DG နဲ့ ပါချုပ်များ ပြောင်းရွှေ့ ခန့်အပ်

#govjob

image
41 w - Translate

Hidayah (2023)

ဘဝရဲ့အလှည့်အပြောင်း လောကဓံအထုအထောင်းတွေကြားမှာ ရွေးရကြပ်တည်းလာတဲ့အခါ
ခဲရာခဲဆစ်နဲ့ ကြိုးပမ်းကြသူတွေရှိကြသလို အလွယ်လမ်းလိုက်သူတွေလည်းရှိပါတယ်။
အခုတစ်ခါမှာလည်း အလွယ်လမ်းလိုက်ရာက အဖြစ်ဆိုးနဲ့ကြုံသွားရတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဘာရီဆိုတဲ့ကောင်‌လေးဟာ တစ်ချိန်ကတော့ ဘာသာရေးကိုင်းရှိင်းတဲ့ အပနှင်ဆရာလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။
အခုချိန်မှာတော့ အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် မိခင်ကိုဆုံးရှုးလိုက်ရတဲ့ဘာရီဟာ
ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ အတိတ်ရဲ့‌ လောင်းရိပ်အောက်က အလွတ်ရုန်းထွက်နေတဲ့ ထောင်ထွက်လေးဘာရီဖြစ်နေပါပြီ။
ဒီလိုနဲ့ စက်ပြင်ဆရာလုပ်နေတဲ့ဘာရီဆီကို သူ့ရဲ့ဇာတိဖြစ်တဲ့ မာကာဆာဂီရွာကငယ်သူငယ်ချင်း ဟာဆန်ရောက်လာပါတော့တယ်။
မာကာဆာဂီရွာမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပြီး တစ်ရွာလုံးကျီးလန့်စာစားနေရတဲ့အတွက် အပနှင်ပေးဖို ဘာရီကိုဟာဆန်က လာခေါ်တာပါ။
တည်ငြိမ်နေတဲ့ရေပြင်ကို ဂယက်ထစေမယ့် ဒီကိစ္စကို ဘာရီတစ်ယောက် သဘောမကျလှပေမဲ့
ဒုက္ခရောက်နေသူက တစ်ချိန်ကသူငယ်ချင်းရတ်နာဖြစ်နေတော့ မငြင်းဆန်နိုင်ဘဲ ရွာကိုသွားဖိုဖြစ်လာတဲ့အခါ ...
ဘာတွေဖြစ်လာမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်။
#horror

image
Apu Lay shared a post  
41 w

41 w

၁၀၀% အခမဲ့ English Speaking ကို တကယ်လူအစစ်တွေနဲ့ Online ကနေ 1 to 1 လေ့ကျင်လို့အရမ်းကောင်းတဲ့ ဝက်ဆိုဒ်တစ်ခုနဲ့ ညွန်းပေးချင်ပါတယ်။ Review တွေက အရမ်းကောင်းလွန်းတာမို့ Review တွေကို ဖတ်ကြည့်ဖို့ အပုံမှာပြထားပေးပါတယ်။
English Speaking ကို ခေါင်းစဉ်အလိုက် ၇ မိနစ်စာ တခြားနိုင်ငံက Partners တွေနဲ့ ပြောရမှာဖြစ်ပါတယ်။ ခေါင်းစဉ်တွေက ၇မိနစ်ခြား တစ်ခြားပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒီ Speaking sessions တွေက တစ်နေကုန်လုံးရှိမှာဖြစ်ပါတယ်။ ကိုယ်အားတဲ့ အချိန်မှာ ကိုယ်ဝင်ပြီး လေ့ကျင့်လို့ရပါတယ်။
ဒီဝက်ဆိုဒ်လေးကို တက်ခြင်းအားဖြင့် နိုင်ငံပေါင်းစုံက လူတွေနဲ့ သူငယ်ချင်းဖွဲ့လိုရတယ်။ ပြီးရင့် ကိုယ်ရဲ့ English Speaking လည်း တိုးတက်လာတယ်။
Gmail နဲ့ အကောက်ဖွင့်ပြီး တက်လို့ရုံပါဘဲခဗျာ။
အကောက်ဖွင့်ရန်
https://www.episoden.com/signup
Link: https://www.episoden.com/

