Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ၊ ဆိုရှယ်မီဒီယာပေါ်မှာ၊ မကြာခဏဆိုသလို ဖောက်ပြန်သွားတဲ့အိမ်ထောင်ရေး၊ ဖောက်ပြန်သွားတဲ့ချစ်သူဆိုတာမျိုးတွေ မကြာခဏ ကြားဖူးကြမှာပါ။ ဘာကြောင့်ဖောက်ပြန်ကြသလဲဆိုတဲ့မေးခွန်းသာ ရှိပေမယ့် အဖြေကတော့ ရေရာစွာမပေးနိုင်ကြပါဘူး။ ဖောက်ပြန်ခံရတဲ့သူကို ကြည့်လိုက်ရင်လည်း ဖောက်ပြန်ရလောက်အောင် ညံ့ဖျင်းဆိုးရွားတဲ့သူမျိုးတွေ မဟုတ်တာကို တွေ့ရပြန်ပါတယ်။ ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ဖောက်ပြန်တတ်တဲ့လူဖြစ်နိုင်တဲ့အချက်က အဓိက အချက်ကြီး ၃ချက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။
၁) ဗီဇကိုမဖျောက်နိုင်လို့
ဖောက်ပြန်တတ်တဲ့သူကို ချစ်သူ(သို့) အိမ်ထောင်ဖက်အဖြစ်ပိုင်ဆိုင်ထားရရင် သင်မှတ်ထားရမယ့်အဓိက အချက်ကတော့ ဖောက်ပြန်တတ်တဲ့သူက သင့်ကိုဘယ်လိုပဲနောက်မလုပ်တော့ပါဘူးလို့ ကတိခံထားပါစေ။ သင်လစ်တာနဲ့ဖောက်ပြန်မှာပါပဲ။ ဖောက်ပြန်ရတဲ့အကြောင်းရင်းကိုက သူတို့ရဲ့နဂိုဗီဇကြောင့်ဖြစ်နိုင်တာမို့ သေတဲ့အထိ ဗီဇကိုပြင်မယ့်သူတွေမဟုတ်ပါဘူး။
၂) အသစ်အဆန်း၊သာယာမှုနဲ့ ကိုယ့်လက်ရှိချစ်သူထက်သာလွန်မှုတခုခုကို တပ်မက်လို့
ဒုတိယဖြစ်နိုင်ချေများတာကတော့ အထိတွေ့ကိုသာယာတာမျိုးဖြစ်နိုင်သလို၊ ကိုယ့်လက်ရှိချစ်သူနဲ့ချစ်နေတဲ့အချစ်တွေ တည်ငြိမ်သွားချိန်မှာ ဂယက်ထအောင်လာချစ်ပြတတ်တာကို အသစ်အဆန်းတစ်ခုလိုခံစားမိသွားတာလည်းဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေကတော့ ကိုယ့်လက်ရှိချစ်သူပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုနဲ့ အရည်အချင်းတွေထက် နောက်တစ်ယောက်က သာလွန်တယ်လို့ထင်ပြီး သာလွန်မှုကိုသာယာသွားတာဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုဖြစ်ပါစေ။ ထိုကဲ့သို့ ကိုယ်ကလွဲပြီးနောက်တစ်ယောက်သာယာတတ်တဲ့သူကတော့ နောက်ထပ်အသစ်အဆန်းတွေတွေ့လည်း သာယာအုံးမှာပါပဲ။
၃) ဝဋ်ကြွေးပါလာလို့
နောက်ဆုံးအချက်ကတော့ ကိုယ့်မှာမှ ဒီလိုအဖြစ်အပျက်မျိုးနဲ့ခံစားရဖို့ အတိတ်ကဝဋ်ကြွေးကို ပါလာလို့ဖြစ်မှာပါ။ ကိုယ့်ရဲ့အတိတ်ဘဝက မမြင်နိုင်တဲ့အကုသိုလ်အကျိုးပေးချိန်ရောက်လာရင် ရှောင်လွဲလို့ မရနိုင်ပါဘူး။ အဲဒါကလည်း ဖြစ်နိုင်ချေရှိတဲ့အကြောင်းရင်းတစ်ခုပါပဲ။
