ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Part_1
*ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးနည်း
ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ ပြည့်နှစ်ခန့်မှစ၍ မြန်မာပြည်တွင် စိုက်ပျိုးလာသော မျိုးဖြစ်ပါသည်။ ပန်းဂေါ် ဖီအစိမ်းသည် ပိုမိုနူးညံ့ပြီး ဗီတာမင် ကေ ပါဝင်မှု အထူးများပြား၍ နှလုံသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင် ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။
၁။ မူရင်းဒေသ
ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူ စတင်ဖြစ်ထွန်းရာ ဒေသများဖြစ်သော အီတလီနိုင်ငံ၊ အမေရိကန် နိုင်ငံတို့တွင် ၁၉၄၅ ခုနှစ်နောက်ပိုင်း ထုတ်လုပ်ရာမှ ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်း ဖြစ်သည်။
၂။ ပန်းဂေါ်ဖီစိမ်း အမျိုးအစား
ပန်းဂေါ်ဖီစိမ်းတွင် အဓိကအားဖြင့် အစိမ်းရောင်ပန်းပွင့်နှင့် ခရမ်းနီရောင်ပန်းပွင့်ဟူ၍ နှစ်မျိုးရှိပါသည်။ ပန်းပွင့်၏ အချင်းသည် (၈-၁၀) လက်မခန့်ရှိပြီး သက်တမ်း (၇၅-၉၀) ရက်ခန့်တွင် ဆွတ်ခူးနိုင်သည်။ ထူးခြားချက်မှာ ပန်းဂေါ်ဖီ အဖြူကဲ့သို့ ထိပ်ပန်းပွင့်တစ်ခုတည်းကိုသာ စားသုံးရခြင်းမဟုတ်ဘဲ ဘေးတက်များမှ ဖြစ်ပေါ်လာသော ပန်းပွင့်များကိုပါ စားသုံးရခြင်းဖြစ်သည်။ ပန်းဂေါ်ဖီစိမ်းသည် ထိပ်ပန်းပွင့်ကို ဖြတ်ယူစားသုံးပြီး နောက် ထွက်လာသော ဘေးတက်များမှာ ပန်းပွင့်များနှင့် အဆုံးသတ်လေ့ရှိပါသည်။ သို့ဖြစ်၍ အေးမြခြောက် သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်းပင်များကို အပင်သက်တမ်း (၁၁) လခန့်အထိ ကြာရှည်စွာ ခူးဆွတ်ရရှိ နိုင်ပါသည်။
၃။ မြေအမျိုးအစား
ရေစီးရေလာကောင်းသော မြေဆီသြဇာထက်သန်သည့် မြေမျိုးတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။ အကောင်းဆုံးမြေမှာ သဲဆန်သော နုန်းနုမြေဖြစ်သည်။ မြေအချဉ်အငံဓာတ် (၆-၆.၅) ရှိသောမြေမျိုးကို ကြိုက် နှစ်သက်သည်။
၄။ ရာသီဥတု
ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူကဲ့သို့ပင် အအေးကြိုက်သည်။ အေးပြီး အစိုဓာတ် အမြဲရလျှင် စိုက် နိုင်သည်။ ပျမ်းမျှ အပူချိန် (၆၀-၇၀) ဒီဂရီဖာရင်ဟိုက် ရှိရမည်။
၅။ မျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့ ပေါင်ဝက်ခန့် လိုသည်။
၆။ စိုက်ပျိုးချိန်
မြေပြန့်ဒေသတွင် စက်တင်ဘာလမှ ဒီဇင်ဘာလထိ စိုက်ပျိုးနိုင်၍ တောင်ပေါ်ဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။
၇။ ပျိုးထောင်ခြင်း
