2 yrs - Translate

flosser
✨ ခံတွင်းသန့်ရှင်းရေးအတွက် အကောင်းဆုံး Water Flosser✨
💰 ဈေးနှုန်း [65000]
ဘာကြောင့် ဒီ Water Flosser ကို ရွေးသင့်လဲ?
✅ အစွမ်းထက်တယ် 0.5mm ရေစီးကြောင်းနဲ့ အစာကြွင်းနဲ့ သွားကျောက်တွေကို 99.9% ဖယ်ရှားပေးတယ်။
✅ သွားဖုံးကျန်းမာရေးအတွက် အထူးကောင်းမွန် သွေးထွက်တတ်တဲ့ သွားဖုံး၊ သွားကျွတ်သူတွေ၊ ပါးစပ်အနံ့ဆိုးသူတွေအတွက် အသင့်တော်ဆုံး။
✅ ရေဖိအား 30-70 PSI အဆင့် ၃ မျိုးနဲ့ သင့်လိုအပ်ချက်အလိုက် ရွေးသုံးလို့ရတယ်။
✅ 240ml ရေတိုင်ကီ ၆၀ စက္ကန့်အတွင်း ပါးစပ်တစ်ခုလုံး သန့်စင်ပြီးစီးတယ်။
✅ IP7X ရေစိုခံ ရေချိုးခန်းထဲမှာတောင် စိတ်ချလက်ချ သုံးလို့ရတယ်။
✅ ခေါက်သိမ်းလို့ရတဲ့ ဒီဇိုင်း ခရီးသွားတဲ့အခါ အလွယ်တကူ သယ်သွားလို့ရတယ်။
✅ USB အားသွင်းစနစ် 1200mAh ဘက်ထရီနဲ့ ၇-၁၀ ရက် သုံးလို့ရတယ်။
✅ Nozzle ၄ မျိုး ပါဝင်
a. Standard Nozzle နေ့စဉ် သွားသန့်ရှင်းရေးအတွက်
b. Tongue Scraping Nozzle လျှာသန့်ရှင်းရေးနဲ့ ပါးစပ်အနံ့ သန့်စင်ဖို့
c. Orthodontic Nozzle သွားကျွတ်တတ်သူတွေအတွက် အထူးသင့်တော်
d. Periodontal Nozzle သွားဖုံးအောက်နေရာကို သန့်စင်ဖို့

ဘယ်လိုသုံးမလဲ?
1. Water Flosser ကို ဆွဲထုတ်ပါ။
2. ရေဖြည့်ပေါက်မှာ ရေ 200ml ထည့်ပါ။
3. ပါးစပ်ဆေးရည် 5-10 စက် ထည့်ပါ (မထည့်လည်း ရပါတယ်)။
4. ပါးစပ်ထဲထည့်ဖို့ Nozzle ခေါင်းကို တပ်ပါ (Nozzle ၄ ခု ပါပါတယ်)။
5. ရေဖိအားမုဒ် ရွေးပါ Gentle Mode, Standard Mode, Pulse Mode။
6. သွားနောက်ဖက်ကနေ ရှေ့ဖက်ကို စတင်သန့်ရှင်းပါ။
7. သွားဖုံးနာတတ်သူတွေဆို သွားဖုံးကို ရေမပစ်မိအောင် သတိထားပါ။
ဘာတွေ ပါဝင်သလဲ?
1x Water Flosser စက်
4x Nozzle ခေါင်းများ
1x USB Cable
ဘယ်သူတွေအတွက် သင့်တော်လဲ?
သွားနဲ့သွားကြား သန့်ရှင်းမှု လိုချင်သူတွေ
ခရီးသွားတတ်သူတွေ (ရုံး၊ ဟိုတယ်၊ တောင်တက်ခရီးစတဲ့ နေရာတိုင်းမှာ အဆင်ပြေ)
သွားဖုံးကျန်းမာရေး ဂရုစိုက်သူတွေ
မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေအတွက် လက်ဆောင်ပေးချင်သူတွေ
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i120934688.html?s
#waterflosser #သွားသန့်ရှင်းရေး #ကျန်းမာရေး #ခရီးသွားလက်ဆောင်