ဘယ်လိုပဲဖြစ်ပါစေ။ ကိုယ်က ဖောက်ပြန်တတ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားမိတဲ့အခါ ဘာလုပ်သင့်ပါသလဲ။ ခုလက်ရှိအချိန် ဖောက်ပြန်ခံရသူမှာ လုပ်ရက်လေခြင်း….ဆိုတဲ့စိတ်ကြောင့် နာကျင်ထိခိုက်နေမှာအသေအချာပါပဲ။ သွေးပူနေချိန်မှာတော့ သင်ဆုံးရှုံးလိုက်ရတဲ့လူကို သင်ပြန်လိုချင်နေမှာဖြစ်ပေမယ့် ထိုလူမျိုးကိုသင်ပြန်ပြီး ပိုင်ဆိုင်ရခဲ့သည်ရှိသော် နောက်ထပ်အသစ်အဆန်းမြင်တဲ့အခါ ထိုလူမျိုးက ထပ်ပြီး မဖောက်ပြန်ဘူးလို့ အာမခံနိုင်ပါဘူး။ အဲဒီ့အခါ သင်ထပ်ပြီး နာကျင်ရအုံးမှာပါပဲ။ အဲဒီလိုနဲ့ သင်ရင်ခွင်ထဲက သူကထွက်သွားလိုက်၊ သင့်မှာနာကျင်လိုက်နဲ့ အနာပေးလိုက် ဆေးပေးလိုက်လုပ်တာမျိုး ခံနေရအုံးမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေခြင်းက သင့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို သူ့ကိုစောင့်မျှော်နေရင်းနဲ့သာ အချိန်ကုန်သွားရပါလိမ့်မယ်။ သင့်ဘဝလည်း အသစ်တဖန်ပြန်မစနိုင်တော့ပါဘူး။
“အထက်ဆုံးဓားက နာကျင်မှုအသက်သာဆုံးပါပဲ” ဆိုတာကို သတိရပါ။ လက်ရှိအချိန်မှာ သင်နာကျင်နေတာက သင်ပြတ်သားနိုင်ရင် ဒီတစ်ခါပဲ နာကျင်ခံစားရမှာပါ။ နာကျင်မှုပြေပျောက်စေဖို့ သင့်ဘဝတိုးတက်စေမယ့်အရာတွေကိုလုပ်ရင်း နာကျင်မှုကို ကုစားလို့ရပါတယ်။ အချိန်တခုအရောက်မှာ သင့်ဘဝလည်း ထင်ထားတာထက် ပိုပြီး အရည်အချင်းနဲ့ပြည့်ဝလာစေသလို၊ ဒဏ်ရာကလည်း အမာရွတ်အဖြစ်သာကျန်နေပါလိမ့်မယ်။ အချိန်လည်း အလကားမကုန်ဆုံးတော့ပါဘူး။
ကိုယ့်ကိုမလိုချင်လို့ ထွက်သွားတဲ့လူဆိုတာ ကိုယ့်အတွက် မစစ်မှန်လို့ပါ။ ထွက်သွားတဲ့အတွက် နာကျင်ရတာမှန်ပေမယ့် ကိုယ့်အတွက်မဟုတ်တဲ့သူကို ကိုယ်ဘဝနစ်မွန်းခံ၊ အချိန်ကုန်ခံပြီး စောင့်နေစရာမလိုပါဘူး။ ထိုလူမျိုးက တစ်ဖက်လူက မဟန်လို့ သင့်ထံပြန်လာရင်တောင် သင့်အနားမှာ နေပြီး အခြားလူတွေကို မျက်စပစ်နေအုံးမှာပါပဲ။ သင်ထပ်ပြီး လက်ခံထားရင်သာ သူ့ကို တချိန်လုံး သံသယဝင်နေရင်း သင်ပါ စိတ်ရောဂါစွဲသွားနိုင်ပါတယ်။ သစ္စာမရှိသူကို သင့်အနားမရရအောင် ပြန်ခေါ်ထားခြင်းက သင့်ကိုသင်နှိပ်စက်နေတာပါပဲ။
