1 နှစ် - ဘာသာပြန်ပါ။

2012 ကထွက်ထားတဲ့ အထက်တန်းကျောင်းသားအချစ်ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားဇာတ်ကားဆိုပေမယ့် ၀တ္ထုရေးဆရာ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ဖန်တီးရိုက်ကူးထားတဲ့အတွက် တင်ဆက်ပုံကွာခြားတဲ့အတွက် တကယ်ကြည့်လို့ကောင်းမယ့်ရုပ်ရှင်ကား ဆိုတာ အာမခံပါတယ်။

ဇာတ်လမ်းအကျဉ်း
အထက်တန်း ပထမနှစ်ကျောင်းသား Charlie ၊ သူဟာ သူငယ်ချင်းမရှိ-ကိုယ်ပျောက်လူသားလို အတန်းထဲမှာ အရှုံးသမားတစ်ယောက်ပါ။ တကယ်က သူ့ရဲ့ စိတ်ရောဂါကြောင့်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်မဲ့နေပြီး ရုန်းကန်နေရတဲ့သူပါ။‌ ရည်းစားလည်းမထားဖူးသလို First Kiss လည်းမပေးဖူးသေးတဲ့ လူရိုးလည်း တစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ ကျောင်းဘောလုံးပွဲတစ်ခုမှာ Patrick ဆိုတဲ့ သူငယ်ချင်းတစ်ယောက် စရလာပြီး Sam ဆိုတဲ့ ကောင်မလေးနဲ့ပါ ခင်မင်သွားခဲ့ပါတယ်။ Sam နှင့် Patrick က အဖေတူအမေကွဲ ‌တွေဖြစ်ပါတယ်။ Charlie ကတော့ Sam ကို သဘောကျပေမယ့် သူကိုယ်သူတောင် ယုံကြည်မှုမရှိတာမလို့ ဖွင့်ပြောဖို့ဆိုတာ ဝေးလွန်းလှပါတယ်။ ဒါပေမဲ့ Sam နှင့် Patrick တို့နဲ့ သူငယ်ချင်းဖြစ်သွားတဲ့နေ့ကတည်းက Charlie တစ်ယောက် စပြီး ပျော်ရွှင်လာခဲ့ပါတယ်။ ဒီလိုနဲ့ Charlie လည်း ပုံမှန်လူတစ်ယောက်လိုပဲ ဖြစ်လာပြီး သူ့ရောဂါကလည်း သက်သာလာပါတယ်။ Charlie က Sam ကိုဖွင့်ပြောဖို့ကြောက်နေတုန်းမှာပဲ Samက အခြားတစ်ယောက်နဲ့တွဲသွားပါတယ်။ Charlie ကတော့ လက်မလျော့ပဲ Sam ပျော်ဖို့အတွက် ကျောင်းစာလုပ်တာအစ ကူညီပေးပါတယ်။ Charlie ကလည်း Sam သူငယ်ချင်း Mary နဲ့တွဲဖြစ်သွားပါတယ်။ Charlie က သဘောမကျပေမယ့် ငြင်းရမှာ အားနာလို့ တွဲလိုက်တာဖြစ်ပါတယ်။
ဒီလိုနဲ့ နီးရက်နဲ့ဝေးနေတဲ့ Charlie နှင့် Sam တို့ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ...
Charlie က Sam ကို ဖွင့်ပြောရဲပါ့မလား ...
Sam ကရော Charlie ရဲ့ အချစ်တွေကို လက်ခံပါ့မလား ...

သဘောကျနေတာကို ဖွင့်မပြောရဲတဲ့ ဘရိုတို့လည်း ကြည့်သင့်ပြီး ဇာတ်ကားက အေးအေးလေးနဲ့ဇာတ်လမ်းထဲ မျောသွားအောင် ဆွဲဆောင်နိုင်တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါကြောင့် "The Perks of Being a Wallflower" ဆိုတဲ့ အချစ်ကားလေးကို ဒီနေ့အတွက် ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။

