One Missed Call 2 [2005]
ဂျပန် horror movie လေးဖြစ်တဲ့ One Missed Call 2 ဟာဆိုရင် ရင်သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်
ဒီကားလေးမှာဆိုရင်ဂျပန်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူဖုန်းကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီးနောက် ဆိုင်ရှင်ကသေဆုံးသွားခဲ့တာကနေစသွားတဲ့ဇာတ်လမ်းလေးပါ
ကိုယ့်နာမည်နဲ့ကိုယ့်ဖုန်းထဲကို ထူးဆန်းတဲ့သ ringtone သံနဲ့ဝင်လာပီးနောက် ဖုန်းလက်ခံရှိတဲ့သူတစ်ယောက်ပီးတစ်ယောက်ထူးဆန်းစွာနဲ့ နာနာကျင်ကျင်သေဆုံးခဲ့ရတယ်
ဂျပန်မှာလိုမျိုးအလားတူထိုင်ဝမ်မှာလည်း ဒီလိုအဖြစ်အပျက်မျိုးဖြစ်နေတာကို ဘယ်လိုဖြေရှင်းသွားကြမှာလဲ
ဘယ်လိုအငြှိုးတွေရှိနေလို့ဒီလိုမျိုးလူတွေကိုလိုက်သတ်နေရတာလဲ
ဖုန်းလက်ခံရရှိတဲ့သူတွေကရောကံကြမ္မာကိုရှောင်လွှဲနိုင်ပါ့မလားဆိုတာကို ရင်ခန်စွာနဲ့ကြည့်ရှုလိုက်ရအောင်ပါနော်
တရုတ်မင်းသားချော Peter Ho လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