သင်တန်းအများကြီးတက်ခဲ့ဖူးတယ်။ဒါပေမယ့်ဘယ်သင်တန်းမှပြီးမြောက်အောင်မတက်ဖူးခဲ့ဘူး။သင်တန်းတပိုင်းတစနဲ့ရပ်သွားခဲ့တာများတယ်။ဂျပန်ဘာသာဆရာဦးဋ္ဌေးအောင်ဆီမှာတက်ဖူးတယ်၊။ဒါပေမယ့်သင်တန်းပြီးအောင်မတက်ခဲ့ဘူး။ ဂျာမန်ဘာသာ UFL မှာညနေပိုင်းသင်တန်းတက်ခဲ့ဖူးတယ်။ဒါပေမယ့်ပြီးအောင်မတက်ခဲ့ဘူး။လူတိုင်းတက်တဲ့အင်္ဂလိပ်စာသင်တန်းတခါမှမတက်ခဲ့ဖူးဘူး။
အရေးတော်ပုံပြီးကာစ ၁၉၈၉ မှာ
ပုဂ္ဂလိကကုမ္ပဏီစပေါ်လာတယ်။ ဘကြီးကလက်နှိပ်စက်သင်တန်းတက်ခိုင်းလို့လက်နှိပ်စက်သင်တန်းပြီးအောင်တက်ဖူးခဲ့တယ်။တစ်လပဲကြာလို့။အဲ့ဒီတုံးကကမာရွတ်ကျားလက်နှိပ်စက်သင်တန်းကျောင်းနဲ့ သိမ်ဖြူလမ်း BSc. ကောလိပ်မှာလက်ရေးတိုလက်နှိပ်စက်သင်တန်းရှိခဲ့တယ်။
ကုမ္ပဏီကပန်းဆိုးတန်းမှာရှိလို့
မနက် ၉ နာရီရုံးမတက်ခင်သိမ်ဖြူလမ်းလက်နှိပ်စက်သင်တန်းမနက် ၇-၈ နာရီတက်ပြီးမှရုံးကိုပြေးရတယ်။အဲ့ဒီတုံးက ရုံးမှာကွန်ပြူတာမရှိသေးဘူး။Fax ကိုစစ်အစိုးရသုံးခွင့်မပြုဘူး။ခိုးသုံးရတာ။နိုင်ငံခြားစာပို့ချင်ရင်ပန်းဆိုးတန်းကြေးနန်းရုံးကတဆင့် Telex ပို့ရတယ်။အခုကလေးကစသုံးနေတဲ့ Email ကြားတောင်မကြားဖူးဘူး။Facebook, Viber အဝေးကြီး။
ကုမ္ပဏီအလတ်အကြီးကိုယ်ပိုင်
လက်နှိပ်စက်ရှိပြီးကုမ္ပဏီအသေးအပြင်လက်နှိပ်စက်ဆရာဆီစာရိုက်အလုပ်အပ်ကြတယ်။ကျနော်လုပ်တဲ့ကုမ္ပဏီမှာကိုယ်ရေးရမယ့်စာကိုယ်တိုင်စာကြမ်းရေး၊ကိုယ်တိုင်စာစီ၊ကိုယ်တိုင်စာရိုက်၊လူကြီးလက်မှတ်ထိုးပြီးသက်ဆိုင်ရာအစိုးရရုံးဆီသွားရတာ။အစိုးရရုံးလိုလက်နှိပ်စက်ဝန်ထမ်းသီးခြားမထားဘူး။
မိတ္တူကူးစက်မပေါ်သေးလို့စာရိုက်ရင်ကာဗွန်စက္ကူခံရိုက်ပြီးမိတ္တူချန်ထားရသေးတယ်။အခုခေတ်လူတယောက်ကွန်ပြူတာတစ်လုံးနဲ့ကိုယ့်အလုပ်စာကိုယ်တိုင်ရေး၊ကိုယ်တိုင်ပရင့်ထုတ်၊ကိုယ်တိုင်ဋ္ဌာနဆိုင်ရာသွားရသလိုပဲ။