image
1 နှစ် - ဘာသာပြန်ပါ။

“ကျွန်မနာမည်က Enola ပါ နောက်ပြန်စီလိုက်ရင် Alone (တစ်ယောက်တည်း)ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်”
ဒီနေ့မှာ Mystery,Crime ရုပ်ရှင်တစ်ကားအကြောင်း မိတ်ဆက်ပြောပြချင်ပါတယ်။ မင်းသမီးအနေနဲ့ Stranger Things က အဓိကအမျိုးသမီး‌သရုပ်ဆောင် Millie Bobby Brown ဖြစ်ပြီး မင်းသားအနေနဲ့ Louis Partridge အပြင် Super Man မင်းသား Henry Cavill က စုံထောက်ကြီး ရှားလော့ဟုမ်း အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အန်နိုလာ ဟုမ်းစ် ဆိုတဲ့ဇာတ်ကောင်ကတော့ မိုက်ခရော့ ဟုမ်းစ် နှင့် ရှားလော့ဟုမ်းစ် တို့ရဲ့ညီမပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အင်နိုလာဆိုတဲ့ ကလေးမလေးရဲ့ ဖခင်ဟာ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားပြီး အစ်ကိုဖြစ်သူတွေကလည်း ဆယ်ကျော်သက်မှာတင် အိမ်က ထွက်သွားကြပါတယ်။ ဒါကြောင့် အင်နိုလာလေးဟာ အမေဖြစ်သူနဲ့အတူ အိမ်တော်ကြီးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ မိခင်ဖြစ်သူက အန်နိုလာကို လိုအပ်တဲ့ ပညာတွေကို သင်ပေးခဲ့ပါတယ်။ အင်နိုလာလေး ၁၆ နှစ်အရွယ်မှာတော့ မိခင်က အိမ်ကြီးကနေ ဘယ်သူ့မှအသိမပေးဘဲ ရုတ်တရက် ထွက်သွားခဲ့ပါတယ်။ မိခင်ပျောက်ဆုံးသွားတာကြောင့် အင်နိုလာရဲ့ အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ‌မိုက်ခရော့ နှင့် ရှားလော့ဟုမ်းတို့ ပြန်ရောက်လာခဲ့ကြပါတယ်။ အင်နိုလာကို အစ်ကို အကြီးဆုံးဖြစ်တဲ့ မိုက်ခရော့က ဘော်ဒါကျောင်းတစ်ခုကို ပို့ဖို့စီစဉ်ပြီး ရှားလော့ဟုမ်းကတော့ မိခင်ဖြစ်သူ ချန်ထားခဲ့တဲ့ သဲလွန်စတွေနဲ့ ပြန်လိုက်ရှာဖို့စီစဥ်လိုက်ကြပါတယ်။ ဒါပေမဲ့ ဘော်ဒါကျောင်းကို မတက်ချင်တဲ့ အင်နိုလာကတော့ အိမ်ကနေ ထွက်ပြေးပြီး မိခင်ဖြစ်သူကို ရှာဖို့ မိခင်ပေးခဲ့တဲ့ သဲလွန်စတွေနဲ့ တစ်ခုချင်း ဖော်ထုတ်ရင်း လန်ဒန်မြို့ကိုထွက်ပြေးလာခဲ့ပါတယ်။ မိုက်ခရော့ ဟုမ်း နှင့် ရှားလော့ဟုမ်းတို့လည်း မိခင်ရော ညီမဖြစ်သူရော ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။
လန်ဒန်လိုမြို့ကြီးမှာ အပြင်လောကကို မ‌ထိတွေ့ဖူးတဲ့ အင်နိုလာလေးရဲ့စွန့်စားခန်းကဘယ်လိုဖြစ်မလဲ...
လမ်းမှာ အမှတ်မထင် ဆုံတွေ့ခဲ့တဲ့ကောင်လေးရဲ့အရှုပ်ထုပ်မှာ ၀င်ပါမိတဲ့ အင်နိုလာလေး ဘာတွေရင်ဆိုင်ဖြတ်ကျော်ရမှာလဲ...
မိခင်ကို ရှာတွေ့ဖို့ ဘယ်လိုတွေ ခက်ခက်ခဲခဲ ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

အမေရိကန်ဒေါ်လာ ၃၃ သန်း+ထိုင်းဘတ် သန်း ၁၅၀ ထုတ်ရောင်းပေးဦးမည့် ဗဟိုဘဏ်+++++++++++++
စက်သုံးဆီလုပ်ငန်းရှင်များအတွက်ဆိုကာ ဗဟိုဘဏ်က ၎င်း၏ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်ကနေ
အမေရိကန်ဒေါ်လာ ၃၃ သန်း၊ ထိုင်းဘတ် သန်း ၁၅၀ ကို ထပ်မံ ရောင်းချသွားမည်ဟု မနေ့က ကြေညာထားပြန်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

