51 ပတ် - ဘာသာပြန်ပါ။

အန်တိုနီကို ဘက်တစ်အသင်း အပြီးသတ်ခေါ်ယူဖွယ်ရှိ

ဖေဖော်ဝါရီ ၁၃

စပိန်လာလီဂါကလပ် ဘက်တစ်အသင်းဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အန်တိုနီကို အပြီးသတ် ခေါ်ယူဖွယ်ရှိနေပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ယူနိုက်တက်အသင်း သမိုင်းမှာ အဆိုးရွားဆုံး ကစားသမား ခေါ်ယူမှုတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အန်တိုနီဟာ ဘက်တစ်အသင်းမှာ လျင်မြန်စွာ အသားကျပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ဘက်တစ်အသင်းအတွက် ၁ ဂိုး သွင်းယူထားတဲ့ အန်တိုနီဟာ စပိန်ကလပ်အတွက် ကစားခဲ့တဲ့ ၂ ပွဲစလုံး အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာပါ။

အန်တိုနီရဲ့ အငှားစာချုပ်ထဲမှာ ဘက်တစ်အသင်းဟာ နွေရာသီမှာ သူ့ကို အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် မပါဝင်ပါဘူး။

ဒါပေမယ့် ဘက်တစ်အသင်းဟာ အန်တိုနီကို အပြီးသတ် ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းထံ ဖြစ်နိုင်ဖွယ် ရှိတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ ချဉ်းကပ်ဖို့ ပြင်ဆင်နေတာပါ။

ဒါအပြင် ဘက်တစ်အသင်း အကြီးအကဲဖြစ်သူကလည်း အန်တိုနီကို ကလပ်မှာ ရေရှည်ဆက်ထိန်းဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့ပါတယ်။

ရာမွန်အယ်လာကွန်က “အန်တိုနီရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေအားလုံးကို ယူနိုက်တက်အသင်းထံ ပေးပို့ခဲ့ပါတယ်။ ကျနော်တို့ဟာ ယူနိုက်တက် အသင်းနဲ့ရော ကစားသမားနဲ့ပါ ဆက်ဆံရေး အလွန်ကောင်းပါတယ်။ လာမယ့်ရာသီ သူဒီမှာဆက်ရှိနေဖို့ကလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် မဖြစ်နိုင် ရမှာလဲ” လို့ Cadena Ser ကို ပြောခဲ့တာပါ။

ဘက်တစ်အသင်းနည်းပြ ပယ်လီဂရီနီကလည်း အန်တိုနီရဲ့ ပွဲဦးထွက် စွမ်းဆောင်ရည်တွေကို ချီးကျူးမှု ပြုလုပ် ထားပါတယ်။

ဘက်တစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆယ်လ်တာဗီဂိုအသင်းကို အရေးနိမ့်ပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။

ဘက်တစ်အသင်းဟာ ဒီအပတ် လာလီဂါပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Metro

ပုံ - အန်တိုနီကို တွေ့ရစဉ်

#ဘောလုံးသတင်းစဥ်

image

ပုသိမ်ကြီးမြို့တွင် အမည်မသိအမျိုးသား (၂) ဦးမှ မော်တော်ယာဉ်ပိုင်ရှင်အမျိုးသားကို ဓားဖြင့်ထိုးပြီး၊ ယာဉ်နှင့် ပိုက်ဆံအိတ်တို့ကို လုယူသွား

ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ မြကျောက်ဘုရား YANKON စားသောက်ဆိုင်အနီးတွင် အမည်မသိအ မျိုးသား (၂) ဦးမှ မော်တော်ယာဉ်ပိုင်ရှင်အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးပြီး၊ ယာဉ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်တို့ကို လုယူသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက် ည ၁၀ နာရီအချိန်ခန့်တွင် မန္တလေးမြို့ ၃၈ လမ်း၊ ၇၆×၇၈ လမ်းကြားတွင် မော်တော်ယာဉ်ပိုင်ရှင် ဦးညွှန့်ဝင်းမှ လမ်းဘေးသို့ အပေါ့သွားစဉ် ၎င်းနောက်မှ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် အမည်မသိအမျိုးသား (၄) ဦးရောက်ရှိလာပြီး ဦးညွှန့်ဝင်းကိုင်ဆောင်သည့် ဖုန်းကို ထိုအမည်မသိအမျိုးသားများမှ စစ်ဆေးရာ VPN ပါသည်ဟုပြောကာ မော်တော်ယာဉ်ပေါ်သို့ ထိုအမည်မသိအမျိုးသား (၄) ဦးအနက် (၂) ဦးမှာ ယာဉ်ပိုင်ရှင်နှင့်အတူ ပုသိမ်ကြီးဘက်သို့ မောင်းနှင်ပြီး ယာဉ်ပိုင်ရှင်မှာ အနောက်မှ ထိုင်စီးပြီး ကားစတီယာတိုင်လှည့်လိုက်သောကြောင့် ၎င်းကိုထိုးကြိတ်ပြီးနောက် ဓားဖြင့် ထိုးခဲ့ပြီး လမ်းဘေးသို့ထားခဲ့ကြောင်း သိရသည်။

“အမျိုးသား (၂) ဦးက ဆိုင်ကယ်တစ်ယောက်တစ်စီးစီးပြီး ကားနောက်ကိုလိုက်လာတယ်။ (၂) ယောက်က ကားပေါ်လိုက်လာတာ။ (၂) ယောက်ထဲက (၁) ယောက်က ကားမောင်းတယ်။ အဲ့ချိန်မှာ ကားပိုင်ရှင်က အနောက်ကနေ ကားစတီယာတိုင်ကို ဆွဲလှည့်လိုက်တာ။ သူကိုထိုးကြိတ်ပြီး၊ ဓားနဲ့ထိုးတာ” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုအမည်မသိအမျိုးသားများ၏ နှိပ်စက်မှုကြောင့် ယာဉ်ပိုင်ရှင်အမျိုးသား၏ မျက်ကွင်းများဖူးရောင်ညိုမဲပြီး၊ ညာဘက်နို့အုံအောက်ပေါက်ပြဲဒဏ်ရာ(၁) ချက်၊ ဘယ်ဘက်ခြေထောက်ပြတ်ရှဒဏ်ရာ (၁) ချက်တို့ ရရှိသောကြောင့် ၎င်းကို ပုသိမ်ကြီးမြို့ လခရလှည့်ကင်းတပ်ဖွဲ့မှ တွေ့ရှိပြီး ၎င်းကိုမြို့ခံလူမှုကူညီရေး အသင်းအား ဆက်သွယ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါလုယက်ခံရသည့် ယာဉ်မှာ MDY-15/9C-1964 Maxll-99 အဖြူရောင်ယာဉ်ဖြစ်ပြီး ယာဉ်ပိုင်ရှင်အမျိုးသားမှာ မဟာအောင်မြေမြို့တွင် နေထိုင်သည့် အသက်(၅၇) နှစ်အရွယ် ဦးညွှန့်ဝင်းဖြစ်ကြောင်း သိရသည်။

Photo – Credit

#သတင်းဟင်းလေးအိုးကြီး

image
51 ပတ် - ဘာသာပြန်ပါ။

ရုပ်ရှင်တစ်သက်တာဆု ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် လွဲသွားခဲ့ရတယ်ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီ ဒေစီကျော်ဝင်း။

image
51 ပတ် - ဘာသာပြန်ပါ။

မင်းခ၊က်ခဲနေတဲ့အချိန်တိုင်း မင်းဘေးမှာအမြဲရှိနေမှာပါ'

image
51 ပတ် - ဘာသာပြန်ပါ။

ရှီကျင့်ဖျင်က ကာစီနိုစီမံကိန်းအရေး ထိုင်းကို သတိပေး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၃