(၁၀ x ၂.၅) ပေ၊ ဘောင်ကို ပေါက်ပြားဖြင့် မြေဆိုင်ခဲကလေးများရစေရန် ပြုပြင်ပေးရ၏။ မြေ များစွာ ညက်လျှင် ရေလောင်းသောအခါ ကြပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက် မကောင်းဘဲ အညှောက်ပေါက်မှု ညံ့လာ၏။ ပျိုးတစ်ဘောင်လျှင် မျိုးစေ့ အောင်စဝက်ခန့် လိုပါသည်။ ပျိုးဘောင်ပေါ်တွင် မျိုး စေ့ကြဲရန် (၂) လက်မခြား မြောင်းများဆွဲပြီး မျိုးစေ့ကို ညီညာစွာချ၍ အပေါ်မှ နွားချေး ဆွေးမှုန့်ပါးပါး ဖုံးအုပ်ပေး ပါ။ ထို့နောက် စင်းပြီး ကောက်ရိုးခြောက်များ ပါးလွှာစွာ ထပ်မံဖုံးအုပ်ပေးကာ ရေရွှဲရွှဲ လောင်းပေးရမည်။ ဘောင် ပေါ်တွင် တစ်တောင်အမြင့် သက်ကယ်မိုးပေးရသည်။ (၃-၄) ရက်ကြာလျှင် အညှောင့်ပေါက်လာမည်။ (၁၂) ရက်ခန့်ကြာလျှင် တန်းကြား၊ မြေဆွပေါင်းရှင်းခြင်း ပြုလုပ်ပေးရသည်။ ပျိုးသက် (၂၀) ရက်ရလျှင် မြေသြဇာကို တစ်ဘောင်လျှင် ယူရီးယား (၅) အောင်စနှုန်းဖြင့် ရေဖျော်ပြီး ဖျန်းပေးပါသည်။ ထို့နောက် ရေဝသည့်တိုင် လောင်းပေးရသည်။
၈။ ပျိုးနုတ်ခြင်း
စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပါက ညနေ (၃) နာရီခန့်တွင် ပျိုးပင်များကို အမြစ်မနာအောင် နုတ် ပြီး ပြောင်းရွှေ့စိုက်သင့်သည်။ အကယ်၍ ပျိုးနုတ်နေစဉ် မိုးရွာပါက အမြစ်များကို ငှက်ပျောရွက်ဖြင့်ထုပ်ပြီး အမြစ်ခြောက်မသွားစေရန် အမှောင်ခန်းထဲတွင် ရေစိမ်ထားရသည်။ မိုးတိတ်မှ စိုက်ရပါမည်။ ထို့ကြောင့် ပျိုးနုတ်မလောရန် သတိထားရသည်။
၉။ စိုက်ခင်း မြေပြုပြင်ခြင်း
ပျိုးဘောင်ပြုလုပ်ချိန်ကတည်းက စိုက်ခင်းကို ထယ် (၂) စပ်၊ ထွန် (၃) စပ်ဝင်၍ မြေပြုပြင်ထား ရမည်။ ပေါင်းမြက်များ ပြောင်သည့်တိုင် ကောက်ယူပြီး ကြမ်းတုံးရိုက်ထားရမည်။ ထို့နောက် မိမိအလိုရှိသော အကွာအဝေးအတိုင်း ကြောင်းဆွဲခြင်း၊ ပေါက်ပြားဖြင့် မြေပြန်ဆွခြင်းတို့ကို ပြုလုပ်ပေးရပါသည်။
#ဆက်ရန်ရှိ
HyperOS မှာ DeepSeek ကို ထည့်သွင်းပေးလိုက်တဲ့ Xiaomi
===================================
Xiaomi က OpenAI ChatGPT, Google Gemini နဲ့ Huawei Pangu AI တို့ကို ယှဉ်ဖိုက်ဖို့အတွက် DeepSeek ကို HyperOS မှာ ထည့်သွင်းပေးလိုက်ပါတယ်။
Xiaomi ဟာ DeepSeek R1 ကို Super XiaoAI Assistant ထဲမှာ စမ်းသပ်နေပါတယ်။ DeepSeek က Xiaomi ရဲ့ဖုန်းတွေမှာ မေးခွန်းတွေကို စမတ်ကျစွာ ဖြေပေးတာ၊ စာရေးသားတာ၊ ကုဒ် ရေးပေးတာ၊ ပြဿနာ ဖြေရှင်းပေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ အလုပ်တွေကို အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။
HyperOS 2 တင်ထားတဲ့ ဖုန်းတွေမှာ “Open Deep Thinking” သို့မဟုတ် “Open DeepSeek” စတဲ့ Voice Command တွေ သုံးလိုက်တာနဲ့ Super XiaoAI ကို ဆင့်ခေါ်နိုင်ပါတယ်။
Xiaomi က အောက်ပါ Device တွေ အပါအဝင် Device ၂၅ ခုမှာ DeepSeek AI ပါတဲ့ Super XiaoAI ကို ရရှိမယ်လို့ အတည်ပြုထားပါတယ်။
• Premium Flagships: Xiaomi 15 Pro, Xiaomi 15, Xiaomi 14 Ultra
• Professional Line: Xiaomi 14 Pro Titanium Edition, Xiaomi 14 Pro, Xiaomi 14
• Redmi Series: Redmi K80 Pro, Redmi K80, Redmi K70 series
• Foldables: Xiaomi MIX Fold 4, MIX Flip
• Tablets: Xiaomi Pad 7 Pro, Pad 7, Pad 6S Pro 12.4
တစ်ခြားသူတွေကိုသာ
လိမ်လို့ ရချင်ရမယ်
ကိုယ့်စိတ်ကိုတော့ လိမ်မရဘူး...
ဟန်ဆောင်ခြင်းက ပင်ပန်းမှုကို
ဖြစ်စေတယ်...
