40 w - Translate

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်တို့ တွေ့ ဆုံစဉ် သဘောတူညီခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ (၉) ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရာတွင် အာဆီယံ-တရုတ် စင်တာအနေဖြင့် ဦးစားပေး နယ်ပယ်များဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ် နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍများအောက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များအပေါ် ဆွေးနွေးပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက အာဆီယံ-တရုတ်စင်တာ၏ ပံ့ပိုးမှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်ငယ်များအား တရုတ်ဘာသာစကားသင်တန်းကို အွန်လိုင်းမှ တဆင့်ဖွင့်လှစ်သင်ကြားပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အခြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

တွေ့ဆုံမှုအတွင်း ဒုတိယဝန်ကြီးနှင့် အတွင်းရေးမှူးချုပ်တို့သည် အာဆီယံ - တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှတစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံပြည်သူလူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

image
40 w - Translate

"မက်ဆီရှိနေရင် ခရစ္စတီယာနိုဆိုတာ အလကားပဲ"

Ilia Topuria က ရီးရဲမက်ဒရစ်ပရိသတ်ဆိုပေမယ့် Cristiano Ronaldo ကို မကြိုက်ပါဘူး။ ကစားဟန်မကြိုက်တာထက် ပုဂ္ဂိုလ်ရေးကြည့်မရဘူးလို့ ရေးတာက ပိုမှန်မယ်။ Cristiano Ronaldo ရဲ့ အဓိကပြိုင်ဘက် Lionel Messi ကိုပဲ သဘောကျတာပါ။ Ilia Topuria နဲ့ Cristiano Ronaldo တို့က တစောင်းစေးနဲ့ မျက်ချေးဆိုသလို သဘာဝမတူကြဘဲ သူတို့ချင်းက ကြုံသလို ဖဲ့နေကြတာပါ။

ခရီးသွားလမ်းကြုံဆိုသလို Ilia Topuria က Cristiano Ronaldo ကို ထိပါးဖူးပါတယ်။ Cristiano Ronaldo ကလည်း Ilia Topuria ကို လေအိုးလေးလို့ ပြန်ပြောတယ်။ သူတို့ချင်းက အခုမှဖြစ်တာတော့ မဟုတ်ဘူး။ စကားစစ်ထိုးနေတာ ကြာလှပါပြီ။ အခုလည်း Ilia Topuria က ဆော်လိုက်ပြန်ပြီ။

"ကျွန်တော့်ကို လေအိုးလေးလို့ ပြောထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်လိုက်ရတယ်လေ။ ခရစ္စတီယာနိုရေ . . . တစ်ခုတော့ ပြောချင်တယ်။ UFC Miami ပြိုင်ပွဲမှာ ကျွန်တော်ဖိတ်ကြားမယ့် တစ်ဦးတည်းသော ဘောလုံးသမားက မက်ဆီပါပဲ။ မက်ဆီလည်း မိုင်ယာမီမြို့မှာ နေတာပဲ။ ကျွန်တော်က ချားလ်အိုလီဗဲရားကို ကစားမှာပါ။ မက်ဆီရှိနေရင် ခရစ္စတီယာနိုဆိုတာ အလကားပဲ"

Ilia Topuria က LM10 ဖန်ဆိုတော့ CR7 ကို ကြုံသလိုဖဲ့တာပါ။ ကျွန်တော်တို့မျိုးဆက်မှာ ဘာကိုဂုဏ်ယူမိသလဲဆိုရင် Cristiano Ronaldo နဲ့ Lionel Messi တို့ရဲ့ အကောင်းဆုံးအချိန်ကို ကြည့်ခွင့်ရလိုက်တာပဲ။ ဒါမျိုးအခွင့်အရေးက ဆောင်ကြာမြိုင်မှာ အပျိုစစ်စစ်ရှာရတာထက်ကို ပိုခက်ခဲတယ်။ နောက်မျိုးဆက်တွေကို ကြွယ်လို့ရပါတယ်။

ကျွန်တော်က ဖျော်ဖြေရေးဆန်တဲ့ Cristiano Ronaldo ကို ပိုကြိုက်ပါတယ်။ ကြိုက်တာ၊ မကြိုက်တာက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါ့ပဲ။ အမှန်တရားဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ Lionel Messi လည်း ကောင်းတာပါပဲ။ ဒီလောက်တောင် လုပ်ပြထားတာ ဆရာကြီးနှစ်ပါးက ဘောလုံးသမိုင်းမှာ အကောင်းတကာ အကောင်းဆုံးဆိတ်တွေပါပဲ။ ကျွန်တော့်ပုဂ္ဂိုလ်ရေးအမြင်မပါဘဲ စွမ်းဆောင်ရည်အတိုင်းပြောရရင် အာဂျင်တီးနားဆိတ်ကြီး Lionel Messi က ပေါ်တူဂီဆိတ် Cristiano Ronaldo ထက် အကောင်ပိုကြီးပါတယ်။ အားလုံးလည်း ဆွေးနွေးပေးပါဦး။ စာဖတ်သူတွေ ဘေးကင်းပါစေ။

image
40 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။နိုင်ငံမှထွက်​ပြေးလာ​သောဆီးရီးယားသမ္မတအာဆတ်သည်ရုရှားနိုင်ငံတွင်နိုင်ငံ​ရေးခိုလှုခွင့်ရရှိသည်။

၂။အစ္စ​ရေးကသူ့နိုင်ငံလုံခြုံ​ရေးအတွက်ဆီးရီးယားနိုင်ငံအတွင်းအစ္စ​ရေးတပ်များ​ခေတ္တတပ်စွဲထားမည်ဟု​နိုင်ငံခြား​ရေးဝန်ကြီးက​ကြေညာသည်။

