1 y - Translate

Bye Bye Champion League
ပုံစဲသစ်နဲ့စတင်ကျင်းပမည့် ချန်ပီယံလိဂ်ပြိုင်ပွဲကို မန်ယူ အသင်း ဝင်ခွင့်လွဲချော်ခဲ့ပါပြီ
အဆင့်(၄)တောင်မရခဲ့တဲ့ မန်ယူဟာ ယူရိုပါလိဂ် မျှော်လင့်ချက်မှာလည်း FA ဖလား ရမှသာ ဝင်ခွင့်ရတော့မှာပါ
နယူးကာဆယ်နဲ့ပွဲက မန်ယူအတွက် ကွန်းဖရင့်လိဂ် ဝင်ခွင့်ကို အဆုံးဖြတ်ပေးပါလိမ့်မယ်
FA ဖလားမှာလည်း ရှုံး နယူးကာဆယ်ကိုလည်း ရှုံးပါက ဥရောပဝင်ခွင့်ပါ လွဲချော်သွာရပါမယ်
Credit

image
1 y - Translate

Bye Bye Champion League
ပုံစဲသစ်နဲ့စတင်ကျင်းပမည့် ချန်ပီယံလိဂ်ပြိုင်ပွဲကို မန်ယူ အသင်း ဝင်ခွင့်လွဲချော်ခဲ့ပါပြီ
အဆင့်(၄)တောင်မရခဲ့တဲ့ မန်ယူဟာ ယူရိုပါလိဂ် မျှော်လင့်ချက်မှာလည်း FA ဖလား ရမှသာ ဝင်ခွင့်ရတော့မှာပါ
နယူးကာဆယ်နဲ့ပွဲက မန်ယူအတွက် ကွန်းဖရင့်လိဂ် ဝင်ခွင့်ကို အဆုံးဖြတ်ပေးပါလိမ့်မယ်
FA ဖလားမှာလည်း ရှုံး နယူးကာဆယ်ကိုလည်း ရှုံးပါက ဥရောပဝင်ခွင့်ပါ လွဲချော်သွာရပါမယ်
Credit

imageimage
1 y - Youtube

1 y - Translate

ကြက်ခြေထောက်ရခိုင်သုပ်လေး လုပ်စားရအောင်😋😋

👉🏻ကြက်ခြေထောက် တွေကိုအရမ်းမနူးအိပြဲမနေစေပဲပြုတ်ထား..
ပြီးရင်အအေးခံ..
👉🏻ပြီးတော့အနေတော်လေးတွေခုတ်ထား.....
👉🏻ရခိုင်ငါးပိစိမ်းစားအကောင်းစားလေးနည်းနည်းထည့်
👉🏻ကြက်သွန်ဖြူ သုံးမွှာလောက် ..
🌶ငရုတ်သီး စိမ်းကတော့.မိမိတို့အစပ်စားနိုင်သလောက့်...
🔥အားလုံးကိုမီးကင်ပြီး.အရသာမူန့်လေးအနည်းငယ်ထည့်ပြီးရောထောင်းထား...
🔥ကြက်သွန်နီနှစ်လုံးအခွံနွှာပါးပါးလှီးရေဆေးပြီးစစ်ထား..

သုပ်မယ်ဆိုလျှင်..

ပန်းကန်ထဲမှာ ကြက်ခြေထောက် ပြုတ်ပြီးသားတွေရယ်.
ငါးပိထောင်းထားတာရယ်.ကြက်သွန်နီ
ပါးပါးလှီးထားတာရယ်..သံပုရာသီး တစ်ခြမ်းလောက်ညစ်ထည့်မယ် အရသာမူန့်နဲ့ငံပြာရည်အနည်းငယ်..နံနံပင်.ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီးရောသုပ်လိုက်ရင်
😋ရှူးရှူးရှဲရှဲ ကြက်ခြေထောက်ရခိုင်သုပ်ကိုရပါပီ...😋😋
ဆီမကုန်.ထမင်းမြိန်တဲ့.ဟင်းတစ်ခွက်ပေါ့နော်.