အဲဒါကြောင့် သစ္စာမရှိသူမျိုး သင့်အနားက အဝေးဆုံးထွက်သွားတာက သင့်ဝဋ်ကြွေးကုန်သွားတာပါ။ သင့်ဘဝအတွက် တိုးတက်စေမယ့်အရာတွေ၊ သင့်အရည်အချင်းတိုးတက်စေမယ့်အရာတွေကိုလုပ်ရင်း သင့်အတွက် စစ်မှန်တဲ့ရင်ခွင်တစ်ခုကို သင်ပိုင်ဆိုင်ဖို့အခွင့်အရေးရလာအုံးမှာပါလို့ အားပေးလိုက်ပါတယ်။
▪️လူဟာ တစ်ယောက်တည်း ရှင်သန်လို့မရတဲ့ Social Animal တွေ ဖြစ်ပါတယ်။ အသိုင်းအဝန်းနဲ့ နေကြရတယ်။ လူများစွာနဲ့ ထိတွေ့ဆက်ဆံရတယ်။ အဲဒီအခါ လူတွေဆီကနေ ချီးမွမ်းစကား၊ ကဲ့ရဲ့စကားတွေကိုလည်း ရှောင်လွဲလို့ မရအောင် ကြားသိရမှာ၊ ကြုံတွေ့လာရမှာပါပဲ ။
အဲဒီအခါ ပတ်ဝန်းကျင်က တမင်ရည်ရွယ်ပြီး ပြောလိုက်တာပဲဖြစ်စေ၊ မရည်ရွယ်ပဲ ပြောမိတာဖြစ်စေ.. တချို့စကားတွေဟာ ကိုယ့်စိတ်ကို ထိခိုက်သွားစေနိုင်ပါတယ်။
► ဥပမာ.. ကိုယ်က ဝိတ်တက်လာတယ်။ အပြင်သွားမိလို့ အပေါင်းအသင်းတွေနဲ့ ဆုံကြတဲ့အခါ "ဟယ် နင် ဝလာလိုက်တာ၊ ဝိတ်ထိန်းဦးလေ.." အစရှိသဖြင့် ပြောလိုက်ကြမယ်ဆို ကိုယ့်ကိုယ်ကိုယ် "ငါအရမ်းကြည့်ရဆိုးနေပြီလား"ဆိုပြီး သိမ်ငယ်သွားတတ်တာမျိုး။
► ကိုယ်ကြိုက်တဲ့ဝတ်စုံလေး ဝတ်ထားတယ်။ သူများက.. " ဒါကြီးက နင်နဲ့ မလိုက်ဘူး၊ ကြည့်ရတာ ဘယ်လိုကြီးမှန်းလဲမသိဘူး.. တခြားဝတ်စုံ ပြန်လဲလိုက်ပါလားလို့ ဝေဖန်လိုက်တဲ့အခါ.. စောစောက ပျော်နေတဲ့ အပျော်လေးက ပျောက်သွားပါလေရော။ "ဪ ငါနဲ့ တကယ်မလှဘူးလား" ဆိုပြီး Confidence တွေ လျော့ကျသွားတတ်တာ။
📌 သူများ ဝေဖန်သုံးသပ်တာတွေက မှန်ကောင်း မှန်နိုင်ပေမယ့်လည်း.. ကြာလာတဲ့အခါ ကိုယ့်ရဲ့Self Confidence ကို ထိခိုက်လာစေနိုင်ပါတယ်။ အဲဒီလို ဝေဖန်ခံရပါများတဲ့အခါ ..
• ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု Confidence တွေ
လျော့နည်းလာမယ် .. ။
• သူများတွေရဲ့အထင်အမြင်ကို ကြောက်လာမိတယ် ။
• ဘယ်သူနဲ့မှ မတွေ့ချင်၊ ဘယ်ကိုမှ မသွားချင်တော့ပဲ
အိမ်ထဲမှာပဲ အောင်းနေချင်တော့တယ်။
▪️တစ်ယောက်တည်းနေရင်း လူတွေကို
ရှောင်လာတာနဲ့အမျှ ...
• စိတ်ဖိစီးမှုတွေ များလာမယ်။
• စိတ်ဓာတ်ကျလာမယ်။
• ငါတစ်ယောက်တည်းပါလားဆိုတဲ့ အထီးကျန်ဆန်တဲ့ ခံစားမှုမျိုးကို ခံစားလာရနိုင်ပါတယ်။
📌 အဲဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဘယ်လိုပြန်လည် တည်ဆောက်ရမလဲဆိုရင် ...
