ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ
ကော်ဖီ ဆိုတာ
ကော်ဖီဟာ ကိုကာကိုလာ၊ ဆန်းကစ် စတဲ့အချိုရည်တွေလို တကမ္ဘာလုံးရှိ လူအတော်များများ နှစ်ခြိုက်စွာသောက်သုံးနေကြတဲ့အရည်အမျိုးအစားတွေထဲက တမျိုးဖြစ်ပါတယ်။သုတေသနတွေအရ တကမ္ဘာလုံးအတိုင်းအတာနဲ့ တနှစ်တနှစ်ကို ကော်ဖီသောက်သုံးမှုဟာ ခွက်အရေအတွက်ပေါင်း ဘီလျံ ၄၀၀ ကျော်ရှိနိုင်တယ်လို့ သိရပါတယ်။
ကော်ဖီမှာ ဘလက်ကော်ဖီ(Black coffee)၊ကတ်ပူချီနို(Cappucino)၊ခရင်မီကော်ဖီ (Creamy coffee)၊အမေရိကာနို(Americano)၊အိုက်စ်ကော်ဖီ(Ice coffee) စသဖြင့် အမျိုးမျိုးရှိပါတယ်။
ကော်ဖီသောက်ခြင်းက ကောင်းကျိုးလား ဆိုးကျိုးလား
ကော်ဖီသောက်ခြင်းနှင့်ပတ်သက်ပြီးတော့
ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး ရေးသားပြောဆိုချက်တွေဆောင်းပါးတွေရှိသလို ကျန်းမာ ရေးအတွက်ဆိုးကျိုးကိုဖြစ်စေတယ်ဆိုပြီး ရေးသားပြောဆိုချက်တွေဆောင်းပါးတွေလည်းရှိပါတယ်။
အဲ့အခါမှာ စာဖတ်ပရိတ်သတ်အတော်များများအနေနဲ့ ကော်ဖီသောက်ခြင်းဟာ ကျန်းမာရေးအတွက်ကောင်းလား ဆိုးလားဆိုတာကို သေချာမသိဘဲ ဇဝေဇဝါဖြစ်ရပါတယ်။ တကယ်တော့ ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲရှိတယ်ဆိုတဲ့အတိုင်းပါပဲ ကော်ဖီသောက်တာဟာ ကောင်း ကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။
ကောင်းကျိုးက ဘာတွေလဲ
သောက်တဲ့အမျိုးအစား၊သောက်တဲ့ပမာဏ၊အကြိမ်ရေ၊သောက်တဲ့အချိန်နဲ့ သောက်တဲ့သူရဲ့ကျန်းမာရေးအခြေအနေစတာတွေပေါ်မှာလည်းမူတည်ပါတယ်။
• ကော်ဖီမှာ ကဖင်းဓါတ်(Caffine)ကအဓိကအနေနဲ့ပါဝင်လေ့ရှိပြီး ကဖင်းဓါတ်ရဲ့ကောင်းကျိုးတွေအနေနဲ့ကတော့ သင့်တင့်ရုံပမာဏမှာ ဆိုရင် လူကိုလန်းဆန်းတက်ကြွစေပြီး ခန္ဓာကိုယ်ရှိကယ်လိုရီတွေကိုလောင်ကျွမ်းစေကာ ဝိတ်ကျပိန်စေနိုင်ပါတယ်။
• ကော်ဖီဟာ အူလမ်းကြောင်းလှုပ်ရှားမှုကိုပိုမြန်စေပြီး ဝမ်းသွားချင်စိတ်ကိုဖြစ်စေတဲ့အတွက် ဝမ်းချုပ်ခြင်းကိုကင်းစေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။
• ခုနောက်ပိုင်းသုတေသနလေ့လာချက်တွေအရ ကော်ဖီသောက်ခြင်းဖြင့် အမျိုးအစား ၂ ဆီးချိုရောဂါ၊ပါကင်ဆန်ရောဂါ၊အသည်းကင်ဆာနဲ့အသည်းရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။
ဆိုးကျိုးတွေ
ကော်ဖီသောက်ခြင်းဖြင့် ရနိုင်ခြေရှိတဲ့ဆိုးကျိုးတွေကတော့ –
• ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က သင့်တော်တဲ့ပမာဏမှာဆိုရင် လူကို လန်းဆန်းတက်ကြွစေတာမှန်ပေမယ့် ပမာဏများသွားတဲ့အခါမှာဆိုရင် နှလုံးခုန်မြန်တာ၊ရင်တုန်တာ၊စိတ်ပူပန်သလိုမျိုးဂဏှာမငြိမ်သလိုမျိုးဖြစ်တာ (Caffine related anxiety disorder)၊အိပ်မပျော်တာ မျိုးတွေကိုခံစားကြုံတွေ့ရနိုင်ပါတယ်။
• ကျန်းမာရေးမကောင်းတဲ့သူတွေ၊ နဂိုကတည်းကရင်တုန်တတ်တဲ့သူတွေဆိုရင် ကော်ဖီကို ပမာဏများများသောက်တာမဟုတ်ဘဲ တခွက်လောက်သောက်မိရုံနဲ့လည်းဖြစ်နိုင်ပါတယ်။
• ကော်ဖီဟာ အစာရေမျိုပြွန်တလျှောက်က ကြွက်သားတွေကိုအားနည်းစေတတ်တာကြောင့် စားပြီးသားအစာတွေအပေါ်ပြန်တက်တဲ့ GERD(Gastro-oesophageal reflux disease)လို့ခေါ်တဲ့ စားချဉ့်ပြန်ရောဂါအခံရှိပါက ရောဂါပိုဆိုးစေနိုင်ပါတယ်။
• ကဖင်းဓါတ်က အူလမ်းကြောင်းလှုပ်ရှားမှုကိုမြန်စေတဲ့အတွက် အခန့်မသင့်ရင် ဝမ်းလျှောတာ ဖြစ်စေနိုင်သလို ဆီးကိုလည်းများများနဲ့မြန်မြန်ဖြစ်စေတဲ့အတွက် ဆီးခဏခဏသွားပြီး ရေခဏခဏဆာတာကိုလည်းဖြစ်စေနိုင်ပါတယ်။