image
1 y - Translate

အရမ်းကောင်းတဲ့ စာသားလေးပါ
ဖတ်ရင်းနဲ့ တွေးပါ

အရသာက တမူထူးခြားနေပါလိမ့်မယ်

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။

image
1 y - Translate

လူတိုင်းရဲ့ "၂၄နာရီ"ထဲက တန်ဖိုးအရှိဆုံး "၁နာရီ"

လူတိုင်းမှာ "၂၄နာရီ" စီရှိကြပါတယ်။ ဒါပေမယ့် အသုံးချပုံချင်းကတော့ တူညီမယ်မထင်ပါဘူး။

ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အရာတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ အနာဂတ်တွေပါ။
ကောင်းတာလုပ်ရင် ကောင်းတဲ့အနာဂတ်တွေ ဖန်တီးလို့ရမယ်။
ဆိုးတာလုပ်ရင် ကျွန်တော်တို့ အနာဂတ်ဟာ မလွဲမသေ ဆိုးနေပါလိမ့်မယ်။ ဒါဟာရှောင်လွဲလို့မရတဲ့ အမှန်တရားတစ်ခုပါ။

လူတိုင်းမှာရှိတဲ့ "၂၄" နာရီဆိုတဲ့အချိန်အတွင်းမှာ အရမ်းကိုတန်ဖိုးရှိတဲ့ ၁ နာရီရှိတယ်။
အဲ့ ၁နာရီမှာ လုပ်တဲ့ လုပ်ရပ်ဟာ ကျန်တဲ့ "၂၃"နာရီ အပေါ်မှာ သက်ရောက်မှု အများကြီး ရှိနေတယ်။

(ဥပမာ တစ်ခုလေးနဲ့ ပြောပြမယ်- မနက်စောစောစီးစီး အိမ်နဲ့ပြဿနာတက်တယ် ပြဿနာတက်နေတော့ စကားများပြီး အလုပ်နောက်ကျတယ် အိမ်မှာ ဖြစ်လာတဲ့ ပြဿနာက တနုတ်နုတ်နဲ့ ဒေါသထွက်နေတော့ မြင်မြင်သမျှ တွေ့သမျှကို အကောင်းမမြင်တော့ဘူး ဒေါသထွက်လာတယ် အလုပ်မှာလည်းတစ်နေကုန် ဘာလုပ်လုပ် အဆင်မပြေတော့ဘူး ။ အဲ့လိုမျိုးဖြစ်ဖူးတဲ့ ရက်တွေ ကြုံဖူးပါလိမ့်မယ်။)

ကျွန်တော်တို့ ဦးနှောက်ထဲမှာ ရှိတဲ့ အတွေးတွေက ချိန်းကြိုးတွေနဲ့ တူတယ်။ ကောင်းတဲ့အတွေးတွေခေါင်းထဲမှာရှိရင် ပတ်ဝန်းကျင်မှာ မြင်သမျှ တွေ့သမျှ ကြားသမျှ အရာအားလုံးက ကောင်းတဲ့အရာတွေ ပဲတွေ့ကြုံရပါလိမ့်မယ်။

ဗုဒ္ဓဟောကြားခဲ့တဲ့ "ကျွန်တော်တို့တွေးလိုက်တဲ့အရာတိုင်းဟာ တကယ်ကိုဖြစ်လာပါတယ်တဲ့"

ဒါကြောင့် မနက်ခင်းမိုးလင်း အိပ်ရာနိုးတာနဲ့ အလေ့
အကျင့်ကောင်း ချိန်းကြိုး လေးနဲ့စတင်ဖို့အရေးကြီးတယ်။

ဒီ positive mindset ချိန်းကြိုးအပိုင်းစလေး ဖန်တီးဖို့အတွက် မနက် အိပ်ရာထထချင်း အချိန် ၁နာရီလေးပဲ လိုအပ်ပါတယ်။
ဟုတ်ပါတယ် တကယ့်ကိုတန်ဖိုးရှိတဲ့ "Golden Hour" လေးပါ။

ဒါကြောင့်ဒီနေ့မှာ Golden Hour လေးအသုံးချပုံကိုဒီနေ့မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီအချိန် "၁နာရီ" ကို အကြမ်းအားဖြင့် "မိနစ် ၂၀" ဆီအပိုင်း
၃ ပိုင်း ပိုင်းလိုက်လို့ရတယ်.........