ကာစီနိုဖျော်ဖြေရေး လုပ်ငန်းစီမံကိန်းကို တရားဝင်ခွင့်ပြုခြင်းသည် ဒုစရိုက်မှုများ မြင့်တက်လာနိုင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က ထိုင်းအစိုးရကို သတိပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်သို့ သွားရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)နှင့် တွေ့ဆုံစဉ် သမ္မတရှီကျင့်ဖျင်က သတိပေးခဲ့ခြင်း ဖြစ်သည်။

ပေတုန်တန်သည် ဖေဖော်ဝါရီ ၁၁ ရက်က အစိုးရအိမ်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ချိန်က ၎င်း၏ တရုတ်ခရီးစဉ်အတွင်း ကာစီနိုရုံ စီမံကိန်းနှင့်ပတ်သက်ပြီး ရှီကျင့်ဖျင်နှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှီသည် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းခဲ့ သည်ဟု ပေတုန်တန်က ဆိုသည်။

ထိုစီမံကိန်းကို ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အခြား ဖျော်ဖြေရေး အစီအစဉ်များနှင့် ပေါင်းစပ်ရန် ရည်ရွယ်ထားကြောင်း၊ ကာစီနိုရုံများသည် ဖျော်ဖြေရေး အဆောက်အအုံဝင်း၏ ၁၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိလိမ့်မည်ဖြစ်ကြောင်း ပေတုန်တန်က ရှီကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

တရုတ်ပြည်မကြီးတွင် လောင်းကစားလုပ်ငန်းသည် တရားမဝင်ဘဲ ထိုင်းနိုင်ငံတွင်လည်း တင်းကျပ်သည့် ဥပဒေများဖြင့် ထိန်းချုပ်ထားသည်။

သမ္မတရှီက ကာစီနိုရုံများကို တရားဝင် ခွင့်ပြုပေးခြင်းသည် လူမှုရေးပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အကြောင်းကို သတိပေးခဲ့ကြောင်း၊ ထို့ကြောင့် ကာစီနိုရုံများကို တရားဝင်ခွင့်မပြုမီ နောက်ထပ် လေ့လာမှုများ ပြုလုပ်မည်ဟု ရှင်းပြခဲ့ရကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။

ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် အစီအစဉ်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၂ ရက်တွင် ပေတုန်တန်က လွှတ်တော်၌ ချပြခဲ့သည်။

ထိုအစီအစဉ်သည် ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့၏ မူဝါဒများထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

လောင်းကစား လုပ်ငန်းများနှင့် ဆက်စပ်လှုပ်ရှားမှုကို ရာဇဝတ်မှုများအဖြစ် သတ်မှတ်ခြင်းသည် တရားမဝင် မြေအောက် လုပ်ငန်းများအဖြစ် ဆက်လက် တည်ရှိနေနိုင်သဖြင့် ထိုလုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးလိုက် ခြင်းဖြင့် နိုင်ငံအတွက် ဝင်ငွေများ ရှာဖွေနိုင်ကြောင်း ဖြူးထိုင်းပါတီက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်တွင် အစိုးရအဖွဲ့က ကာစီနိုရုံများနှင့် လောင်းကစား လုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးမည့် ဥပဒေမူကြမ်းအား မူအရ အတည်ပြုခဲ့သဖြင့် နောက်တဆင့်ကို ဆက်လက် အကောင်အထည်ဖော်ရန် လမ်းပွင့် သွားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ပေတုန်တန်နဲ့ရှီကျင့်ဖျင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
51 ပတ် - ဘာသာပြန်ပါ။

တောင်ငူ သံတောင်ကြီးကနေ ကားနဲ့တက်လာတဲ့လမ်းလေး
.
.
.
📷 Thaw Tar
#crd

image
51 ပတ် - ဘာသာပြန်ပါ။

Gf - ကိုကိုValentime Day နေ့ကျရင် ဒူဘိုင်း
ချောကလပ်လေး.....
Me...

