#တန်ဖိုး
"ကိုယ်" ဘယ်လောက်ပဲ
အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ
တန်ဖိုးသိသူနဲ့ တွေ့မှတန်ဖိုးထားခံရမှာပါ။
"ကိုယ်" ဘယ်လောက်ပဲ
ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ
အလေးထားတဲ့သူနဲ့ တွေ့မှကိုယ့်ရဲ့ပေးဆပ်မှုဟာအရာထင်ပါလိမ့်မယ်။
"ကိုယ်" ဘယ်လောက်ပဲ
ရိုးသားနေပါစေ မှန်ကန်တဲ့
လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ
ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာကျော်ဇောနိုင်မှာပါ ။
"ကိုယ်" ဘယ်လောက်ပဲ
အလျှော့ပေးတဲ့ လူတစ်ယောက်
ဖြစ်နေပါစေ ကိုယ့်အပေါ်
ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့
တွေ့မှ ဒါတွေကိုသိတတ်ခံစားနိုင်မှာပါ ။
တစ်ကယ်လို့ ကောင်းမွန်တဲ့
သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင်
ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ
နေထိုင်သွားဖို့.....သတိပေးနေရင် ရပါပြီ။
နားမလည်သူများရဲ့.....
အကြည့်တွေ အပြောတွေကို
ခဏ ဖယ်ထုတ်လိုက်ပါ။

image
1 နှစ် - ဘာသာပြန်ပါ။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image
1 နှစ် - ဘာသာပြန်ပါ။

ယူကရိန်းကို ဗြိတိန်တပ်ဖွဲ့ပို့ရန် အသင့်ရှိဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

လန်ဒန်၊ ဖေဖော်ဝါရီ ၁၉

ယူကရိန်းသို့ စစ်သားများစေလွှတ်ပြီး ဖြန့်ကြက်ချထားရန် အသင့်ပြင်ထားကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်ပြီး အမေရိကန်၏ အံ့အားသင့်ဖွယ် မူဝါဒ အပြောင်းအလဲကို ဖြေရှင်းရန်အတွက် စတာမာသည် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်သစ်နိုင်ငံ၊ ပဲရစ် (Paris) မြို့တော်တွင် ဥရောပခေါင်းဆောင်များနှင့် မတွေ့ဆုံမီ နာရီပိုင်းအလို၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ရုရှားအကြား ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်သည် မရေရာသည့် အခြေအနေများနှင့် ရင်ဆိုင် နေရချိန်တွင် ဥရောပနိုင်ငံများ အနေဖြင့် မိမိတို့၏ စုပေါင်းလုံခြုံရေးအတွက် လုပ်စရာရှိတာများကို ပိုမို လုပ်ဆောင်သင့်ကြောင်း ပြင်သစ်နိုင်ငံက သတိပေးခဲ့သည်။

၃ နှစ်ကြာ ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းမှုများတွင် ဥရောပကို ချောင်ထိုးထားမည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေခြင်းနှင့်အတူ ဗြိတိန်ဝန်ကြီးချုပ် စတာမာက အခြေအနေအရ လိုအပ်လာပါက ဗြိတိန်စစ်သားများကို ယူကရိန်းသို့ စေလွှတ်သွားမည်ဟု ပြောကြားခဲ့သည်။

“ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံချက်ရှိစေဖို့ ဘယ်လိုအခန်းကဏ္ဍကမဆို ကူညီပေးတာဟာ ကျနော်တို့ ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက်လည်း အာမခံချက် ရရှိစေမှာပါ။ ဗြိတိန်ရဲ့ လုံခြုံရေးအတွက်လည်း ပါတာပေါ့” ဟု စတာမာက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

စတာမာ၏ မှတ်ချက်များအရ သူသည် ယူကရိန်းသို့ ဗြိတိန် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရန် စဉ်းစားနေသည့် အချက်ကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခင်ကလည်း ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ဗြိတိန်က တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပေး ရန် ဆန္ဒရှိနေသည်ဟု စတာမာက ပြောကြားခဲ့သည်။

စတာမာသည် ပဲရစ်မြို့တော်တွင် ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံများမှ ခေါင်းဆောင် များနှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားသည်။

ထိုအစည်းအဝေးသို့ ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများကို ကိုယ်စားပြုသည့် ဥရောပကောင်စီ အကြီးအကဲ အန်တိုနီယို ကော်စတာ (Antonio Costa) ၊ ဥရောပသမဂ္ဂအကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) နှင့် နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရူတီ (Mark Rutte) တို့လည်း တက်ရောက်မည်ဖြစ်သည်။

Source: South China Morning Post

ပုံ - ဗြိတိန်ဝန်ကြီးချုပ် စတာမာနဲ့ စစ်သားများကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

https://abcnews.go.com/Interna....tional/video/russia-

Video Russia, US begin Ukraine peace talks sparking concern in Europe - ABC News
abcnews.go.com

Video Russia, US begin Ukraine peace talks sparking concern in Europe - ABC News

ABC News’ Tom Soufi Burridge reports from Estonia and Poland as European nations voice concerns over U.S.-Russia mediation efforts, with Ukraine and NATO countries excluded.

