42 w - Translate

Mini tattoo

image
42 w - Translate

Mini tattoo

image
42 w - Translate

Mini tattoo

image
image
image
image
image
42 w - Translate

အာကာသဟိုတယ်။
အာကာသဟိုတယ်ရဲ့ အမည်ကတော့ The Voyager Station ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင်ဖွင့်လှစ်ဖို့ အဆိုပြုထားတာပါ။
တည်ဆောက်မယ့် ကုမ္ပဏီကတော့ Orbital Assembly ကော်ပိုရေးရှင်း ဖြစ်ပြီး ၂ဝ၂၆ ခုနှစ်မှာ စတင်ဆောက်လုပ်ရန်ရည်ရွယ်ထားပြီး ၂၀၂၇ ခုနှစ်မှာ စီးပွားဖြစ် ဖွင့်လှစ်မှာ ဖြစ်ပါတယ်တဲ့။
အာကာသဟိုတယ်မှာ တစ်ညတာတည်းခိုရန်အတွက် ကြိုတင် ဘွတ်ကင်တောင် ပြုလုပ်ထားလို့ရပါပြီတဲ့။
အခန်းထဲရှိ ပြတင်းပေါက်နားမှာရပ်ပြီး ကြယ်များနှင့် လူသားများ၏ ဧရာမဂြိုဟ်ကြီးကိုမြင်နိုင်သည့် အိပ်မက် တစ်ခုတကယ်ပင်ဖြစ်လာပေတော့မည် ဖြစ်ပါတယ်။

image
42 w - Translate

The Sadness (2021)

ဗိုင်းရပ် တုပ်​​ကွေးပိုးတစ်မျိုး ပျံ့နှံ​နေတဲ့အချိန် ဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းနိုင်တယ်လိုပညာရှင်​တွေက သတိ​ပေးကြ​ပေမယ့် ရွေး​ကောက်ပွဲရှိတာကြောင့် လော့​ဒေါင်းချခွင့် မ​ပေးခဲ့ပါဘူး။

ပညာရှင်​တွေစိုးရိမ်သလို ဗိုင်းရပ်ဟာ ဗီဇ​ပြောင်းသွားပြီး လူ့ဦး​နှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့​အောင် လုပ်ပစ်လိုက်တာမျိုးမ​​ကောင်းမှု​တွေလုပ်ရမှာ မရှက်​တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်းကိစ္စ​တွေ လုပ်လာကြပါတယ်၊ အသိစိတ်မဲ့​​နေတဲ့ လူထုနဲ့ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးကို ဘယ်လို ရင်ဆိုင်​ကျော်လွှားကြမလဲ၊ လွတ်​မြောက်ပါ့မလားဆိုတာကိုအသည်းတယားယားနဲ့ ကြည့်ရှုရမှာပါ။

image

I phone 16 pro max camera နဲ့ လ ကို ဓါတ်ပုံရိုက်လိုက်သောအခါ😁

#funny

image

ကျိုင်းတုံမြို့နယ်၌ ကျပ်သိန်း ၃၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ISUZU D-MAX မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ကျိုင်းတုံမြို့နယ် ကျိုင်းဖောင်းကျေးရွာအနီးတွင် မိုင်းပျဉ်းမှကျိုင်းတုံဘက်သို့ စိုင်းစံလှ ၃၂ နှစ် (ဘ) ဦးအိုက်ဆာ မိုင်းပျဉ်းမြို့နယ် နေသူမောင်းနှင်ပြီး စိုင်းဝန်းခေါင် ၁၈ နှစ် (ဘ) ဦးစိုင်းနမ်းရှဲန် မိုင်းပျဉ်းမြို့နယ်နေသူ လိုက်ပါလာသည့် ISUZU D-MAX မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၃၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉ ဒသမ ၆၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းဆိုင်အွန် (ခ) အိုက်ဆိုင် ၂၄ နှစ် (ဘ) ဦးစိုင်းခမ်းပါ မိုင်းပျဉ်းမြို့နယ်နေသူနှင့် စိုင်းညွန့် ၂၁ နှစ် (ဘ) ဦးကျော်အောင် မိုင်းပျဉ်းမြို့နယ်နေသူတို့ နှစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များ အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို မိုင်းပျဉ်းမြို့နယ်မှ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ် မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image

ရွှေလီ အထည်ချုပ်စက်ရုံရောက် မြန်မာလုပ်သားတွေ အချိန်ပိုများစွာ ဖိအားပေးစေခိုင်းခံရ ၊ စက်ရုံ တိုက်ပေါ်က ခုန်ချမှုတွေထိ ဖြစ်ပွား

