41 w - Translate

💅 design

image
41 w - Translate

💅 design

image
41 w - Translate

💅 design

image
41 w - Translate

💅 design

image
41 w - Translate

💅 design

image
41 w - Translate

💅 design

image
image
image
image
image
41 w - Translate

တောင်ကိုရီးယားသမ္မတရုံးအကြီးတန်းအရာရှိအားလုံးနှုတ်ထွက်စာတင်

ဆိုးလ်၊ဒီဇင်ဘာ ၄

တောင်ကိုရီးယားသမ္မတရုံး ဦးစီးအရာရှိချုပ်အပါအဝင် အကြီးတန်းအတွင်းဝန်များအားလုံးသည် ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့တွင် အစုလိုက်အပြုံလိုက်ရာထူးမှနှုတ်ထွက်စာတင်ခဲ့ကြကြောင်းသိရသည်။

၎င်းတို့သည် သမ္မတရုံး ဦးစီးအရာရှိချုပ်ဦးဆောင်သည့် အကြီးတန်းအတွင်းဝန်များအစည်းအဝေးကျင်းပပြီးနောက် ရာထူးမှနုတ်ထွက်စာတင်ကြခြင်းဖြစ်သည်။

တောင်ကိုရီးယား၌ သမ္မတယွန်းဆော့ယော်သည် ယမန်နေ့ညက အရေးပေါ်စစ်အုပ်ချုပ်ရေးကို ကြေငြာခဲ့ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သော်လည်း လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ချိန်၌ အမတ်များ၏ ပြတ်ပြတ်သားသားကန့်ကွက်မှုများကြောင့် သမ္မတကအဆိုပါကြေငြာချက်ကို ပြန်လည်ရုတ်သိမ်းခဲ့ရခြင်းလည်းဖြစ်သည်။

တောင်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ်အများစုက ဝိုင်းဝန်းကန့်ကွက်ပါက သမ္မတအနေဖြင့် စစ်အုပ်ချုပ်ရေးကို မဖြစ်မနေရုတ်သိမ်းပေးရမည်ဖြစ်သည်။

Source : ရှင်းဟွာ

image
41 w - Translate

ထိုင်းတောင်ပိုင်း ရေကြီး၍ ‌ေ-သဆုံးသူ ၂၅ ဦးအထိရှိလာပြီ

ဘန်ကောက်၊ဒီဇင်ဘာ ၃

ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံ၍ မိသားစုပေါင်း ၆၆၀,၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ‌ေ-ငဆုံးသူအရေအတွက်သည် ၂၅ ဦးအထိရှိလာပြီဖြစ်ကြောင်းနိုင်ငံ၏သဘာဝဘေးအန္တရာယ်ဌာနကပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးရမှုတန်ဖိုးကြီးမားခဲ့ကာ ကြက်မွေးမြူရေးခြံပိုင်ရှင်တစ်ဦးကမူ ၎င်းကြက်ခြံတစ်ခုလုံးရေမြုပ်သွားသဖြင့် ကြက်အကောင်ရေတစ်ထောင်ကျော်‌ေ-သဆုံးခဲ့သဖြင့် ဘတ်ငွေ ၃ သန်း(အ မေရိကန်ဒေါ်လာ ၈၇,၀၀၀) ခန့်ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာ PBS သို့ပြောကြားခဲ့သည်။

အခြားဒေသအသီးသီးတွင်လည်း ရေကြီးရေလျှံသဖြင့် လူပေါင်း ၂၂,၀၀၀ ခန့် အိုးအိမ်စွန့်ပစ်ကာ ရေဘေးဒုက္ခသည်များဖြစ်နေကြပြီး ကယ်ဆယ်ရေးသမားများလာဝေသည့် ထမင်းတစ်နပ်သာစားနေကြရသည်ဟုလည်းသိရသည်။

ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မလေးရှား တွင်လည်း ရေကြီးရေလျှံ၍ လူပေါင်း ၉၄,၀၀၀ ကျော်သည် ရေဘေးရှောင်နေရပြီး ယခုအထိ ‌ေ-သဆုံးသူ ၅ ဦးရှိ အထိရှိနေပြီဖြစ်ကြောင်း လူမှုကွန်ရက်တွင်ရေးသားထားသည်။

ရေကြီးဆဲဖြစ်သော်လည်း ထိုင်းမိုးလေဝသဌာန၏ သတင်း ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၌ လာမည့်ရက်များတွင်လည်း မိုးသည်းထန်ဦးမည့်အခြေအနေတွင်ရှိနေကြောင်းသိရှိရသည်။ ယခုအချိန်အထိ ထိုင်းအစိုးရက ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ကြေးအဖြစ် တစ်အိမ်ထောင်လျှင် ဘတ် ၉,၀၀၀ နှုန်း ထောက်ပံ့ထားသည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်

image
41 w - Translate

လမိုင်းရာမယ်က ကွဲပြားခြားခြားမှုတွေကို
လုပ်ဆောင်နိုင်တယ်ဆိုတာ
အားလုံးမြင်ကြမှာပါ လို့
သူ့ကစားသမားလေးက်ို ချီးကျူးလိုက်တဲ့

ဟန်ဆီဖလစ်

image

ပေါင်းတည်က အုပ်ချုပ်ရေးမှူးသားအဖ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး

ဒီဇင်ဘာ ၄

ပဲခူးတိုင်း(အနောက်ပိုင်း) ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာအုပ်စု၊ ရွာလှကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ဟာ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ရွာလှအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ်တို့ဖြစ်ပြီး နေအိမ်အတွင်းဝင်ရောက်ပြီး ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

" မနက်၄နာရီကျော်လောက် အစောကြီးပစ်သတ်ခံရတာ။သူတို့အိမ်ထဲထိကို လာပစ်သွားတာ။ အဖေက အသက် ၆၂ နှစ်၊သားကအသက်၃၀ ပါ။အိမ်ကိုဝိုင်းထားပြီးကို ပစ်သွားတာလို့သိရတယ်။ သေနတ်နဲ့ ဆယ့်ငါးချက်လောက်ရှိမယ် "လို့ ဒေသခံကပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ကလည်းပဲခူးအနောက်ပိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ တောင်ရွာမရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ကိုအောင်ထွန်းဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရှိ ဓါးသွေးကျောက်ရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲ့ သားနှစ်ယောက်လည်း သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image