1 နှစ် - ဘာသာပြန်ပါ။

Luxury restaurants🩷✨️✨️

#glamday

image
1 နှစ် - ဘာသာပြန်ပါ။

Luxury restaurants🩷✨️✨️

#glamday

image
1 နှစ် - ဘာသာပြန်ပါ။

Luxury restaurants🩷✨️✨️

#glamday

image
1 နှစ် - ဘာသာပြန်ပါ။

Luxury restaurants🩷✨️✨️

#glamday

image
1 နှစ် - ဘာသာပြန်ပါ။

Luxury restaurants🩷✨️✨️

#glamday

image
1 နှစ် - ဘာသာပြန်ပါ။

Luxury restaurants🩷✨️✨️

#glamday

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

အဆုံးသတ်ခြင်းတရား
▪︎▪︎▪︎▪︎▪︎▪︎
ဘယ်လောက်ပဲ ပျို ပျို
အိုခြင်းမှာဘဲ အဆုံးသတ်တယ် ...
ဘယ်လောက်ပဲ မာမာ
နာခြင်းမှာဘဲ အဆုံးသတ်တယ် ...
ဘယ်လောက်ပဲ နေနေ
သေခြင်းမှာပဲ အဆုံးသတ်တယ် ...
ဘယ်လောက်ပဲ တွဲတွဲ
ခွဲခွါခြင်းမှာ အဆုံးသတ်တယ် ...
တစ်နေ့ တစ်ခါ သေခြင်းတရားကို
ဆင်ခြင်တွေးမိတယ်။
နေ့တိုင်းကို တွေးတယ်။
#အရှင်တေဇာနန္ဒ(ငဖဲ)

image
1 နှစ် - ဘာသာပြန်ပါ။

အာလူးချဉ်စပ်ဆီပြန် ( သက်သက်လွတ် )

အာလူးကို ဒီတစ်ခေါက်ပုံစံတစ်မျိုးလေးချက်ထားပါတယ်။ အာလူးကိုအခွံခွာ လေးစိတ်စိတ်ပြီး ဆားလေးနဲ့နယ်ပြီးနှပ်ထားပါ။
ကြက်သွန်နီတစ်လုံးကို ညက်အောင်ထောင်းပြီး ဆီသပ်ပါ။ ကြက်သွန်အရောင်ပြောင်းလာပြီဆိုမှ ငရုတ်အကြမ်းဖက်မှုန့်ထည့် ပြီးမှ အာလူးထည့် ဆားနဲ့အချိုမှုန့်ထည့် ရေအနည်းငယ်ထည့်ပြီးတည်ပါ။ အာလူးလည်းအိပြီး ရေခမ်းခါနီး အနှစ်တွေရပြီဆိုမှ မန်ကျည်းမှည့်အရည်အနည်းငယ်ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးစားလို့ပိုကောင်းတာပေါ့နော် 🙂

သက်သက်လွတ်မစားချင်တဲ့သူတွေကတော့ ဆီသပ်နေတဲ့အချိန် ငံပြာရည်တစ်ဇွန်းထည့်ပြီးဆီသပ်ပါ။ နောက်ဆုံးမှ မဆလာလေးအုပ်လိုက်ရင်တော့ ပိုပြီးအနံ့မွှေးတာပေါ့နော်။

#crd

image

ဖီယင်နုနည်းပြသစ်အဖြစ် ဗန်ပါစီ ခန့်အပ်ခံရ

ဖေဖော်ဝါရီ ၂၂

နယ်သာလန် တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ ပါစကယ်လ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်ပြီး ဒတ်ချ်ကလပ် ဖီယင်နုအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံရတယ်လို့ The Athletic က ဖော်ပြထားပါတယ်။

ပါစကယ်လ်ဟာ ဖီယင်နုအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဘရီယန်ပရီစကီရဲ့နေရာမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားတာပါ။