#crd
#education

image

၁၀၀% အခမဲ့ English Speaking ကို တကယ်လူအစစ်တွေနဲ့ Online ကနေ 1 to 1 လေ့ကျင်လို့အရမ်းကောင်းတဲ့ ဝက်ဆိုဒ်တစ်ခုနဲ့ ညွန်းပေးချင်ပါတယ်။ Review တွေက အရမ်းကောင်းလွန်းတာမို့ Review တွေကို ဖတ်ကြည့်ဖို့ အပုံမှာပြထားပေးပါတယ်။
English Speaking ကို ခေါင်းစဉ်အလိုက် ၇ မိနစ်စာ တခြားနိုင်ငံက Partners တွေနဲ့ ပြောရမှာဖြစ်ပါတယ်။ ခေါင်းစဉ်တွေက ၇မိနစ်ခြား တစ်ခြားပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒီ Speaking sessions တွေက တစ်နေကုန်လုံးရှိမှာဖြစ်ပါတယ်။ ကိုယ်အားတဲ့ အချိန်မှာ ကိုယ်ဝင်ပြီး လေ့ကျင့်လို့ရပါတယ်။
ဒီဝက်ဆိုဒ်လေးကို တက်ခြင်းအားဖြင့် နိုင်ငံပေါင်းစုံက လူတွေနဲ့ သူငယ်ချင်းဖွဲ့လိုရတယ်။ ပြီးရင့် ကိုယ်ရဲ့ English Speaking လည်း တိုးတက်လာတယ်။
Gmail နဲ့ အကောက်ဖွင့်ပြီး တက်လို့ရုံပါဘဲခဗျာ။
အကောက်ဖွင့်ရန်
https://www.episoden.com/signup
Link: https://www.episoden.com/

#crd
#education

image

အိမ်မက်လေးပါပဲ

image
41 w - Translate

Bite Sar Lite Tar

hairstyle

နည်းပြလောကထဲကို ပြန်ပြီးဝင်ရောက်ဖို့ ရွိုင်ကိန်းကို ဂျပ်စတမ်းတိုက်တွန်း

ဇန်နဝါရီ ၂၄

ဒတ်ချ်နောက်ခံလူဟောင်း ဂျပ်စတမ်းက သူ့ရဲ့ ယူနိုက်တက်အသင်း ဖော်ဟောင်း ရွိုင်ကိန်းကို ဘောလုံး ဝေဖန်သုံးသပ်သူအဖြစ် လုပ်ဆောင်နေတာကနေ ထွက်ခွာပြီး နည်းပြလောကထဲကို ပြန်ပြီးဝင်ရောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂျပ်စတမ်းက “ကျနော်ဟာ ရွိုင်ကိန်းကို နည်းပြအဖြစ် ပြန်မြင်ချင်ပြီး သူ့ရဲ့လက်ထောက် နည်းပြဖြစ်ချင်ပါတယ်။ သူဟာ ပွဲတွေအကြောင်းကို အများကြီးသိတဲ့အတွက် နည်းပြကောင်းတစ်ဦးဖြစ်ဖို့ အလားအလာရှိတယ်လို့ ကျနော်ထင်ပါတယ်။ သူဟာ ကစားသမားတွေကို တစ်ဦးချင်း အကြံဉာဏ်တွေနဲ့ ဘယ်လိုတိုးတက်အောင် လုပ်ဆောင်ပေးရမလဲဆိုတာကို အများကြီး လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်”လို့ BoyleSports ကိုပြောခဲ့တာပါ။

ရွိုင်ကိန်းနဲ့ ဂျပ်စတမ်းတို့ဟာ ယူနိုက်တက်အသင်းမှာ ၁၉၉၈ ကနေ ၂၀၀၁ ခုနှစ်အထိ အသင်းဖော်တွေအဖြစ် အတူတွဲကစားခဲ့ကြတာ ဖြစ်ပါတယ်။

ရွိုင်ကိန်းဟာ ၂၀၀၆ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူပြီးနောက် ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ကာ နည်းပြလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။

ရွိုင်ကိန်းဟာ ဆန်းဒါးလန်းအသင်းကို ၂ ရာသီကြာ ကိုင်တွယ်ခဲ့ပြီးနောက် အစ်စဝှစ်ချ်အသင်းကိုလည်း ၂ ရာသီ ကြာ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ရွိုင်ကိန်းဟာ အိုင်ယာလန်၊ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့မှာလည်း လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ရွိုင်ကိန်းဟာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ဂျပ်စတမ်းကတော့ သူ့ရဲ့အသင်းဖော်ဟောင်း ရွိုင်ကိန်းကို နည်းပြလောကထဲ ပြန်လည်ဝင်ရောက်တာ မြင်ချင် နေပြီး သူဟာ ရွိုင်ကိန်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ချင်တယ်လို့ ပြောခဲ့တာပါ။

