52 w - Translate

ဘဝကို အရှုံးမပေးနဲ့...
============
ဖြစ်ချင်တာမဖြစ် ၊မဖြစ်ချင်တာ ဖြစ်နေပေမယ့်လည်း စိတ်ဓာတ်မကျပါနဲ့...
နေတတ်ရင် ကျေနပ်စရာကြီးပါ...။
ငိုတခါရီတလှည့် ဘာမှမမြဲ့တဲ့ ဘဝ အခိုက်အတန့်မှာ ပျော်ပျော်သာနေလိုက်ပါ....
ငါ့ဘဝက အဖြစ်ဆိုးလိုက်တာလို့လည်း ငြီးတွားမနေပါနဲ့...
ကမ္ဘာကြီးရဲ့ အခြားတစ်နေရာမှာ ကိုယ့်ထက် အဖြစ်ဆိုးနေသူတွေ ဒုနဲ့ဒေးပါ...။
အထီးကျန်လိုက်တာလို့လည်း အားမငယ်လိုက်ပါနဲ့...
ကိုယ့်အနားဘယ်သူမှ မရှိလည်း ချစ်ခြင်းမေတ္တာတရားကို အဖော်ပြုနေထိုင်ပါ...
အဆင်မပြေတာ တွေများလွန်းလို့လည်း ငိုင်တွေမနေပါနဲ့...
ဘဝဆိုတာ ကိုယ်ဖြစ်ချင်ခိုင်းအတိုင်း ဖြစ်လို့မှ မရတာ...။
ဘဝကို ဘယ်တော့မှအရှုံးမပေးနဲ့...
ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာပါ....။
ဤပိုစ့်လေးကိုဖတ်ပြီး စိတ်ခွန်အားတစုံတရာရရှိနိုင်ကြပါစေ...။

image
52 w - Translate

နာမည်ကြီးမင်းသမီး Ruth Wilson ပါဝင်သရုပ်ဆောင်ထားပြီးတော့ IMDB Rating 5.8 နဲ့ Rotten Tomato 75% ရရှိထားပါတယ်။
Heavy Drama ဇာတ်ကားတစ်ပုဒ်ဖြစ်လို ဇာတ်ကားကိုအေးအေးဆေးဆေးနဲ့ ခံစားပြီးကြည့်တတ်တဲ့သူတွေ အတွက်ပဲအဆင်ပြေပါလိမ့်မယ်။

ဇာတ်လမ်း အကျဉ်းကတော့ ၁၅ နှစ်ကြာ အိမ်ကနေ စိတ်နာစရာဇာတ်လမ်းတွေကြောင့်ထွက်သွားခဲ့တဲ့ Alice တစ်ယောက် ဖခင်ဆုံးပါးခဲ့ချိန်မှာ စိတ်လေးလံစွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။
သူရဲ့မောင်ဖြစ်သူ Joe နဲ့ ဆက်ဆံရေးကိုပြန်တည်ဆောက်နေချိန်မှာ အတိတ်ကနာကျင်စရာများကိုပြန်အမှတ်ရပြီးခံစားရတာတွေ ဒီလယ်ကိုဘယ်သူအမွေဆက်ခံသင့်မဆက်ခံသင့်အငြင်းပွားကြ ပြီးတော့ သူတို အဆင်ပြေသွားကြပါမလား။
အတိတ်ကအရိပ်ဆိုးတွေကရောရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။

