51 w - Translate

ဒေစီပန်းလေး တစ်ပွင့်ဆိုရင်
နေရောင်ခြည်လေး ဖြစ်ခွင့်ရချင်မိ
လေပြေလေး တိုးဝှေ့သွားချိန်
မွှေ့ပျော် ရိမ်းနွဲ့နေဟန်လေး...ကို
အဝေးကနေ တိတ်တိတ်ကလေးပါပဲ
ရှု့စားရရုံ အမောပြေ
ကိုယ့်ရဲ့ချစ်ဆုံးရေ...
ကိုယ်လောင်ကျွမ်းရင်း မင်းရှင်သန်စေ_🌼💐💜

#flowers

imageimage
51 w - Translate

မဖြစ်နိုင်တဲ့အခါ….
မဖြစ်နိုင်တဲ့အတိုင်းလေး လက်ခံလိုက်တယ်။
အဆင်မပြေတဲ့အချိန်မှာ
မပြေတဲ့အတိုင်းလေးပဲ နေလိုက်တယ်။
ကြိုးစားလုပ်ယူရတာမျိုးတွေ မလုပ်ချင်တော့ဘူး။
ကိုယ့်စိတ်ကို ချည်နှောင်ထားရတာ ပင်ပန်းတယ်။

#စာတို
#as

51 w - Translate

နွေဦးကအဆိုးဆုံးဗျ
လေရူးတွေကတိုက်
ရွက်ဝါတွေလေမှာလွင့်
သေတောင်သေသွားနိုင်တယ်
လွမ်းလွန်းလိုဗျ.....
#စာတို

ကြက်အချင်းတိုင်ချက်နည်း
==============
✅ကြက်အချင်းတိုင်လတ်လတ်ဆတ်ဆတ်လေးတွေ ကုန်အသစ်ဝင်တာနဲ့ အချင်းတိုင်ဆီပြန်ဟင်းလေးချက်စားဖြစ်ပါတယ်၊ မဆလာအနံ့မွှေးမွှေးလေးနဲ့ စားကောင်းနေရောနော်

▪️ပါဝင်ပစ္စည်းများ
ကြက်အချင်းတိုင် ..၅၀သား
ကြက်သွန်နီ..၅လုံး
ကြက်သွန်ဖြူ.. အမွှာကြီး ၄မွှာ
ငရုပ်ပု...၂ကျပ်သား..အစေ့ထုတ်ပြီးသား
မြေပဲဆီ..၁၀သား
ဆား ....ထမင်းစားဇွန်းဝက်
နနွင်းမှုန့်.. သင့်ရုံ
မဆလာ...လက်ဖက်ဇွန်း ၂ဇွန်း

▪️ပြုလုပ်ပုံ အဆင့်ဆင့်

👉ပထမဦးစွာ ကြက်အချင်တိုင် ကို ဆေးကြောသန့်စင်ပြီး၊ဆား ၊နနွင်း ၊ဟင်းခတ် ၊အရသာမှူန့်တို့ဖြင့်နယ်ထားပါ။

ငရုပ်ပုကိုရေစိမ်ပြီး ကြက်သွန်ဖြူ နီ ချင်း တို့နှင့်ညှက်နေအောင်ရောထောင်းထားပါ။
ချက်မည့်အိုးထဲ ဆီထည့်ကာ အပူပေးပြီး မဆလာ+ငရုပ်အနှစ်များထည့်ပါ။

မွှေးနေအောင်ဆီသတ်ပြီး ကြက်အချင်းတိုင် ထည့်ပါ။သမအောင်ကြော်ပြီး ရေသန့်အမြုပ်ထည့်ကာ အဖုံးအုပ်ပြီးဆီရေခမ်း ဆီပြန်သည်ထိထားပါ။
ဆီပြန်လာပါက မီးပိတ်သုံးဆောင်နိုင်ပါပြီ။

#crd

image
51 w - Translate

(၁၃.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၉၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၂၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၅၀၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၁၆၀ ကျပ်
Octane 95 - ၃၂၂၀ ကျ​ပ်
Premium Diesel - ၃၃၇၀ ကျပ်
Diesel - ၂၇၃၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image

ကိုယ့်ကြောင့် ပြောင်းလဲသွားတာမျိုးဆို
သဘောကျတယ်.....
ဥပမာ - active now ကနေ
1 minute ago ဖြစ်သွားဝာာမျိုး။

#funny

image

ကင်ချီ ဟင်းရည်

လိုအပ်သောပစ္စည်း
°°°°°°°°°°°°°°°°
ငါးနီခြောက်
ကြက်သွန်နီ ကြက်သွန်မြိတ်
ကင်ချီ
ကိုရီးယားငရုတ်အနှစ်
ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့်
ငရုတ်သီး ပဲပြား

ချက်နည်း
°°°°°°°°°
ငါးနီတူခြောက်ကိုမိနစ် ၃၀ခန့်ပြုတ်ထားပေးပါ။
ငါးနီတူခြောက်ကိုဆယ်ပြီး အရည်ဘဲယူသုံးရမယ်နော်။

ကိုရီးယားငရုတ်အနှစ်ထဲသို့ ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့် ထည့်ပြီးမွှေထား အနှစ်စပ်ထားပေးရမယ်။

ငါးနီတူခြောက်ပြုတ်ရေထဲကိုကင်ဂျီ ကြက်သွန်နီ စပ်ထားသောအနှစ် ကြက်သွန်နီ ထည့်ပြီးပွက်ပွက်ဆူလာတဲ့အထိတည်ထားပေးပါ။ ဆူလာပြီဆို ကြက်သွန်မြိတ် လှီးထားသောငရုတ်သီးနဲ့ပဲပြားကိုထည့်ပြီး အရသာရှိသောကင်ချီဟင်းရည်ရပါပြီ။

