မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers
မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers
မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers


+6
နည်းပညာတိုးတက်မှုတွေဟာ လူ့ဘဝနဲ့ လူ့အဖွဲ့အစည်းကို များစွာ အထောက်အကူပြုပြီးတော့၊ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ဟိုးအရင်တုန်းက ၂၀၀၀ ခုနှစ်ကာလကဆို ကျွန်တော်တို့မှာ TV ဝယ်နိုင်တဲ့လူ DVD စက်ဝယ်နိုင်တဲ့လူဆိုတာခပ်ရှားရှားရယ်ပါ။ဖုန်းဆိုလဲ PCO နဲ့ပဲဆက်ရတယ်။အခုခေတ်ကျ ဖုန်းတစ်လုံးနဲ့တင် အကုန်လုံးကိုလုပ်လို့ရနေပြီ။ ပထမဆုံးပြောချင်တာကတော့ အင်တာနက်နည်းပညာကြောင့် ကမ္ဘာတစ်ဝှမ်းက လူတွေနဲ့ ချက်ချင်းဆက်သွယ်နိုင်ပြီး၊ ဆိုရှယ်မီဒီယာ၊ ဗီဒီယိုကော်လ်တွေ၊ မက်ဆေ့ချ်ပို့ခြင်းတို့ကြောင့် ဆက်သွယ်ရေးဟာ လွယ်ကူပြီး မြန်ဆန်လာပါတယ်။ ဒါကြောင့်နေ့ချင်းညချင်း ကမ္ဘာအရပ်ရပ်ကသတင်းတွေကို သိနိုင်လာတယ်။ ပညာရေးတိုးတက်မှုအနေနဲ့ကလည်း Covid-19 ကာလမှာ အွန်လိုင်းပညာရေး (E-learning) ကြောင့် ကျောင်းသားတွေလူငယ်တွေဟာ အိမ်မှာနေရင်းနဲ့ ပညာသင်ယူနိုင်ပြီးတော့၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်၊ အွန်လိုင်းသင်ခန်းစာတွေ၊ နဲ့ Youtube ကတွေကြောင့် ပညာရေးကို လွယ်ကူလွယ်ကူကူပဲ လက်လှမ်းမီနိုင်တာကိုတွေ့ရတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဆေးဘက်ဆိုင်ရာနည်းပညာတိုးတက်မှုကြောင့် ရောဂါရှာဖွေကုသမှုတွေ ပိုမိုတိကျမြန်ဆန်လာပြီး၊ အွန်လိုင်းဆေးခန်းများ (Telemedicine) ပေါ်လာတာကြောင့် အိမ်ကမသွားနိုင်တဲ့ လူနာတွေက အိမ်မှာနေရင်းနဲ့ ဆရာဝန်နဲ့ တိုင်ပင်နိုင်တယ်။ ဆေးဝါးထုတ်လုပ်မှုနဲ့ ဒီ ကာကွယ်ဆေးများတိုးတက်လာမှုကြောင့် ရောဂါတွေကို ကာကွယ်လာနိုင်တယ်။ စီးပွားရေးတိုးတက်မှုအနေနဲ့ကြည့်ရင်လည်း အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး (E-commerce) ကြောင့် လုပ်ငန်းရှင်တွေဟာ အွန်လိုင်းကနေ ကုန်ပစ္စည်းတွေကို ရောင်းချနိုင်တဲ့ Digital Market ကြီးဖြစ်လာပြီးတော့ လူတိုင်းကကိုယ့်ပစ္စည်းကိုယ်လွတါလွတ်လပ်လပ်ရောင်းဝယ်လာနိုင်ကြတယ်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် (Digital Payment) ကြောင့် ငွေကြေးကိုလွယ်ကူစွာ ၁မိနစ်အတွင်းအပြီး လွှဲပြောင်းနိုင်ပါတယ်။ စက်ရုပ်နည်းပညာ (Robotics) နဲ့ ဉာဏ်ရည်တုနည်းပညာ (AI) တို့ကြောင့်ထုတ်လုပ်မှုလုပ်ငန်းတွေ ပိုမိုထိရောက်လာပါတယ်။
