Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ
ဒီဇင်ဘာ ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်းကာရာအော်လ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် သီတဂူကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်များနှင့် ရွှေတိဂုံစေတီတော်တို့သို့ သွားရောက်ကြည်ညိုဖူးမြော်ခဲ့ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
တာချီလိတ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအယောင်ဆောင်ကာ နေအိမ်များအတွင်းဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ တောင်းယူခဲ့သူ (၈)ဦးအား ဖမ်းဆီးရမိ
ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ အမျိုးသား ၈ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်အချို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ အယောင်ဆောင်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့ကြသူများဖြစ်ကြသည့် တာချီလိတ်မြို့နေ ဇော်ဖြိုးလွင်(ခ)တာလေ(၂၈)နှစ်၊ သီဟ(၄၄)နှစ်၊ မိုးနှင်းလျှံ(ခ)ဘဦး(၃၀)နှစ်၊ မျိုးဦး(ခ)ဝေယံ(၃၁)နှစ်၊ သိန်းထိုက်အောင် (ခ)အရှည်ကြီး(၂၇)နှစ်၊ ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်(၃၄)နှစ်၊ ခင်မောင်ထိုက်(ခ)ကုလား(၂၅)နှစ်နှင့် မျိုးမင်းထက်(၂၈)နှစ်တို့ ၈ ဦးအား ၎င်းတို့၏ နေအိမ်အသီးသီး၌ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီး၊ M16 ပုံစံတူ (Air Gun) ၁ လက်၊ ပစ္စတိုသေနတ်အတို (Air Gun) ၁ လက်၊ ပြောက်ကြားဦးထုပ် ၁ လုံး၊ ပြောက်ကြားယူနီဖောင်း ၂ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးတို့အား စစ်ဆေးပေါ်ပေါက်ချက်များအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ပျောက်ကြားယူနီဖောင်းများ ဝတ်ဆင်ပြီး M16 ပုံစံတူ (AirGun) ၁ လက်၊ ပစ္စတိုသေနတ်(AirGun) ၁ လက်နှင့် ဝင်းသက်အောင် ပိုင်ဆိုင်သည့် Alphard အဖြူရောင်မော်တော်ယာဉ်တို့အား အသုံးပြု၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည် ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်ရှိသူများထံမှ ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ထိုင်းဘတ်ငွေ ၇၃၀၀၀ တို့အား ငါးကြိမ်တိတိခြောက်လှန့်တောင်းယူခဲ့ကြသည်ကို ထွက်ဆိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုတစ်ခု ချင်းစီအလိုက် အမှုများအသီးသီးရေးဖွင့်ဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံမဲကြီးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
#centralnewsnaypyitaw
မိခင်ဖြစ်သူ ထက်ထက်မိုးဦးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးနေတာကြောင့် ဖခင်ဖြစ်သူစိုင်းလွှမ်းရဲ့
မဂ်လာပွဲကို မလာတိုင်တဲ့ သမီးလေး စစ်လွန်းဝတီထက်
#saihlawn #sisloonwatihtet
#crd
သူရဲကောင်း စစ်သည်များအတွက် အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်
ဒီဇင်ဘာလ ၂
ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား အောက် မေ့ဖွယ် ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို (၁၁) ကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်း ဗိမာန်(နေပြည်တော်)၌ကျင်းပပြုလုပ်ပါတယ်။
အဆိုပါဂါရဝပြုဆုတောင်းပွဲအခမ်းအနားသို့ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဝင် များ၊ နိုင်ငံရေး ပါတီများမှ ပါတီခေါင်းဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင် များ၊ ရောင်နီ ဦးနှင့်မိတ်ဆွေများပရဟိတအသင်း၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတ အသင်းနှင့် တပ်မတော်ကိုချစ်မြတ်နိုးသူ များ တက်ရောက်ကြပါတယ်။
ဦးစွာ အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနား ကို တက်ရောက်လာကြသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက် ဆက်က တိုင်းပြည် အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြု ခြင်း၊ သစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ပါတယ်။ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များအားရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည် များ မြင့်မြတ်သော ကောင်းမွန်ရာဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ် တင် ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြ ပါတယ်။