▪️"သူများအထင်အမြင်တွေကို ဂရုမစိုက်ပါနဲ့ "
သူက ငါ့ကို ဒီလို ပြောလိုက်တာ..၊ ငါ့ကို ဒီလို ဝေဖန်တာ..ဆိုပြီး တနုံ့နုံ့ မပြီးနိုင်မစီးနိုင် တွေးတောနေရင်.. ဒေါသပွားရတာပဲ အဖတ်တင်ပါတယ်။ Negative တွေကို ပုံကြီးမချဲ့စေချင်ပါဘူး။ ပြောတဲ့သူတွေကတောင် မေ့သွားလောက်ပြီ။ ကိုယ်က မမေ့နိုင်သေးပဲ ခံစားနေရရင် ကိုယ်ပဲ နှစ်ခါပြန် စိတ်တိုရပါတယ်။ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေလည်း ကုန်စေတယ်။
ကိုယ့်စိတ်ကို ညစ်ညူးစေတဲ့ အတွေးတွေကို ဆက်မတွေးဖြစ်အောင် အာရုံပြောင်းပစ်ပါ။ ကိုယ့်အတွက် အကျိုးရှိတဲ့အရာတွေကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်နေတာက အမှန်ကန်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ အရေးမပါတဲ့ကိစ္စတွေကို အရာမပေးပါနဲ့။
▪️"ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားပါ"
လူသားအားလုံးဟာ အသားဖြူဖြူ/ညိုညို၊ ပိန်ပိန်/ဝဝ ..
ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ်ပါပဲ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို မြတ်နိုးတတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို အပြည့်အဝတန်ဖိုးထားတဲ့အခါ.. ဘယ်သူမှ ကိုယ့်ကို လာဝေဖန်ကဲ့ရဲ့နိုင်စွမ်း မရှိတော့ပါဘူး။
►"နင်အသားမည်းလိုက်တာ.." လို့ ပြောလာရင်
ဟုတ်တယ်.. မည်းတယ် ဘာဖြစ်လို့လဲ .. ?
ငါ့ရဲ့အသားအရေကို ငါကြိုက်တယ်။
►"နင် အရပ်ပုလိုက်တာ" ဆိုရင်လည်း
ဟုတ်တယ် ပုတယ် ဘာဖြစ်သလဲ.. ?
ငါရဲ့အရပ်ပုတာလေးက ချစ်စရာကောင်းနေတယ်.. ။
အဲဒီလိုသာ ပြန်မေးခွန်းထုတ်ပြီး ပြောလိုက်ပါ။
▪️"ကိုယ့်ပုံစံနဲ့ကိုယ် နေပါ"
ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက်
ကိုယ့်ကိုယ်ကိုယ် ကြိုက်ဖို့ အရေးကြီးပါတယ်။
သူများအကြိုက်အတိုင်း လိုက်နေဖို့ ကိုယ့်မှာ တာဝန်မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးဖိအားမပေးပါနဲ့။
သူများက ကောင်းတယ်ဆိုတိုင်း ကိုယ်တကယ်မကြိုက်ပဲ လိုက်လုပ်ဖို့ မလိုပါဘူး။ သူများရဲ့ပါးစပ်ဖျားမှာပဲ လမ်းဆုံးမခံပါနဲ့။ ကိုယ့်အကြိုက်နဲ့ကိုယ်..၊ ကိုယ့်ပုံစံနဲ့ကိုယ် နေပါ။
▪️" ဘယ်သူမှ Perfect မဖြစ်ပါဘူး "
သေချာစဉ်းစားကြည့်ပါ.. ။ ကိုယ့်ကို ပြောဆိုဝေဖန်တဲ့သူတွေကရော.. ဘယ်လောက်ပြီးပြည့်စုံနေလို့လဲ၊ ဘယ်လောက်ခြောက်ပြစ်ကင်းသဲလဲစင် Perfect ဖြစ်နေတာမို့လို့လဲ။ သူတို့မှာလည်း အားနည်းချက်ကိုယ်စီနဲ့ပါပဲ..။ လူတိုင်းဟာ ဘယ်သူမှ 100% ရာနှုန်းပြည့် အကောင်းဆုံးဖြစ်မနေဘူးလို့ တွေးကြည့်လိုက်ရင်.. တော်တော်လေးကို စိတ်သက်သာရာ ရသွားပါလိမ့်မယ်။
