1 y - Translate

Easy Ball အတော်များများ လွဲပေမယ့် ပထမပိုင်း ကို ဦးဆောင်ထားနိုင်ဆဲ အိုဆူလီဗန် 🚀
****************************************************
.
🏴󠁧󠁢󠁥󠁮󠁧󠁿 Ronnie 𝐎’𝐒𝐮𝐥𝐥𝐢𝐯𝐚𝐧 5️⃣🆚3️⃣ Ryan 𝐃𝐚𝐲 🏴󠁧󠁢󠁷󠁬󠁳󠁿
( After the first session )
.
🔺ပြိုင်ပွဲ မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ Ronnie O’Sullivan 🏴󠁧󠁢󠁥󠁮󠁧󠁿 ဟာ ဝါရင့် ဝေးလ်စ် စနူကာ ကစားသမား Ryan Day 🏴󠁧󠁢󠁷󠁬󠁳󠁿 ကို ၅ ပွဲ ၃ ပွဲ ဆိုတဲ့ ရလဒ် နဲ့ ကမ္ဘာ့ စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် ပထမပိုင်းအပီး မှာ ဦးဆောင်ထားတာ ဖြစ်ပါတယ်။
🔺အိုဆူလီဗန် ဟာ ပထမ ပွဲငယ် ၂ ပွဲ မှာ အထူးလက်စွမ်းပြကစားခဲ့ပီး 123 မှတ် break နဲ့ 84 မှတ် break တို့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ တတိယ ပွဲငယ် မှာ တော့ O’Sullivan ရော Day ပါ easy ball အတော်များများ လွဲချော်ခဲ့ကြတာဖြစ်ပီး ပွဲငယ် ၃ နဲ့ ပွဲငယ် ၄ ကို Day ကို အနိုင်ရရှိခဲ့ပီး mid session interval ကို ၂-၂ နဲ့ ရပ်နားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ပွဲငယ် ၅ နဲ့ ပွဲငယ် ၆ မှာ တော့ အိုဆူလီဗန် က 83 မှတ် break နဲ့ 53 မှတ် break တို့ ရရှိပီး ပွဲ ကို ၄-၂ နဲ့ ဆက်လက် ဦးဆောင်ခဲ့ပီး နောက်ပွဲငယ် ၂ ပွဲ မှာတော့ Day က 115 မှတ် century break ရရှိခဲ့သလို အိုဆူလီဗန် ကလည်း 92 မှတ် break ရရှိကာ ၅-၃ နဲ့ ပထမပိုင်း ကို ရပ်နားခဲ့တာ ပဲ ဖြစ်ပါတယ်။
🔺 ပွဲစဉ် ရဲ့ ဒုတိယပိုင်း ကိုတော့ ယနေ့ ညနက် 🌘၁၂:၃၀ 🕧 မှာ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာ ပဲ ဖြစ်ပါတယ်။ 👏👏👏👏👏
.
𝐁𝐑𝐄𝐀𝐊𝐒 ( 50+ )🔥 💯
************************
O’Sullivan 🚀 : 123 / 84 / 83 / 51 / 92
Day 🧨 : 70 / 115

Credit to World Snooker - Myanmar

image

imageimage
1 y - Translate

ဆီးစွန်းနေသလို ပုံစံမျိုး ထုတ်လုပ်ထားတဲ့ ၆၀၈ ဒေါ်လာတန် ဂျင်းဘောင်းဘီ

ဗြိတိန်-အီတလီဖက်ရှင်အမှတ်တံဆိပ်တစ်ခုဟာဆိုရင် ဆီးစွန်းနေတဲ့ ပုံစံမျိုးနဲ့ ဒီဇိုင်းထုတ်ထားတဲ့ ဂျင်းဘောင်းဘီကို ရောင်းချနေပါတယ်။ "Stain Stonewash Jeans" လို့ အမည်ပေးထားတဲ့ ဒီဂျင်းဘောင်းဘီကို ဒီဇိုင်နာတွေဖြစ်တဲ့ လူကာ မာချက်တိုနဲ့ ဂျော်ဒန် ဘိုဝမ်တို့ တည်ထောင်ထားတဲ့ Jordanluca အမှတ်တံဆိပ်က ထုတ်လုပ်ထားတာပါ။