ဂျပ်စတမ်းဟာ PEC အသင်းမှာ ယာယီနည်းပြအဖြစ် နည်းပြဘဝကို စတင်ခဲ့ပြီး ရီးဒင်း၊ဖီယင်နုနဲ့ မေဂျာလိဂ် ကလပ် စင်စင်နာတီအသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိ ဂျပ်စတမ်းဟာ လက်ရှိအချိန်မှာတော့ ဒတ်ချ်အောက်တန်းကလပ်ဖြစ်တဲ့ ဒီအိုအက်စ်ကန်ပန်အသင်းကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ရွိုင်ကိန်းနဲ့ဂျပ်စတမ်းကိုတွေ့ရစဉ်

#centralnewsnaypyitaw

image

ဗန်းမော်မှာ တိုက်ပွဲ ပြန်လည် ပြင်းထန်

ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြန်လည် ပြင်းထန်နေကြောင်း ဒေသခံ‌ေတွဆီက သိရပါတယ်။

"ဗန်းမော် မနေ့က မနက်ကစ အပြင်းအထန် ပြန်ချနေကြတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်ကစပြီး ဗန်းမော် မြို့ထဲ Y12 နဲ့ လေယာဉ် ဗုံးကြဲနေတာ။" လို့ ဒေသခံ တ‌ေယာက်က ပြောပါတယ်။

ယမန်နေ့ ည ၇ နာရီ ၄၈ မိနစ် အထိလည်း ဗန်းမော်မြို့ထဲ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတာ ကြားရပြီး ဘယ်သူ့အိမ်တွေ ထိမှန်သလဲ ဆိုတာ တော့ မသိရဘူးလို့ ဆိုပါတယ်။

ဗန်းမော်မြို့ရဲ့မြစ် တဖက်ကမ်းကနေ မြို့ထဲ မီးခိုးတလူလူ မြင်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ မနက် ၆ နာရီ ခန့်မှာလည်း တံတားဦး လေတပ်မှ Yak - 130 Fighter Jet တစီးနဲ့ ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း လေကြောင်းရန် စောင့်ကြည့်နေတဲ့ National Air Scout (NAS) ဆိုတဲ့ လူမှုကွန်ယက် မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

"စကခ ၂၁ က နစက တပ်ဖွဲ့တွေတော့ ဆုတ် မလို ဆုတ်မလို ရှိနေတယ်။ ရိက္ခာ ခက်ခဲ သွားပြီ လို့ကြားတယ်။ တက္ကသိုလ် ကျောင်းဝင်းမှာတော့ အဆင်ပြေ နေ‌ကြတယ် လို့ကြားရတယ်" လို့ KIA အသိုင်း အဝိုင်းနဲ့ နီးစပ်သူ တယောက်က ဆိုပါတယ်။

KIA ဘက်ကလည်း ထိခိုက်မှုများတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

နစက နဲ့ နီးစပ် သူတယောက် ကလည်း ဗန်းမော် စကခ - ၂၁ ထဲက အရာရှိနဲ့ ဒဏ်ရာရသူတွေကို လေကြောင်းက ခေါ်ထုတ်သွားကြောင်း ပြောပါတယ်။

ဗန်းမော်မြို့ထဲ တချို့ နေရာတွေမှာ ဒရုန်း၊ လေကြာင်းတွေနဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က အကြိမ် ၄၀ ခန့် ဗုံးကြဲ တိုက်ခိုက်ခံရပြီး ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း လေကြောင်းနဲ့ ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်နဲ့ မံစီမြို့တွေကို KIA နဲ့ ပူးပေါင်း တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ကစ တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေရာ မံစီမြို့ရှိ နစက တပ်စခန်းတွေ အားလုံးကို ဇန်နဝါရီလ ၈ ရက် နေ့ မနက်မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

Photo Crd# ဒေသခံ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
Khine Su Zin shared a post  
41 w

41 w

တေးသံရှင် အဆိုတော် မာရဇ္ဇ ကွယ်လွန်
ဇန်နဝါရီလ ၂၃ ရက်နေ့ ညဦးပိုင်းတွင်ကွယ်လွန်သွားကြောင်းသိရပါတယ်။ ပရိသတ်ပါးစပ်ဖျားစွဲကျန်နေအောင် သီချင်းပေါင်းမြောက်များစွာကို သီဆိုနိုင်ခဲ့သူပါ။

#rip
#celenews

image