#credit

image
51 w - Translate

ယနေ့ စနစ်သစ် စနစ်ဟောင်း ရွှေ‌စျေး၊ ဒေါ်လာနှင့် နိုင်ငံခြားငွေစျေးများ
(ဖေဖော်ဝါရီလ ၁၃ ရက်၊ )
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
အမေရိကန်ဒေါ်လာ 4400 – 4500
စင်ကာပူဒေါ်လာ 3270 – 3360
ဥရောပယူရို 4530 – 4650
ဂျပန်ယန်း 28.26 – 29.00
တောင်ကိုရီးယားဝမ် 3.00 – 3.08
‌အိန္ဒိယရူပီး 50.22 – 51.54
ယူအေအီး 1185 - 1215
မလေးရှားရင်းဂစ် 995 – 1010
တရုတ်ယွမ် 596 – 611
ထိုင်းဘတ် 129.40 – 131.90
ပြင်ပ ရွှေဈေးကွက်မှာတော့
၁၆ ပဲရည် မီးလင်း စနစ်ဟောင်း
(၁ ကျပ်သား - 16.6 g)
ရောင်းစျေး 6,610,000
ဝယ်စျေး 6,560,000
၁၆ ပဲရည် မီးလင်း စနစ်သစ်
(၁ ကျပ်သား - 16.329 g)
ရောင်းစျေး 6,500,000
ဝယ်စျေး 6,450,000
၁၅ ပဲရည်
စနစ်ဟောင်း 6,220,000
စနစ်သစ် 6,170,000
မှတ်ချက် - အထက်ပါ စုစည်းတင်ပြထားသော နိုင်ငံခြားငွေလဲနှုန်းများနှင့် ရွှေဈေးနှုန်းများသည် အချိန်နှင့် တပြေးညီ အပြောင်းအလဲ ရှိနိုင်ပါသည်။

image

Now Mood

အမေရိကန်က WFP အတွက် အစားအစာလှူဒါန်းမှုကို ပြန်လည်ခွင့်ပြု

နယူးယောက်၊ ဖေဖော်ဝါရီ ၁၃

အမေရိကန်က ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အတွက် အစားအစာ လှူဒါန်းမှုအား ရပ်နားထားမှုကို ပြန်လည်ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် WFP အား အစားအစာ လှူဒါန်းမှုများ ဆိုင်းငံ့ထားမှုသည် အဆုံးသတ်သွားပြီဖြစ်ပြီး လက်ရှိတွင် စားနပ်ရိက္ခာ မက်ထရစ်တန်ချိန် ၅၀၀,၀၀၀ သင်္ဘောများပေါ်တွင်ရှိနေပြီး ထိုရိက္ခာများကို ပို့ဆောင်ရမည့် အခြေအနေသည် သောင်မတင်ရေမကျ အခြေအနေ၌ ရှိနေကြောင်း WFP က ပြောကြားခဲ့သည်။

မကြာသေးမီက အမေရိကန်လယ်သများထံမှ Title II ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် အစားအစာ အကူအညီများ ယာယီရပ်ဆိုင်းမှုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု WFP က X လူမှုမီဒီယာတွင် ဖေဖော်ဝါရီ ၉ ရက်က ရေးသားခဲ့သည်။

ထို့ကြောင့် တည်ဆဲ USAID သဘောတူညီချက်များအရ အစားအစာ ဝယ်ယူမှုနှင့် ဖြန့်ချိမှုများကို ပြန်လည် လုပ်ဆောင်ခွင့် ရရှိပြီဟုလည်း WFP က ရေးသားခဲ့သည်။

အမေရိကန်သည် အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွင် ကန့်သတ်ချက်များ လျှော့ပေါ့ပေးခဲ့သည့်တိုင် လှူဒါန်းမည့် ရည်ရွယ်ချက်ဖြင့် အမေရိကန် လယ်သမားများ ထုတ်လုပ်သည့် စားနပ်ရိက္ခာများကို ဝယ်ယူခွင့် ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်း၏ "အမေရိကန် ပထမ" နိုင်ငံခြားရေးမူဝါဒနှင့် ကိုက်ညီမှု ရှိ/ မရှိ လေ့လာရန်အတွက် ပြည်ပကူညီထောက်ပံ့မှုများကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ခဲ့ပြီးနောက် WFP အတွက် အစားအစာ လှူဒါန်းမှုများကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအခါတွင် ထိုဆိုင်းငံ့မှုကို ပြန်လည်ရုပ်သိမ်း ပေးခဲ့ခြင်းဖြစ်သည်။

အခြားဆိုင်းငံ့ခံခဲ့ရသည့် အစိုးရထောက်ပံ့ကြေး အစီအစဉ်အချို့သည် အမေရိကန်က အခြားနိုင်ငံများကို စားနပ်ရိက္ခာ အကူအညီပေးရေးနှင့် ပတ်သက်သည့် Food for Peace Title II စီမံကိန်းအောက်တွင် ပါဝင်နေသည့် အစီအစဉ်များဖြစ်သည်။

ထို Food for Peace Title II စီမံကိန်းသည် နှစ်စဉ် အမေရိကန်၏ စားနပ်ရိက္ခာ လှူဒါန်းမှုတန်ဖိုး ဒေါ်လာ ၂ ဘီလျံခန့်ကို သုံးစွဲခဲ့သည်။

Source: အပေီ

ပုံ - WFP က စားနပ်ရိက္ခာ ထောက်ပံ့ပေးစဉ်

#centralnewsnaypyitaw

image