နေသားကျလာတဲ့ ဟန်ဆောင်ခြင်းက
လူရဲ့ပါဝါတွေကို တဖြည်းဖြည်းတိုက်စား
စိတ်ဓာတ်တွေ ခြောက်ခြားလာမှ
နောင်တတွေ မရမိပါစေနဲ့....
အကြိုက်မို့ ကောင်းတာ မဟုတ်ဘဲ
အကောင်းကို ကြိုက်တတ်မှ
ဘဝရဲ့အလှဆိုတာ ရှာစရာမလိုပဲတွေ့ရမှာ....
ကိုယ်ချင်းစာတယ်ဆိုတဲ့စကားက
ပါးစပ်ဖျားမှာ ထားရမှာ မဟုတ်ဘူး...
နှလုံးသားနဲ့ ခံစားပြီးမှ ပြောသင့်တယ်...
ကျေးဇူးပါ လို့ ခပ်ပေါ့ပေါ့လေးပြောပြီး
အပြုံးတုတွေ လာပေးနေတဲ့
မျက်နှာတချို့ကိုကြည့်ရင်း
ကျေးဇူးရဲ့ အဓိပ္ပာယ်ကို
သူတို့သိပါ့မလား
တွေးမိတယ်....
အခွင့်အရေးကို လက်တဆုံးနှိုက်ပြီးမှ
အားနာပါတယ်ဆိုတဲ့ စကားက
စော်ကားသလို ဖြစ်မနေဘူးလား
တချက်လောက်တော့
စဉ်းစားကြည့်စေချင်တယ်...
စေတနာကောင်းဆိုတာ လူတိုင်းခံစားခွင့်ရှိတယ်
ဒါပေမယ့်....
တန်ဖိုးဖြတ်ခွင့်တော့ မရှိဘူး....
စော်ကားခွင့်လဲ မရှိဘူး...
#ဘဝအတွတ်စာဖတ်ပါ
ပဲခူး ကျိုက်ပွန်ဘုရားကြီး စတင်တွေ့ရှိခဲ့ပုံ နှင့် ခေတ်အဆက်ဆက်ပြောင်းလဲလာသောပုံရိပ်များ
#oldburma
#ရှေးရှေးတုန်းကဗမာပြည်
မလေးရှား အော်ပရာစီ ဖမ်းဆီးမှု မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေ
ဖေဖော်ဝါရီ ၂၄
မလေးရှားနိုင်ငံအတွင်းကအော်ပရာ စီ ဖမ်းဆီးမှုမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေတယ်လို့ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားရေးရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မလေးဒေသတွင်းသတင်းတွေအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမဲရူးဈေးကြီးအတွင်းက အော်ပရာစီ အဖမ်းအဆီးမှာ အထောက်အထားမပြည့်စုံသူ လူဦးရေ ၆၃၀ ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက ၉ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၈၅ ယောက် ၊ အိန္ဒိယနိုင်ငံက ၅ ယောက် ၊ နီပေါနိုင်ငံက ၁ ယောက်၊ မြန်မာနိုင်ငံက လူဦးရေ ၅၃၀ နဲ့ အများဆုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ကနေ ဖမ်းဆီးခံရသူတွေထဲက ပြစ်ဒဏ်ပြီးဆုံးတဲ့ မြန်မာ နိုင်ငံသား ၆၇ ယောက်ကို မြန်မာလေ ကြောင်းလိုင်း MAI နဲ့ မြန်မာနိုင်ငံကို မလေး အစိုးရအာဏာပိုင်တွေက ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒါအပြင် အခုလက်ရှိမှာ မြန်မာဘက်ကနေ မလေးရှားနိုင်ငံဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့ကြိုးစားနေတဲ့ မြန်မာလူငယ်တယောက်က သူရဲ့သဘောထားအမြင်ကို အခုလို ဆက်ပြီး ပြောပြခဲ့ပါတယ်။
"အခုမလေးမှာ ဖမ်းမိတယ်ဆိုတဲ့ သူတွေက အထောက်အထားမရှိတဲ့သူတွေလို့ပြောတယ်။အထောက် အထားမပြည့်စုံတဲ့ သူတွေပေါ့။တချို့ဆိုပတ်စ်ပို့တောင်မရှိကြဘူးလို့ ပြောပါတယ်။အခုကပတ်စ်ပို့ရှိရင်အထောက်အထားအပြည့်အစုံရှိရင် မလေးမှာအလုပ်လုပ်လို့ရတယ်လို့လည်း ပြောကြပါတယ်။ဒီကနေ မလေးအထိ အရောက် စက်ရုံလုပ်ငန်း ခွင်အထိအရောက် သူတို့ပို့ပေးမယ်၊ကုန်ကျ စရိတ်က တယောက်ကို မြန်မာငွေသိန်း ၈ဝ ကျမယ်ပြောပါတယ်။သွားရမယ်လမ်းကြောင်းက ဒီကနေ ထိုင်းနယ်စပ်၊အဲကနေမှ မလေးဘက်ကို ပြန်ကူးရမယ်ပြောတယ်။ဟိုဘက်နယ်စပ်မှာ သူဌေးကိုယ်တိုင်လာကြိုမယ်၊လာစောင့်နေမယ်။စက်ရုံအထိ သူဌေးကိုယ်တိုင်အရောက်ပို့ပေးမယ်ပြောတယ်။အခုအဖမ်းခံရတဲ့သူတွေကလည်း သူဌေးနဲ့ တိုက်ရိုက်မချိတ်ဘဲ ပွဲစားတွေကနေတဆင့် သွားတဲ့သူတွေလို့ပြောပါတယ်။အခုက ဒီကနေဆိုစင်ကာပူကို ထွက်ဖို့မလွယ်တော့ မလေးဘက်ကိုပဲ လူတွေကရတဲ့နည်းလမ်းနဲ့ထွက်နေကြတာပါ၊ဘယ်လိုတွေဖြစ်လာအုံးမလဲတော့ မသိဘူး"လို့ သူက ပြောပါတယ်။
ဒါအပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သား ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေကတော့ မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က အခုနှစ်ပိုင်းတွေ အတွင်းမှာ အော်ပရာစီ ဖမ်းဆီးမှုတွေကို ခပ်စိတ်စိတ်ပြုလုပ်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။
"မလေးရှားက အခုအဖမ်းအဆီးတွေတအားများနေတယ်ပြောတယ်။အိမ်ကအကိုတယောက်လည်း ရွာမှာ အလုပ်အဆင်မပြေလို့ မလေးဘက်ထွက်သွားတာ ဟိုမှာအဖမ်းခံရပြီး အခုထောင်ကျနေတယ်လို့ ပြောတယ်။သူသွားတုန်းက သိန်း ၆ဝ နီးပါးပေးရတယ်။
အခုအထိလည်း အဆက်အသွယ်မရဘူး။အစပိုင်းတုန်းကသူနဲ့ အဆက် အသွယ်ရတော့ အဖမ်းအဆီးတွေများလို့ ပြေးနေရတယ် ပြောတယ်။အဲနောက်ပိုင်းအဆက်အသွယ်ပြတ်သွားတယ်။အခုရွာကလူတွေ မလေးဘက်သွားမယ်ဆိုရင်တောင် မသွားဖို့လိုက်တားနေရတယ်။ဒီမှာအလုပ် အကိုင်တွေ အဆင်မပြေလို့သွားကာမှ ဟိုရောက်မှပိုဒုက္ခရောက်နေတယ်"လို့ ဧရာဝတီတိုင်းမှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ရဲ့မိသားစုဝင်တွေက သူတို့ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
မလေးရှားအစိုးရ အာဏာပိုင်တွေက အခု
ဖေဖော်လရီလအတွင်းမှာ ပီနန်း၊ ကွာလာလမ်ပူ၊ ဆလန်ဂေါပြည်နယ်အတွင်းက ကလန်းမဲရူးဈေးကြီးအစရှိတဲ့ နေရာတော်တော်များများမှာ အော်ပရာစီ အဖမ်းအဆီးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး အော်ပရာစီ အဖမ်းအဆီးမှာဆိုရင် နံဟောင်နေတဲ့ ရေမြောင်းထဲ ပုန်းနေသူကိုတောင် မလေးရဲတွေက မရ၊ရအောင်ဖမ်းသွားပါတယ်"လို့ မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးနေသူတယောက်က ပြောပါတယ်။
ဒါအပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကလည်း မလေးရှားနိုင်ငံ အတွင်းသို့ အောက်လမ်း ကနေ ဝင်ရောက် လာသူ မြန်မာအမျိုးသား ၁၅ ယောက်၊ မြန်မာအမျိုးသမီး ၁၃ ယောက်၊ မြန်မာကလေးငယ် ၁ မိန်းခလေး ၁ ယောက်၊ စုစုပေါင်း ၂၉ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့လည်း မလေးဒေသတွင်း သတင်းတွေအရ သိရပါတယ်။
မလေးရှားနိုင်ငံဟာ လက်ရှိမှာ ပြည်ပက တရားဝင်ရွှေ့ပြောင်းလုပ်သား ခေါ်ယူမှုတွေကို ပိတ်ပင်ထားတဲ့ အတွက် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်လိုတဲ့ ရွှေ့ပြောင်းလုပ် သားတွေဟာ တရားမဝင် (အောက်လမ်း) ကနေ မလေးနိုင်ငံဘက်ကို နည်းလမ်းမျိုးစုံ ခိုးဝင်နေကြတာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
Photo - မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန။
#centralnewsnaypyitaw


