Dimensity 6300 chip နဲ့ 6500mAh ဘက်ထရီသုံး vivo V50 Lite 5G ထွက်ရှိ
premium ဒီဇိုင်းနဲ့ mid-range မော်ဒယ်သစ်ကို vivo က မိတ်ဆက်သွားပါတယ်။
vivo V50 Lite 4G ထွက်ပြီး သိပ်မကြာခင် 5G ဗားရှင်း ဈေးကွက်ဝင်လာတာပါ။ ဒီဇိုင်းနဲ့ specs အတော်များများမှာ vivo V50 Lite 5G က 4G မော်ဒယ်နဲ့ အတူတူပါပဲ။ မတူတာက chipset နဲ့ connectivity ပိုမြင့်လာတာပါ။
vivo V50 Lite 5G က SoC ကို Snapdragon 685 ကနေ Dimensity 6300 ကို upgrade လုပ်လာပါတယ်။ LPDDR4X RAM 8/12GB ၊ UFS 2.2 storage 256/512GB တွေနဲ့ လာပြီး microSD slot မပါပါဘူး။
Dimensity 6300 chip မှာက 5G ရတဲ့အပြင် Bluetooth လည်း version 5.4 ဖြစ်လာလို့ 5.0 ဗားရှင်းထက် လိုင်းဆွဲအားပိုကောင်းပြီး multi-device ချိတ်နိုင်စွမ်းရှိလာပါတယ်။ WiFi specs တော့ vivo က ပြောမထားပေမယ့် WiFi 5 (AC) ပါမယ်လို့ ယူဆရပါတယ်။
ကျန်တဲ့အပိုင်းတွေက 4G အတိုင်းပါပဲ။ flat body သုံး ၆.၇၇ လက်မ 120Hz OLED FHD+ display နဲ့ လာပြီး brightness nits 1800 အထိ ထွက်ပါတယ်။ display အောက်မှာ optical လက်ဗွေထည့်ထားပြီး punch hole မှာ 32MP selfie ကင်မရာ တပ်ပေးထားပါတယ်။
ကင်မရာပိုင်းမှာ 50MP main sensor (Sony IMX882 1/2.0' က အရင်အတိုင်း ဆိုပေမယ့် Ultrawide lens ကို အရင် 2MP ကနေ 8MP sensor ပြောင်းလာပါတယ်။ ကင်မရာ lens နှစ်ခု အောက်မှာ Aura Light တပ်ထားပါတယ်။
ဘက်ထရီနဲ့ Charging ပိုင်းမှာလည်း ၅ နှစ်သုံးပြီးတဲ့နောက်မှာ ဘက်ထရီ Health ၈၀% ကျန်နေမယ့် အကြီးစား 6500mAh ဘက်ထရီ နဲ့ ၅၃ မိနစ်အတွင်း အားပြည့်နိုင်မယ့် 90W Fast Charging စနစ်ကို သုံးလာတာပါ။
vivo V50 Lite 5G ကို Titanium Gold နဲ့ Phantom Black နှစ်ရောင်နဲ့ လာပြီး Fantasy Purple နဲ့ Silk Green အရောင်ဆန်းတွေလည်း ထပ်ထွက်လာဖို့ ရှိပါတယ်။ စပိန်မှာတော့ 12/512GB ဗားရှင်းကို ပေါင် ၄၀၀ ဈေးနဲ့ ရောင်းနေပြီလို့ ဆိုပါတယ်။