ဒီဂျင်းဘောင်းဘီကို Jordanluca the fall/winter 2023 collection fashion show မှာ ပွဲထုတ်ပေးခဲ့ပါသေးတယ်။ ဂျင်းဘောင်းဘီရဲ့ပေါင်ခြံနေရာမှာ တစ်စုံတစ်ယောက်က ဆီးသွားထားသလို ပုံစံမျိုး အနက်ရောင်အစွန်းအထင်းတစ်ခုရှိနေပါတယ်။ ဒီဂျင်းဘောင်းဘီကို ၆၀၈ ဒေါ်လာနဲ့ ရောင်းချနေပြီး လောလောဆယ်မှာ ရောင်းထွက်နေတယ်လို့ သိရပါတယ်။

ဒီဘောင်းဘီနဲ့ပတ်သက်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ဝေဖန်မှုတွေကြောင့် ဒီထူးဆန်းတဲ့ဘောင်းဘီကို ဆီးအစွန်းအထင်းဂျင်းဘောင်းဘီ (pee stain denim) လို့ ခေါ်တွင်နေပါတယ်။ "ဒါက ဈေးကြီးလိုက်တာ၊ လူတွေက သူတို့ရဲ့ဘောင်းဘီကို ဆီးသွားပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်ဘောင်းဘီကို ဖန်တီးလို့မရနိုင်ဘူးလား"၊ "ဘာလို့ ဒါကို ဝတ်မှာလဲ"လို့လည်း လူမှုကွန်ယက်အသုံးပြုသူတချို့က ပြောခဲ့ကြပါတယ်။

Ref: Brand Sells Jeans With "Pee Stain" For ₹ 50,000, Internet In Disbelief

image
1 y - Youtube

1 y - Translate

ရှက်ဖီးယူနိုက်တက်ကို နှစ်ကျော့ပေါင်းသွင်းဂိုးမှာပရီးမီးယားလိဂ်စံချိန်သစ်တင်သွားတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းသည် အမှတ်ပေးဇယားအောက်ဆုံးမှ ရှက်ဖီးယူနိုက်တက်အသင်းအား (၅-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ရာ နှစ်ကျော့ပေါင်းသွင်းဂိုးမှာ (၁၃)ဂိုးအထိရှိသွားခဲ့ပြီး ယင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စံချိန်သစ်တစ်ခုဖြစ်ခဲ့သည်။နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ကစားခဲ့သော ပထမအကျော့အဝေးကွင်းပွဲစဉ်တွင် ရှက်ဖီးယူနိုက်တက်အသင်းကို (၈-ဝ)ဂိုးဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အသင်းတစ်သင်းက အခြားအသင်းတစ်သင်းအား နှစ်ကျော့ပေါင်း ဤမျှဂိုးများများမသွင်းဖူးသေးဘဲ ယခု (၁၃)ဂိုးက အများဆုံးဖြစ်ရာ ပြိုင်ပွဲ၏ စံချိန်သစ်တစ်ခုဖြစ်ခဲ့သည်။ အမှတ်ပေးဇယားအောက်ဆုံးမှ ရုန်းမထွက်နိုင်ဖြစ်နေသော ရှက်ဖီးယူနိုက်တက်အသင်းသည် ယင်းပွဲအပြီးတွင် ပရီးမီးယားလိဂ်မှ တန်းဆင်းလက်မှတ် စောစောစီးစီးရရှိသွားခဲ့သည်။

image
1 y - Translate

အရင်တုန််းက သင့်ဒေတာခိုးတဲ့စတိုင်၊ ခု သင့်ကောင်မလေးကို လုမယ့်စတိုင် 😂

ခုရက်ပိုင်း ဘယ်ကမှန်းမသိတဲ့ App တွေကို ဘာရမယ်၊ ညာရမယ်ဆိုပြီး ဒေါင်းခိုင်းပြီး ဖုန်းထဲ Install လုပ်ခိုင်းတာတွေကြားနေရပါတယ်။ အခရာပရိသတ်တွေ သတိထားကြပါခင်ဗျာ။