ဇန်နဝါရီ ၂၀

ရွှေလီ အထည်ချုပ် စက်ရုံရောက် မြန်မာလုပ်သားတွေ အချိန်ပို များစွာ ဖိအားပေး စေခိုင်းခံရလို့ စက်ရုံ တိုက်ပေါ်က ခုန်ချတဲ့ထိဖြစ်လာကြောင်း အထည်ချုပ် စက်ရုံ လုပ်သားတွေနဲ့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

"ရွှေလီက အထည်ချုပ် စက်ရုံ တခုမှာ အလုပ် တအားခိုင်းလို့ မြန်မာ အလုပ်သမား သုံးယောက် စက်ရုံ ပေါ်ကနေ ခုန်ချသွားတယ်။ အခု ဆေးရုံ ရောက်နေတယ်။ စက်ရုံ ပိုင်ရှင်တွေက သတင်း မပေါက်ကြားဖို့ လိုက်ဖုံးနေတာ။ ဒါပေမယ့် အကုန် သိကုန်ပြီလေ" လို့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။

အထည် လိုချင် တဲ့ အရေအတွက် မပြည့်မချင်း မနက် သုံး နာရီ အထိ ဖိအားပေး ချုပ်ခိုင်းခံရတာကြောင့်ရယ် နေရပ် ပြန်မယ် ဆိုရင်လည်း လျော်ကြေး ပြန်တောင်းတာတွေ၊ နေရပ် ပြန်ဖို့ စရိတ် မရှိတာတွေကြောင့် ဖိအားများပြီး ခုန်ချသွားတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။

"အရင်က အချိန်ပို ဆင်းရင် အချိန်ပိုကြေး ရတယ်။ အခုက အချိန် ပိုလုပ်လည်း ပိုက်ဆံ မပေးတော့ဘူး။ သူတို့ လိုချင်တဲ့ အရေ အတွက် မပြည့်မချင်း ချုပ်ရတယ်" လို့ အထည်ချုပ် လုပ်သား တယောက်က ပြောပါတယ်။

တနေ့ကို အနည်းဆုံး ၁၁ နာရီနဲ့ အထက် လုပ်ရတဲ့အပြင် အလုပ်ခေါ်တုန်းက ပြောထားသလို လစာလည်း တိုးမပေးဘူးလို့ သူက ပြောပါတယ်။

"မလုပ်နိုင်လို့ ထွက်မယ် ဆိုရင်လည်း ပိုက်ဆံ ပြန်လျော်ခိုင်းတယ်။ အရင်ရက်ေတွကလည်း ကျွန်မတို့ စက်ရုံက တချို့ လစာ တိုးပေးဖို့ ဆန္ဒထုတ်ဖော်တာရှိတယ်။ သူတို့ကို စက်ရုံပြောင်းပေးမလိုလိုနဲ့ ကျယ်ဂေါင်ရောက်တော့ တယောက်ကို တရုတ်ငွေ ၆၅၀၀ စီ လျော်ခိုင်းတယ်။ မပေးရင် ရဲနဲ့ ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက် ငွေယူပြီး မူဆယ် ပြန်ပို့လိုက်တယ်" လို့ သူက ရှင်းပြပါတယ်။

မြန်မာ လုပ်သား အများစုက တရုတ်ဘက် ၇ ရက် လည်ပတ်ခွင့် ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ်နဲ့ အထည်ချုပ် စက်ရုံတွေမှာလာရောက် အလုပ်လုပ်ကိုင်နေကြရတာကြောင့် ရဲစခန်း တိုင်ကြား၊ တရားစွဲဆိုဖို့လည်း မရပဲ ငွေဝယ်ကျွန်လို မတရား ခိုင်းစေ၊ လုပ်အားခပါ ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရတာကြောင့် အတော် ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။

Photo Crd# နယ်စပ် ဒေသခံ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
42 w - Translate

စိတ် တွေ happy ဖြ-စ် မ နေ ဘူး

image
42 w - Translate

အဆိုတော် ကောင်းမြင့်စံ (ခေါ် )စုဗူးဟာ ဇန်နဝါရီ ၁၇ရက်နေ့က နေအိမ်ထွက်ခွာသွားပြီးနောက်မှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၉ရက်နေ့မှာမှ မှ အင်းလျားကန်ဘောင်ထဲကနေ ရုပ်ခန္ဓာကို ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။
အဆိုတော်ကောင်းမြင့်စံဟာ ကွယ်လွန်ချိန်မှာအသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး စိုင်းဆိုင်မော့ဝ်ရဲ့ " ရှမ်းပဲပုတ်လေးကျွန်တော် " ချယ်ရီပွင့်တဲ့တောင်တန်း " ရိုးရာမပျက်တဲ့မြေ " သီချင်းတွေအပါအဝင် မြန်မာသံသီချင်းတွေကို သီဆိုခဲ့သူတစ်ဦးဖြစ်ပါတယ်။

image