1 y - Translate

🌟 ခေါင်းစွပ်မီးအိမ် (Headlamp) 🌟
အမှောင်ထဲမှာ စိတ်ချရပြီး အဆင်ပြေစေမယ့် အကောင်းဆုံးရွေးချယ်စရာ!
✨ အဓိက အားသာချက်များ
✅ Adjustable Headband - ဦးခေါင်းအရွယ်အစားအလိုက် ညှိနှိုင်းအသုံးပြုနိုင်ပြီး စွပ်ရန်၊ ချွတ်ရန် အလွန်လွယ်ကူပါတယ်။
✅ 90 Degrees Illumination Angle - အလင်းထုတ်လွှတ်မှုကို 90 ဒီဂရီအထိ ညှိနှိုင်းနိုင်ပါတယ်။
✅ Red Indicator Light - ညဘက်လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းအတွက် သတိပေးမီးအဖြစ် အသုံးပြုနိုင်ပါတယ်။
✅ Suitable for Outdoor Activities - ခရီးသွားခြင်း၊ တောင်တက်ခြင်း၊ ငါးဖမ်းခြင်း၊ စက်ဘီးစီးခြင်း၊ စခန်းချခြင်း စတဲ့ အားကစားနှင့် အပြင်ထွက်လုပ်ငန်းတွေအတွက် အကောင်းဆုံးပါ။
🔋 ဘက်ထရီအကြောင်း
● Battery Model: 18650
● Current: 0.5A
● Voltage: 3.7V
● Power: 4W
● Capacity: 1200mAh
● USB Charger Cable ပါဝင်ပါတယ်။
💡 အသုံးပြုနည်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှု
1. ပထမအကြိမ်အသုံးမပြုမီ ဘက်ထရီကို အပြည့်အ၀ အားသွင်းပါ။
2. ဘက်ထရီအားနည်းနေပါက အသုံးမပြုပါနှင့်။
3. ဘက်ထရီကို ကြာရှည်ခံရန် အပူနှင့် စိုထိုင်းမှုမှ ဝေးရာတွင် သိမ်းဆည်းပါ။
4. ဘက်ထရီကို လစဉ်အနည်းဆုံး တစ်ကြိမ် အားသွင်းပါ။
📦 Package Includes
● 1x Headlamp
● 1x USB Charger Cable
အမှောင်ထဲမှာ စိတ်ချရပြီး အဆင်ပြေစေမယ့် ခေါင်းပေါင်းမီးအိမ်ကို အခုပဲ ဝယ်ယူအသုံးပြုလိုက်ပါ! 🛒
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/shop/zaycho

image
1 y - Translate

🌟 ခေါင်းစွပ်မီးအိမ် (Headlamp) 🌟
အမှောင်ထဲမှာ စိတ်ချရပြီး အဆင်ပြေစေမယ့် အကောင်းဆုံးရွေးချယ်စရာ!
✨ အဓိက အားသာချက်များ
✅ Adjustable Headband - ဦးခေါင်းအရွယ်အစားအလိုက် ညှိနှိုင်းအသုံးပြုနိုင်ပြီး စွပ်ရန်၊ ချွတ်ရန် အလွန်လွယ်ကူပါတယ်။
✅ 90 Degrees Illumination Angle - အလင်းထုတ်လွှတ်မှုကို 90 ဒီဂရီအထိ ညှိနှိုင်းနိုင်ပါတယ်။
✅ Red Indicator Light - ညဘက်လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းအတွက် သတိပေးမီးအဖြစ် အသုံးပြုနိုင်ပါတယ်။
✅ Suitable for Outdoor Activities - ခရီးသွားခြင်း၊ တောင်တက်ခြင်း၊ ငါးဖမ်းခြင်း၊ စက်ဘီးစီးခြင်း၊ စခန်းချခြင်း စတဲ့ အားကစားနှင့် အပြင်ထွက်လုပ်ငန်းတွေအတွက် အကောင်းဆုံးပါ။
🔋 ဘက်ထရီအကြောင်း
● Battery Model: 18650
● Current: 0.5A
● Voltage: 3.7V
● Power: 4W
● Capacity: 1200mAh
● USB Charger Cable ပါဝင်ပါတယ်။
💡 အသုံးပြုနည်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှု
1. ပထမအကြိမ်အသုံးမပြုမီ ဘက်ထရီကို အပြည့်အ၀ အားသွင်းပါ။
2. ဘက်ထရီအားနည်းနေပါက အသုံးမပြုပါနှင့်။
3. ဘက်ထရီကို ကြာရှည်ခံရန် အပူနှင့် စိုထိုင်းမှုမှ ဝေးရာတွင် သိမ်းဆည်းပါ။
4. ဘက်ထရီကို လစဉ်အနည်းဆုံး တစ်ကြိမ် အားသွင်းပါ။
📦 Package Includes
● 1x Headlamp
● 1x USB Charger Cable
အမှောင်ထဲမှာ စိတ်ချရပြီး အဆင်ပြေစေမယ့် ခေါင်းပေါင်းမီးအိမ်ကို အခုပဲ ဝယ်ယူအသုံးပြုလိုက်ပါ! 🛒
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/shop/zaycho