🕢 ပထမဆုံး "မိနစ်၂၀" မှာ-

၁။ ပထမဆုံး ၅မိနစ်မှာ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်နဲ့ မလှုပ်မယှက် အိပ်ထားတဲ့ ခန္ဓာကိုယ်ကြီးက ညောင်းချိနေနိုင်တဲ့အတွက် အကြောလျော့တဲ့
လေ့ကျင့်ခန်းလေးတွေ ၅ မိနစ်လောက်လုပ်လိုက်ပါ။

၂။ပြီးရင် ၁၅မိနစ် တရားထိုင်ပါ။
(တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာမှ ထိုင်တာမဟုတ်ပါဘူးခင်ဗျာ။ ကိုယ့်ရဲ့စိတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်အောင် လေ့ကျင့်တဲ့ နည်းလမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။)

🕢 ဒုတိယ "မိနစ် ၂၀" မှာ-

၁။ ၁၀ မိနစ်လောက်အတွင်း သွေးလည်ပတ်အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ အဓိကလုပ်သင့်ပါတယ်။ ဥပမာ အပြေးလေ့ကျင့်ခန်းတွေ၊ ခုန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ (ဦးနှောက်ထဲမှာ ရှိတဲ့ Neurons လေးတွေ တိုးပွားမှု အကောင်းဆုံးလေ့ကျင့်ခန်းကတော့ အပြေးလေ့ကျင့်ခန်းပါ။)

၂။ ပြီးရင် ရေအေးအေးလေးနဲ့ ၁၀မိနစ်လောက် ရေချိုးလိုက်ပါ။

🕢 တတိယ "မိနစ် ၂၀"မှာ-

တစ်နေ့တာလုံးကို အရှိန်ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ဖို့ဆို ဒီ "မိနစ်၂၀" က အရမ်းကို အရေးကြီးပါတယ်။

၁။ပထမ "၁၀မိနစ်အတွင်း" ကိုယ်တစ်နေ့တာလုံးမှာ လုပ်စရာရှိတဲ့ အလုပ်တွေကို "ABCD" ဆိုပြီး အဆင့် သတ်မှတ်ဖို့ပါ။ အရေးအကြီးဆုံး အလုပ်ကတော့ A ပေါ့ အရမ်းအရေးမကြီးတဲ့ အလုပ်တော့D ပေါ့ ကြားထဲက B နဲ့ C ကိုတော့ ကိုယ့်ရဲ့ အလုပ်အခြေနေပေါ်မူတည်ပြီး သတ်မှတ်လို့ရပါတယ်။

၂။ နောက် "၅မိနစ်"မှာ ကိုယ့်ဘဝမှာ ကိုယ့်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြန်ပြီးစဥ်းစားပါ။ ချရေးထားတာရှိရင် ပြန်ဖတ်ပေးပါ၊ မျက်လုံးမှိတ်ပြီး ပုံဖော်ကြည့်ပါ။( ဒီနည်းလမ်းလေးက ကျွန်တော်တို့ရဲ့ မသိစိတ်ကို ကောင်းကောင်းအသုံးချတဲ့နည်းလမ်းလေးပါ။)

၃။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေရာမှာ မျက်လုံးလေး မှိတ်ပြီး ၅မိနစ်လောက် "ကျေးဇူးတင်စကား" ဆိုကြည့်ပါ။ ကိုယ်ကျေးဇူးတင်ချင်တဲ့ အရာမှန်သမျှ ကျေးဇူးတင်လို့ရပါတယ်။ (ဒီနည်းလမ်းလေးက ကျွန်တော်တို့ရဲ့ Positive mindeset အားကောင်းအောင်လေ့ကျင့်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်)

၂၄နာရီထဲက တန်ဖိုးအရှိဆုံး အိပ်ရာနိုးနိုးချင်း ၁နာရီကို တို့တွေ အရင်က ဖြစ်သလို အသုံးချကောင်းချခဲ့ပါလိမ့်မယ် ။