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၁၉

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၃၆ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၀ ကျပ်
ဝယ်ဈေး - ၄၅၇၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၃ ကျပ်
ဝယ်ဈေး - ၉၉၈ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၅၁ ကျပ်
ဝယ်ဈေး - ၂၈.၇၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၆၄ ကျပ်
ဝယ်ဈေး - ၅၀.၃၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၆၅ ကျပ်
ဝယ်ဈေး - ၅၅၁၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၅၀ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၈ ကျပ်
ဝယ်ဈေး - ၅၆၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၂ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image

CLUB NEWS:

ရလဒ်များ ဆိုးဝါးလာသည်နှင့်အတူ ကစားသမားအချို့သည် နည်းပြ Amorim ၏ နည်းစနစ်များအပေါ် အယုံအကြည် ကင်းမဲ့လာကြောင်း သိရှိရသည်။ အနိုင်ရရှိသော ပွဲများ၌ပင် နည်းပြ၏ နည်းစနစ်ထက် ကစားသမားများ၏ တစ်ကိုယ်ရည် အရည်အသွေး သို့မဟုတ် ကံကောင်း၍ အနိုင်ရသည်ဟု ယူဆလာကြသည်။

အဝတ်လဲခန်းအတွင်း ပြောဆိုချက်များအရ-
"လက်ရှိခံစားချက်ကတော့ တစ်ပွဲတစ်လေ ကံကောင်းလဲ နောက်ပွဲတွေတော့ မချောင်ဘူး" ဟူ၍ ဖြစ်သည်။
[mail]

#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

မွေးနေ့မှာ ပင်လယ်ကြီးကို ဆုတောင်းရင် ပင်လယ်နတ်လေးကထွက်လာပြီး ဆုတောင်းတွေကို ဖြည့်ပေးလိမ့်မယ်တဲ့……

Deep Sea (2023)

စိမ်းရှို့ဆိုတဲ့ ကလေးမလေးဟာ အမေထွက်သွားပြီးနောက်မိဘမေတ္တာကို ငတ်နေသူလေးတစ်ယောက်ပေါ့။အတူတူရှိနေတဲ့ အဖေက ဂရုမစိုက်ပေးတဲ့အတွက်ထွက်သွားတဲ့ အမေ့ဆီက မေတ္တာကို တမ်းတနေသူလေးတစ်ယောက်ပေါ့။တစ်နေ့မှာ သူတို့ မိသားစု ၄ ယောက် ပင်လယ်ထဲကို ခရီးထွက်ကြတဲ့အခါစိမ်းရှို့ဟာ အမေ့ရဲ့ သီချင်းသံကို ကြားခဲ့ရတယ်။ထိုသီချင်းသံနောက်ကနေ အမေကိုလိုက်ရှာတုန်းမှာစိမ်းရှို့တစ်ယောက် ပင်လယ်ထဲကျသွားပြီးပင်လယ်အောက်က လျှို့ဝှက်ကမ္ဘာထဲကို ရောက်သွားပါတယ်။စိမ်းရှို့လေးတစ်ယောက် ပင်လယ်အောက်က ကမ္ဘာကြီးထဲမှာဘယ်လို ထူးခြားဆန်းကြယ်မှုတွေကို မြင်တွေ့ရမလဲ……သူမရဲ့ အမေကိုရော ရှာတွေ့နိုင်ပါ့မလား ……ဆိုတာကို ကာတွန်းဇာတ်လမ်းလေးရဲ့ လှပတဲ့သရုပ်ဖော်မှုတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။

ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ

https://t.me/+nqhhs6tGKeRjZjA1

ဇာတ်ကားကြည့်ရန်နှိပ်ပါ

https://t.me/c/2088510221/1436

image
1 နှစ် - ဘာသာပြန်ပါ။

Tales from the Darkside: The Movie (199

Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။
စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။
Lot 249
ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။
The Cat from Hell
ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။
Lover’s Vow
ပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် နောက်ဖေးလမ်းကြားမှာ အမည်မသိသတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး အဲ့ဒီသတ္တဝါကြီးက သူနဲ့တွေ့ခဲ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှပြန်မပြောဖို့ကတိတောင်းပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့ဒီညမှာပဲ သူ့ဘ၀ကို ကံကောင်းခြင်းတွေယူဆောင်လာမယ့် မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး သူ့ဘ၀အကောင်းဘက်ကို ဦးတည်ပြောင်းလဲသွားခဲ့ပေမယ့် နောက်ဆယ်နှစ်အကြာမှာတော့..။
ဂန္ဓဝင် Horror ရုပ်ရှင်တွေထွက်ခဲ့တဲ့ ခေတ်ကာလကဆိုတော့ မကောင်းမှာမပူရတဲ့ genre ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2222390798/153

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
1 နှစ် - ဘာသာပြန်ပါ။

ညောင်ရွှေနဲ့ ပင်လောင်းမြို့ရောက် စစ်ရှောင် ၂၀၀၀ကျော်ကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထား

ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ကျော်ကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထားတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေထံကနေ သိရပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူ၍ပြီး မိမိတို့ ကျေးရွာ၊ ရပ်ကွက်တွေမှာ ရောက်ရှိခိုလှုံနေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းဖို့ ညွှန်ကြားထားတာဖြစ်ပြီး အဲဒီကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်ဘေးရှောင်တွေနဲ့ ရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူကာ ထပ်မံညွှန်ကြားလာတာဖြစ်တယ်လို့ သိရပါတယ်။

“ရပ်ကွက်ရုံးကိုခေါ်ပြီးတော့ ပြောလာတာပါ။ အများစုကတော့ ဒီကဘုန်းကြီးကျောင်းတွေမှာပဲ နေနေကြတာ။ နောက်နှစ် ၃လပိုင်းမကုန်ခင်မှာ အပြီးပြန်ဖို့ပြောလာတယ်။ ၄လလောက်တော့ အချိန်ရသေးတာပေါ့။ ကြားထဲမှာ တိုက်ပွဲပြန်မဖြစ်ဖို့ပဲ ဆုတောင်းရမယ်”လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

ညောင်ရွှေမြို့က မြို့မိမြို့ဖတယောက်က “ဒီကိုရောက်နေတာလည်း နှစ်နဲ့ချီကြာနေပြီ၊ ဟိုဖက်မှာလည်း တိုက်ပွဲတွေက ငြိမ်သက်နေပြီဆိုတော့ ကြားထဲမှာ အိမ်ပြန်နေဖို့ စီစဉ်ခိုင်းတဲ့ သဘောပါ။ တချို့ကလည်း ပြန်ဖို့စီစဉ်နေကြပါပြီ။ တချို့ကလည်ူ ဆရာတော်က ထပ်နေဖို့ ခွင့်တောင်းထားတယ်။ တချို့ကလည်း အိမ်တွေ အကုန်ပျက်ပြီး မီးရှို့ခံရတဲ့ အိမ်တွေလည်း နည်းတာမဟုတ်ဘူး။ အခုတောင် စားဖို့ မနည်းရုန်းကန်နေရတာလေ”လို့ ပြောပါတယ်။

လွိုင်ကော်မြို့မှာ “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်အချို့က ဘေးလွတ်ကင်းရာ အခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်ခဲ့ရတာဖြစ်ပြီး တိမ်းရှောင်ဖို့ ခက်ခဲနေတဲ့ ပြည်သူတွေကသာ အဲဒီမြို့အနီးတဝိုက်ရှိ တောထဲမှာ တဲထိုးပြီး နေထိုင်နေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-Local

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

နာမည်ကြီး ထိပ်တန်းမင်းသမီးတွေကိုသာ ဖိတ်ကြားခဲ့တဲ့ ရွှေဆိုင်ဖွင့်ပွဲ
မန္တလေးမြို့က စိန်ရွှေရတနာဆိုင်ဖွင့်ပွဲသို့ နာမည်ကြီးအနုပညာရှင်တွေက တက်ရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။ အဆိုပါ စိန်ရွှေရတနာဆိုင်ဟာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ဝတ်မှုန်ရွှေရည် ၊ ဖွေးဖွေးနဲ့ မိုးဟေကိုတို့ကို ဖိတ်ကြားခဲ့ပြီး အောင်ရဲလင်းနဲ့ ထက်ထက်မိုးဦး၊ စိုးပြည့်သဇင်တို့လည်း ပါဝင်ခဲ့ကြပါတယ်။ အဆိုပါ အနုပညာရှင် အမျိုးသမီး ၃ ဦးဟာ လက်တလော ပရိသတ်တွေကြားနာမည်ကျော်ကြားနေတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။

image