ဘာလုပ်လုပ် ခွင့်တောင်းပြီးမှလုပ်

image

ကော်နီ

image

ပေါင်မုန့်ကိုမီးကင်ပြီး mayonnais သုတ်လိုက်တာ ဆက်စားချင်စိတ်ပါကုန်။
စားကြပါအုံး

image
2 yrs - Translate

#ပြည်တွင်းသတင်း
◼ဗဒင်၏တေးသီချင်းများစီးပွားဖြစ်အသုံးပြုပါက ခွင့်ပြုချက်တောင်းရန်မိသားစုဝင်များအသိပေး
တေးရေးတေးဆိုဗဒင်၏တေးသီချင်းများအား စီးပွားဖြစ်အသုံးပြုမည်ဆိုပါက မိသားစုဝင်များထံ ခွင့်ပြုချက်တောင်းခံရန် သားဖြစ်သူသော်ဖိလုဒင်က ယမန်နေ့(မတ် ၁၉ ရက်) တွင် လူမှုကွန်ရက်မှ တစ်ဆင့် အသိပေးကြေညာထားသည်။
လက်ရှိတရားဝင်မူပိုင်ခွင့်ရှိသူမှာ ဗဒင်၏ဇနီးဖြစ်သူနော်ရာမူးနာနှင့် သားဖြစ်သူ သော်ဖိလုဒင်တို့ ဖြစ်ကြောင်း၊ ယခင်က တေးသီချင်းမူပိုင်ခွင့်နှင့်ပတ်သက်၍ တရားဝင်ကြေညာခဲ့ခြင်းမရှိခဲ့သည့်အတွက် ယခုကဲ့သို့အသိပေးရခြင်းဖြစ်ကြောင်း ၎င်း၏သားဖြစ်သူကလူမှုကွန်ရက်တွင်ရေးသားထားသည်။
“ဒါကမိသားစုရဲ့ခံစားခွင့်နဲ့ ဗဒင်ရဲ့ပရိသတ်တွေကိုလေးစားသောအားဖြင့် ကျွန်တော်လုပ်နိုင်တာ လုပ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံလိုဘောင်မဲ့နေတဲ့အနေအထားမျိုးမှာ Intellectual property တစ်ခုကို ကာကွယ်ထိန်းသိမ်းဖို့ မလွယ်ကူမှန်းနားလည်ပေမယ့် အချင်းချင်းလေးစားသမှုနဲ့ပဲ သွားကြရအောင်။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ အဖေ့ရဲ့သီချင်းများကို အကျိုးစီးပွားအတွက် မဟုတ်ဘဲ အပျော်ဆိုချင်တဲ့ဝါသနာရှင်များနဲ့ စားသောက်ဆိုင်တွေမှာ ဖျော်ဖြေတဲ့သီဆိုသူများ unplugged သီဆိုသူများ ကျွန်တော်တို့ကိုခွင့်တောင်းစရာမလိုဘဲ လွတ်လပ်စွာသီဆိုဖျော်ဖြေခွင့် ရှိပါတယ်ခင်ဗျာ” ဟု သော်ဖိလုဒင်ကပြောသည်။
ဗဒင်၏တေးသီချင်းများအား Cover သီဆိုခြင်း၊ Music video ပြန်လည်ရိုက်ကူးခြင်း၊ ပြန်ဆိုတေး ဖန်တီးထုတ်လုပ်ခြင်းနှင့် remixes (မူရင်းသီချင်းကိုအခြေခံပြီး စာသား၊ သံစဉ်၊ တီးလုံး၊ beat၊ tempo၊ effect ပြင်ဆင်ခြင်း၊ ဖန်တီးခြင်း) စသည်တို့ကို ရှိုးပွဲ၊ ဖျော်ဖြေပွဲများတွင်အသုံးပြုခြင်း၊ သီဆိုခြင်း၊ live ထုတ်လွှင့်ခြင်း၊ recording ထုတ်လုပ်ရောင်းချခြင်း၊ monetization ပြုလုပ်နိုင်သည့် online posting၊ streaming platform များတွင်တင်ခြင်းကဲ့သို့သော professional ဖျော်ဖြေရေးအမျိုးမျိုးနှင့် commercial use အမျိုးမျိုးအတွက် အသုံးပြုခြင်းများကို မိသားစုထံအသိပေးခွင့်ပြုချက်တောင်းခံ စေချင်ကြောင်း၊ သီချင်းနှင့်အသုံးပြုချင်သည့်ပုံစံအပေါ်မူတည်ပြီး အခမဲ့အသုံးပြုခွင့်ပေးခြင်း၊ ရောင်းချ ပေးခြင်းများပြုလုပ်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိပထမဆုံးစီးရီးကိုထုတ်ဝေခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် “ဒီနေ့” တေးစီးရီး၊ ၁၉၉၇ ခုနှစ်တွင် “အရှိအတိုင်း” တေးစီးရီး၊ ၁၉၉၉ ခုနှစ်တွင် “မမေ့ပါဘူး”တေးစီးရီး အစရှိ သည့် တေးစီးရီးများကို ထုတ်ဝေခဲ့ကာ ကိုယ်တိုင်ရေးသားသီဆိုခဲ့သည့် နေရာ(၂)၊ သိုးမည်းတွေ အကြောင်း၊ ဒီအတိုင်းပဲဆင်းလာခဲ့၊ ပျိုပျိုမေ၊ တိုက်တိုက်ဆိုင်ဆိုင်၊ သိပ်ချစ်တာပဲ၊ သနပ်ခါးချစ်သူ၊ စိတ်နာနာနဲ့ချစ်နေမိတယ်၊ ကယ်ပါဦးနှင့် ရိုးရိုးအေးအေးကြီး အစရှိသည့် တေးသီချင်းကောင်းများစွာ မှာ ပရိသတ်ကြိုက်နှစ်သက်ခဲ့သည့်သီချင်းများဖြစ်သည်။
တေးရေးတေးဆိုဗဒင်ကို ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တိုင်းအင်းစိန်မြို့နယ်၌ မွေးဖွားခဲ့ပြီး ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွယ်လွန်ခဲ့သည်။
သတင်း-အင်ကြင်း

image

ဖြစ်ရပ်မှန်လေးတစ်ခု

2 yrs - Translate

#tattooideas

image
2 yrs - Translate

#tattooideas

image
2 yrs - Translate

#tattooideas

image
2 yrs - Translate

#tattooideas

image
2 yrs - Translate

#tattooideas

image
image
image
image