ဒါပေမယ့် "ချိန်း" လေးတွေက ဘယ်လောက်ထိ အရေးပါလဲဆိုတာ သိပြီဆိုတော့ နောက်နေ့ မနက်ခင်း အိပ်ရာထထချင်း ၁နာရီကို ပြောတဲ့နည်းလမ်းလေးအတိုင်း အသုံးချကြည့်ပါနော်။

တိမ်မြုပ်နေတဲ့ ဦးနှောက်စွမ်းပကားကို လှုပ်နှိုးလိုက်ပါ။

image
1 y - Translate

အရွယ်တစ်ခု ရောက်လာတော့
လူတွေရဲ့ စကားတွေထက်
အပြုအမူတွေကိုပဲ သတိထားကြည့်မိတော့တယ်...

တချို့တွေက အပြောချိုပေမယ့်
ရင်ထဲက တကယ်မပါပဲ
အပေါ်ယံ နှုတ်ဖျားတင်ချိုကြတာမျိုး...
တချို့ကတော့ အပြောမချိုပေမဲ့
အပြုအမူတွေ ကြည့်ရုံနဲ့တင်
ရင်ထဲကလာတဲ့ စိတ်ရင်း ဟုတ် မဟုတ်
မြင်ရုံနဲ့တင် သိသာပါတယ်...

ဒီနှစ်တွေမှာ ကိုယ်တိုင်လည်း
အပေါ်ယံ ဟန်ဆောင် မနေချင်သလို
ဟန်ဆောင်နေတဲ့ သူတွေနားလည်း မနေချင်ဘူး...
ဒါဟာ ကိုယ့်စိတ်ကို ကျဉ်းကျပ်စေတယ်...
သကာလောင်းထားတဲ့ ဟန်ဆောင်ခြင်းတွေကြားက
မွန်းကြပ်နေမှုမျိုးလိုပဲ...

လူတွေကြားထဲ နေနေသရွေ့တော့
အနည်းအများ ဟန်ကိုယ့်ဖို့ လုပ်ရတာတွေရှိပေမဲ့
အချိန်တော်တော်များများမှာတော့
ကိုယ့်စိတ်ရင်းတိုင်းပဲ နေထိုင်ပါတယ်....
အဲ့လိုနေထိုင်ကြည့်တော့မှ
တကယ့်အစစ်အမှန်ကို သိရတာပဲ...
ကိုယ့်အနားက အဝန်းအဝိုင်းလေး
သေးလာလေလေ တကယ့်လူ့တန်ဖိုးသိရလေပဲ...

ကိုယ့်အတွက်တော့ ဘဝကြီးမှာ ရှင်သန်နေထိုင်ဖို့
လူအများကြီးနား ရှိစရာမလိုပါဘူး...
စစ်မှန်တဲ့ လူတစ်ယောက်ပဲ အနားရှိရင်တောင်
လုံလောက်ပြီး လွတ်လပ်ပေါ့ပါး
နေပျော်တဲ့ ဘဝဖြစ်နေမှာပဲ...

အရေအတွက်(Quantity) ထက်
အရည်အသွေး (Quality) က
ပိုအရေးကြီးတယ်ဆိုတာ ဆင်ခြင်မိစေတာပါပဲ...

image
1 y - Translate

သစ်ပင်စိုက်ကြပါ ဆိုလို့.....