Carl ဆိုတဲ့ လူက ကိုယ့်ကိုကိုယ် အဆိုးမြင်တဲ့အပြင် အခြားသူတွေကိုလည်း ကြည့်မရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ လာခေါ်ရင်တောင် မလိုက်ဘဲ
သီးသန့်တစ်ယောက်တည်းနေရင်း အရာအားလုံးကို အဆိုးမြင်စိတ်နဲ့ ဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ သူကိုယ်သူလည်း အခြားသူတွေနဲ့ မပေါင်းသင်းတတ်သူလို့ ထင်နေတဲ့သူမလို့
အလုပ်မှာ အဆင်မပြေတဲ့အပြင် ပျော်စရာအချိန်ဆိုတာတောင် မရှိခဲ့တာကြာပါပြီ။ ဒါပေမဲ့ တစ်ရက်မှာတော့ ဟောပြောပွဲ တစ်ခုကို သွားနားထောင်ရင်း သူ့အတွက် လိုအပ်နေတဲ့
ကွက်လပ်လေးရဲ့ အဖြေကို တွေ့သွားပါတယ်။ အဲဒီအဖြေလေးအတိုင်းပဲ ကျင့်သုံးရင်း သူက လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ တိုးတက် ကောင်းမွန်လာပြီး အလုပ်မှာလည်း
ရာထူးတွေပါ တိုးလာခဲ့ပါတယ်။ ကျင့်သုံးနေတဲ့အဖြေဟာ သူ့အတွက် အရာရာအဆင်ပြေလာပေမယ့် လက်တွေ့မှာ လိုအပ်‌ချက်လေးတွေ ရှိနေခဲ့ပါတယ်။
အဲဒီအဖြေက ဘာဖြစ်မလဲ... သူကရော ဘာလိုအပ်ချက်တွေ ရှိနေသေးတာလဲ... လိုအပ်ချက်တွေကို သူကိုယ်တိုင် ဖြည့်ဆည်းနိုင်မှာလား...
ဇာတ်လမ်းလေးကတော့ ကိုယ့်ကိုကိုယ် အဆိုးမြင်နေတဲ့သူတွေအတွက် ရလာတဲ့ အခွင့်အရေးတွေကို လက်မလွှတ်သင့်ကြောင်းကို ဟာသလေးနဲ့ ရောနှောပြီး ဖန်တီးတင်ဆက်ထားတဲ့
ရုပ်ရှင်လေးဖြစ်ပါတယ်။ တစ်ယောက်တည်း အထီးကျန် စိတ်ညစ်နေတယ်ဆိုရင် "Yes Man(2008)" ဆိုတဲ့ ရုပ်ရှင်လေးက လမ်းပြပေးနိုင်လိမ့်မယ်ဟု ယူဆပြီး စီးမျောခံစား
ကြည့်ရှုအပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image
1 နှစ် - ဘာသာပြန်ပါ။

မတ်လ ၇ ရက်နေ့မှာ Tom Holland တစ်ယောက် ဂရိနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီမှာ ခရစ္စတိုဖာ နိုလန်ရဲ့ The Odyssey ရုပ်ရှင်အတွက် သူ့ရဲ့ အဓိက ရိုက်ကူးမှုတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့သိရပါတယ်။
ဂရိ မီဒီယာတွေက ဖော်ပြချက်အရ ‘Spiderman သရုပ်ဆောင် Tom Holland ဟာ The Odyssey ရဲ့သား Telemachus အဖြစ် ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
'The Odyssey' ရုပ်ရှင်မှာ Matt Damon က The Odyssey ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။
လက်ရှိမှာတော့ နိုလန်နဲ့ ဓာတ်ပုံဆရာ ဟိုက်တီဗန် ဟိုက်တီမာတို့ဟာ ရိုက်ကူးရေးတွေ စတင်နေပြီ ဖြစ်တယ်လို့လည်းသိထားရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

နီပေါနိုင်ငံ က Prakriti Malla လို့ အမည်ရ တဲ့
မိန်းကလေး ရဲ့ လက်ရေးကို ကမ္ဘာပေါ်မှာ အလှဆုံး
လက်ရေး အဖြစ် သတ်မှတ်ထားပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
#crd