မြို့ထဲ ၃၂ လမ်းကနေ ၃၆ လမ်းအထိလမ်းဘေးမှာလက်နှိပ်စက်ခုံတွေ့ရမယ်။ကုန်သွယ်ရေး၊အကောက်ခွန်ရုံး၊စုပေါင်းတရားရုံးနဲ့ဘားလမ်း(အောက်)အကုန်လက်နှိပ်စက်ဆိုင်တွေချည်းပဲ။ပန်းဆိုးတန်း၊ဗိုလ်အောင်ကျော် သင်္ဘောသား SECD ရုံးနဲ့နိုင်ငံကူးလက်မှတ်ရုံးတဝိုက်လက်နှိပ်စက်ဆိုင်အများဆုံးတွေ့ရတတ်တယ်။
လမ်းဘေးလက်နှိပ်စက်သမားတယောက်မှာစက္ကူဆိုက် ၃-၄ မျိုး ၊ ကာဗွန်စက္ကူ၊ဖျက်ဆေး၊တံဆိပ်ခေါင်း၊စာချုပ်စာအိပ်အဆင်သင့်ရှိတယ်။လက်နှိပ်စက်ဆရာကစာပို့ရမယ့်ဋ္ဌာနနဲ့ပတ်သက်ပြီးအထူးပြုရေးသားပုံရေးသားနည်းကို ကျွမ်းကျင်ကြတယ်။တံဆိပ်ခေါင်းကပ်ရမယ့်ကိစ္စဘယ်လောက်တန်ကပ်ရမလဲသူတို့တန်းသိတယ်။
အရေးတော်ပုံမဖြစ်ခင်ကအစိုးရဋ္ဌာနဆိုင်ရာသုံးလက်နှိပ်စက်က Olympia. Facit. Olivetti နဲ့ Remington တံဆိပ်လက်နှိပ်စက်များတယ်။အစိုးရကုန်သွယ်ရေးသွင်းတာ။စက်မှု(၁)မှာလုပ်ခဲ့တုံးကစတိုဌာနမှာတာဝန်ကျလို့လက်နိုပ်စက်နဲ့နီးစပ်တယ်။
ပုဂ္ဂလိကကုမ္ပဏီပေါ်လာတော့
လျှပ်စစ်လက်နှိပ်စက်စသုံးလာကြပြီ။လမ်းဘေးလက်နှိပ်စက်က Olympia တံဆိပ်များတယ်။ရိုးရိုးလက်နှိပ်စက်ကနေ Ball Type ခေါ်တဲ့လျှပ်စစ်လက်နှိပ်စက်သုံးလာကြတယ်။ Daisy Wheel ခေါ်တဲ့ လျှပ်စစ်လက်နှိပ်စက်မျိုးလည်းရှိသေးတယ်။ဘကြီးအကြံပေးလို့လက်နှိပ်စက်သင်တန်းပြီးအောင်တက်ခဲ့တဲ့အကျိုးကြောင့်ဒီနေ့ကွန်ပြူတာကိုမြန်မာ၊အင်္ဂလိပ်လက်ကွက်မှန်အောင်အလွတ်သုံးနိုင်တယ်။
ရန်ကုန်မှာ PC ကွန်ပြူတာ ၁၉၉၁ - ၉၂ ပေါ်လာပြီးလက်နှိပ်စက်သမိုင်းတခေတ်ပြီးဆုံးသွားတယ်။နေရာအချို့ကလုပ်ငန်းအသေးပဲလက်နိုပ်စက်သုံးတော့တယ်။အစိုးရရုံးလက်နိုပ်စက်သုံးနေကြတုံးပဲ။Google Image မှာတွေ့တဲ့ ၁၉၇၅ ခုနှစ်ကဓါတ်ပုံပါ။ရန်ကုန်မြို့ရုံးလုပ်ငန်းမှာအဓိကမင်းသားကြီးနေရာကပါဝင်အသုံးတော်ခံခဲ့တဲ့လမ်းဘေးလက်နှိပ်စက်လုပ်ငန်းတခု။
"English General Urgent Works and မြန်မာလက်နှိပ်စက်၊လက်ထပ်စာချူပ်၊ ကျမ်းကျိန်လွှာ၊ဂျင်နရယ်၊စပါယ်ရှယ်ပါဝါ
အမြန်ဆောင်ရွက်ပေးသည်"
Repost
လွင်ဦး(ရန်ကင်း)
#crd