အခုတလော ပြန်ခေတ်ထလာလို့ပြောချင်လာတာပါ။ ဒီကိစ္စဟာ လူအတော်များများ ကမ်ပိန်း (campaign) တွေလုပ်၊ ပရောဂျက်တွေရှာနဲ့ အတော် ဟော့ဖြစ်နေတဲ့ ကိစ္စပါ။ သစ်ပင်စိုက်ကြမယ်တဲ့...။
တချို့လဲ ကျွန်းစိုက်ကြတာပေါ့၊ တချို့က တခြားသစ်မာပင်ပေါ့၊ တချို့ကြတော့လဲ အပင်ဖြစ်ရင်ပြီးရော (ဘာပင်ဖြစ်ဖြစ် အောက်စီဂျင်ရရင် ပြီးတာဘဲဆိုတော့) စိုက်ကြပါတယ်။ ဒါလည်းကောင်းတဲ့ အချက်ပါဘဲ။ ဒီထက်လေးလေးနက်နက် ပြောရရင် အဲဒီလိုလုပ်တာဟာ မမှန်သေးဘူးဗျ။
ကျနော့်ဆရာ ဆရာသိန်းအောင် သင်ကြားပေးနေကြ အချက်လေး ဒီမှာပြောပြချင်လာတာပါဘဲ။ အပင်စိုက်ကြတယ်ဆိုတော့ ကြုံတဲ့အပင်စိုက်ရင် ဘာဖြစ်လာမလဲ..... ။ ဒီအချက်က စပြောကြတာပေါ့။ ဥပမာ ရန်ကုန်မြို့ တနေရာမှာ ကျွန်းပင်တွေ စိုက်ကြပြီဆိုပါတော့။ (၁) ကျွန်းပင်တွေ တကယ်ဖြစ်ထွန်းရဲ့လား.....။ ထင်သလောက်မဖြစ်ထွန်းဘူးနော်။ မြန်မာနိုင်ငံမှာ ကျွန်းသစ်အများဆုံးနဲ့ အကောင်းဆုံး မှတ်တမ်းတွေက ရိုးမတွေကဘဲ..အထူးသဖြင့် ပဲခူးရိုးမပေါ့။ ဘာဖြစ်လို့လဲ သူ့ပေါက်ရောက်ရာဒေသ သူ့ဖြစ်ထွန်းမှုဆိုတာကို လေ့လာသင့်တယ်။ ပြီးတေ့ာ စိုက်တော့ စိုက်ပါရဲ့ စိုက်ပြီး လှည့်မကြည့်တော့ဘူး။ သင်းသပ်မဲ့လူမရှိ သေချာစောင့်​ကြည့်မဲ့လူ မရှိမှတော့ စိုက်လဲ အလကားဘဲ ဖြစ်မှာပါ။
ဟုတ်ပြီ ကျွန်းအကြောင်း မပြောဘူး ထင်းရှူးပင်တွေအကြောင်းပြောရအောင်။ ကလောတို့ အောင်ပန်းတို့ ဘက်တွေမှာ ထင်ရှုးပင်တွေ စိုက်ကြတယ်။ တခုသတိမထားမိတာက ထင်းရှုးမျိုးရင်းတွေမဟုတ်ဘဲ အနောက်တိုင်းမျိုးတွေ ဖြစ်နေခဲ့တာဘဲ။ အဲဒီတော့ မေးစရာရှိလာပြီ။ ထင်းရှုးပင်ဖြစ်ရင် ပြီးရောပေါ့ကွာ၊ ဘာတွေ လိုနေသေးလို့လဲ ဆိုတာမျိုးပေါ့။
တကယ်အရေးအကြီးဆုံး အချက်ကို ဒီမှာပြောပါမယ်။ ကျနော်တို့တွေက နေရာဒေသတစ်ခုမှာ ကြုံအရာအပင်စိုက်လိုက်ရင် အဲဒီဒေသရဲ့ ဂေဟစနစ်တခုလုံး (eco system) ပြောင်းသွားနိုင်တာဘဲ၊ အဲဒီလို ပြောင်းသွားတာရဲ့ အကျိုးဆက်ကတော့ မကောင်းလှပါဘူး။ ဥပမာ အပင်မစိုက်ခင် အဲဒီဒေသမှာ ဘယ်လိုကျေးငှက်တွေ နေထိုင်ကျက်စားကြသလဲ၊ ဘယ်လို အင်းဆက်ပိုးတွေရှိတတ်ကြသလဲ၊ ဘယ်လိုတွားသွား၊ အသားစား၊ စသည်ဖြင့်နေထိုင်တတ်ကျလဲ အရင်လေ့လာပြီးမှ စိုက်သင့်ပါတယ်။ ဒီငှက်တွေဟာ ဟာဘယ်အပင်နဲ့ ​ဘယ်အသီးတွေကို စားသုံးပြီးရှင်သန်ကြသလဲ။ ဘယ်လိုအပင်မျိုးမှာ အသိုက်ဆောက်ကြသလဲ၊ ဒီမျောက်တွေဟာ ဘာအရွက်စားတာလဲ။ ဒီအသားစားအကောင်တွေကရော ဘာအသားစားပြီးရှင်သန်ကြတာလဲ လေ့လာပြီးမှ လိုအပ်တဲ့ အပင်ကို အဓိကထား စိုက်ရပါတယ်။ အဲဒီလို ဂေဟာစနစ်တခုသာ ပြောင်းသွားလိုက်ပြီဆိုရင် အဲဒီမှာ ရှင်သန်နေကြတဲ့ သက်ရှိမျိုးစိပ်တွေ အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းနိုင်ရင် မျိုးတုန်းသွားနိုင်ပါတယ်။
