စစ်ဆေး ဖမ်းဆီးတာတွေရှိတယ်။" လို့ ကားကြီးသမား တယောက်က ပြောပါတယ်။

ကားကြီးနဲ့ ကတော့ ‌ယောက်ျားလေး နှစ်ယောက် သွားလို့ ရတယ်လို့ သူက ပြောပါတယ်။
ပန်ဝါဘက် တပ်သား စုဆောင်းတာ ရှိပေမယ့် ကံပိုင်တည်ဘက်ကတော့ တပ်သားစုဆောင်းတာ မရှိပဲ အေးအေးဆေးဆေး သွားလာလို့ရတယ်လို့ သူက ထပ်ပြောပြပါတယ်။

"ပန်ဝါလည်း အခြေအနေ မကောင်းဘူး။ ပန်ဝါလည်း။ တအားဆွဲတယ်။ ကျနော်တို့ မနေ့က လိုင်းကားနဲ့ တက်လာတာ ကံကောင်းတော့ ပန်ဝါ မရောက်ခင်မှာ သူငယ်ချင်းကို ဖုန်းဆက်လိုက်တော့ သူလည်း ဖမ်းခံရတာတဲ့။ အဆင်မပြေဘူးတဲ့။" လို့ ခရီးသွား တယောက်က ပြောပါတယ်။

ပန်ဝါ အဝင်ဂိတ်မှာ ၂ နေရာမှာ အရင်ရက် တက်လာတဲ့လူတွေကို ကေအိုင်အေဘက်ကအယောက် ၆၀ လောက်ဆွဲသွားပြီး ဆိုဒ် တွေထဲလည်း လိုက်ဆွဲတယ်လို့ သူက ပြောပါတယ်။

ကချင်အထူးဒေသ (၁) ဌာနချုပ်ရှိရာ ပန်ဝါမြို့ကို ၂၀၂၄ အောက်တိုဘာ ၁၈ ရက် နေ့ညက ကေအိုင်အေနဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းခိုက်လိုက်တာ ဖြစ်ပါတယ်။

Photo Crd#ဒေသခံ

Credit - VOM News Agecy

#သတင်းဟင်းလေးအိုးကြီး

image
47 w - Translate

မိခင်ဖြစ်သူနဲ့အတူ ကုသိုလ်အလှူပြုခဲ့တဲ့ ခိုင်သင်းကြည် 🙏🙏🙏

ဆွမ်းခံကြွ သံဃာတော်တွေကို ဆွမ်း၊ အချိုရည် ၊ ဝတ္ထုငွေတို့ကို ကပ်လှူခဲ့တာပါ။ ခိုင်သင်းကြည်ဟာ လွန်ခဲ့တဲ့နှစ်ပိုင်းကမှ ဖခင်ဖြစ်သူကို ဆုံးရှုံးထားရပြီး မိခင်၊ သမီးတို့နဲ့အတူ ကျန်ရှိနေထိုင်နေတာပါ။ မိခင်ဖြစ်သူနဲ့အတူ အလှူအတန်းတွေကို ပြုလုပ်လျက်ရှိကာ ပရိသတ်များ မုဒိတာပွားနိုင်အောင် မျှဝေပေးထားတာလည်း ဖြစ်ပါတယ်။

image
47 w - Translate

အိုစာသွားလိုက်တာ ရုပ်ပျက်နေပြီလို့ ပြောနေကြသူတွေကို သူ့ရဲ့ စိတ်ဒဏ်ရာတွေအကြောင်းကြောင့် ပြောပြလိုက်တဲ့ ဗညားဘုန်းပြည့် 😢