Shop online with Zaycho now! Visit Zaycho on Shop.
www.shop.com.mm

Shop online with Zaycho now! Visit Zaycho on Shop.

Zaycho Shop| MM
imageimage
+8

Someone : ခုတလော ဘယ်Barတွေ ရောက်ဖြစ်လဲ?
me :

image
1 y - Translate

နှလုံးကျန်းမာရေးအတွက် ဆန်မျိုးကွဲသစ် တရုတ် တီထွင်
-------------------------
စားသုံးသူတွေကို နှလုံးကျန်းမားရေးကောင်မွန်ပြီး အာဟာရဓာတ်အပြည့်အဝ ပေးဆောင်နိုင်မယ့် ဆန်မျိုးကွဲသစ် တစ်မျိုးကို တရုတ်သိပ္ပံပညာရှင်တွေက အောင်မြင်စွာတီထွင်ဖန်တီးနိုင်ခဲ့ကြောင်း China Daily သတင်းမှာ ရေးသားထားပါတယ်။
အဲဒီ ဆန်မျိုးကွဲသစ်ကနေ ကိုအင်ဇိုင်း CoQ10 (ကိုးလ်တန်း)ကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး CoQ10 ဆိုတာက ခန္ဓာ ကိုယ်ကနေ သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ကာ အထူးသဖြင့် နှလုံးကျန်းမာရေး အတွက် မရှိမဖြစ် လိုအပ်တဲ့အရာလို့ ဆိုပါတယ်။ ဆန်၊ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီး ဝလံတွေလို ကောက်ပဲသီးနှံ တွေမှာတော့ CoQ9 ကို အဓိကအားဖြင့် ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ သုတေသီ တွေရဲ့ လေ့လာမှုအရ Coq1 အင်ဇိုင်းရဲ့ အဓိက အမိုင်နိုအက်ဆစ်ငါးမျိုးကို ပြုပြင်ဖို့အတွက် မျိုးဗီဇကို အသုံးပြု ကာ CoQ10 ပေါင်းစပ်နိုင် စွမ်းရှိတဲ့ ဆန်မျိုးကွဲအသစ်တွေကို ဖန်တီးနေကြတာဖြစ်ပါတယ်။
လူတွေက ဒီ CoQ10 ဆန်ကို နေ့စဉ်စားရင် တစ်နေ့ကို CoQ10 ၁ မီလီဂရမ်လောက် ဖြည့်တင်းပေးနိုင်ပါတယ်။ အသားကတော့ တစ်နေ့ကို CoQ10 ၂ ကနေ ၃ မီလီဂရမ်လောက် ဖြည့်တင်းပေးနိုင်တာပါ။ ဒါကြောင့် အခု အသစ် တီထွင်ထားတဲ့ ဆန်မှာ CoQ10 ပါဝင်မှုက နေ့စဉ်အစားအစာအတွက် ထိရောက်တဲ့ အာဟာရဖြည့်စွက်စာအဖြစ် စွမ်းဆောင်ပေးနိုင်တာကို တွေ့ရပါတယ်။ စပါးမျိုးစိတ်သစ်တွေ ဖန်တီးတဲ့ အောင်မြင်မှုက CoQ10 လို တခြား ဇီဝဗေဒဆိုင်ရာ သုတေသနပြုမှုဆိုင်ရာ ချဉ်းကပ်မှုကိုလည်း ပံ့ပိုးပေးနိုင်တာတွေ့ရတယ်လို့ သုတေသီတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