မျိုးတုန်းရင် ဘာဖြစ်သွားလဲ မေးလာမှာပေါ့။ အစာကွင်းဆက်ပြတ်ပြီဆိုတာနဲ့ ဥပမာ အင်းဆက်စားပင်တွေ မရှိရင်၊ အင်းဆက်မျိးတုန်းမယ်။ သူတို့မရှိရင် ဝတ်မှုန်ကူးပေးမဲ့ အကောင်မရှိတော့ဘူး။ အင်းဆက်မရှိရင် သူတို့ကိုစားပြီးရှင်သန်ရတဲ့ ငှက်လို(အခြားမျိုးစိတ်) တခု မျိုးတုန်းသွားနိုင်တယ်။ အဲဒီလို မျိုးတုန်းရင် ဂေဟစနစ်ပျက်ပြီဘဲ။ သူတို့မရှိတာနဲ့ အခြားအင်းစက်မျိုးစိပ်အသစ်ဖြစ် လူတွေ မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါဆိုရင် အန္တရာယ် ရှိလာပြီပေါ့။ အနီးဆုံး ဥပမာပေးရရင် တရုတ်ပြည်မှာ မြွေအရမ်စားလို့ မြွေမျိုးတုန်းတယ်။ မြွေမျိုးတုန်းတော့ လယ်ထဲမှာ ကြွက်တွေ ပိုပေါလာတယ်။ ကြွက်တွေက အပင်တွေကိုဖျက်ရုံမကလို့ ရောဂါပိုးပါသယ်လာတယ်။ နောက်ဆုံးမြွေတွေ လယ်ထဲ ပြန်လွှတ်ရတယ်။
နောက်ဥပမာတခုက မော်စီတုံးလက်ထက် အစားအသောက်ရှားတော့ လယ်ထဲက စပါးစားတဲ့ စာကလေးတွေကို ရှင်းခိုင်းတယ်။ စပါးချွေတာရာရောက်တာပေါ့။ ပြသနာက စာကလေးတွေလဲ မရှိတော့ရော စပါးခင်း ပိုးကျပြီး အကုန်ရှုံးပါလေရော။ စာကလေးတွေက စပါးဘဲစားတယ်ထင်နေတာ လယ်ထဲက အင်းဆက်ကိုပါ စားသွားတာ။ နောက်မှ အဲဒီလို အဖြစ်ကိုသိတော့ စာကလေးပြန်မွေးရတယ်။
နောက်ဥပမာပေးရရင် သဘာဝတောရိုင်းတွေရဲ့ ဂေဟစနစ်တိုင်းဟာ ကွင်းဆက်တွေချည်းဘဲ။ ဆင်တွေမရှိရင် တောပြုန်းနိုင်သလို၊ ကျားတွေမရှိရင်လဲ တောပျက်နိုင်တယ်။
ပြန်ပြီးချုပ်ရရင် တွေ့ကရာအပင်စိုက်တာထက် ဘာအပင်စိုက်သင့်တယ်ကို လေ့လာ(research)ပြီးမှ စိုက်သင့်ပါတယ်။ ထပ်ပြီးမေးလာမှာပေါ့ အပင်စိုက်ဖို့ကွာ အဲဒီလောက် အချိန်ကုန်စရာလား၊ ပညာရှင်တွေလိုလားပေါ့။ အဲလောက်ထိ တာမသွားလဲ ရပါတယ်။ ဥပမာ အဲဒီအပင်စိုက်မဲ့ ပတ်ဝန်းကျင်က အသက် ၆၀၊ ၇၀ ကျော်တွေကို သူတို့ငယ်ငယ်တုန်းက ဘာပင်တွေ တွေ့လဲ၊ ဘာငှက်တွေ တွေ့လဲ အဲဒီလိုမေးမြန်ပြီး စိုက်ရင်ကို၊ အမှားမများတဲ့ ဂေဟစနစ်တခုကို ပြန်လည် အစားထိုးရာကြတာပေါ့....။
စာများရင် မဖတ်ချင်ကြမှာဆိုးလို့ မေးစရာရှိရင်သာ လာမေးကြပါ၊ မိမိအတွေးရှည်သလောက် တွေးတောကြပါလို့ဘဲ ပြောပါရစေ။