ကိုယ်က Single တစ်ယောက်ဆိုရင်
ဘယ်လို Single မျိုး ဖြစ်နေသလဲဆိုတာ စစ်ဆေးကြည့်ပါဦး။
1. ဘဝမှာ တစ်ခါမှ ချစ်သူရည်စား မရှိဖူးသေးတဲ့သူတွေဟာ Relationship Virgin လေးတွေ ဖြစ်ပါတယ်။
2. အချစ်ကိုအရမ်းကြောက်သွားပြီး single ဘဝမှာပဲ နေထိုင်တဲ့သူတွေကို Philophobia Single လို့ ခေါ်ပါတယ်။
3. ရည်းစားဟောင်းကို မမေ့နိုင်တဲ့အတွက် ရည်းစားသစ်မရှာဘဲ single ဘဝမှာ နေနေတဲ့သူတွေက Ex Lovesick Single တွေ ဖြစ်ပါတယ်။
4. Crush ကို အရူးအမူးချစ်ပြီး ရည်းစားမထားတဲ့သူတွေက Crush Lovesick Single တွေ ဖြစ်ပါတယ်။
5. အရွေးလွန်ပြီး အခုထိ ရည်းစားမရသေးတဲ့သူတွေကို Fussy Single လို့ခေါ်ပါတယ်။
6. အချစ်ရေးမှာ ဘယ်တော့မှကံမကောင်းတာကြောင့် single ဖြစ်နေတဲ့သူတွေကို Unlucky Single လို့ နာမည်တပ်ချင်ပါတယ်။
7. အချစ်ကို အရေးကြီးတယ်လို့ မထင်ဘဲ အလုပ်တွေချည်း ကြိုးစားကြတဲ့သူတွေကတော့ Busy Single တွေ ဖြစ်ပါတယ်။
8. ဈေးဗန်းတွေအရမ်းခင်းပေမယ့် ရောင်းမထွက်သေးတဲ့ single တွေကိုတော့ Promotion Single လို့ ခေါ်ချင်ပါတယ်။
9. Single ဘဝကို ကိုယ်တိုင်ရွေးချယ်ပြီး အပျော်ဆုံးနေနေတဲ့သူတွေက Happy Single တွေ ဖြစ်ပါတယ်။
10. တစ်ယောက်တည်းနေထိုင်ရတာကို အထူးကျေနပ်ပြီး ကိုယ့်ကိုယ်ကို အမှန်တကယ် ချစ်နိုင်သွားတဲ့သူတွေကိုတော့ Self-Partnered Single တွေ ဖြစ်ပါတယ်။
အမျိုးအစားတွေ ဘယ်လိုပဲ ခွဲခွဲ
လက်ရှိ single ဖြစ်နေတဲ့သူတွေကို
Single life မှာ ပျော်ပျော်နေစေချင်ပါတယ်။
ပန်းလေးရယ် ဆိုရင်ဖြင့်
နှစ်ပွင့်ရှိမှ လှတာ မဟုတ်ပါဘူး။
တစ်ပွင့်တည်းလည်း လှနေတာပါပဲ။
ဖူးစာမှန်ရင် ရှောင်လွှဲလို့ မရတာမို့
တစ်ချိန်တော့ ချစ်သူဆိုတာ ရှိလာဦးမှာပေါ့။
Wrong person ကို ရှာမိရင်း
နာကျင်မှာထက်စာရင်
Right person ကိုသာ စောင့်ဆိုင်းရင်း
Single ဘဝမှာပဲ ဆက်ပြီး
ပျော်ပျော်နေကြည့်စေချင်ပါတယ်။
မီးဖိုချောင်ပစ္စည်းများဖြင့် အပင်များရှင်သန်လှပ ဖူးပွင့်စေသောနည်းများ
#ကြက်ဥခွံ
နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန်ဖြစ်အောင် ထောင်းခြင်း၊ကြိတ်ခြင်းဖြင် အပင်ခြေရင်းတွင်ပုံပေးနိုင်ပါသည်။Calciumပမာဏများများပါဝင်ခြင်းက အပွင့်ပွင့်စေရန်အထောက်အကူဖြစ်စေပါသည်။
#ကြက်သွန်နီအခွံ
ကြက်သွန်နီအခွံများကို ရေနှင့် 3ရက်ခန့်စိမ်ပြီးအရည်ကို အပင်လောင်းပေးပါက အအပင်အတွက်လိုအပ်သောအဟာရများစွာရရှိစေပါသည်။
#ငှက်ပျောခွံ
ငှက်ပျောခွံရေစိမ်ပြီး ရလာသောအရည်ကိုလောင်းတာဖြစ်ဖြစ် ၊ အခြောက်လှမ်းပြီးရလာသောအခွံများကို အမှုန့်ဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်အပင်များကို ကျွေးနိူင်ပါသည်။အပင်အပွင့်အမြစ်ပါအကုန်အားရှိစေပြီး ရောဂါခံနိုင်ရည်လည်းမြင့်တက်စေပါသည်။(Potassium+Phosphorus+Nitrogen+Magbesium+Potash)