image
1 နှစ် - ဘာသာပြန်ပါ။

God of War နှစ်(၂၀)ပြည့် အထိမ်းအမှတ်နေ့ မတ်လ ၁၅ရက်နေ့ စတင်ကျင်းပမည်။
မတ် ၈ ၊ ၂၀၂၅
Santa Monica Studios က အထင်ကရ God of War ဇာတ်လမ်းတွဲရဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ်ပွဲကျင်းပမဲ့ရက်ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
God of War ဟာ PlayStation 2 မှာ ၂၀၀၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး၊ ဂိမ်းလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ franchise တစ်ခု ဖြစ်ပါတယ်။
Santa Monica Studio က နှစ်(၂၀)ပြည့် အထိမ်းအမှတ်နေ့ကို မတ်လ ၁၅ ရက်နေ့မှာ အမေရိကန်ရှိ Nucleus Art Galleryမှာ စတင်ကျင်းပသွားမှာဖြစ်ပြီး၊ မတ်လ ၂၂မှာ Cast Panel နဲ့ လက်မှတ်ရေးထိုးပွဲကိုကျင်းပမှာပါ။
Cast Panel မှာ ပါဝင်သွားမ​ဲ့သရုပ်ဆောင်တွေက
TC CARSON (KRATOS)
CHRISTOPHER JUDGE (KRATOS)
CAROL RUGGIER (ATHENA)
SUNNY SULJIC (ATREUS)
DANIELLE BISUTTI (FREYA)
ALASTAIR DUNCAN (MIMIR)
ROBERT HARIGHEAD (BROK)
ADAM J. HARRINGTON (SINDRI)လို့သိရပါတယ်။
God Of War Trilogy ရဲ့ Remastered Version ကို ကြေငြာနိုင်တယ်လို့ကောလာဟလတွေထွက်ပေါ်နေခဲ့ပြီး Ranarok အပြီး Egypt Saga ကိုဆက်သွားနိုင်တယ်လို့လည်းကြားရပါတယ်။
ကြေညာချက်အသစ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားထားပေမယ့်၊ ဘယ်လိုအရာတွေ ဖြစ်လာမလဲဆိုတာကိုတော့ Santa Monica Studio က အတိအကျ ပြောကြားထားခြင်း မရှိပါဘူး။ ပရိသတ်တွေကတော့ God of War နဲ့ ပတ်သက်တဲ့ နောက်ထပ်သတင်းတွေကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ရှေးခေတ်နတ်ခရိုင်တစ်ခု(1900s)
နတ်ခရိုင်ဆိုသည်မှာ တစ်ပင်တိုင်နတ်ကွန်း၊ နတ်စင်အကြီးစားဖြစ်သည်။ နတ်ကွန်းများကို ရွာထောင့်နှင့် ရွာအဝင်တို့တွင်တွေ့ရတတ်ပြီး နတ်ကွန်းအရွယ်အစားမှာရွာ၏စီးပွားရေးဖွံ့ဖြိုးမှုကိုဖော်ပြနေသည်။