လက်ရှိအချိန်မှာ ဒတ်ချ်ကလပ် ဟီရန်ဗင်းအသင်းကို ကိုင်တွယ်နေတဲ့ ဗန်ပါစီဟာ ဖီယင်နုအသင်းနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ ၂ နှစ် စာချုပ်ချုပ်မယ်လို့ The Athletic ရဲ့ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။

ဖီယင်နုအသင်းဟာ ဗန်ပါစီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဟီရန်ဗင်းအသင်းနဲ့လည်း သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

ဗန်ပါစီဟာ ဖီယင်နုအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ဖီယင်နုအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။

အသက် ၄၁ နှစ်အရွယ်ရှိ ဗန်ပါစီဟာ ဖီယင်နုလူငယ်အသင်းကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့သလို နည်းပြအဖွဲ့ဝင် ထဲမှာလည်း အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။

ဗန်ပါစီဟာ သူ့ရဲ့ပထမဆုံးနည်းပြ အလုပ်အကိုင်အဖြစ် ၂၀၂၄ ခုနှစ်၊ မေလက ဟီရန်ဗင်းအသင်းကို ၂ နှစ်စာချုပ်နဲ့ စတင်ကိုင်တွယ်ခဲ့တာပါ။

ဗန်ပါစီဟာ ဟီရန်ဗင်းအသင်း နည်းပြဘဝ အစပိုင်းမှာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

လက်ရှိအချိန်ထိ ဗန်ပါစီဟာ ဟီရန်ဗင်းအသင်းကို ၂၆ ပွဲ ကိုင်တွယ်ထားပြီး ၉ ပွဲနိုင်၊ ၆ ပွဲသရေနဲ့ ၁၁ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားတာပါ။

ဟီရန်ဗင်းအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပြိုင်ပွဲမှာ ၂၃ ပွဲ ကစားအပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: besoccer

ပုံ - ဗန်ပါစီကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

သီပေါမြို့နယ် ကုန်းစုံရွာမှာ နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်လို့ မိသားစု နှစ်ယောက်သေဆုံး၊ တယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကုန်းစုံကျေးရွာအုပ်စု၊ ကုန်းစုံရွာမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၈ နာရီခန့်က နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်လို့ မိသားစု နှစ်ယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ။ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ၁ ယောက်၊ ပေါင်း ယောက်ပါ" လို့ ဒေသခံ တယောက်က ပြောပါတယ်။

အရင်ကလည်း ကုန်းစုံရွာမှာ စစ်ကျန် လက်နက် ပစ္စည်းတွေ မကြာခဏ ပေါက်ကွဲဖူးတာကြောင့် ဒေသခံ ပြည်သူတွေရဲ့ ဘဝ လုံခြုံမှုကို စိုးရိမ် နေကြရတယ်လို့ ဆိုပါတယ်။

"မိုင်းအသိပညာပေးလုပ်ငန်းတွေကိုထိထိရောက်လုပ်စေချင်ပါတယ်။" လို့ နယ်စည်းမခြားပရဟိတ အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။

မိုင်း အန္တရာယ် ရှိတဲ့ နေရာတွေကိုလည်း သတိပေး ဆိုင်ဘုတ်တွေ သေသေချာချာ ကပ်ထားစေချင်တယ်လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရက်မနက် ၈ နာရီဝန်းကျင်ခန့်က သီပေါမြို့နယ်၊ ကုံးစုံကျေးရွာနေ အိမ်အတွင်းပေါက်ကွဲမှုဖြစ်လို့ မိသားစု သုံးယောက် ထိကာ နှစ်ယောက် သေဆုံးပြီး ကလေးငယ် တစ်‌‌ေယာက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဥ်ကို မသိရသေးကြောင်း နယ်စည်းမခြားပရဟိတ အသင်းဆီက သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားတဲ့ ကလေးငယ်ကို ဆေးကုသဖို့ နယ်စည်းမခြား ပရဟိတ အသင်းက ဆေးရုံကို ကူညီ ပို့ဆောင်ခဲ့ပြီး သေဆုံးသူ နှစ်ယောက်ကိုလည်း ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

Photo Crd# နယ်စည်းမခြား ပရဟိတ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image