1 နှစ် - ဘာသာပြန်ပါ။

နိုင်ငံပိုင်သယံဇာတတွေကို ဥပဒေမဲ့ခိုးထုတ်တဲ့လုပ်ငန်းတွေကနေ ရှောင်ရှားကြဖို့ လုပ်ကိုင်နေကြတဲ့ပြည်သူတွေကို နစက သတိပေး
(ပြည်တွင်း)ဖေဖော်ဝါရီ ၂၀

ပြည်သူတွေအနေနဲ့ အကြမ်းဖက်အုပ်စုတွေနဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေကို အားပေးထောက်ပံ့မှုပြုနေတဲ့ ဥပဒေမဲ့သယံဇာတခိုးထုတ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တာတွေကနေ အထူးသတိပြုရှောင်ရှားကြဖို့ နစက က နှိုးဆော်ထားပါတယ်။နိုင်ငံရဲ့ သယံဇာတပစ္စည်းတွေကို မတော်လောဘနဲ့ ဥပဒေမဲ့ ခိုးထုတ်နေကြပြီး အကြမ်းဖက်အုပ်စုတွေနဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေကို ထောက်ပံ့ နေမှုတွေကို နိုင်ငံတော်အနေနဲ့ စိစစ်ဖော်ထုတ်ပီဲး လိုအပ်သလို တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

မတော်လောဘနဲ့ ဥပဒေမဲ့ နိုင်ငံပိုင်သယံဇာတ ပစ္စည်းတွေကို ခိုးထုတ်ကြရာမှာ ဥပဒေကို မသိနားမလည်တဲ့အပြင် ဆင်းရဲနွမ်းပါးတဲ့ ဒေသခံ ပြည်သူတွေကို ငွေကြေးနဲ့ဆွဲဆောင်စည်းရုံးကာ အလုပ်လုပ်ကိုင်စေတာကိုလည်း တွေ့ မြင်နေရတယ်လို့ နစက ကပြောပါတယ်။

နိုင်ငံတော်အတွင်းက ဒေသအချို့မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင်သောင်းကျန်းမှုတွေကို အခွင့်ကောင်းယူကာ မတော်လောဘ စီးပွားရေးသမားတွေက နိုင်ငံပိုင်သယံဇာတပစ္စည်းတွေကို ဥပဒေမဲ့ခိုးထုတ်နေကြပြီး အကြမ်း ဖက်အုပ်စုတွေကိုထောက်ပံ့တာ၊ လက်နက်ကိုင်သောင်းကျန်းသူတွေကို ထောက်ပံ့တာတွေကို လုပ်ဆောင်နေကြတယ်လို့လည်း ပြောဆိုထားပါတယ်။

ခုလို လုပ်ကိုင်တာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုကို အားပေးမှုမြောက်ပြီး ဥပဒေမဲ့ ခိုးထုတ်မှုတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေ သတိပြုကြဖို့လိုတယ်လို့လည်း နစက က သတိပေးထားပါတယ်။

နိုင်ငံတော်ဟာ နိုင်ငံတော်မှာရှိတဲ့ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နဲ့ လေထုအတွင်းက သယံဇာတပစ္စည်းအားလုံးကို ပင်ရင်းပိုင်ရှင်ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားတယ်လို့ နစက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံပိုင်သယံဇာတပစ္စည်းတွေကို စီးပွားရေးအင်အားစုတွေက ထုတ်ယူသုံးစွဲတာကို ကွပ်ကဲကြီးကြပ်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေ ပြဋ္ဌာန်းရမယ်လို့ အခြေခံဥပဒေ ပြဋ္ဌာန်းထားချက်နဲ့အညီ နိုင်ငံပိုင်သယံဇာတပစ္စည်းတွေရဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေတွေကိုလည်း ပြဋ္ဌာန်းထားရှိပြီး သယံဇာတထုတ်ယူတာ လုပ်ငန်းတွေကို သက်ဆိုင်ရာဥပဒေတွေနဲ့အညီ ဆောင်ရွက်ခွင့်ပြုထားတယ်လို့ နစက က သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

LATEST: President Donald Trump has signed an executive order directing federal agencies to "identify all federally funded programs" providing financial benefits to "illegal aliens," according to a fact sheet released by the White House.

