မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများတိုးတက်ဖြစ်ပေါ်လာနေသည့်အတွက် ၎င်းတို့ကိုတိုက်ဖျက်ရာတွင်ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြောကြား

ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများ တိုးတက်ဖြစ်ပေါ်လာနေသည့်အတွက် ၎င်းတို့ကိုတိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းအတွက် ဆောင်ရွက်ရာတွင် လုံခြုံမှု၊ ဆန်းသစ် တီထွင်မှုနှင့် အားလုံးပါဝင်နိုင်မှုဟူသည့် မူများအပေါ် အခြေခံပြီးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများ တိုးတက်ဖြစ်ပေါ်လာနေသည့်အတွက် ၎င်းတို့ကိုတိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများအပါအဝင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အသုံးပြုသူများက ယုံကြည်မှုမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုကို အကောင်အထည်ဖော်ရာတွင် အင်တာနက်နှင့် ချိတ်ဆက် အသုံးပြုနိုင်မှုကိုသာရည်မှန်းပြီး ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများမှ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အဓိပ္ပာယ်ရှိရှိ အသုံးပြုနိုင်ရေးအတွက် digital literacy အစီအစဉ်များကိုလည်း အလေးပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ နှစ်ရက်ကြာကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် ဝန်ကြီးများက အာဆီယံဒေသအတွင်း ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ လုံခြုံမှု၊ တီထွင် ဆန်းသစ်မှု၊ အားလုံးပါဝင်နိုင်မှုဟူသည့် အခြေခံသဘောတရားများနှင့်အညီ အာဆီယံ၏ ဒစ်ဂျစ်တယ်အနာဂတ် ကိုဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မှုများနှင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဇန်နဝါရီ ၁၆ ရက်က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် Ministry of Digital Economy and Society ဝန်ကြီးဌာန ဝန်ကြီး H.E. Prasert Jantararuangtong နှင့် လည်းကောင်း၊ ဇန်နဝါရီ ၁၇ ရက်က ဗီယက်နမ်နိုင်ငံ Information and Communications ဝန်ကြီးဌာနဝန်ကြီး H.E. Nguyen Manh Hung နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး သတင်းအချက်အလက်ဖလှယ်ရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
42 ပတ် - ဘာသာပြန်ပါ။

ဩစတေးလျနိုင်ငံ မှာ စီးကရက်တစ်ဘူး တန်ဖိုးနဲ့
ညီမျှတဲ့ အစားအသောက်တွေကို ယှဉ်တွဲ
ဖော်ပြထားတာဖြစ်ပါတယ်
#knowledge #timespectrum

image
42 ပတ် - ဘာသာပြန်ပါ။

အခုတခါတော့ ပရိတ်သတ်ကြီးအတွက် ℕ𝕠𝕣𝕞 𝕆𝕗 𝕋𝕙𝕖 ℕ𝕠𝕣𝕥𝕙 ဆိုတဲ့ ကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ကျတော် သဘောကျတာက ကာတွန်းကားလေးက လူတွေကို မိမိတို နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို အသိပညာပေးကားလေးမိုပါ

နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲကစီးပွားရေးသောင်းကျန်းသူမစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ။

သုံးထားတဲ့ ပုံစံလေးက အခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံးတရုတ်ကို သရော်ထားတာကိုပါပဲ။

ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့

အာတိတ်ဒေသရဲ့ ဘုရင်လိုခေါ်ကြတဲ့ ပိုလာဘဲတိုရဲ့ ဒေသမှာမစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီးရောင်းချဖိုကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီးတားဆီးပုံလေးကို

ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်ပုံဖော်ပြထားပြီး

ကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို

image
42 ပတ် - ဘာသာပြန်ပါ။

so cool

image
42 ပတ် - ဘာသာပြန်ပါ။

so cool

image
42 ပတ် - ဘာသာပြန်ပါ။

so cool

image
42 ပတ် - ဘာသာပြန်ပါ။

so cool

image
42 ပတ် - ဘာသာပြန်ပါ။

so cool

image
42 ပတ် - ဘာသာပြန်ပါ။

so cool

image
42 ပတ် - ဘာသာပြန်ပါ။

so cool

image