သူ့ရဲ့ဘေးနားက လူတွေကလည်း အဖိုးကြီးနဲ့တူနေပြီလို့ပါ ပြောကြတယ်လို့ ဆိုပါတယ်။ ယခုအချိန်ဟာ သူ့အတွက် ဘာမှမစဉ်းစားမိအောင် ဖြတ်သန်းနေရတဲ့အချိန်တွေဖြစ်ပြီး သူ့စိတ်ကိုသူပျော်အောင် ရှာကြံနေရတဲ့အချိန်ဖြစ်တယ်လို့ဆိုပါတယ်။ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့တဲ့သူ့အတွက်တော့ စိတ်ဒဏ်ရာတွေဟာ အချိန်တစ်ခုထိကျန်ရှိနေဦးမှာပါ။ သူ့အနေနဲ့ အနုပညာအလုပ်တွေပြန်လုပ်ဖို့တောင် ယုံကြည်မှုမရှိသေးလို့ စိတ်ရော ရုပ်ပါပြန်လည်တည်ဆောက်နေရတဲ့အချိန်လို့ဆိုပါတယ်။ သူ့ကိုသူလည်း အကောင်းဆုံးပြန်လည်တည်ဆောက်ပြီး အမြန်ဆုံးပြန်လာမယ့်အကြောင်း အသိပေးထားပါတယ်။

#celecele

image

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်အနေနဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာရိန်းဂျားအသင်းကို ၂-၁ နဲ့အနိုင်ရခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကိုတက်လှမ်းသွားနိုင်ခဲ့ပြီးနောက်အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကိုကျေနပ်နေပေမဲ့ ဒီလက်ဒ်နဲ့ယိုရိုတို့ဒဏ်ရာရခဲ့ကြောင်းသတင်းဆိုးကြုံခဲ့ရတယ်လို့ဖွင့်ဟလာခဲ့ပါတယ်။

ငါတို့အနေနဲ့အကောင်းဆုံမကစားနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ပွဲစဉ်ကနေပြန်လာနိုင်ခဲ့ပါတယ်။ငါတို့ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပြီး ငါတို့ဘောလုံးကိုင်ကစားတာအတော်ကောင်းပါတယ်။ပြိုင်ဘက်အသင်းကွာခြားတယ်ဆိုတာကျနော်သိပြီး ဒီဟာအရမ်းတော့လျင်မြန်မှုမရှိပါဘူး။မင်းအနေနဲ့ချိတ်ဆက်ကစားတာမြင်ရမှာဖြစ်ပေမဲ့ ငါတို့အနေနဲ့ အရေးပါတဲ့အချိန်တွေမှာပိုပြီးအချိတ်အဆက်ရှိရှိကစားနိုင်တယ်လို့ကျနော်ထင်ပါတယ်။ဒီဟာကငါတို့ကိုအများကြီးအကူအညီဖြစ်စေပါတယ်။
ဒါပေမဲ့လည်း ဒုတိယပိုင်းအစပိုင်းနဲ့ဒုတိယပိုင်းနောက်ပိုင်းမှာဒဏ်ရာရခဲ့ပြီးနောက်လူစားလဲထုတ်ခံခဲ့ရတဲ့လီနီယိုရိုနဲ့ဒီလက်ဒ်တို့နဲ့ပတ်သက်ပြီး ဒီလက်ဒ်အနေနဲ့ သူ့ရဲ့ခြေထောက်မှာတခုခုခံစားနေရပြီး ယိုရိုလည်းထိုနည်းတူပါပဲ့။ဒါကြောင့် ငါတို့အနေနဲ့ ဘာကိုမှမစွန့်စားနိုင်ပါဘူး။ငါတို့အနိုင်ရချင်ပေမဲ့ ငါတို့အနေနဲ့ ကစားသမားကိုကာကွယ်ရမှာဖြစ်ပြီး လူတိုင်းကဒီကာလမှာအရေးပါမှုရှိတာမြင်သာပါတယ်လို့ အာမိုရင်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်းပေး၍ ဒေါ်လာဈေး တက်ရိပ်ပြလာသည့် ဇန်နဝါရီလ သုံးပတ်ကျော်အတွင်း ဒေါ်လာသန်း ၁၃၀ ခန့် ထုတ်ရောင်းပေးထား