image

ဆာလက်ဟာ ရွန်းနီရဲ့စံချိန်အတိုင်း ပရီးမီးယားလိဂ်မှာသွင်းဂိုး ၁၀၀ ကျော်အိမ်ကွင်းသွင်းဂိုးရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာသမိုင်းကြောင်းစာမျက်နှာသစ်ဆက်လက်တည်ဆောက်နိုင်ခဲ့ပြီး သူ့အနေနဲ့လီဗာပူးလ်အသင်းကပြီးခဲ့တဲ့အပတ်တုန်းက ၀ုဗ်ဗာဟမ်တန်အသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာအသင်းအတွက်ကူညီပြီးဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အဆိုပါသွင်းဂိုးကြောင့်ဆာလက်အနေနဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက်အန်ဖီးလ်ကွင်းမှာသွင်းဂိုး ၁၀၁ ဂိုးသွင်းယူပြည့်မြောက်ခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ၁၀၁ဂိုးသွင်းယူနိုင်ခဲ့ဖူးခဲ့တဲ့ဝိန်းရွန်းနီရဲ့စံချိန်နဲ့တူညီသွားခဲ့ကာ ပရီးမီးယားလိဂ်သမိုင်းကြောင်းတလျှောက်ကလပ်အသင်းတသင်းတည်းမှာဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့ကစားသမားတယောက်လည်းဖြစ်လာခဲ့ပါတယ်။

ကလပ်အသင်းတသင်းတည်းမှာ ဆာလက်ပိုပြီးဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့ကစားသမား ၂ ဦးသာရှိပြီး အာဆင်နယ်အသင်းရဲ့ကွင်းဟောင်းဖြစ်တဲ့ဟိုင်ဘူရီကွင်းမှာ ၁၁၄ ဂိုးသွင်းခဲ့တဲ့ သီယာရီအွန်နရီနဲ့ အီတီဟတ်ကွင်းမှာ ၁၀၆ ဂိုးသွင်းယူခဲ့တဲ့ဆာဂျီယိုအဂူရိုတို့ဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image

ထမင်းဆိုင်လေးဖွင့်ထားတယ်
ဘယ်လမ်းလဲဆိုတော့ မဆုံသောလမ်း
ထမင်းလဲရပါတယ် ဘာဆန်လဲဆိုတော့ သူစိမ်းဆန်ပါ အရည်လဲရတယ် ဘာအရည်လဲဆို မျ၊က်ရည်

image

စစ်တပ်နှင့် TNLA သဘောတူညီမှု မရဘဲ ဆွေးနွေးပွဲပြီးဆုံး

ဖေဖော်ဝါရီ ၁၉

မြန်မာ့တပ်မတော်မှ ကစထ(၁)မှူး ဒုဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNL A)တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

TNLA နှင့် မြန်မာ့တပ်မတော်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်ထိ နှစ်ရက် ဆွေးနွေးခဲ့ ကြသော်လည်း သဘောတူညီမှု မရဘဲ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

TNLA က “နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု ခက်ခဲသည့် အခြေအနေရှိသောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ပါသည်”ဟု ပြော သည်။

TNLA သည် ကူမင်းမြို့ ဆွေးနွေးပွဲမှာ အချက် ၃ ချက်ကို တောင်းဆိုခဲ့သည်။

ထိုအချက်များမှာ (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ (၂) နှစ်ဖက် စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ် ဗုံးကြဲချခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ (၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူ များ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် တို့ဖြစ်သည်။

လက်ရှိတွင် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်ခမ်း နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းတို့ကို ၁၀၂၇ စစ်ဆင်ရေး အတွင်းမှာ ထိန်းချုပ်ထားသည်။

#centralnewsnaypyitaw

image

တက္ကသိုလ်ဝင် စာမေးပွဲလျှာက်လွှာ မဖြေခင်တရက်အလိုထိ လက်ခံမှာဖြစ်ပြီး စာရင်းသွင်းသူ အရင်နှစ်ထက် ပိုများ

ဖေဖော်ဝါရီ ၁၉

မကြာမီကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူ ၂ သိန်းကျော်အထိရှိပြီး ဖြေဆိုခွင့်လျှောက်လွှာတွေကိုတော့ စာမေးပွဲမဖြေခင်တရက်အလိုအထိ လက်ခံပေးသွားမယ်လို့မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကသိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်စေ ရေးအတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှုကို စာမေးပွဲ မကျင်းပမီ တရက်အလို မတ်လ ၁၆ ရက်နေ့အ ထိ လက်ခံပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။