သူစိမ်းတစ်ယောက် လာပြီး Install လုပ်ခိုင်းရင် Android ဆိုရင် Play Store မှာအရင်ဆုံး ရှာကြည့်ပြီး Download ဆွဲမယ်ဆိုရင် Play Store ကသာ Download တာမျိုးလုပ်ပါ။

Link တွေဝင်တော့မယ်ဆိုရင်လည်း URL Address ကိုသေချာဖတ်ကြပါလို့ သတိပေးချင်ပါတယ်။

မသိတဲ့လင့်ခ်တွေဝင်ရာက ဖုန်းထဲက Data တွေခိုးခံရနိုင်ပါတယ်။ ဇူဇူကိုလည်း Facebook မှာ Data လှူတာမှ ကိုယ်ကြိုက်တတ်တဲ့ ဗွီဒီယိုတွေ၊ ကြော်ငြာတွေပြပေးသေးတယ်။ ဘယ်သူမှန်းမသိတဲ့သူတွေကတော့ ဖုန်းထဲမှာ ရှိသမျှ အကုန်မသွားနိုင်ပါတယ်။

Credit to AkhayarTech

image
1 y - Translate

ဧည့်သည်ကမပြန်သေးဘူး မျက်စောင်းကထိုးနေပြီ ငါ့အတိုင်းပဲ 😁

image
1 y - Translate

တစ်ချိန်အသုံးဝင်လာလိမ့်မယ်...
သင့်ဖုန်းထဲမယ် သိမ်းထားပါ..🌳🌳🌳

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

၂။ ပဲပြုတ်သည့်အခါ.. စားချင်သဖွယ် အိအိဖောင်းဖောင်း ဆိမ့်ဆိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ်ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေးအတိုင်းပဲ စားချင်စဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ဘဲ ကြော်ပါ။

၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

၅။ လက်ဘက်ရည်အိုး၊ ခွက်၊ အစွန်း အထင်းများ ပြောင်စင်လိုပါက ဆော်ဒါ(သို့မဟုတ်) လက်ချားအမှုန့် ထည့်ပြီး ညသိပ်ထားပါ။

၆။ အိမ်သာကြွေခွက်, ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့် ပွတ်တိုက်လျှော်ပါ။🍀🍀🍀

၉။ ပုရွက်ဆိတ်မလာလိုသော်.. ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲနေလျှင်.. မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော်.. မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

၁၂။ ဟင်းချိုလိုသော်.. ဘူးသီးခြောက်ခတ်ပြီး သောက်ရင်ချိုပါသည်။

၁၃။ မီးပူလောင်သော် ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီး အုံပါ။

၁၄။ အဝတ်မှင်စွန်းသော်.. ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီး ဆပ်ပြာနဲ့လျှော်ဖွတ်ပါ။

၁၅။ ကြမ်းပိုးရှိသော်.. ရေနံဆီနဲ့ မကြာမကြာ ကြမ်းတိုက်ပါ။

၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီး သွားတိုက်ပါ။ (သို့မဟုတ်)
ပရုတ်မှုန့်ထည့့်ပြီး သွားတိုက်ပါ။

၁၇။ ဟင်းများဆားငန်သော်.. မီးခဲရဲရဲ တစ်ခဲထည့်ပါ။ (၂)မိနစ်ခန့်ကြာ၌ယြ ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်.. ခရမ်းချဉ်သီး ပွတ်တိုက်ပေးပြီး လျှော်ပါ။

၁၉။ နွားနို့မချဉ်အောင်ထားလိုသော်.. နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောင့် အညှာဖြုတ်ပြီး ထည့်ထားပါ။

၂၀။ ပရွတ်ဆိတ်များ မလာလိုသော်.. သခွားသီးအား ပါးပါးလှီးပြီး ချထားပါ။🍓🍓🍓

၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော်.. ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲအရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

၂၂။ သံချေးစွန်းသော်.. အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့်စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