image
1 y - Translate

အဖက်ဖက်မှပြည့်စုံ​နေမှုကြီး🤔😅

image
1 y - Translate

ငါးပူတင်း(puffer)

ငါးပူတင်းကို အနောက်နိုင်ငံတွေမှာတော့ ငါးဖောင်း(swellfish)၊ ပူဖောင်းငါး(blowfish) အစရှိတဲ့ နာမည်အမျိုးမျိုး ခေါ်ကြတယ်။ ပူတင်းငါးမျိုးဟာ မျိုးရင်း Tetraodontidae ထဲကဖြစ်ပြီး မျိုးစိတ်ကတော့ ၉၀ ကျော်ရှိကြပါတယ်။ ငါးပူတင်းတွေရဲ့ အစွမ်းကာလဲဆိုတာ ရန်သူနဲ့ တွေ့တဲ့အခါမှာ သူတို့ခန္ဓာကိုယ်ထဲကို လေနဲ့ရေကို မှုတ်သွင်းပြီး ဘောလုံးတစ်လုံးလို ဖြစ်အောင်လုပ်နိုင်တာပါပဲ။ ငါးပူတင်းတွေကို ကမ္ဘာရဲ့သမပိုင်းရာသီဥတုတွေမှာတွေ့နိုင်ပြီး များသောအားဖြင့် ပင်လယ်ထဲမှာ နေပေမဲ့ ရေချိုတွေမှာလည်း နေထိုင်ပါတယ်။ ငါးပူတင်းတွေရဲ့ ခန္ဓာကိုယ်က ဆူးငယ်တွေပါပြီး ငါးပူတင်းတစ်ကောင်ဟာ ၉၀ စင်တီမီတာ (၃ပေ) အထိ ကြီးထွားနိုင်ပေမဲ့ အများစုကအရွယ်အစားသေးကြပါတယ်။ ငါးပူတင်းတွေရဲ့ ကလီစာတွေထဲမှာ tetraodontoxin လို့ခေါ်တဲ့ ပြင်းထန်တဲ့ neurotoxin အဆိပ်တွေရှိပါတယ်။ ဒီအဆိပ်ဟာ လူတွေကို သေစေနိုင်ပေမဲ့ ပြင်ဆင်ပြီး စားသုံးလေ့ရှိကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ငါးပူတင်းကို သေချာမချက်ပြုတ်ဘဲ ဖြစ်သလိုစားသုံးကြတဲ့အတွက် သေဆုံးမှုတွေ ခဏခဏဖြစ်ဖူးပါတယ်။ ငါးပူတင်းကို စားသုံးမယ်ဆိုရင် သေချာချက်ပြုတ်သင့်ပြီး ဂျပန်နိုင်ငံမှာဆိုရင် ငါးပူတင်းကို fugu လို့ခေါ်ပြီး သေချာဆေးကြောကာ အတွေအကြုံရှိတဲ့ စားဖိုမှူးတွေကို ချက်ပြုတ်စေပြီး ဟင်းလျာအဖြစ် မက်မောစွာစားသုံးကြပါတယ်။

image