image
52 w - Translate

အားလွန်းရင် ပျက်စီးတတ်တယ်
နားနားနေနေ ရှိပါစေဆိုပေမဲ့
အားလွန်းရင်တော့ ပျက်စီးတတ်တယ်။
နားနေလွန်းရင် ဒုက္ခဖြစ်တတ်တယ်။
လူရဲ့ သဘောသဘာဝအရ
အားရင်း...အားရင်းနဲ့
တွန်းအား ကင်းမဲ့သွားပါတယ်။
အကျင့်ဆိုးတွေ စွဲကပ်လာတယ်။
ဖုန်းပွတ်တယ်။ ဂိမ်းပစ်တယ်။
facebook မှာ ရှောက်ဖွတယ်။
ဆိုင်တာမဆိုင်တာ ဝင်ဆဲလိုက်သေးတယ်။
အပျင်းထူလာတယ်၊ စားချိန်သောက်ချိန်ပျက်လာတယ်။
တိုးတက်မှု မရှာဖွေချင်တော့ဘူး၊
သာမာန်နေထိုင်မှုဘဝ၊ ဖျက်ဆီးပစ်လိုက်တယ်။
စိမ်ကျကျနေထိုင်တယ်။ နားနားနေနေရှိတယ်။
အချိန်ပိုတွေ များတယ်။ လုပ်စရာမယ်မယ်ရရ မရှိဘူး၊
အမြဲတမ်းအားနေတတ်တယ်။
တောင်တွေးမြောက်တွေး တွေးတယ်။
တွေးရင်းတွေးရင်းနဲ့ စိမ်မချမ်းသာတော့ဘူး၊
စိတ်လုပ်ရှားခံစားမှုတွေ များလာတယ်။
မကျေမချမ်းတွေ ဖြစ်လာတယ်။
လူဆိုတာ..အားလွန်းနေရင်
ပြဿနာမရှိရင် ပြဿနာရှာတယ်။
စကားပြောဖော်ရှာချင်လာတယ်။
တောင်ပြောမြောက်ပြော ပြောလာတယ်။
သူများအကြောင်း၊ ကိုယ့်အကြောင်း၊
ကောင်းတာတွေ၊ မကောင်းတာတွေ၊
ပြောရင်းပြောရင်းနဲ့ ခံစားမှုတွေ ဝင်လာတယ်။
အမြင်တွေ ပြောင်းလာတယ်။
သဘောထားငယ်လာတယ်။ အမြင်ကျဉ်းလာတယ်။
တစ်ဖြည်းဖြည်းချင်း၊ လူတွေနဲ့ ဝေးလာတယ်။
တိုးတက်ချင်စိတ် ပျောက်ဆုံးသွားတယ်။
စဉ်းစားဉာဏ်တွေ ထိုင်းမိုင်းသွားတယ်။
ထိုးဖေါက်ချင်စိတ် ကင်းဝေးသွားတယ်။
စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ လုံးဝမရင်ဆိုင်ချင်တော့ဘူး၊
တဖြည်းဖြည်းနဲ့ အပယ်ခံဘဝ ဖြစ်သွားတယ်။
ဒါကြောင့်မို့လို့
လူရယ်လို့ ဖြစ်လာရင်၊ နားနားနေနေ သိပ်မနေရဘူး၊
ပြင်ပလောကမှာ ဒုက္ခကြုံရင်ကြုံပါစေ၊
အိမ်တွင်းအောင်းပြီး ခံစားချက်များနေတာမျိုး မဖြစ်ပါစေနှဲ့၊
အပြင်မှာ ပင်ပမ်းပြီး သေရင်သေပါစေ၊
အိမ်မှာ ပျင်းရိပြီး သေတာမျိုး မဖြစ်စေပါနှဲ့၊
ယော့က်ျားဖြစ်ရင် ကိုယ့်တာဝန် ကိုယ်ယူရဲရမယ်။
မိန်းမဖြစ်ရင်၊ ကိုယ့်ကိုယ်ကို အားကိုးနိုင်အောင် ကြိုးစားနိုင်ရမယ်။
ယော့က်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊
အားလွန်းတာမျိုး မဖြစ်သင့်ဘူး၊
ဘဝကို ကြိုးစားရင်းနဲ့ပဲ ခရီးသွားချင်တယ်။
အကျိုးပြုတာ တစ်ခုခုလုပ်ပြီး အနှစ်သာရ ပြည့်ဝချင်တယ်။
အားလုံး အောင်မြင်ပျော်ရွှင်နိုင်ပါစေ။
#credit_to_original_writer

image
52 w - Translate

မွန်းစတားဘဝကို ဖုံးကွယ်ဖို ဆေး‌တွေသောက်နေရတဲ့ ကောင်လေးဟာ တစ်ရက်မှာ ဆေးသောက်ဖိုမေ့ပြီး လူကြားထဲမှာ မွန်းစတားပုံစံ ပြောင်းသွားသောအခါ.....

Monster  Island ( 2017 )

ဆယ်ကျော်သက်အရွယ်လူငယ်လေး လူးကပ်စ်ဟာ သူ့အဖေပြောတဲ့ မျိုးရိုးလိုက်တဲ့ရင်ကြပ်ရောဂါကြောင့် ရှူဆေးဆောင်ထားရသူပါ။

ရောဂါကြောင့်သွားချင်တဲ့နေရာတွေလည်း သွားခွင့်မရပါဘူး။ဒါပေမယ့် သူ့အဖေမသိအောင် ပါတီပွဲကိုခိုးသွားပြီး ရှူဆေးဘူးယူဖိုမေ့နေခဲ့ပါတယ်။

အဲ့အချိန်မှာပဲ အတန်းသားအားလုံးရှေ့မှာ ရုတ်တရက် မွန်းစတားအဖြစ်ပြောင်းသွားပါတော့တယ်။

ဒီနောက်တော့ သူ့ဘဝဘာတွေပြောင်းလဲသွားမလဲသူမသိခဲ့တဲ့သူ့မွေးရပ်မှာဘာတွေဖြစ်ခဲ့တာလဲ ၊

သူ့အမေကရော ဘယ်လိုအဖြစ်ဆိုးမျိုးကြုံခဲ့တာလဲ ဆိုတာကတော့….. ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ

image
52 w - Translate

so cool

image
52 w - Translate

so cool

image
52 w - Translate

so cool

image
52 w - Translate

so cool

image
52 w - Translate

so cool

image
52 w - Translate

so cool

image
image
image
image
image