Kim Soo Hyun ဒေဝါလီခံရနိုင်တယ်လို့ဆို
လက်ရှိဖြစ်နေတဲ့ သတင်းတွေကြောင့် Disney + ဟာ Kim Soo Hyun ရဲ့ ဇာတ်လမ်းတွဲအသစ် Knock Off ကို ပြသဖို့ဆိုင်းငံထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ကိုရီးယားဝမ် သန်း ၆၀၀၀၀ အကုန်အကျခံရိုက်ကူးထားတာပါ။ အကယ်၍ ဒီဇာတ်လမ်းထုတ်လွှင့်ခွင့်မရတော့ပဲ အဖျက်ခံရရင် မင်းသားရဲ့ကိစ္စကြောင့်ပျက်တာမို့ မင်းသားနဲ့သူ့အေဂျင်စီဘက်ကနေ အကုန်စိုက်လျော်ရမှာဖြစ်ပါတယ်။ ဇာတ်ကားကုန်ကျစရိတ်အပြင် ကြော်ငြာခတွေပါ ပါဝင်ရင် စုစုပေါင်းငွေဟာ ဝမ်သန်းပေါင်းတစ်သိန်း မှ ဝမ်သန်းပေါင်းတစ်သိန်းနှစ်သောင်း ဝန်းကျင် အထိရှိတာမို့ မင်းသားတော့ ဒေဝါလီခံရမယ့်ကိန်းဖြစ်နေတယ်လို့ တရုတ်မီဒီယာတွေကပြောနေပြီး Weibo ပေါ်မှာ ပလူပျံနေပါတယ်။ အားလုံးသိတဲ့အတိုင်း Disney ဟာလည်း စီးပွားရေးကိစ္စနဲ့ပတ်သက်လာရင်အထိအခိုက်မခံတဲ့ Company ဆိုတော့ ဒီအတိုင်းပဲဆက်ပြမလား ဖျက်ချမလား ဘယ်လိုဖြစ်မလဲစောင့်ကြည့်ရပါမယ်။
#crd
