မနက်ဖြန်မှာ သမီးဦးလေးကိုမွေးဖွားမယ့် နီနီခင်ဇော်အတွက် ဘုရားမှာ ဆုတောင်းပေးခဲ့တဲ့ ဂျွန်လွင်🥰
ဆရာဂျွန်လွင်က မနက်ဖြန် မတ်လ ၂၃ ရက်နေ့မှာ မွေးဖွားမယ့် နီနီခင်ဇော်အတွက် ရွှေတိဂုံဘုရားမှာ ဆုတောင်းပေးခဲ့တာပါ။ မွေးဖွားရာမှာ ချောချော မွေ့မွေ့ မွေးဖွားနိုင်ဖို့နဲ့ မိဘကို ချစ်မြတ်နိုးပြီး လောကကို အကျိုးပြုတဲ့ သားသမီးရတနာလေး မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးခဲ့တာပါ။ အဆိုတော်နီနီခင်ဇော်က မနက်ဖြန် မတ်လ ၂၃ ရက် တနင်္ဂနွေနေ့မှာ သူမရဲ့ သမီးဦးလေးကို ပထမဆုံးဖွားမြင်မှာပဲဖြစ်ပါတယ်။
#crd
#celenews