Trump 2nd term live updates: Court denies appeal on birthright citizenship injunction - ABC News
abcnews.go.com

Trump 2nd term live updates: Court denies appeal on birthright citizenship injunction - ABC News

President Donald Trump's administration on Wednesday lost its appeal to lift a nationwide injunction against his executive order on birthright citizenship.
1 နှစ် - ဘာသာပြန်ပါ။

in our mind :

သောက်ကြီးသောက်ကျယ်နဲ့ကွာ သောက်ချိုးကိုက မပြေဘူး လုပ်ပုံကိုက သောက်သုံးမကျတာ သောက်ချိုးအခမဲ့ပြင်ပေးလိုက်ရင်
ကောင်းမလား☺️

in reality

ဟုတ်ကဲ့ ရပါတယ်”)

Virgo ♍️, Capricorn ♑️, Cancer ♋️, Gemini ♊️, Pisces ♓️, Taurus ♉️, Leo ♌️

#lunatarot

image
1 နှစ် - ဘာသာပြန်ပါ။

သင့်ကိုသင် ယုံကြည်မှုရှိပါ''
အရွယ်ကောင်းတုန်းမှာ ကြိုးစားပါ
မဟုတ်ရင်
အိုသာသွားတယ် သာမန်ဘဝနဲ့
သူလို ငါလိုအခြေအနေ ဖြစ်မယ်
မင်းကို အကောင်းမမြင်တဲ့ လူတွေကို
ဂရုမစိုက်လေလေ မင်းဘဝက
ပိုပြီး အဆင်ပြေလာလေလေပဲ
ငါ လုပ်နိုင်လား မလုပ်နိုင်ဘူးလား
ဆိုတာ မရှိပါဘူး
ငါ အရ ယူမလား မယူဘူးလား
ဆိုတာပဲ ရှိတာပါ
ရော်နယ်ဒို ဘောလုံး စကန်တုန်းက
သူအောင်မြင်မယ်လို့ ဘယ်သူမှ မယုံခဲ့ကြပါဘူး
အောင်မြင်မှု အလာနှေးတာ မဟုတ်ပါဘူး
သင်ကြိုးစားတာ မပြင်းထန်သေးလို့ပါ
တွင်းထဲမှာ ရေမရှိတာ မဟုတ်ပါဘူး
သင်တူးတာ မနက်သေးလို့ပါ
အောင်မြင်အောင် ကြိုးစားပြလိုက်ပါ
ပြီးရင် အထင်သေးတဲ့ သူတွေကို အပြုံးနဲ့ အနိုင်ယူ
ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့
အောင်မြင်တဲ့သူတိုင်းရဲ့ နောက်ကွယ်မှာ
မအောင်မြင်ခဲ့တဲ့ အချိန်တွေ အများကြီးရှိခဲ့တယ်။
#credit

image

ဂေါ်ရခါးသီးကရတဲ့ ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများ
ဂေါ်ရခါးသီး လို့ ပြောလိုက်ရင် ထွေထွေ ထူးထူး ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဂေါ်ရခါးသီးကို ကြက်ဥ၊ ဘဲဥတွေနဲ့ ရောကြော်ပြီး စားကြသလို ကြက်သားနဲ့ ကာလသားချက်လေးလည်း ချက်စားတတ်သေးတယ်နော်။ မုန့်နှစ်နဲ့ ကြော်ပြီး အချဉ်လေးနဲ့ပဲ တို့စားစား၊ ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတာကတော့ အမှန်ပါပဲ။ စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုက ဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။ ရေဓာတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေးအထောက် အကူပြုပေးနိုင်ပါတယ်။

ဘာဓာတ်တွေပါလဲ

ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။
• ဗီတာမင် ဘီ
• ဗီတာမင် စီ
• ဖောလိတ်
• ဗီတာမင် ဒီ
• နီကာဆင်
• သီရာမင်း
• ရေဓာတ်
• အမျှင်ဓာတ်
• ကယ်လ်ဆီယမ်
• ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ

ဂေါ်ရခါးသီးက စားကောင်းသလို အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။

