Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုရှားနှင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးမှုများကြောင့် သဘောတူညီချက် ၁၀ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ဟု နစကခေါင်းဆောင်ပြော
ရန်ကုန်၊ မတ် ၅
နှစ်ဖက်ယုံကြည်စိတ်ချစွာ ဆွေးနွေးမှုတွေကြောင့် သဘောတူညီချက် ၁၀ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နစကခေါင်းဆောင်က ရုရှားသမ္မတ ပူတင်နဲ့အတူ မီဒီယာတွေနဲ့ တွေ့ဆုံရင်း ပြောကြားခဲ့ပါတယ်။
ယခုခရီးစဉ်ကနေတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေပြီး နှစ်ဖက်အကြားမှာ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ၊ လျှပ်စစ်စွမ်းအား၊ စက်မှုနဲ့ စွမ်းအင်ကဏ္ဍတို့အပါအဝင် အကျိုးတူကဏ္ဍစုံ ပူပေါင်းဆောင်ရွက်မှုတွေမှာလည်း မကြာခင်ကာလအတွင်း ယခုထက်ပိုမို တိုးတက်အောင်မြင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူလူထုကနေ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ကိစ္စမှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝ ရပ်တည်ပါကြောင်း ဆက်ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြည့်မီဖို့ ဆောင်ရွက်တဲ့အချိန်မှာ ရုရှားနိုင်ငံက ဒေသတွင်းရဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ မြန်မာနိုင်ငံအပေါ် စဉ်ဆက်မပျက် ထောက်ခံပေးမှုတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းလို့လည်း ဆိုခဲ့ပါတယ်။
အနာဂတ်မှာလည်း နှစ်နိုင်ငံကြားမှာ အပြည်ပြည်ဆိုင်ရာ စာမျက်နှာများအတွင်း နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်