image

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို ရမလဲ
*****
ကင်ဆာဆိုတာက လူတိုင်း ကြောက်ကြတဲ့ ကျန်းမာရေးပြဿနာကြီးပါ။ ကင်ဆာ ဖြစ်ပြီဆိုတာနဲ့ လူတွေက အလိုလိုနေရင်း စိတ်ဓာတ်ကျသွားကြပါတယ်။ ကင်ဆာက အပြင်းထန်ဆုံး အနေနဲ့ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်တယ် ဆိုပေမယ့် ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးလို့ ရပါတယ်။ ဒီတော့ ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေ

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲဆိုတော့ –

၁။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဖြတ်ပါ ။ ဆေး လိပ်သောက်တာက အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ ပန်ခရိယကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်နဲ့ သားအိမ်ခေါင်းကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာ ဖြစ်နိုင် ခြေကို လျှော့ချဖို့ဆိုရင်တော့ ဆေးလိပ်နဲ့ ဆေး ရွက်ကြီးကို ဖြတ်ပါ။

၂။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ ။ နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ ဟင်းသီးဟင်း ရွက်တွေ ပါဝင်အောင် စားသုံးပေးပါ။ ဒီလိုမျိုး နေ့စဉ် စားသုံးမှုမှာ နှံစားသီးနှံတွေ၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ ဒီလို အာဟာရ ပြည့်ဝမျှတအောင် စားပေးတာက ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။

၃။ ကိုယ်အလေးချိန် ထိန်းပါ ။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိအောင် ထိန်းတာ၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လေး လုပ်ပေးရင်း ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါ။

၄။ နေရောင်ခြည်နဲ့ ထိတွေ့မှုကို ရှောင်ပါ ။ နေရောင် ခြည်နဲ့ ထိတွေ့တာက အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ နေရောင်ခြည်နဲ့ တိုက် ရိုက်။ ထိတွေ့တာကို တတ်နိုင်သမျှ ရှောင်ပါ။ အထူးသဖြင့် မနက် ၁၀ နာရီ ကနေ ၄ နာရီ အတွင်းမှာပေါ့။ ဒါကြောင့် နေအပူရှိန် ပြင်းနေချိန်မှာ အရိပ်အောက်မှာပဲ နေပါ။

၅။ ကာကွယ်ဆေးထိုးပါ ။ အချို့သော ဗိုင်းရပ်စ် ကူးစက်မှုတွေက ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး HPV ကာကွယ် ဆေးတွေကို ထိုးပေးဖို့ လိုပါမယ်။ အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေးက အသည်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို HPV ကာကွယ် ဆေးက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၆။ ကင်ဆာဖြစ်နိုင်တဲ့ အခြေအနေတွေကို ရှောင်ပါ ။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင်တော့ ကင်ဆာဖြစ်နိုင်တဲ့ အခြေအနေတွေကို ရှောင်ဖို့ဆိုရင်


• ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုကို ကျင့်သုံးပါ – လိင်ဆက်ဆံဖော် များတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေက ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးပါ။ နောက်တစ်ခုက လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံး သုံးတာမျိုး လုပ်ပေးပါ။
• ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာကို ရှောင်ပါ – ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာက HIV ပိုး ကူးစက်တာ၊ အသည်းရောင် အသားဝါ ဘီပိုး စီပိုး ကူးစက်တာတွေကို ဖြစ်စေနိုင်သလို အသည်းကင်ဆာ နဲ့ အခြားသော ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် ဆေးထိုးအပ်တွေကို မျှဝေ သုံးတာမျိုး မလုပ်ပါနဲ့။
• ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ပါ – ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်တာ ကင်ဆာ လက္ခဏာတွေ ရှိနေလားဆိုတာကို စစ်ဆေးတာက ကင်ဆာကို စောစော သိရှိ ကုသနိုင်ဖို့အတွက် အထောက်အကူ ပြုနိုင်သလို ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာပါ။
• ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ပါ -ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်တာ ကင်ဆာ လက္ခဏာတွေ ရှိနေလားဆိုတာကို စစ် ဆေးတာက ကင်ဆာကို စောစော သိရှိ ကုသနိုင်ဖို့အတွက် အထောက်အကူ ပြုနိုင်သလို ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ အလေ့ အထလေးတွေကို လိုက်နာပေးတာက ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။

image

"ဂုဏ်ယူပါတယ်သချင်းရယ်😑

image
2 yrs - Translate

ပျင်းစရာကောင်းပေမယ့် သုံးကောင်းလောက်တဲ့ Pixel 9a
.
Google ကနေ Pixel 9a ကို တရားဝင်မိတ်ဆက်လိုက်ပြီ။​ စျေးကလည်း Pixel 8a အတိုင်း $499 ကနေ စဝယ်လို့ရမယ် - ဆိုတော့ လက်ရှိ iPhone 16e ထက် $100 ပိုသက်သာမယ်၊ Galaxy A56 နဲ့ စျေးအတူတူလောက်သွားကျပြီး Nothing Phone (3a) Series ထက် ပိုများမယ်။​