" မနက်ဖြန်ဖြေမယ်ဆိုရင် ဒီနေ့ညနေ ၄ နာရီအထိ ဖြေဆိုခွင့်လျှောက်လွှာကို လက်ခံပေးမှာပါ။အဓိက စာမေးပွဲဖြေဆိုဖို့ကြိုးစားနေတဲ့ကျောင်းသူကျောင်းသားအားလုံး နောက်ဆုံးရက်အထိကြိုးစားလို့ရအောင်ပါ။ခုနှစ် စာမေးပွဲဖြေဖို့လျှောက်လွှာတင်တာများတယ်။မနှစ်ကထက်ပိုတယ်။စနစ်သစ်နဲ့ဖြေတာ ဒီနှစ်နဲ့ဆိုနှစ်နှစ်ရှိပြီပေါ့။မနှစ်ကထက်တော့ မေးခွန်းတွေလေ့လာလို့ရတယ်ဆိုတော့ပြင်ဆင်ချိန်ကောင်းကောင်းရပါတယ်။" လို့ အထက်တန်းပြကျောင်းဆရာမတယောက်ကပြောပါတယ်။

ဒါအပြင် အကြောင်းကြောင်းကြောင့် နေရပ်စွန့်ခွာပြီး ပြောင်းရွှေ့နေထိုင်ကြသူတွေအနေနဲ့လည်း မူလစာရင်းသွင်းထားတဲ့ စာစစ်ဌာနတွေမှာ မဖြေဆိုနိုင်ပါက ရောက်ရှိနေထိုင်ရာဒေသရှိ သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးတွေနဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကို ဆက်သွယ်ပြီး စာရင်းသွင်းကာစာမေးပွဲဖြေဆိုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်ထိ ကျင်းပမှာဖြစ်ပြီး ပိတ်ရက်မရှိ ဆက်တိုက်ကျင်းပမှာဖြစ်ပါတယ်။

ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသား ကျောင်းသူ ၂၂၀၀၀၀ ကျော်ရှိကြောင်း ၊တနိုင်ငံလုံးမှာ နယ်မြေအေးချမ်းတဲ့နေရာတိုင်း အပါအဝင် စာစစ်ဌာန ၈၀၀ ကျော်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတုန်းက စာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းခဲ့တဲ့ကျောင်းသားကျောင်းသူ ၁၄၅၂၀၀ ခန့် ရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုခဲ့သူ ၁၂၀၀၀၀ ကျော်သာရှိခဲ့တာကြောင့် ခုနှစ်မှာ ဖြေဆိုဖို့စာရင်းပေးသွင်းသူ ၈၀၀၀၀ လောက်မြင့်တက်လာပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသတွင်းလက်နက်ကိုင်တွေသိမ်းပိုက်ထားတဲ့ ဒေသတွေမှာတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ စာစစ်ဌာနဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

Photo - CJ

#သတင်းဟင်းလေးအိုးကြီး

image

ခရမ်းချဥ်သီးပန်ထွေဖျော်နည်း
######################

ပါ၀င်ပစ္စည်းများ
*****************
- ခရမ်းချဥ်သီး
- ပုဇွန်ခြောက်မှုန့်
- နံနံပင်
- ကြက်သွန်မြိတ်
- ငရုတ်သီးမှုန့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငံပြာရည်
- ဆီ
- ဆား

ပြုလုပ်နည်း
____________

- ခရမ်းချဥ်သီးကို ရေစင်အောင်ဆေးပြီး ဆား ဒါမှမဟုတ် ငံပြာရည် နဲနဲထည့်ပြီး နူးအောင်ပြုတ်ပါ။
- မီးသွေးမီး ဒါမှမဟုတ် ထင်းမီးနဲ့လည်း မီးဖုတ်လို့ရပါတယ်။
- ကြက်သွန်ဖြူ ပုဇွန်ခြောက် ကို ခရမ်းချဥ်သီးနဲ့ ရောထောင်းပါ။
- ညက်ရင် ပန်းကန်ထဲ ထည့်ပြီး ဆီထည့်ပါ။
- ပြီးရင် ကြက်သွန်နီ နံနံပင် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးပြီး ထည့်ပါ။
- ငရုတ်သီး မှုန့် ထည့်ပါ။
- သက်သတ်လွတ် ချင်ရင် ပုဇွန်ခြောက် ငံပြာရည် တို့မထည့်ပဲ သုံးဆောင်နိုင်ပါတယ်။

image

မိဘတွေခွင့်ပြုတဲ့အချိန်မှ ရည်းဇားထားရသောအခါ :

image