၂၃။ ကြွက်များပြေးလိုသော်.. ရှိန်းခိုကို ရေဖျော်၍ ကြွက်လာလမ်းတွင် ဖျန်းထားပါ။

၂၄။ ခေါင်းတစ်ခြမ်းကိုက်သော်.. ထောပတ်အနည်းငယ် ရှူပါ။

၂၅။ ဒူးရင်းသီးတောက်သော်.. ဒူးရင်းသီးအခွံထဲ ရေထည့်၍ သောက်ပါ။ ရေဝအောင်ချိုး၊ မင်းကွတ်သီးစားပေးခြင်းတို့ဖြင့် ပျောက်ကင်းပါသည်။

၂၆။ ပိုးဟပ်ပြေးလိုသော်.. လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

၂၇။ မှိုနှင့်တညင်းသီး တောက်သော်.. တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်.. ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

၂၉။ ခေါင်းကိုက်သော်.. လက်ဘက်ရည်ကျကျ ကျိုပြီးသားထဲ သံပုရာရည်ညှစ်ပြီး သောက်ပါ။

၃၀။ မျက်နှာလှပလိုသော်.. မျက်နှာမသစ်မီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့်ဆေးပါ။ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

၃၁။ ခရီးသွား ကားမူးသော်.. ချက်ကို ပလာစတာလုံအောင် အုပ်/ကပ်ပြီး ခရီးသွား ကားမမူးပါ။

၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်.. ဆလတ်ရွက်ကို နေ့စဉ်ထမင်းစားတိုင်း တို့စရာအဖြစ် စားပါ။

၃၃။ ရှောက်ပင်အသီးတင်လိုသော်.. ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

၃၄။ ဒူးနာသော်.. ဘဲဥအကာလိမ်းပါ။

၃၅။ အနံ့ဆိုးကင်းလိုသော်.. အိမ်သာ(သို့မဟုတ်) ငါးပိ, ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။

🍀🍀🍀🍀🍀🍒🍒🍒🍀🍀🍀🍀🍀

ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

image
1 y - Translate

ကလပ်အသင်းနဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားသမားဘ၀ ဂိုး(၄၀၀)ပြည့်သွားခဲ့တဲ့ ကိန်း

ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းသည် ဖရန့်ဖတ်အသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သော ဘွန်ဒက်စ်လီဂါပွဲတွင် အသင်းအတွက် ဂိုး(၂)ဂိုးသွင်းယူပေးခဲ့ပြီးနောက် ကလပ်အသင်းနှင့် နိုင်ငံလက်ရွေးစင်အသင်းတွင် ကစားသမားဘ၀ ဂိုး(၄၀၀)ပြည့်သွားခဲ့ကြောင်း သိရသည်။ယင်းဂိုးမှာ ကိန်းအတွက် ဘိုင်ယန်မြူးနစ်အသင်းတွင် (၄၂)ပွဲကစားရာ၌ (၄၂)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ကလပ်အသင်းများအတွက် ကစားသမားဘဝတွင် (၃၃၈)ဂိုးမြောက် ဂိုးဖြစ်ခဲ့သည်။ကိန်းသည် တော့တင်ဟမ်ဟော့စပါးအသင်းတွင် (၂၈၀)ဂိုး၊သူအငှားသွားရောက်ကစားခဲ့သောကလပ်အသင်းများဖြစ်သည့် လေတန်အိုးရီးယန့်အသင်းတွင် (၅)ဂိုး၊မီဝေါလ်အသင်းတွင် (၉)ဂိုး၊လက်စတာအသင်းတွင် (၂)ဂိုးသွင်းယူခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၆၂)ဂိုးသွင်းယူထားရာ သူ၏ ကစားသမားဘ၀ သွင်းဂိုးစုစုပေါင်းမှာ ဂိုး(၄၀၀)ပြည့်သွားခဲ့ခြင်းဖြစ်သည်။RSSSF ၏မှတ်တမ်းများအရ အင်္ဂလန်ကစားသမားများထဲတွင် ကစားသမားဘ၀ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားသူမှာ (၁၉၂၉) မှ(၁၉၆၁) ခုနှစ်အထိ ကစားခဲ့သော တိုက်စစ်မှူးရွန်းနီ ရော်ကီဖြစ်ပြီး (၉၃၄)ဂိုးထိ သွင်းယူခဲ့ကြောင်း သိရသည်။

image