• ကဖင်းဓါတ်ကြောင့် အသက်အန္တရာယ်ထိခိုက်တဲ့အထိဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးကြီးတခုလည်းရှိပါတယ်။အဲ့ဒါကတော့ Rhabdomyolysis လို့ခေါ်တဲ့ ကြွက်သားဆဲလ်တွေပျက်စီးတဲ့ရောဂါပါ။ ကော်ဖီတွေအများကြီးသောက်မိပြီး ကဖင်းဓါတ်တွေအများကြီး ကိုယ်ခန္ဓာထဲရောက်သွားတဲ့အခါ ဖြစ်နိုင်ပါတယ်။ ဖြစ်လေ့ဖြစ်ထသိပ်မရှိပေမယ့် အခန့်မသင့်ရင်ဖြစ်တတ်တဲ့ ဆိုးကျိုးကြီးတခုပါ။ ကြွက်သားတွေပျက်စီးတဲ့အခါမှာ Myoglobin လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတမျိုးထွက်လာပြီး ထိုဓါတ်ပစ္စည်းက ကျောက်ကပ်နဲ့တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ကတော့ ပျို့အန်တာ ဆီးမည်းတွေသွားတာ မျက်နှာတွေဖောရောင်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဘာတွေလုပ်သင့်သလဲ
ဒီလိုတွေဖြစ်လာရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းပြသဖို့လိုပါတယ်။ အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကော်ဖီသောက်တဲ့အခါမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးထွက်ဆိုးကျိုးနဲအောင် သင့်တော်တဲ့ပမာဏလောက်ပဲသောက်ပါ။သုတေသနပြုချက်တွေအရ လူတယောက်ဟာ တနေ့ကို ကဖင်းဓါတ် အများဆုံး ၃၅၀ mg ပဲသောက်သင့်ပါတယ်။
အကြမ်းအားဖြင့်ပြောရရင်တော့ ကော်ဖီကို တနေ့ အများဆုံး သုံးခွက်အထက် ပိုမသောက်သင့်ပါဘူး။
ကိုယ်ဝန်ဆောင်တွေနဲ့နို့တိုက်မိခင်တွေဆိုရင်တော့ ကော်ဖီရှောင်နိုင်ရင်ကောင်းပါမယ်။ မရှောင်နိုင်ရင်တော့ တရက်ခြား တခွက်လောက်ပဲသောက်သင့်ပါတယ်။ သောက်တဲ့အခါမှာလည်း ကော်ဖီစေ့ကိုကျိတ်ထားတဲ့ ကော်ဖီမှုန့်စစ်စစ်ကိုပဲ ရွေးချယ်ဝယ်ယူသောက်သုံးသင့်ပါတယ်။
အစာအိမ်ရောဂါအခံရှိတဲ့သူတွေ၊ရင်တုန်တတ်တဲ့သူတွေ၊လတ်တလောဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့သူတွေကတော့ ကော်ဖီလုံးဝမသောက်သင့်ပါ။
ညအိပ်ခါနီးကော်ဖီသောက်ခြင်းကိုရှောင်ပါ လို့ အကြံပေးချင်ပါတယ်။
၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် မွေးဖွားခဲ့သည်။
မန္တလေးမြို့ စိန့်ပီတာကျောင်း (အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း)တွင် အထက်တန်းအောင်မြင်ခဲ့သည်။
၁၉၇၉ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။
ယင်းနောက် စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်တွင် ဇီဝဓာတုဗေဒသရုပ်ပြ အဖြစ် လုပ်ကိုင်ခဲ့သည်။
#myanmarhistorical
◾️Senior Auditor - Mandalay
Company: Yadanabon Hospital (Ta Khun Taing Project)
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/22875
◾️Secretary - Yangon
Company: Global World Insurane
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/22854
◾️L2 IES Technician - Yangon
Company: AGB Communication
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22850
◾️Interviewer & Presenter - Yangon
Company: iMyanmarHouse
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22859
ကျောက်ကပ်ဆေးမယ့် မိခင်ကို သွားရောက်ဖျော်ဖြေပေးခဲ့တဲ့ ဂျွန်လွင် 🥰🥰🥰
ဂျွန်လွင်က မိခင်ကို မပျင်းရအောင်လို့ သွားရောက်ဖျော်ဖြေပေးခဲ့တာပါ။ မိခင်ကို လိုလေသေးမရှိအောင် ထားတဲ့ ဂျွန်လွင်က အလုပ်အကိုင်တွေလည်း အဆင်ပြေပြီး မိခင်ဆီက ကောင်းချီးတွေကို အမြဲရရှိနေသူပါ။ မိခင်အနားမှာ အမြဲသွားရောက်ပြုစုပေးပြီး ကျောက်ကပ်ဆေးမယ့် မိခင်ကို မပျင်းရအောင် စနောက်ပြီး သွားရောက်ဖျော်ဖြေနေခဲ့တာပါ။
#celenews