ဒီတစ်ခါ Pixel 9a က ဒီဇိုင်းပိုင်းမှာတော့ Camera Bump မပါတော့တဲ့ Dual Camera Design ဖြစ်သွားမယ်၊ အရောင်တွေကအစ ပိုပြီး Fun ဖြစ်လာပြီ။ ဒါပေမယ့် ဖုန်းပုံစံကတော့ ပျင်းဖို့ကောင်းတုန်းပဲ - ဘေးဘောင်တွေက Flagship မဟုတ်တော့ နည်းနည်းထူနေသေးတာမျိုး၊ နောက်ဖက်က Back Panel က Nothing တောင် Phone (3a) ကို Glass Back သုံးလာတဲ့အချိန်မှာ Plastic ပဲ​ဆက်သုံးနေတုန်းပါ။
ဒါပေမယ့် Google ကနေ Pixel 9a မှာ သုံးတဲ့အချိန်မှာ အဓိကကျတဲ့အပိုင်းတွေကို သေချာအာရုံစိုက်ထားတယ်။
Chipset ပိုင်းမှာ Pixel 9 အတိုင်း Tensor G4 Chipset ဖြစ်မယ်၊​ RAM 8GB ကိုမှ 128GB (သို့) 256GB ရွေးနိုင်မယ်။ Display ကလည်း Pixel 8a ထက် Size နည်းနည်းပိုကြီးတဲ့ 6.3" 120Hz pOLED Display ဖြစ်ပြီ - Brightness ကအစ 2700nits အထိရတော့ Pixel 9 Display ကို ကောက်ထည့်ပေးလိုက်တာလို့တောင် ပြောလို့ရတယ်။
နောက်ထပ် Upgrade က Battery ကို 5100mAh အထိထည့်ပေးလိုက်တာပဲ။ ဒါက Pixel ဖုန်းတွေထဲမှာ Battery အကြီးဆုံးဖုန်းဖြစ်သွားပြီ - Pixel 9 Pro XL တောင် 5060mAh | Pixel 9 - 4700mAh နဲ့ Pixel 8a ဆို 4492mAh ပဲရှိတယ်။ ဒါကြောင့် Google ဘက်ကနေ Pixel 9a က နာရီ ၃၀ ကျော် အသုံးခံမယ်လို့တောင် ပြောထားတယ်။
ပြီးတော့ Camera ပိုင်းမှာတော့ 48MP Main + 13MP Ultrawite | 13MP Selfie Camera တွေထည့်ပေးထားတယ်။ Pixel ဖုန်းဖြစ်နေတော့ Camera Quality ရော၊ AI Feature ပိုင်းတွေမှာပါ တခြားစျေးတန်းတူဖုန်းတွေထက် ပိုကောင်းနိုင်တယ်။
ကျန်တာဆိုလို့ Wireless Charging တွေ၊​ IP68 Rating | Under-Display Fingerprint တွေပါမယ်။ Android 15 ကို တန်းသုံးပေးထားတယ်။
လောလောဆယ်မှာ Google Pixel 9a ဖုန်းကို မိတ်ဆက်လိုက်ပေမယ့် Google ကနေ Pre-order မှာယူခွင့်မပေးသေးဘူး။ ဒါကလည်း နောက်ဆုံးအချိန်ကြမှ Component Quality Issue တစ်ခုပြဿနာရှိနေတာကြောင့်လို့ ဆိုထားတယ်။ ဘယ်အချိန်မှ ဝယ်နိုင််မလဲမသိရသေးပါဘူး။
ဘာပဲဖြစ်ဖြစ် စျေးသိပ်မသုံးပဲ ရိုးရိုးရှင်းရှင်း Android ဖုန်းတစ်လုံးရှာနေရင် Pixel 9a က Battery ခံတာတွေ၊ ကင်မရာကောင်း၊ Software Experience ကောင်းမှာနဲ့တင် ညွှန်းလို့ရလောက်ပြီ။ သေချာတာကတော့ iPhone 16e ထက် ပိုတန်မယ် - တခြား Nothing Phone (3a) တို့၊​ Galaxy A56 တို့နဲ့ယှဥ်ရင်တော့ သုံးမယ့်သူအကြိုက်ပေါ် ပိုမူတည်လောက်မယ်ပေါ့