၃။​တောင်ကိုးရီယားသမ္မတကိုနိုင်ငံအတွင်းမှပြည်ပသိုထွက်ခွင့်ပိတ်လိုက်သည်။

၄။အိန္ဒိယသည်ရုရှားထံမှ​​ဒေါ်လာ၄ဘီလီယံတန်ဘိုးရှိတာ​ဝေးဖမ်း​ရေဒါများဝယ်ရန်စာချုပ်လိုက်သည်။

၅။​မော်စကိုရှိဆီးရီးယားသံရုံးသည်အတိုက်အခံတို၏အလံကို​ပြောင်းလဲလွှင့်ထူလိုက်သည်။

NOM

စည်ကားနေတဲ့ စမ်းချောင်းကျွန်းတောပွဲစျေး

ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်ကျွန်းတောလမ်းမ ပွဲတော်စျေး အထူးစည်ကားလျှက်ရှိပြီး ဒေသခံများရဲ့လက်လုပ်မြန်မာမုန့်၊မြန်မာ့ရိုးရာအစားအစာများ၊အသုတ်စုံ၊အကြော်၊ရေမုန့်နှင့်ချား၊ရဟတ်၊ဆိုင်များ စုံလင်လျှက် အထူးစည်ကားလျှက်ရှိပါတယ်။

#centralnewsnaypyitaw

imageimage
+8
40 w - Translate

NEWS : မန်ချက်စတာစီးတီးအသင်းသည် လေဗာကူဆင်အသင်းရဲ့ အရည်အသွေးမြင့် ဂျာမနီကွင်းလယ်လူ ဖလော်ရန်ဝဇ်ကို ခေါ်ယူရန်အတွက် အသင်းကစားသမားတွေဖြစ်တဲ့ အော်စကာဘော့ နဲ့ မက်အာတီတို့အား ထည့်သွင်းကမ်းလှမ်းသွားဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

image
40 w - Translate

အဖိုးကပြောဖူးတယ်
တစ်ယောက်ယောက်က
ကိုယ့်ကိုထားခဲ့တာမျိုးခံရရင်
ဘယ်တော့မှ ပြေးမလိုက်ရဘူး
စွန့်ပစ်ခဲ့တယ်ဆိုတာ မလိုအပ်လို့တဲ့ "

image

#အမဲသားလက်ဖက်ဟင်း

အသားဟင်းတွေချည်း ချက်စားရတာ ရိုးအီသွားသူများအတွက် ပုံစံတစ်မျိုးနဲ့ ချက်စားလို့ရအောင်လို့ အမဲသား လက်ဖက်ဟင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ အမဲသား၊ ကြက်သွန်နီ၊ ကြက်သွန်ကြော်၊ ဒိန်ချဉ်၊ ချင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ လက်ဖက်စိမ်း၊ နံနံပင် တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး အမဲအသားကို လိုသလိုလှီးဖြတ်၍ ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ကြော်၊ ဒိန်ချဉ်၊ ချင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်၍ သမအောင်မွှေပေးပြီး အရသာဝင်အောင် ၁၅ မိနစ်ခန့် နှပ်ထားပါ။

ပြီးနောက် အိုးထဲ ဆီထည့်ပြီး အပူပေးကာ ကြက်သွန်နီကို အရောင်သန်းရုံ ကြော်ပါ။ ပြီးလျှင် နှပ်ထားတဲ့အသားကို ထည့်ကြော်ပါ။ အသားမှ ထွက်လာသော အရည်များခန်းသည်အထိ ကြော်ပါ။

ပြီးနောက် ရေအနည်းငယ်စီထည့်ပြီး အသားနူးသည်အထိ မီးအနည်းငယ်ဖြင့် တည်ပါ။ မကြာခဏ မွှေပေးပါ။

အသားနူးလာပါက လက်ဖက်စိမ်းကို ရေဆေး၍ ရေစင်အောင်ညှစ်ပြီး ထည့်ကာ ဆီပြန်လာသည်အထိ တည်ထားပါ။

နောက်ဆုံးတွင် အသားနှင့်လက်ဖက် နူးအိပြီး ဆီပြန်လာပါက အရသာအပေါ့အငန်မြည်း၍ နံနံပင်အုပ်ကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

image
40 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၁၀-၁၂-၂၀၂၄)

ဒီနေ့မှာလည်း အပြောင်းအလဲမရှိ ငြိမ်သက်နေဆဲပါပဲ…

image
40 w - Translate

လူသာအရောက်နည်းတဲ့နေရာ
“ရှိန်းမကား”

ရှိန်းမကားဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွာကြီးတစ်ရွာပါ။ မန္တလေးကနေ ၄၂မိုင်၊ စစ်ကိုင်းကနေ ၂၆မိုင်၊ ရွှေဘိုကနေ ၃၆မိုင် အကွာမှာရှိပါတယ်။

ရှိန်းမကားကို ကားလမ်းတင်မက ရေလမ်းအသုံးပြုပြီးလည်း လာလို့ရသေးတယ် ရှိန်းမကားက ရာဇဝင်နဲ့ရှိခဲ့တဲ့နေရာ

image
40 w - Translate

လူသာအရောက်နည်းတဲ့နေရာ
“ရှိန်းမကား”

ရှိန်းမကားဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွာကြီးတစ်ရွာပါ။ မန္တလေးကနေ ၄၂မိုင်၊ စစ်ကိုင်းကနေ ၂၆မိုင်၊ ရွှေဘိုကနေ ၃၆မိုင် အကွာမှာရှိပါတယ်။

ရှိန်းမကားကို ကားလမ်းတင်မက ရေလမ်းအသုံးပြုပြီးလည်း လာလို့ရသေးတယ် ရှိန်းမကားက ရာဇဝင်နဲ့ရှိခဲ့တဲ့နေရာ

image