ဇန်နဝါရီ ၂၅

ယမန်နေ့တွင် ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်းပေး၍ ဒေါ်လာဈေး တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလအတွင်း ဒေါ်လာသန်း ၁၃၀ ခန့်အထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဝိသမ လောဘသမားများ၏ တစ်ဒေါ်လာ ၁၀,၀၀၀ အထိ ဈေးနှုန်းဆွဲတင်ခဲ့မှုကြောင့် တစ်ဒေါ်လာကျပ် ၇၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက်စံချိန်တင် မြင့်တက်ခဲ့မှုအပေါ် ဗဟိုဘဏ်၏ အရေးယူမှုများကြောင့် အောက်တိုဘာလအလယ်မှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် နှစ်လကျော် တည်ငြိမ်မှုရှိခဲ့သော်လည်း ယခုဇန်နဝါလတွင် တက်ရိပ်ပြန်ပြလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒေါ်လာဈေးနှုန်း တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလ ၂ ရက်မှ ၂၄ ရက်အထိ သုံးပတ်ကျော်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ ၁၂၈ ဒသမ ၉၁၁ သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် ၈ ဒသမ ၉၄၇ သန်းနှင့် တရုတ်ယွမ် ၅ ဒသမ ၂၃၈ သန်း ထုတ်ရောင်းပေးထားသည်။

ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့သော ယခုဇန်နဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၄၈၀၀ အထိ မြင့်တက်ခဲ့သော်လည်း ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးထားမှုကြောင့် တစ်ဒေါ်လာ ကျပ် ၄၆၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။

နိုင်ငံခြားငွေဈေးကွက်၌ ယနေ့တွင် တစ်ဒေါ်လာ ၄,၆၀၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၂ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် ၆၁၄ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ယခုဇန်နဝါရီလဆန်းပိုင်းထက် ဈေးနှုန်းအနည်းငယ်သာ မြင့်တက်မှုမှုရှိပြီး နိုင်ငံခြားငွေဈေးနှုန်း ပြန်လည်တည်ငြိမ်လာခဲ့သည်။

#centralnewsnaypyitaw

image

သာစည် – ရွှေညောင် ရထားခရီးစဉ်နှင့် အောင်ပန်း – ကလော၊ ကလော – မြင်းဒိုက် ၁၅ ယောက်စီး RGC ရထားစင်းလုံးငှားခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးမည်

ဇန်နဝါရီ ၂၅
သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ရေမြေတောတောင်သဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အောင်ပန်း-ကလော (အသွား-အပြန်) ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်) ခရီးစဉ်များကို ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းနိုင်သည့် RGC ရထားစင်းလုံးငှားခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုအတွက် (အသွား-အပြန်) ကျပ် ၁၂၀,၀၀၀ ဖြင့် မည်သူမဆို့ ဇန်နဝါရီ ၂၄ ရက် (ယမန်နေ့)မှစတင်ပြီး ငှားရမ်းစီးနင်းနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဘန်ချီဝဲလ်ကို ခေါ်ယူနိုင်ဖို့ ဒေါ့မွန် စိတ်ဝင်စား

ဇန်နဝါရီ ၂၅

ဒေါ့မွန်အသင်းဟာ ချယ်လ်‌ဆီးအသင်း နောက်ခံလူတစ်ဦးဖြစ်တဲ့ ဗီဂါကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် လန်ဒန်ကလပ်ရဲ့ အပယ်ခံ ကစားသမားဖြစ်တဲ့ ဘန်ချီဝဲလ်ကို‌ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။

ဒေါ့မွန်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဗီဂါဟာ ဂျူဗင်တပ်စ်အသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတာပါ။

အဲဒါကြောင့် ဈေးကွက်ထဲမှာ ဘယ်နောက်ခံလူတစ်ဦး ရှာဖွေနေတဲ့ ဒေါ့မွန်အသင်းဟာ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။

ဘန်ချီဝဲလ်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့ဘဲ စက်တင်ဘာက ကာရာဘောင်း ဖလားပွဲစဉ်မှာ ၄၅ မိနစ်သာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

အဲဒါကြောင့် ဘန်ချီဝဲလ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာချင်နေတာပါ။