image
2 yrs - Translate

ဘယ်အရာမှ မမြဲဘူးဆိုပေမယ့်
မင်းကို သတိရနေခြင်းကတော့ မြဲခဲ့တယ်။
#စာတို

အဲ့လူက မင်းကိုပျော်စေတယ်၊
ကောင်းမွန်တဲ့အရာတွေကို လုပ်ဖြစ်စေတယ်၊
ဝမ်းနည်းစရာကို အတူမျှဝေနိုင်တယ်လို
ခံစားရစေရင် သူ့ကို ဘယ်တော့မှ လက်မလွှတ်နဲ့ပေါ့...။

image

အမြဲလိုလို WHY မေးပါ

ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ
ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေတာ

ကိုယ့်စိတ်ထဲမှာရှိနေတာ ကိုယ်သိထားတာတွေ
အကုန်လုံးကို မေးခွန်းထုတ်ပါ။

မကြာခဏမေးမြန်းအဖြေရှာပါ။
အနဲဆုံး ၁ ပတ်မှာ ၁နာရီအချိန်ပေးပြီး
WHY မေးဖို အချိန်ပေးပါ။

ငါဒါကိုလိုချင်တယ် → ဘာလိုလဲ

ဒီကိုသွားချင်တယ် → ဘာလိုလဲ

ဒီပစ္စည်းရချင်တယ် → ဘာလိုလဲ

ဒီအလုပ်လုပ်ချင်တယ် → ဘာလိုလဲ

ဒီရုပ်ရှင်ကြည့်ချင်တယ် → ဘာလိုလဲ

ဒီဘွဲလိုချင်တယ် → ဘာလိုလဲ

ဒီလောက်ဝင်ငွေရချင်တယ် → ဘာလိုလဲ

ဒီလူနဲ့တွဲချင်တယ် → ဘာလိုလဲ

ဒီအစားအသောက်စားချင်တယ် → ဘာလိုလဲ

ဒီ brand အိတ်လိုချင်တယ် → ဘာလိုလဲ

ဒီဘာသာကို ငါယုံကြည်တယ် → ဘာလိုလဲ

ဒီလူပြောတာကို သဘောကြတယ် → ဘာလိုလဲ

အဲ့ဒီဘာလိုလဲတွေရဲ့ အဖြေတွေ
ရှင်းလာတာနဲ့အမျှ ကိုယ့်ဘဝကြီးက
နေထိုင်ရတာ အဓိပ္ပါယ်ရှိလာလိမ့်မယ်။

#crd
#moti

2 yrs - Translate

"အမေ ခေါ်ထိုက်သူ ဖြစ်ပါစေ"
~~~~~~~~~~~~~~~~~~
နူးညံ့တဲ့ အပင်လေးတွေတောင်
ကြမ်းတမ်းတဲ့ ကန္တာရအလယ်မှာ
အသက်ရှင်နေနိုင်ဖို့ အတွက်
တစ်ပင်ထဲလဲ ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်သလို
တစ်ပွင့်ထဲလဲ ရဲရဲဝံ့ဝံ့ တောက်ပနိုင်သေးတာပဲ...
ကျမတို့လို မိန်းမသားတွေကရော
ရပ်တည်ရှင်သန် နေနိုင်ဖို့အတွက်
ကိုယ့်အတွက်.. ..
ကိုယ့်မိသားစုအတွက်...
ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်တဲ့သူ
မဖြစ်သင့်ဘူးလား...?
အားနွဲ့တဲ့ မိန်းမသား ဆိုတဲ့
ဝေါဟာရအောက် အညံ့ခံ
အရှုံးပေးရမှာလား...
အိမ်ထောင်ရေး အဆင်မပြေတာနဲ့
ကိုယ့်ရင်သွေးကို စွန့်လွှတ်စရာလား...
စီးပွားရေး အဆင်မပြေတာနဲ့
ကိုယ့်သားသမီးကို လက်လွှတ်စရာလား...
လူမှုရေးပြသနာ တစ်စုံတစ်ရာကြောင့်
ကိုယ့်မိသားစုကို စွန့်ပစ်စရာလား..
နောက်လူ ပျော်ရွှင်စေဖို့
ရင်နဲ့လွယ်ဖွား သမီးသားကို
စတေးပစ်စရာလား....
မိသားစုမှာပဲ ဖြစ်ဖြစ်
ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ်
သူ့မေတ္တာကို လိုချင်ရင်
ကိုယ့်မေတ္တာ အရင်ပေးရတာပဲ...
ကိုယ်တိုင်ရော မိသားစုအပေါ်
တာဝန်ကျေခဲ့ပါရဲ့လား
ကိုယ့်သားသမီး အပေါ်မှာရော
မိခင်မေတ္တာ အပြည့်အဝ ပေးနိုင်ခဲ့ရဲ့လား
အမေ ခေါ်ထိုက်သူ ဖြစ်ပါရဲ့လား...
အသိဉာဏ်မဲ့တဲ့ တိရိစ္ဆာန်တွေတောင်
ကိုယ့်သားသမီး ၊ ကိုယ့်မိသားစုကို
အသက်နဲ့ရင်းပြီး ကာကွယ်နိုင်သေးတာ...
မိခင်စိတ် အပြည့်အဝရှိတဲ့
အမျိုးသမီးတိုင်း မှီခိုအားကိုးစရာ မရှိလဲ
ကိုယ့်ရင်သွေးကို အသက်နဲ့ရင်းပြီး
ကာကွယ်စောင့်ရှောက်ရဲတဲ့ သတ္တိရှိတယ်...။
နေခြည် (ဧရာမြေ)

image

ဘုန်းကြီးဂျောင်ရေတံခွန် 曼德勒省

image