ငွေကို တန်ဖိုးမထားခဲ့ရင်
မရှိတော့တဲ့အခါ သိမ်ငယ်ရတယ်။
လူကိုတန်ဖိုးမထားရင်
ဝေးတဲ့အခါ နောင်တရတတ်တယ်။
#စာတို
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငွေကို တန်ဖိုးမထားခဲ့ရင်
မရှိတော့တဲ့အခါ သိမ်ငယ်ရတယ်။
လူကိုတန်ဖိုးမထားရင်
ဝေးတဲ့အခါ နောင်တရတတ်တယ်။
#စာတို
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မိုးကြို ချည်မျှင်ရှည်ဝါစိုက်တောင်သူများသို့ကြိုတင်ဆောင်ရွက်ရမည့် အချက်များ ထုတ်ပြန်
မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖော်ဝါရီ လလယ်မှ စတင်စိုက်ပျိုးသည့်အတွက် စိုက်တောင်သူများသို့ ကြိုတင်ဆောင်ရွက်ရမည့် အချက်များကို ဝါနှင့်လျှော်မျှင်ထွက်သီးနှံ ဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါအချက်များမှာ မျိုးအနေဖြင့် မိုးကြိုချည်မျှင်ရှည်ဝါကိုအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော ငွေချည် ၆၊ ရွှေတောင် ၈၊ ငွေ ချည် ၉၊ ရွှေတောင် ၁ဝ၊ ငွေချည် ၁၁ ဝါမျိုးစေ့များအား ကြိုတင်ဝယ်ယူ စုဆောင်းထားရန်၊ မျိုးကွဲလုံးဝကင်းစင်ပြီး အပင်ပေါက်ရာခိုင်နှုန်း ၈ဝ အထက်ရှိ အရည်အသွေးမြင့် မျိုးဝါစေ့များကိုသာ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်စုဆောင်းထားရန်၊ မျိုးစေ့များ ခြောက်သွေ့ရန်အတွက် နေ နှစ်ကြိမ်၊သုံးကြိမ်လှန်းပြီးမှ ဂုန်နီအိတ်တွင်ထည့်၍ ရေမစိုနိုင်သောနေရာတွင် ကတ်များခင်းပြီး သိုလှောင်ထားရန်တို့ဖြစ်သည်။
ယင်းပြင် မြေအနေဖြင့် မိုးကြိုချည်မျှင်ရှည်ဝါကို အချိန်မီ စိုက် ပျိုးနိုင်ရေးအတွက် ရှေ့သီးနှံများ အချိန်မီဖယ်ရှားရေး၊ အချိန်မီ မြေပြုပြင်ပြီးစီးရေး၊ စိုက်ပျိုးချိန်တွင် ရေအပြည့်အဝ ပေးသွင်းရရှိရေးတို့အတွက် ကြိုတင်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်၊ မြေဆီဩဇာ သင့်တင့်ကောင်းမွန်ပြီး အစိုဓာတ် ထိန်းသိမ်းမှုနှင့် လေဝင်လေထွက်ကောင်းသော နုန်းမြေ၊ နုန်းစနယ်မြေနှင့် သဲနုန်းမြေများကို ရွေးချယ်စိုက်ပျိုးရန်၊ ပေါင်းမြက်ကြိုတင်ကာကွယ် နှိမ်နင်းရေးအနေဖြင့် ရှေ့သီးနှံ (ဥပမာ-စပါး)ရိတ်သိမ်းပြီးသည်နှင့်တစ်ပြိုင်နက် မြေမစိုလွန်း၊ မခြောက်လွန်းရှိမည့်ပပ်ကြားအက်စအချိန်တွင် ပထမ ထယ်တစ်စပ်ထိုးရန်နှင့် အခြောက်လွန်သွားသော စိုက်ခင်းတွင် ရေစပ်ရုံမျှသွင်းပြီး မြေအထန့်တွင် ထယ်ထိုးရန်၊ မိုးနှောင်းချည်မျှင်ရှည်ဝါအပြီး မိုးကြိုဝါဆက်လက်စိုက်ပျိုးမည့် စိုက်ခင်းများတွင် ဝါကို နောက်ဆွဲကောက်သိမ်းခြင်းဖြင့် စိုက်ခင်းများအတွင်း ပေါင်းပင်များအစေ့တည်ပြီး ရင့်မှည့်လာနိုင်သောကြောင့် ပေါင်းပင်များကို ဆက်လက်ရှင်သန်ခွင့်မပေးဘဲ ထယ်ထိုးပေါင်းသတ်ထားရန် တို့ဖြစ်ကြောင်းသိရသည်။