ဒါပေမယ့် ဘန်ချီဝဲလ်ရဲ့ တစ်ပတ်လုပ်ခ လစာပေါင် ၁၉၀,၀၀၀ ဟာ အပြောင်းအရွှေ့အတွက် ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲနိုင်ပေမယ့် ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဖြစ်ဖို့ သူရရှိနေတဲ့ လုပ်ခလစာထဲက အစိတ်အပိုင်းကို ပေးချေပေးဖို့ ရှိနေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းကလည်း ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်တာပါ။

ဒေါ့မွန်အသင်းကတော့ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် အာဆင်နယ်အသင်း နောက်ခံလူ ဇင်ချန်ကို,ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ဇင်ချန်ကိုဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေလို့ ဥရောပကလပ် အသင်းအချို့က သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Source: Metro

ပုံ - ဘန်ချီဝဲလ်ကိုတွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
47 w - Translate

အသက် ၂ နှစ် ၅ လနဲ့ ပို့စ်ပေါင်းစုံပေးတတ်နေပြီဖြစ်တဲ့ ဘီလီယံ 🥰

အဆိုတော်သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ သမီးဦးလေးလည်းဖြစ်ပါတယ်။ သိပ်မကြာခင်မှာလည်း သမီးငယ်လေးကိုထပ်မံဖွားမြင်တော့မှာပါ။ ဘေဘီမောင်က သမီးလေး ဘီလီယံဟာ အသက် ၂ နှစ်နဲ့ ၅ လသာရှိသေးပေမယ့် စတိုင်ပေါင်းစုံ ၊ ပို့စ်ပေါင်းစုံပေးတတ်နေပြီလို့ဆိုပါတယ်။ အနုပညာမျိုးရိုးပါတဲ့ ဘီလီယံလေးက ခုဆိုရင် မေမေနဲ့အတူ ကြော်ငြာတချို့ရိုက်ကူးထားတာတွေကိုလည်း တွေ့ရပါတယ်။

#celecele

image

မော်စကိုဒေသ ၁၃ ခုနဲ့ ရုရှားရေနံချက်စက်ရုံကို ယူကရိန်းက ဒရုန်းအစင်း ၁၂၀ ကျော်နဲ့ တိုက်ခိုက်

ကိဗ်ယက်၊ ဇန်နဝါရီ ၂၅

ယူကရိန်းဟာ ရုရှားကို အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတွေထဲကတခုအဖြစ် မော်စကိုနဲ့ ရေနံချက်စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

မော်စကို အရှေ့တောင်ဘက် ရိုင်ဇန်ဒေသရှိ ရေနံချက်စက်ရုံနဲ့ ပို့ဆောင်ရေးနေရာတွေကနေ မီးခိုးလုံးတွေထွက်လာတာကို အတည်ပြုထားတယ်လို့ ယူကရိန်းအရာရှိတွေက ဆိုပါတယ်။ ရိုင်ဇန်နဲ့ မော်စကို အပါအဝင် ဒေသ ၁၃ ခုကို တိုက်ခိုက်လာတဲ့ ဒရုန်း ၁၂၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

ရေနံစက်ရုံမီးလောင်မှုကို ရုရှားကလည်း အတည်ပြုထားပြီး ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် အလုပ်တွေ ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ မော်စကိုမြို့တော်ဝန်ကလည်း မြို့တော်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေဟာ နေရာလေးခုမှာ ယူကရိန်းဒရုန်းတွေတိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း ယူကရိန်း ကိဗ်ယက်ဒေသမှာရှိတဲ့ လူနေအဆောက်အအုံတခုကို ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူသုံးယောက်သေဆုံးပြီး တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ရုရှားရဲ့ ဒရုန်း ၅၈ စင်းအနက် ၂၅ စင်းကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုထားပြီး ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံလိုသလို စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မရဘူးဆိုရင် ရုရှားအပေါ် ပိုမိုတင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ အခွန်ကောက်ခံမှုတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Ref:BBC
Photo:Reuters/Getty Images

#centralnewsnaypyitaw

imageimage