#crd

image
1 နှစ် - ဘာသာပြန်ပါ။

အမှန်တိုင်းပြောရရင် Dark Nuns ကို သုံးရက်လောက်ခွဲကြည့်လိုက်ရတယ်။
ကြည့်နေရင်း အိပ်ပျော်သွားတာတွေ ထည့်တွက်ရင် တော်တော်လေး အချိန်တွေ Waste ဖြစ်သွားတာတော့ အမှန်ပဲ။ တခြားကြည့်စရာဇာတ်ကားတွေလည်းအကုန်လွတ်ပါပဲ။
ဇာတ်လမ်းကလည်း ဖန်တရာထေနေတဲ့ The Exorcist ဇာတ်လမ်းပါပဲ။ ထူးခြားပြီးလည်းကောင်းနေတာမျိုးလည်းမဟုတ်ပဲနဲ့ ဇာတ်လမ်းက သူ့ဟာနဲ့သူပတ်ရှုပ်နေတာပါ။ Plot က မြင်ဖူးနေကြ Plot ပါပဲ ဒါကို Song Hye-kyo နဲ့သုံးပြီး ထူးခြားအောင် လုပ်ဖို့ စီစဥ်ထားတယ်ဆိုပေမယ့် ဇာတ်လမ်းက ဟိုဒီ ကူးပြောင်းနေတော့ ကြည့်နေတဲ့သူလည်း စိတ်မပါဘူးခံစားရလာတာပါ။ Horror စစ်စစ်လို့ မခံစားရတာတော့ အမှန်ပါပဲ။
အပွင့်လင်းဆုံးပြောရရင် မကြည့်ဖို့ထိပါညွန်ရမယ့် ဇာတ်ကားထဲပါပါတယ်။
အွန်ဆောပါလို့ကြည့်တယ်ဆိုရင်တောင် အွန်ဆောနဲ့ သီလရှင် Character က ဘယ်လိုမှကို မလိုက်ဖက်နေတာကိုတွေ့ရမယ်။ ဇာတ်လမ်းကလည်း သီလရှင်ဖြစ်နေလို့ ဘုန်းတော်ကြီးတွေက အပမနှင်ခိုင်းဘူး။ ဒါကို constantine အထာတွေဖမ်းပြီး ဆေးလိပ်တွေခဲပြ၊ ဂိုဒ်ပေးကြမ်းနေတာနဲ့တင် ဇာတ်လမ်းက တစ်ဝက်လောက်က လုံးလည်ချာလည် လိုက်နေတာပါ။
စိတ်ဝင်စားဖို့ကောင်းအောင်လုပ်ထားတာနှစ်ခန်းပဲရှိတယ်။ ပထမတစ်ခန်းက သီလရှင်တွေနဲ့ ရိုးရားနတ်ဝင်သည်တွေပေါင်းပြီး ပင်လယ်ထဲမှာ အပနှင်တာ သဘောကျတယ်။ နောက်တစ်ခန်းက tarot ကဒ်နဲ့ ဆွဲပြီး ဗေဒင်လို ဟောပေးတဲ့ သီလရှင် Michaela ရဲ့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတာပါ။ သူ့ကိုသာ ဇာတ်လမ်းရဲ့ အဓိကနေရာက ပုံဖော်လိုက်မယ်ဆိုရင် ကြည့်လို့တော်တော်လေးကောင်းမှာပါ။
ဇာတ်လမ်းက Song Hye-kyo ဇာတ်လမ်းဆိုတော့ ကျန်တာတွေ ဘာမှ စိတ်ဝင်စားဖို့ကောင်းအောင်မလုပ်ထားဘူး။ ရှေ့ပိုင်း မိနစ် ၂၀ လောက်အထိ နည်းနည်းဆွဲခေါ်ထားသေးတယ်။ နောက်ပိုင်းကျမှ ကြည့်နေရင်း ငြီးငွေ့ပြီးအိပ်ချင်လာရော။
အဲ့လိုနဲ့ တတိယနေ့မှာ ဆက်မကြည့်တော့ဖို့ ဆုံးဖြတ်ပေမယ့် နောက်ဆုံးပိုင်းမှာဘာဖြစ်မလဲ ကျော်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်း The Exorcist ထဲက အကွက်ကြီးတွေဖြစ်နေတော့ ပိုပြီးစိတ်ပျက်မိတယ်။
Korea ကြိုက်တဲ့ပရိတ်သက်တွေကတော့ ဘယ်လိုနေလဲမသိပေမယ့် အပြင် Audience အနေနဲ့ကြည့်မယ်၊ The Exorcist လိုမျိုး အပနှင်တာမျိုးကြိုက်တဲ့သူဆိုရင်တောင် ဒီဇာတ်ကားက ဘယ်လိုမှ ကြည့်ပျော်ရှုပျော်မရှိတဲ့ သရဲကားတစ်ကားပါ။
ဒီဇာတ်ကားထက် ကောင်းတဲ့ Korea အပနှင်တဲ့ဇာတ်ကားကြည့်ချင်တယ်ဆိုရင် Exuma တို့ Metamorphosis တို့ စတဲ့ အပနှင်ဇာတ်ကားတွေကမှ ကောင်းပါဦးမယ်။
အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင် မိတ်ဆွေက အိပ်မပျော်ဘူး၊ အိပ်ရေးပျက်နေတဲ့လူတစ်ယောက်ဆိုရင် Dark Nuns ကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

image
Apu Lay မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

ပိတောက်ပန်းလေး လက်ဆောင်ရဖူးရင်
တကယ်ကိုကံကောင်းလို့ပါ တကူးတကနဲ့
မှတ်မှတ်ရရ ယူလာတာမျိုးတာဆိုရင်
တော်ရုံမေတ္တာဓါတ်ကြောင့် ဖြစ်ပေါ်လာတာမျိုး ဟုတ်မနေဘူး
သူရဲ့အဓိပ္ပါယ်လေးကလည်း " မင်းဟာ ကိုယ့်အတွက်
ရှားပါးတဲ့ဆူလာဘ်လေးပါ " တဲ့လေ
ကဲ ဘယ်လောက်တောင်မှ ကြည်နူးစရာကောင်းလိုက်သလဲ...💛💐🩷
#flowers

image
image
image