52 ပတ် - ဘာသာပြန်ပါ။

အီဂျစ်ပိရမစ်တွေနဲ့ ခေတ်ပြိုင် ပီရူးက မြို့ဟောင်း
ပီရူးနိုင်ငံက Caral-Supe ဟာ တောင်အမေရိကတိုက်မှာ ယနေ့အထိ တွေ့ရှိထားတဲ့ ရှေးအကျဆုံး လှု့ယဉ်ကျေးမှုနယ်မြေလည်း ဖြစ်ပါတယ်။။
ပီရူးနိုင်ငံ၊ လီမာမြို့ရဲ့ မြောက်ဘက် ၂၀၀ ကီလိုမီတာအကွာ ၊ Supe မြစ်ဝှမ်း နယ်မြေမှာ တည်ရှိနေပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ဒီမြို့ဟာ ဘီစီ ၂၆၀၀ ကနေ ၂၀၀၀ ခန့်အထိ (လွန်ခဲ့တဲ့နှစ်ပေါင်း ၄၆၀၀ နဲ့ ၄၀၀၀ ခန့်အထိ) အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့တယ် လို့သိရပါတယ်။
အီဂျစ်ပိရမစ်တွေ တည်ဆောက်နေတဲ့ အချိန်နဲ့ တူညီတဲ့ကာလမှာ ဒီမြို့တော် ထွန်းကားခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။
Caral-Supe မှာ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃၀၀၀ ခန့် နေထိုင်ခဲ့ကြပြီး၊ မြို့တော်ရဲ့ အကျယ်အဝန်းက ၆၆ ဟက်တာ (၁၆၃ ဧက) ရှိပါတယ်။
အဓိက အဆောက်အအုံတွေအနေနဲ့ ပေရမစ်ပုံစံ ဘုရားကျောင်းကြီးများ၊ လူနေအိမ်ခြံမြေများ၊ ပွဲတော်ကျင်းပရာ ကွင်းပြင်ကြီးများနဲ့ မြေအောက်ရေသွယ် စနစ်တွေ ပါဝင်ပါတယ်။ ဒီအဆောက်အအုံတွေဟာ သူတို့ရဲ့ အဆင့်မြင့်တဲ့ ဗိသုကာပညာကို ပြသနေပါတယ်။
Caral-Supe ရဲ့ စီးပွားရေးဟာ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးပေါ်မှာ အဓိက မူတည်နေပါတယ်။ သူတို့ဟာ ဂွံ၊ ပဲ၊ ငရုတ်၊ ဖရုံသီး စတဲ့ သီးနှံများကို စိုက်ပျိုးခဲ့ကြပြီး၊ ပင်လယ်ငါးဖမ်းလုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့ကြပါတယ်။ ဝါဂွမ်းထုတ်လုပ်ခြင်းနဲ့ ရေသွင်းစိုက်ပျိုးရေးစနစ်တွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။
ဒီမြို့တော်မှာ ထူးခြားတဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ရာတွေကိုလည်း တွေ့ရှိရပါတယ်။ ခရုပုံပြုလုပ်ထားတဲ့ မှုတ်တူရိယာများ၊ ရှုပ်ထွေးတဲ့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ အဆင့်မြင့် သင်္ချာနဲ့ နက္ခတ္တဗေဒ တွေသုံးခဲ့တာကို တွေ့ရှိရပါတယ်။
သူတို့တွေဟာ တိုက်တာခိုက်တာတွေကို မနှစ်သက်တဲ့ ဉာဏ်ပညာမြင့်မားပြီး အေးအေးဆေးဆေးနေလို့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ UNESCO က Caral-Supe ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
ဒီနေရာဟာ အမေရိကတိုက်ရဲ့ အရှေးဆုံး ယဉ်ကျေးမှုဗဟိုတစ်ခုဖြစ်သလို၊ ကမ္ဘာ့အရှေးဆုံး မြို့တော်တွေထဲက တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ယနေ့အချိန်ထိ ဒီနယ်မြေမှာ သုတေသနတွေ ဆက်လက်လုပ်ဆောင်နေပြီး Caral-Supe ရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုတွေကို ပိုမိုနားလည်စေဖို့ အထောက်အကူ ပြုနေပါတယ်။

image
52 ပတ် - ဘာသာပြန်ပါ။

လကမ္ဘာပေါ်ကို ပထမဆုံး ဆင်းသက်ခဲ့တဲ့ Apollo 11 ယာဉ်အကြောင်းကို အခြေခံထားတဲ့ ကာတွန်းကားလေး

Apollo.10.1 and 2 A Space Age Childhood ( 2022 )

ဒီကားထဲမှာတော့ ဟူစတန် နာဆာအနီးမှာနေတဲ့ စတန်လေဆိုတဲ့ကလေးတစ်ယောက်အကြောင်းပါ ။

သူ့ရဲ့သိပ္ပံအစီရင်ခံစာကြောင့် နာဆာမှာတာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတစ်ရပ်ရလာခဲ့တယ် ။

လဆင်းယာဉ်ကို စမ်းသပ်ရာမှာ လျှိဝှက်ပါဝင်ခဲ့ပြီး မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်းတွေကအစ ဘယ်သူ့ကိုမှသိခွင့်မပေးခဲ့ပါဘူး ။

နောက်ပိုင်းကတော့ သူ့ရဲ့ကျောင်းသားဘဝနဲ့ နာဆာမှာ သူ့ရဲ့မစ်ရှင်တွေကို နောက်ခံစကားပြောနဲ့ ဆက်ပြောသွားမှာပါ…

ဒီကားထဲမှာ 90’s တုန်းကလူနေမှုပုံစံတွေ အများကြီးကြည့်ရှုခံစားရမှာပါ..။

ဒါ့အပြင် လကမ္ဘာကို ခြေချဖိုဆုံးဖြတ်ခဲ့တဲ့ သမ္မတဂျွန်အက်ဖ်ကနေဒီရဲ့ မိန့်ခွန်းအစစ်လည်းထည့်ထားပါသေးတယ် ။

ကြည့်ရန်နှိပ်ပါ

https://t.me/relaxmovie1/734

🎬Main channel

t.me/addlist/43SAvNGGjGExNWVl

image
52 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
52 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
52 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
52 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
52 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
52 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
52 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
52 ပတ် - ဘာသာပြန်ပါ။

#tattooideas

image