8 w - Translate

နောက်ဆုံးတော့ OneUI 7 Update ရတော့မှာပါ 🫠
.
Samsung ရဲ့ Software UI အသစ် - OneUI 7 ဟာ ယခုနှစ်အစောပိုင်းမိတ်ဆက်ခဲ့တဲ့ Galaxy S25 Series ဖုန်းတွေမှာ စပြီး ပါဝင်ခဲ့သလို အခုထပ်ပြီး အသစ်မိတ်ဆက်ထားတဲ့ Galaxy A Series ဖုန်းသစ်တွေမှာပါ အသုံးပြုထားပြီဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာ Samsung ကနေ အစောပိုင်း Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S24 Series အပါအဝင် တခြားဖုန်းတွေအတွက် OneUI 7 Update ကို မထုတ်ပေးပဲ အချိန်ဆွဲနေခဲ့တာပါ။ တချို့သတင်းတွေအရဆိုရင် Samsung ကနေ အသစ်မိတ်ဆက်တဲ့ဖုန်းတွေမှာပဲ အရင်သုံးနိုင်အောင် တမင်လုပ်ထားတယ်ဆိုပြီးလည်း ပြောခဲ့ကြသေးတယ်။
အခုကြတော့ Samsung ကနေ OneUI 7 Update ကို လာမယ့် ဧပြီလ (၇) ရက်နေ့မှာ တရားဝင်ထုတ်ပေးသွားမယ်လို့ ပြောကြားလိုက်ပါပြီ။​
ထုံးစံအတိုင်း ဧပြီလ (၇) ရက်နေ့မှာ အစောဆုံး OneUI 7 Update လုပ်နိုင်မယ့်ဖုန်းတွေက Galaxy S24 Series | Galaxy Z Fold6 နဲ့ Z Flip6 ဖုန်းတွေပဲဖြစ်ဦးမှာပါ။
အဲ့ဒါပြီးမှ နောက်ပိုင်း Galaxy S23 Series | Z Fold5 | Z Flip5 နဲ့ Galaxy Tab S10 | S9 Series တွေအတွက် OneUI 7 Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ တကယ်လို့ Galaxy A Series ဖုန်းတွေသုံးနေရင်တော့ အချိန်ထပ်စောင့်ရဖွယ်ရှိနေပါတယ်။
ဘာပဲဖြစ်ဖြစ် OneUI 7 Update ဟာ Now Bar လို Feature အသစ်တွေ၊ Home Screen | Lock Screen Customization အသစ်တွေနဲ့ AI Feature တွေလည်း အသစ်ပါဝင်လာမှာဖြစ်ပါတယ်။
တစ်ခုပဲ - Samsung ဖုန်းတွေက Software Update ကို A Series တွေမှာ ၆ နှစ်၊ Flagship ဆို ၇ နှစ်ရနေတာ ကောင်းပေမယ့် Update တစ်ခုထွက်တိုင်း လနဲ့ချီပြီး ထပ်စောင့်နေရတာတော့ နောက်ပိုင်း ပြင်သင့်ပြီ 🫠

image