ဝိတ်ကျစေတယ် – ဂေါ်ရခါးသီးက ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် ကိုယ်အလေးချိန်ချချင်နေသူတွေ စိတ်ကြိုက်စားပေးလို့ရပါတယ်။

မွေးရာပါ ချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ် – ဂေါ်ရခါးသီးမှာ ဗီတာမင်B complex၊ ဖောလိတ်တို့လိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရော ကျစေနိုင်တယ် – ဂေါ်ရခါးသီးက ပြည့်ဝဆီ လုံးဝမပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မတက်စေဘဲ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

သက်လုံကောင်းစေနိုင်တယ် – ဂေါ်ရခါးသီးမှာပိုတက်ဆီယမ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သက်လုံကောင်းစေပြီး အမောခံနိုင်စေပါတယ်။

အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ် – ဂေါ်ရခါးသီးမှာဖလေဗာနွိုက်ပါဝင်တာကြောင့် ခန္ဓာကိုယ်နဲ့ အရေပြားဆဲလ်တွေကို ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ရခါးသီး ပုံမှန်စားပေးခြင်းက အရွယ်တင်နုပျိုစေမယ့် နည်းလမ်းတစ်ခုပေါ့။

ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ် – လေ့လာတွေ့ရှိချက်တွေအရ ကျောက်ကပ်ကျောက်တည်နေသူတွေအနေနဲ့ ဂေါ်ရခါးသီး စားပေးမယ်ဆိုရင် သက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ဝမ်းချုပ်တာကို သက်သာစေနိုင်တယ် – ဂေါ်ရ ခါးသီးမှာခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အမျှင်ဓာတ် များစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ် – ဂေါ်ရခါးသီးက ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးရှိသူတွေ၊ သွေးတိုးကာကွယ်ချင်သူတွေ စားပေးသင့်ပါတယ်။

နှလုံးရောဂါ ကာကွယ်ပေးနိုင်တယ် – ဂေါ်ရခါး သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါ – သွေးတွင်းမှာ သွေးနီဥဆဲလ်တွေ နည်းနေတာကြောင့် သွေးအားနည်းရောဂါ ဖြစ်ရတာပါ။ ဂေါ်ရခါးသီးမှာ သံဓာတ်နဲ့ ဗီတာမင် B2 တို့ပါဝင်နေတာကြောင့်သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး သွေးအားမနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် စျေးနှုန်းသက်သာ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြု ပြီး ဘေးထွက် ဆိုးကျိုးလည်း ကင်းလှတဲ့ ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း ဖော်ပြလိုက်ရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ပုသိမ်မြို့ မြင်ကွင်း ❤️
အ​ဝေး​ရောက်​နေသူများ အတွက်
အလွမ်းရယ် ​ပြေ​စေ သတည်း ....
#သွားမယ်&တည်းမယ်

image
1 နှစ် - ဘာသာပြန်ပါ။

ပုသိမ်မြို့ မြင်ကွင်း ❤️
အ​ဝေး​ရောက်​နေသူများ အတွက်
အလွမ်းရယ် ​ပြေ​စေ သတည်း ....
#သွားမယ်&တည်းမယ်

image
1 နှစ် - ဘာသာပြန်ပါ။

ပုသိမ်မြို့ မြင်ကွင်း ❤️
အ​ဝေး​ရောက်​နေသူများ အတွက်
အလွမ်းရယ် ​ပြေ​စေ သတည်း ....
#သွားမယ်&တည်းမယ်

image
1 နှစ် - ဘာသာပြန်ပါ။

ပုသိမ်မြို့ မြင်ကွင်း ❤️
အ​ဝေး​ရောက်​နေသူများ အတွက်
အလွမ်းရယ် ​ပြေ​စေ သတည်း ....
#သွားမယ်&တည်းမယ်

image
1 နှစ် - ဘာသာပြန်ပါ။

ပုသိမ်မြို့ မြင်ကွင်း ❤️
အ​ဝေး​ရောက်​နေသူများ အတွက်
အလွမ်းရယ် ​ပြေ​စေ သတည်း ....
#သွားမယ်&တည်းမယ်

image