image
Frankie မျှဝေသည်။ ပို့စ်  
51 ပတ်

51 ပတ်

၂၀၂၆ ခုနှစ်မှာ တက္ကစီ လေယာဉ်တွေ ပြေးဆွဲမယ့် ဒူဘိုင်း
================================
လျှပ်စစ် တက္ကစီ လေယာဉ်တွေဟာ မြို့ထဲမှာ ကားလမ်း ပိတ်ဆို့မှုကို လျှော့ချပေးနိုင်သလို အသံဆူညံမှု နည်းပါးစေကာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေပါဘူး။ ဒူဘိုင်းက Joby S4 တက္ကစီ လေယာဉ်ကို ပြသလိုက်ပြီး ဝန်ဆောင်မှုကို ၂၀၂၆ ခုနှစ်မှာ စတင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက် အဆင်းပြုလုပ်နိုင်တဲ့ VTOL အမျိုးအစား ဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားပါတယ်။ အားအပြည့်သွင်းထားရင် ၁၆၁ ကီလိုမီတာကို တစ်နာရီကို ၃၂၂ ကီလိုမီတာ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ ခရီးသည် ၄ ယောက်နဲ့ ပိုင်းလော့ ၁ ယောက်ကို သယ်ဆောင်နိုင်ပါတယ်။
တက္ကစီ လေယာဉ်ရဲ့ အားသာချက်က ခရီးသွားချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဥပမာ အနေနဲ့ ဒူဘိုင်း နိုင်ငံတကာ လေဆိပ် ကနေ Palm Jumeirah ကို ကားနဲ့ သွားရင် ၄၅ မိနစ် ကြာမြင့်ပြီး တက္ကစီ လေယာဉ်နဲ့ သွားရင် ၁၂ မိနစ်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒူဘိုင်းက ဒီထက်ပို အဆင့်မြင့်တဲ့ မောင်းသူမဲ့ တက္ကစီ လေယာဉ်တွေကို ၂၀၃၀ ခုနှစ်မှာ ခရီးစဉ် အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းမှာ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။