ထို့နောက် စိုက်ထယ်ရေး မပြုလုပ်မီအချိန်အတွင်း ၁၆ သွား ထွန် တစ်စပ် သို့မဟုတ် နှစ်စပ်ဝင်ပြီး ပေါင်းသတ်ထွန်ရေး ပြုလုပ်ထားရန်၊ အသုံးပြုမည့်ထယ်၊ ထွန်၊ ကြားတိုက်ကိရိယာများတွင် ပေါင်းစေ့များ တွယ်ကပ်မှု မရှိစေရန် ကောင်းစွာသန့်ရှင်းပြီးမှ အသုံးပြုရန်၊ မိုးကြိုချည်မျှင်ရှည်ဝါသည် ရေသွင်းစိုက်ပျိုးသည့် သီးနှံဖြစ်သည့်အလျောက် ရေသွင်းမြောင်းများ သန့်ရှင်းရေးကို ကြိုတင်ဆောင်ရွက်ထားရန်၊ ကောင်းစွာဆွေးမြည့်သော နွားချေးနှင့် သဘာဝမြေဩဇာများကိုသာ သုံးစွဲရန်၊ အကယ်၍ ပေါင်းသတ်ထွန်ရေး မပြုလုပ်နိုင်ခဲ့လျှင်သော်လည်းကောင်း၊ ပေါင်းသတ်ထွန်ရေး ပြုလုပ်သော်လည်း ပေါင်းမြက်များ ဆက်လက်ကျန်ရှိနေလျှင် သော်လည်းကောင်း၊ အထူးသဖြင့် မြေစာမြက်ကဲ့သို့သော နှစ်ရှည်ခံပေါင်းမြက်များ ပေါက်ရောက်မှုထူထပ်လျှင်သော်လည်းကောင်း အစိုဓာတ်သင့်တင့်စွာ ရှိချိန်ဝါမစိုက်ပျိုးမီ အနည်းဆုံး ၂ဝ၊ ၂၅ ရက် ကြိုတင်၍ပေါင်းသတ်ဆေး ပက်ဖျန်းပေါင်း သတ်ထားရန်တို့ဖြစ်ကြောင်း သိရသည်။
ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းပြီး ပရိသတ်တွေကို နေမာတုန့်ပြန်
ဖေဖော်ဝါရီ ၂၅
ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ ဆန်းတို့စ်အသင်းက အင်တာနေစီယွန်နယ်လ်ဒီလီမာရာအသင်းကို အနိုင်ရခဲ့ တဲ့ပွဲမှာ သူ့ကိုလှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တဲ့ အိမ်ရှင်ပရိသတ်တွေကို ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းပြီး တုန့်ပြန်ခဲ့ပါတယ်။
ဒီပွဲမှာ ဆန်းတို့စ်အသင်းဟာ အင်တာနေစီယွန်နယ်လ်ဒီလီမာရာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
အိမ်ရှင်အသင်း ပရိသတ်တွေဟာ ဒီပွဲစဉ်မှာ ထောင့်ကန်ဘောကန်ဖို့ ရောက်ရှိလာတဲ့ နေမာကို ပစ်မှတ်ထားပြီး လှောင်ပြောင် အော်ဟစ်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းအပြီးမှာ သူကိုလှောင်ပြောင်နေတဲ့ ပြိုင်ဘက်အသင်း ပရိသတ်တွေ အရှေ့မှာ အောင်ပွဲခံပြီး ပြန်လည်တုန့်ပြန်ခဲ့တာပါ။
နေမာ ဂိုးသွင်းအပြီးမှာ အိမ်ရှင်အသင်းရဲ့ လှောင်ပြောင်မှုတွေ ရပ်တန့်သွားခဲ့ပြီး ဆန်းတို့စ်အသင်းရဲ့ ဝမ်းသာ အားရ အောင်ပွဲခံမှုတွေ အစားထိုးသွားခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဆန်းတို့စ်အသင်း သွင်းယူတဲ့ နောက်ထပ်သွင်းဂိုး ၂ ဂိုးကိုလည်း ဖန်တီးပေးခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တဲ့ နေမာဟာ ဆန်းတို့စ်အသင်းအတွက် ၆ ပွဲအထိ ပါဝင်ကစားထားပြီးဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ နေမာဟာ ဆန်းတို့စ်အသင်းအတွက် ၆ ပွဲ ပါဝင်ကစားအပြီးမှာ ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာပါ။
