သားသမီးတွေကို ဂရုစိုက်တဲ့ ဖေဖေကို ရှာရတာ ခက်တယ်။ အများစုက ငွေရှာပေးမယ် ငွေရှာပေး ပြည့်ပြည့်စုံစုံထားပေးရင် တာဝန်ကျေတယ်လို့မှတ်ကြတယ်။

ဂရုစိုက်ပေးတဲ့ဖေဖေကိုတွေ့ရင် အရမ်းကံကောင်းတယ်လို့ ပြောလို့ရတယ်၊ ဒီ‌နောက် ပိုင်းမှာ ကောင်းတဲ့သူအနည်းငယ်ပဲကျန်တော့ပြီး အဲ့ဒိကောင်းတဲ့သူက ရွှေလိုထိုက်တန်လို့မှတ်ပါ ⭐️

ဖခင်ကောင်းတစ်ယောက်ဖြစ်ရခြင်းဟာ
သားသမီး‌တွေ ကို ငွေကြေးပြည့်စုံတည်ငြိမ်စေရုံသာမကပါဘူး သားသမီးတွေအပေါ် နွေးထွေးမှု‌ေပးတဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ရခြင်းဟာ ငွေထက်မကပိုပါတယ် ။

ကိုယ့်ရဲ့လက်တွဲဖော်နဲ့ ကိုယ့်ကလေးတွေဟာ ကိုယ့်ဆီက ကြင်နာတဲ့အပြုံးနဲ့ ကြင်နာနွေးထွေးမှုကိုအမြဲအိပ်မက်မက် လိုချင်ကြတယ်ဆိုတာအိမ်ထောင်ဦးစီး ဖခင်တိုင်း သိကိုသိထားရပါမယ်။

ဖေဖေ အိမ်ပြန်ရောက်လို့ ကလေးတွေ စိတ်လှုပ်ရှား‌‌ေပျာ် နေတဲ့အခါ
ဖေဖေထွက်သွားရင် ဝမ်းနည်းတဲ့အခါ
ကလေးက နေ့တိုင်း တစ်ခုပြီးတစ်ခုတောင်းဆိုတာ မရပ်တဲ့အခါ
ဖေဖေကို မေမေက အဲ့ဒိအရာ‌တွေ အားလုံးကို ပြောပြချင်ကြတယ်.. ဖေဖေတွေက စိတ်ရှည်ရှည်နဲ့ ကြည်ကြည်နူးနူးလေး နားထောင်ပေးရမယ်။

အဲ့ဒိလိုဖေဖေတွေရှိနေရင် မေမေတွေအနေနဲ့ သင့်ကလေးရဲ့ဖခင်အဖြစ် သင့်အနားမှာရှိနေတဲ့ယောက်ျားဟာ သင့်ဘဝရဲ့အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတာကို ရုံကြည်လိုက်😍။

ဖေဖေတွေ အများကြီးရှိပေမယ့် အကောင်းဆုံး ဖေဖေတွေကတော့ အိမ်ပြန်လာဖို့ စိတ်လှုပ်ရှားနေကြသူတွေဖြစ်ပြီး
ဖေဖေတစ်ယောက်အနေနဲ့ ကလေးတွေနဲ့သူ့ကို ပွေ့ဖက်ပေးရုံနဲ့ ပျော်ရွှင်ဖို့ဖန်တီးပေးနိုင်ပါတယ် ♥️

#lonelonemaymay
Crd
#မူရင်းရေးသားသူအားလေးစားစွာcrdပေးပါတယ်

image