ဘဝမှာလေ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ
တကယ်မရှိပါဘူး ။ အဲဒီစကားကို အစွန်းရောက်အောင် လက်ကိုင်ထားပြီး အမှားအမှန်ကို မခွဲခြားနိုင်ရင် ဒုက္ခရောက်တတ်တယ် ။
ဘဝမှာဖြစ်ဖို့ ကံပါမလာတာတွေ ရှိတယ် ၊
ကိုယ်မရနိုင်မဲ့အရာတွေ ရှိတယ်
ကိုယ့်အတွက် မဖြစ်နိုင်တာတွေ ရှိတယ် ။
ဒါကို လက်ခံနိုင်ဖို့ လိုတယ် ။
မဖြစ်နိုင်တာကို မမျှော်လင့်မိဖို့လိုတယ် ၊
ကိုယ့်အတွက် ပိုင်ဆိုင်ဖို့ကံပါမလာတဲ့ ဝါသနာ ၊
အလုပ်ကိုင် ၊ ရာထူး ၊ နေရာ ၊ လူ … စတာတွေကို
မစွဲလမ်းမိစေဖို့ ၊ သံယောဇဉ်ဖြတ်နိုင်ဖို့လိုတယ် ၊
စိတ်ထားတတ်ဖို့ လိုပါတယ် ။
ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုရော ၊
ကိုယ့်ဘေးကအရာတွေကိုပါ ပျက်စီးစေတတ်ပါတယ် ။
လူတွေက အတိတ်ကံရဲ့ အထောက်အပံ့ရရှိပုံချင်း
မတူတာကြောင့် ဘဝက အမျိုးမျိုး ကွဲပြားနိုင်ပါတယ် ။ ဘယ်လောက်ပဲ ကြိုးစားပါစေဦးတော့
ကိုယ့်အတွက် ဘယ်တော့မှ မရနိုင်မဲ့အရာတွေ ရှိတယ် ။
ဒါကြောင့် ဖြစ်သင့်တာကို လုပ်ရင်းက ကိုယ့်ဘဝကို
ပျော်ရွှင်နိုင်ဖို့ ကြိုးစားရမှာပါ ။
ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရတဲ့ ဘဝဟာ အကောင်းဆုံး
ဆိုပေမဲ့ ၊ ဖြစ်ခွင့်မရလည်း အခြားတစ်ခုနဲ့ အစားထိုးပြီး ဘဝကို တန်အောင်နေထိုင်ပါ ။
ကိုယ့်ရရှိတဲ့ ကိုယ့်ဘဝကို ကျေနပ်စွာ လက်ခံနေထိုင်တတ်ပါမှ ကြည်လင်အေးချမ်းတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ရမှာ
ဖြစ်တယ် ။
- Thar Htwe -
#ကြည်လင်ခြင်းရဲ့နေ့စွဲများ