ဆန်းတို့စ်အသင်းဟာ Campeonato Paulista ပြိုင်ပွဲမှာ အုပ်စုပွဲစဉ် ၁၂ ပွဲ ကစားထားအပြီး ရမှတ် ၁၈ မှတ်နဲ့ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်ကာ ကွာတားဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ဆန်းတို့စ်အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘရာဂန်တီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
ပုံ - နေမာကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
#centralnewsnaypyitaw
ရခိုင်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းအစပ်မှာ စစ်ရေး ဆက်လက်တင်းမာ
ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်နဲ့နယ်နမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း အစပ်တွေမှာ AA နဲ့ နစက တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ် တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်းထဲမှာဆိုရင် ပန်းတောင်မြို့နယ်၊ညောင်ကျိုးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေအပြင် နစကမှလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့သိရပါတယ်။
ဒါကြောင့် ညောင်ကျိုးရွာဒေသခံတွေ ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရသလို အနီးနားက နေထိုင်သူတွေလည်း နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့အတွက် စစ်ရှောင်တွေပိုတိုးလာနေ တယ်လို့သိရပါတယ်။
" ညောင်ကျိုးဘက်မှာ တိုက်ပွဲဖြစ်နေတော့ဘယ်သူမှမရှိတော့ဘူး။သွားလာဖို့လည်းမလွယ်တော့ဘူး။သွားလို့လည်းမရဘူး။ခုထိချနေကြတုန်းပဲ။ပစ်သံခတ်သံတွေကြားရတုန်းပဲ။လေယာဥ်တွေလည်းကျဲတယ်။ရွာသားတွေကတော့ အကုန်ပြေးကြပြီးကျွန်တော်တို့တောင်းပန်းတောင်ရောက်နေပြီ။ညောင်ကျိုးက ရခိုင်နဲ့အစပ်နေရာပဲ။နစက ကလည်းခံစစ်တော်တော်ပြင်ထားတဲ့သဘောရှိတယ်။အဲဒီဘက်ကို စစ်ကားတွေအင်အားဖြည့်တယ်။ " လို့ စစ်ရှောင်လာတဲ့ဒေသခံက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးနဲ့ ညောင်ခြေထောက်မှာရှိတဲ့အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံက ၁၀ မိုင်လောက်သာရှိတာကြောင့် နစကဘက်ကလည်းညောင်ကျိုးစခန်းမကျအောင် အင်အားဖြည့်ပြီး ကာကွယ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။