image
51 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင်တွင် EV တက္ကစီ အငှားဝန်ဆောင်မှုများ စတင်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယခု ဖေဖော်ဝါရီလမှစတင်၍ EV တက္ကစီ အငှားဝန်ဆောင်မှုများ စတင်ပြေးဆွဲလျက်ရှိပြီး၊ တစ်ဦးချင်းငှားရမ်းစီးနင်းမှုအပြင် စင်းလုံးဌားရမ်းမှုဝန်ဆောင်မှုများကိုပါ ရရှိနေပြီဖြစ်ကြောင်း ဒေသခံများတစ်ဦးကပြောသည်။
အဆိုပါ EV တက္ကစီများအနေဖြင့် မော်လမြိုင်မြို့အတွင်းသာမက မော်လမြိုင်-ရန်ကုန်အထိ မိသားစုစီးစင်းလုံးငှါးစနစ်အပြင် တစ်ဦးချင်းအလိုက် စုပေါင်းတငှားရမ်းမှု စနစ်ရရှိပြီဖြစ်ကြောင်းသိရသည်။
EV တက္ကစီ ယာဉ်များအနေဖြင့် ခရီးစဉ်အစမှအဆုံးအထိ သက်တောင့်သက်သာစီးနင်းလိုက်ပါနိုင်ခြင်း ၊A/C ကို ခရီးအစအဆုံးရရှိခြင်း ၊ ဆူညံမှုကင်းဝေးကာသက်တောင့်သက်သာစီးနင်းနိုင်ခြင်းနှင့်
အိမ်တိုင်ရာရောက်ကြိုပို့ပေးခြင်းများဝန်ဆောင်မှုရရှိမည်ဖြစ်သည်ဟု ယင်းအငှားဝန်ဆောင်မှု လုပ်ငန်းက ကြေညာထားသည်။
တံတားဖွင့်ချိန် ၊ ပိတ်ချိန်နဲ့ လမ်းအခြအနေတွေကြောင့် ခရီးသည်တင် Express ကားကြီးတွေ အချိန်နဲ့ ပြေးဆွဲနေရချိန် ဒီလိုကားတွေရောက်လာတော့လဲ တချို့ခရီးသည်တွေအတွက်အဆင်ပြေတာပေါ့ ။
ကိုယ့်ဆီအရောက် လာကြိုခိုင်းလို့ရသလိုကိုယ့်အိမ်ထိအရောက်လဲ ပို့ခိုင်းလို့ရမယ်။
"ရန်ကုန် မော်လမြိုင် လမ်းတလျှောက်မြို့တွေမှာလဲ အကြောင်းအမျိုးမျိုးကြောင့် Express ကားတွေမမှီလိုက်ပဲ ပြန်ဖို့အခက်အခဲ ဖြစ်နေရင်လဲ ဒီလိုကားတွေကိုဖုန်းနဲ့ ချိတ်ဆက်ပြီး ပြန်လာလို့ရတာပေါ့။အရင်ကလဲ Probox တွေ ၊ အံစာတုံးတွေ ရှိပေမဲ့ ဒီလိုမျိုးEV တက္ကစီတွေ ထပ်ပေါ်လာတော့ ကိုယ့်စိတ်ကြိုက် ဝန်ဆောင်မှုနဲ့ စီးလို့ရလို့ ဒီလိုအပြိုင်အဆိုင်တွေ ပေါ်လာမှလဲ ကာစတန်မာတွေအတွက် ပိုအကျိုးဖြစ်စေမှာ"ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားထားသည်။
ယခုလ Promotions ကာလအတွင်း ငှားရမ်းစီးနင်းသူများအတွက် ၅၀% အကျိုးခံစားခွင့်ကို ဖေဖော်ဝါရီ (၉)ရက်မှ (၁၅)ရက်အထိ ရန်ကုန်-မော်လမြိုင် တစ်ဦးလျှင် ကျပ်(၂၅၀၀၀)ဖြင့်ရရှိမည်ဖြစ်ကာ ပုံမှန်စျေးနှုန်းမှာ ရှေ့ခန်းကျပ် (၆၀,၀၀၀)နှင့် အနောက်ခန်းကျပ် (၅၀,၀၀၀)သတ်မှတ်ထားရှိကြောင်း သိရသည်။