ယင်းနောက် တက်ရောက်လာကြသူများက တိုင်းပြည်အတွက် အသက်ပေး လှူသွားသောသူရဲကောင်းစစ် သည် များအတွက် ဂုဏ်ပြုပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပါတယ်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း သူရဲကောင်းစစ်သည်များအား ရည်စူး၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ အုပ်စု၊ ပေါက်တောကျေးရွာ၊ သဒ္ဓါရုံကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များလှူဒါန်း၍ ရေစက် သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
Credit - MMG News Agency
#သတင်းဟင်းလေးအိုးကြီး
တာချီလိတ်ကနေ PV ပတ်စပို့စ်နဲ့ ထိုင်းနိုင်ငံသွားမယ့်သူတွေကို ယာယီပိတ်ပင်
ဒီဇင်ဘာ ၂
ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အမှတ်(၁) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်မှာ PV (Passport Visit) ပတ်စပို့စ်နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံသွားရောက်မယ့်သူတွေကို နိုဝင်ဘာလ နောက်ဆုံးပါတ်ကစတင်ပြီး ယာယီပိတ်ပင်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား (၁) နယ်စပ်ဂိတ်မှာ PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို စစ်ဆေးမှုတွေတင်းကြပ်ပြီး အထက်လူကြီး အမိန့်ကြောင့်ဟုဆိုကာ ယာယီပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်တုန်းကတော့ ဂိတ်မှာ ကြားလူကတဆင့် ပိုက်ဆံပေးပြီး ညှိနှိုင်းသွားလို့ရတယ်။ အခုက မရတော့ဘူး။ အကြောင်းအရင်းသေသေချာချာလည်း မသိရပဲ အထက်လူကြီးအမိန့်ကြောင့် သွားလို့မရသေးဘူးဆိုပြီး လှည့်ပြန်ခိုင်းတယ်။ ဘယ်တော့သွားလို့ရမလဲမေးတော့ သူတို့လည်း သေချာမသိသေးဘူးလို့ ပြောတယ်။ ဆေးသွားကုမယ့်သူတွေကိုလည်း ဆေးရုံနဲ့ အုပ်ချုပ်ရေးပိုင်းက ထောက်ခံစာ အပြည့်အစုံပါမှ သွားခွင့်ပေးတာ။ သူတို့နဲ့ နီးစပ်တဲ့ ပိုက်ဆံရှိတဲ့လူတွေ၊ လူကြီးသားသမီးတွေတော့ သွားလို့ ရနေတာပဲ”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
အဲဒီချစ်ကြည်ရေးတံတားကနေ PV နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံသွားရောက်ကာ အလည်အပတ် ဗီဇာသက်တမ်းကုန်ဆုံးပါက မြန်မာနိုင်ငံဖက်ကို ပြန်မလာတော့ဘဲ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်သူများပြားလာတာကြောင့် အခုလိုပိတ်ပင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လမှ စတင်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာသူတွေကို တင်းကြပ်စစ်ဆေးခဲ့ပြီး ပြည်ပထွက်ခွင့်မပြုမှု များပြားလာတာကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ နယ်စပ်ဂိတ်မှတဆင့် ထိုင်းဘက်ကို ဝင်ရောက်မှု ပိုမိုများပြားလာနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
#centralnewsnaypyitaw
အတွေးချည်းပဲ တွေးတာမျိုးမလုပ်ပဲ
အလုပ်လုပ်လိုက်၊ တွေးလိုက်၊ အလုပ်ထပ်လုပ်လိုက်၊ တွေးလိုက် လုပ်ပါ။
ဒါကို Agile Ideology မှာလည်းတွေ့လေ့ရှိတယ်။
Agile Ideology က အရင်ကလို အကုန်စီမံကိန်းချ၊ အကုန်လုပ်ပြီးမှ distrbution လုပ်တဲ့ပုံမဟုတ်ဘူး။
တစ်ဆင့်ချင်းစီ လုပ်သွားတယ်။
လုပ်ပြီးရင် ပြန်သုံးသပ်တယ်။
သုံးသပ်ချက်အရ ပြင်ဆင်တယ်။
နောက်တစ်ဆင့် ဆက်လုပ်တယ်။
ဒီနည်းက ပိုထိရောက်တယ်။ ဘာလို့လဲဆိုတော့ -
- မှားရင် အစကနေ ပြန်စစရာမလိုဘူး
- လမ်းကြောင်း မှားနေရင် မြန်မြန် ပြင်လို့ရတယ်
- တွေးထားတာနဲ့ လက်တွေ့မကိုက်ညီရင် ချိန်ညှိလို့ရတယ်
- အချိန်ကုန်သက်သာတယ်
အဲလိုမှ တွေးတာနဲ့ လုပ်တာ ဟန်ချက်ညီမယ်။
ရလဒ်ကောင်းတွေလည်း ရမယ်။ 🔄
Don’t overthink—start working. Think, act, and repeat. This approach aligns with Agile Ideology.
Agile Ideology moves away from the traditional method of planning everything in advance, completing the entire project, and then distributing it.
Instead, work progresses step by step:
- Each step is completed and then reviewed.
- Adjustments are made based on the review.
- The next step is taken after that.
This method is more effective. Why?
- Mistakes don’t require starting over from scratch.
- If the direction is wrong, it can be corrected quickly.
- When plans don’t align with reality, adjustments can be made.
- It saves time.
This approach ensures a balance between thinking and action, leading to better results. 🔄
#suphonemovlog #curiousinsighter
#burmesecommunity #burmesebooksummary
#burmeseinsighter #burmeseentrepreneur
#crd