စစ်ရေးတင်းမာနေတဲ့ ညောင်ကျိုး ဘက်အပြင် ညောင်ခြေထောက်ဘက်ကိုလည်းနစက တပ်ဖွဲ့မှလွဲပြီး ကျန်သူတွေ ပုံမှန်လိုသွားလာနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။
ဧရာဝတီတိုင်းထဲက သာပေါင်း ၊ရေကြည် ၊ ငါးသိုင်းချောင်းဘက်မှာလည်း နစကနဲ့ AA အကြား စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။
AA နဲ့ ပူးပေါင်းတပ်တွေက ဧရာဝတီတိုင်းအစပ်ကနေရာအချို့ ကို ဇန်နဝါရီလမှာ စတင် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ငါးသိုင်းချောင်း ၊ရေကြည်၊သာပေါင်းမြို့နယ်ထဲအထိ နယ်မြေချဲ့ကာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။
"ငါးသိုင်းချောင်း ဘက်မှာ နစကဘက်က အင်အားတော်တော်ချထားတယ်။အဲဒီနေရာကို ကျော်နိုင်ဖို့ကတော်တော်နဲ့တော့မရနိုင်လောက်ဘူး။ရှိသမျှအင်အားတွေအဲဒီကိုအကုန်ပို့ပြီး ကာကွယ်နေတဲ့ပုံရှိတယ်။အဲဒီဘက်မှာက အမြှောက်တပ်လည်းရှိတော့ လွယ်လွယ်တော့ အကျခံမယ်မထင်ဘူး။"လို့ ဒေသခံကပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတဲ့အထိ ရှိနေပြီး ခုချိန်ထိလည်းနေရပ်မပြန်နိုင်ကြသေးဘူးလို့သိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ ရခိုင်ပြည်နယ် နယ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း အစပ်နဲ့ ပဲခူးတိုင်းအစပ်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ AA ဘက်ကလည်းသတင်းထုတ်ပြန်တာမရှိသေးသလို နစကဘက်ကလည်းသတင်းထုတ်ပြန်ခြင်းမတွေ့ရှိရသေးပါဘူး။
NUG ကတော့ ရန်ကုန်နဲ့ ပဲခူးတိုင်းကို စိုးမိုးနိုင်ဖို့အတွက် တိုက်ပွဲတွေစတင်ဖော်ဆောင်တော့မယ်ဆိုပြီး ပြောဆိုထားတာတွေ့ရ ပါတယ်။
Photo - CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး

မြန်မာတွေ တကယ်တော်တယ် ဆိုတာ သက်သေပြလိုက်တာပါ။ငွေကြေး နည်းပညာပိုင်းဆိုင်ရာတွေ ပံ့ပိုးပေးမယ်ဆိုရင် တီထွင်ဉာဏ်က တခြားနိုင်ငံကတွေထက် သာနိုင်ပါတယ်။
‘နေရောင်ခြည် အလင်းရောင်ကို စုစည်းပြီး အပူကို တစ်နေရာတည်းမှာ ဆုံရပ်လုပ်ပေးတဲ့ Concentrated Solar ကို တီထွင်ခဲ့တဲ့ ဦးသန့်ဇင်...
ဒီ Concentrated Solar လေးက နေရောင်ခြည်ရနေရင်
ထမင်းချက်တာ၊ ရေနွေးအိုးတည်တာ၊ ကြက်ဥကျော်တာတွေ အားလုံး လုပ်နိုင်ပါတယ်’ လို့ Concentrated Solar တီထွင်သူ ဦးသန့်ဇင် (စိန်ပန်း) ပြောပါတယ်။
စျေးကွက်ထဲမှာ သင့်တင့်တဲ့စျေးနှုန်းနဲ့ ရောင်းချနိုင်ဖို့ ကြိုးစားနေပါတယ်..
#စွန့်ဦးတီထွင် #ဦးသန့်ဇင် #concentratedsolar #solarenergy #နေစွမ်းအင်
#crd