image

မျက်စိကျိန်းလောက်အောင် တောက်ပရမှာလား
===============================
စိတ်ဓာတ်ကျနေတဲ့ ကြယ်မင်းသမီးလေးက ခမည်းတော် ကြယ်မင်းကြီးကိုမေးတယ်။
“ဖေဖေ...သမီးကို လူတွေ ကြည့်မရကြဘူးထင်တယ်”
“ဘယ်လူတွေတုန်း သမီးရဲ့”
“ကြည့်မရတဲ့လူတွေပေါ့ ဖေဖေရယ်...”
“မုန်းတဲ့လူတွေပေါ့...”
“ဟုတ်...”
“သမီးစကားကို ဖေဖေ ပြန်ပြောကြည့်မယ်နော်...သမီးကို ကြည့်မရတဲ့လူတွေက ကြည့်မရဖြစ်နေလို့ သမီးစိတ်ညစ်နေတယ်။ ဟုတ်တယ်နော်...”
“ဟုတ်...”
“သမီးကို ကြည့်မရတဲ့လူ တစ်ယောက်ရှိတိုင်းရှိတိုင်းမှာ သမီးကို မျှော်ပြီးကြည့်ကြည့်နေတဲ့လူ အနည်းဆုံး ဆယ်ယောက်လောက်ရှိတယ်ဆိုတာရော သမီးသတိထားမိလား...”
“အဲဒါ ဘယ်သူတွေလဲ ဖေဖေ...”
”ထိပ်ဆုံးက အဖေပေါ့”
“...”
“နောက် သမီးရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ သမီးမသိပေမဲ့ သမီးကို ချစ်တဲ့လူတွေလေ။ အဲဒီလူတွေအတွက် သမီး တောက်ပရလိမ့်မယ်သမီး”
“ဟုတ်”
“သမီးကိုမုန်းသူတစ်ယောက်အတွက် မှေးမှိန်ပြတယ်ဆိုတာ သမီးကို တောက်ပစေချင်တဲ့ချစ်သူဆယ်ဦးအပေါ် တာဝန်မကျေရာကျတယ်သမီး”
“ဒါဆို သမီးကအမှောင်ကိုခွင်း အလင်းကိုဆောင်ရမယ်ပေါ့”
“အမှောင်ဆိုတာ သမီး ဘာကို ခေါ်ချင်တာလဲ။ အလင်းဆိုတာရော သမီး ဘာကို ခေါ်ချင်တာလဲ။”
“ဟိုလေ...”
“တိတိကျကျအဖြေမပေးနိုင်တာ အန္တရာယ်ရှိတယ်သမီး။ ဒါ့ပြင် သမီးအတွက် အမှောင်ဆိုတာ တချို့လူတွေအတွက် အလင်းဖြစ်နိုင်သလို၊ သမီးရဲ့အလင်းဟာ တချို့လူတွေအတွက် အမှောင်ဖြစ်နိုင်တာကို သတိပြုဖို့လိုတယ်။”
“ဒါဆို သမီးက ဘာလုပ်ရမှာလဲ။ မလိုသူတွေ မျက်စေ့ကျိန်းလောက်အောင် တောက်ပရမှာလား”
“ဒီလိုရှိတယ်သမီးရဲ့။ သမီးကို ချစ်တဲ့လူတွေက သမီးဘယ်လောက် စူးစူးရှရှထက်ထက်မြက်မြက် တောက်ပသည်ဖြစ်စေ မျက်စေ့ကျိန်းတယ်လို့ မထင်သလို သမီးကို မုန်းတဲ့လူတွေက သူတို့အတွက် သမီးဘယ်လောက် မှိန်ဖျော့ပေးသည်ဖြစ်စေ မျက်စေ့ကျိန်းပြီး ကြည့်မရဖြစ်မှာပဲ”
“အဲဒီတော့...”
“သရဖူတိုင်းမှာ သူ့အတာနဲ့သူ အလေးချိန်ရှိတယ် သမီး။ သမီးဟာကြယ်မင်းသမီးတပါးမို့ သမီးရဲ့ သရဖူမှာလည်း အလေးချိန်ရှိတယ်။ သမီးဟာ မွေးဖွားလာကတည်းက တောက်ပဖို့မွေးဖွားလာတာဖြစ်တယ်။ ကြယ်မှန်ရင်တောက်ပရမှာဖြစ်လို့ မတောက်ပတဲ့ကြယ်ဆိုတာ ကိုယ့်သရဖူကိုယ်မနိုင်တဲ့ကြယ်ပဲ။ သမီးဟာ ကိုယ့်သရဖူကိုယ်နိုင်တဲ့ကြယ်တစ်ပွင့်ဆိုတာ ဖေဖေယုံကြည်တယ်။ ဒါကြောင့် သမီးဟာ တောက်ပရလိမ့်မယ်။ တောက်ပမယ့်တောက်ပ မလိုသူတွေ မျက်စေ့ကျိန်းရုံလောက် မတောက်ပနဲ့။ ကန်းသွားလောက်အောင် တောက်ပလိုက်စမ်းပါ ချစ်သမီး။”
(တောက်ပရမှာကြောက်နေသော၊ ကြောက်ကြောက်နှင့်တောက်ပနေရသော လောကရှိ လုပ်ငန်းနယ်ပယ်အသီးသီး၊ ပညာရပ်အသီးသီး၊ နေရာအသီးသီးမှ ကြယ်ပွင့်အားလုံးသို့)

image