#နွားနို့
နွားနို့တွင် အပွင့်အားကောင်းစေသော Clacium ပါသည့်အတွက် ရေနှင့်ရောပြီး အပင်လောင်းနိုင်ပါသည်။နွားနို့ အချဉ်ပေါက်လာသောအကျိုးပြုများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိူင်ပါသည်။
#ဆန်ဆေးရည်
ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ်ပါဝင်သည့်အတွက် အပင်များကို လောင်းပေးခြင်းဖြင့် အပင်သန်ခြင်းအပွင့်ပွင့်ခြင်း ဖြစ်ပေါ်စေပါသည်။
#သကြား
သကြားတစ်ဇွန်း ရေတစ်ခွက် ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင် အထူးသဖြင့် အပွင့်တွေကို အားရှိစေပါသည်။
#ရှောက်သီး_သံပရိုသီးအခွံ
ရှောက်သီး၊သံပရိုသီးအခွံများကို အပင်အိုးထဲတွင် ထည့်ထားခြင်းဖြင့် ကပ်ပါးရန်မှကာကွယ်ပေးနိုင်ပါသည်။
#ဆပ်ပြာရည်
ပန်းကန်ဆေးဆပ်ပြာ တစ်ဇွန်းနှင့် ရေတစ်ခွက်ကို ရောပြီးရလာသည့် ဆပ်ပြာရည်ကို ရေဖြန်းဘူးထဲထည့်ပြီး အပင်ဖြန်းပါက ဖြုတ်စိမ်း၊ပြပိုး၊ပင့်ကူအိမ်ငယ်လေးများကို သေစေနိုင်ပါသည်။
#အက်စပရင်ဆေးပြား
အက်စ်စပရင်ဆေးပြားကို ရေတစ်ခွက်နှင့်ရောစပ်ပြီး အပင်ဖြန်းပါက အပင်ကပ် ရောဂါပိုးများ၊မှိုများ မကျအောင် ကာကွယ်နိုင်ပြီး အပင်ကို ကိုယ်ခံအားကောင်းအောင်လုပ်ပေးနိုင်ပါသည်။
#တမာဆီ
တမာဆီတစ်စက်နှင့် ရေတစ်ခွက် ရောစပ်ပြီးဖြန်းပါက ဖြုတ်စိမ်း ပျပိုး ပင့်ကူအိမ်လေးများကို သေစေပါသည်။
#ဘီယာ
ဘီယာကို ခွက်တစ်ခုထဲထည့်ပြီး အပင်ခြေအိုးဘေးတွင်ထားပါက ခရုပက်ကျိများ ဘီယာအနံ့ကြောင့်ရောက်လာပါက အသာလေး ဖယ်ရှားနိုင်ပါသည်။
#ကြက်သွန်ဖြူဥ
ကြက်သွန်ဖြူကို အပင်ခြေရင်းတွင်ထားပါက ပိုကောင်များ အင်းဆက်များမလာအောင် ကာကွယ်ပေးနိုင်ပါသည်။
#သားစိမ်းငါးစိမ်းအရည်
ငါးအကြေးခွံမှ အပင်အခက်အလက်အမြစ်တို့အတွက်လိုအပ်သော ခိုင်တိုဇင်ကိုပေးနိုင်ခြင်း၊ငါးကလီစာမှ အပင်အရွက်အတွက် Nitrogen နှင့်အခြားဓာတ်များ ရစေမည့် ငါးအမိုင်နိုကိုပေးနိုင်ခြင်းအတွက် သားစိမ်းငါးစိမ်းအရည်ကိုလည်း အပင်ကိုလောင်းပေးနိုင်ပါသည်။
#ပြာ
ပြာကိုရေဖျော်ပြီး အပင်လောင်းပေးခြင်းဖြင့် အသီးများကိုကြီးထွားစေသည့် Potassium ကိုရရှိစေပါသည်။
#vitaminb1ဆေး
အပင်အတွက်သီးသန့်ထုတ်ထားသည့် Vitamin B1 ဆေးရည်များရှိသကဲ့သို့ Vitamin B1 ဆေးခဲများ၊M150 အချိုရည်တို့ကိုလည်း ရေနဲ့ရောစပ်ပြီး အပင်လောင်းပေးခြင်းဖြင့် အပင်အမြစ်သန်မာစေပါသည်။
အိုးပြောင်းထားသည့်အပင်များ၊
ရွှေ့စိုက်ထားသောအပင်များတွင်
Vitamin B1 သုံးပေးပါက အပင်အမြစ်ထွက်သန်မာစေသည်။