လူနေမှုအဆင့်အတန်းမြင့်မားမှုအနေနဲ့တော့ စမတ်အိမ်များ (Smart Homes) ကြောင့် လူတွေဟာ အိမ်ကို အလိုအလျောက် ထိန်းချုပ်နိုင်ပြီး၊ စွမ်းအင်ထိရောက်မှု (Energy Efficiency)၊Solar နည်းပညာတွေကြောင့် လျှပ်စစ်စွမ်းအင်ကိုပိုမိုချွေတာသုံးလာနိုင်တယ်။ သယ်ယူပို့ဆောင်ရေးနည်းပညာတွေကြောင့် ခရီးသွားလာရတာ ပိုမိုလွယ်ကူလာပါတယ်။ Tesla လိုလျှပ်စစ်ကားတွေကြောင့်လေထုညစ်ညမ်းမှုကိုအတော်လေးလျှော့ချလာနိုင်တယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအနေနဲ့ ကတော့ စွန့်ပစ်ပစ္စည်းတွေဘယ်လိုပြန်အသုံးပြုမလဲဆိုတာကိုနည်းလမ်းတွေထွက်ပေါ်လာပါတယ်။ကမ္ဘာကျော် လူ့အသုံးဆေင်ကုမ္မဏီဖြစ်တဲ့ Adidas ကတော့ ဒီနည်းပညာတွေကိုအသုံးပြုတာကိုတွေ့ရပါတယ်။Laptop ရှိရုံ Internet ရှိရုံနဲ့ သွားစရာမလိုပဲ ဗီဒီယိုကွန်ဖရင့်နဲ့ အွန်လိုင်းအစည်းအဝေးတွေကိုဆွေးနွေးနိုင်တယ်။
တိုးတက်လာမှုတွေကတော့အများအပြားပါပဲ။ဒါပေမယ့် တိုးတက်မှုရဲ့အခြားတစ်ဖက် ကလည်းဆိုးရွားမှုရှိပါတယ်။ဥပမာ-အွန်လိုင်းလောင်းကစားတွေ၊ပိုက်ဆံတွေလိမ်လည်တာတွေ၊Scam လုပ်တာတွေကတော့ နည်းပညာတိုးတက်မှုရဲ့အခြားတစ်ဖက်ခြမ်းတွေဖြစ်ပါတယ်။
နည်းပညာတိုးတက်မှုဟာ လူ့ဘဝကို အများကြီး အထောက်အကူပြုပြီး၊ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူသက်သာစေပါတယ်။ ဒါပေမယ့်၊ နည်းပညာကို မှန်ကန်စွာ အသုံးပြုဖို့လည်း အရေးကြီးပါတယ်။
#admin-m
#myspaceofficial
တွင်းထွက်ဆိုင်ရာ သဘောတူညီချက် အမေရိကန်နဲ့ ယူကရိန်းရရှိ
ကိဗ်ယက်၊ ဖေဖော်ဝါရီ ၂၆
ယူကရိန်းနဲ့ အမေရိကန်တို့အကြား အဓိကတွင်းထွက်ဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူတယောက်က အတည်ပြုပြောဆိုလိုက်ပါတယ်။
ကောင်းမွန်တဲ့ ပြင်ဆင်ချက်အများအပြားကို သဘောတူခဲ့ပြီး ဒါဟာ အပြုသဘောဆောင်တဲ့ ရလဒ်လို့ဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူက ဆိုပါတယ်။ အမေရိကန်ဟာ ယူကရိန်းသဘာ၀ရင်းမြစ်တွေကို အသုံးချခြင်းကနေ ဒေါ်လာ ၅၀၀ ဘီလီယံထိ ကနဦးတောင်းဆိုမှုကို လျှော့ချခဲ့ပေမယ့် ယူကရိန်းရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ လုံခြုံရေးအာမခံချက်ကိုတော့ မပေးသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ အပြန်အလှန်ကွဲလွဲမှုတွေရှိခဲ့ပါတယ်။ ဇီလန်စကီးကို ထရန့်က အာဏာရှင်လို့ သမုတ်ခဲ့ပြီး ယူကရိန်းသမ္မတကတော့ ထရန့်ဟာ ရုရှားရဲ့ မဟုတ်မမှန်သတင်းစာကားတွေထဲမှာ ပိတ်မိနေပြီးစစ်ပွဲစတာ ယူကရိန်းကို အပြစ်ဖို့နေတယ်လို့ ဝေဖန်ပါတယ်။
အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၃၀၀ ဘီလီယံနဲ့ ၃၅၀ ဘီလီယံထိ ထောက်ပံ့ပေးခဲ့တယ်လို့ ထရန့်ကဆိုပါတယ်။ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ဒီငွေတွေကို ပြန်လိုချင်တယ်လို့ ပြောပါတယ်။ဒီအတွက် ယူကရိန်းတွင်းထွက်တွေကို အသုံးချပိုင်ခွင့်အတွက် တွန်းအားပေးနေတာပါ။
လက်ရှိမှာတော့ သဘောတူညီချက်နဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတဟာ ယခုသီတင်းပတ်အတွင်းမှာ ဝါရှင်တန်ကို သွားဖို့ရှိနေပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲဟာ အမေရိကန်ရဲ့ ငွေကြေးနဲ့ စစ်လက်နက်ပစ္စည်းတွေမပါဘဲ အချိန်တိုအတွင်းအဆုံးသတ်လိမ့်မယ်လို့ ပြောပါတယ်။
Ref:BBC
Photo:Bloomberg
#သတင်းဟင်းလေးအိုးကြီး
ကညွတ်စိုက်ပျိုးနည်း
မြန်မာနိုင်ငံတွင် ထင်ရှားကျယ်ပြန့်စွာ စိုက်ပျိုးလာသော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်သည်။
အများအားဖြင့် ကြော်ချက်၍ စားသုံးကြသည်။ တချို့က ဆေးဝါးအဖြစ် စားသုံးကြသည်။ သမပိုင်းရာသီဥတုကို နှစ်သက်သည်။
မြေအမျိုးအစား
==== 🌱 ====
မြေသြဇာထက်သန်ပြီး အစိုဓာတ်ရှိသော သဲနုန်းမြေသည် ကညွတ်စိုက်ရန် အသင့်တော်ဆုံးဖြစ်သည်။ ရေမဝပ်သော ခဲမြေတွင် စိုက်ပါက စည်သွပ်ကညွတ်အတွက် အကောင်းဆုံးဖြစ်သည်။ ကညွတ်စိုက်မည့် မြေတွင် ပဲမျိုးရင်းဝင်အပင်များ စိုက်ပြီး ပန်းမပွင့်မီ ထယ်ထိုးခြင်းဖြင့် သစ်စိမ်းမြေသြဇာအဖြစ် မြေတွင်းအာဟာရ ဓာတ်ရစေသဖြင့် ကညွတ်ပင်ကြီးထွား ဖွံ့ဖြိုးရေးတွင် များစွာအထောက်အကူဖြစ်စေသည်။
စိုက်ပျိုးခြင်း
==== 🌱 ====
(က) မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးခြင်း မျိုးစေ့စိုက်လျှင် တစ်ပင်နှင့်တစ်ပင် တစ်လက်မမှ ၁ ဒသမ ၅ လက်မခြား၍ တစ်တန်းနှင့် တစ်တန်း တစ်ပေခန့်အထိထား၍ ပျိုးထောင်ရမည်။ တစ်ဧကအတွက် မျိုးစေ့လေးပေါင်(နှစ်ကီလိုဂရမ်ခန့်) လိုပါသည်။ မျိုးစေ့ချပြီး နှစ်ပတ်မှ ခြောက်ပတ်အကြာတွင် အပင်ပေါက်သည်။ မျိုးစေ့ကို သုံးရက်မှ လေးရက်ကြာအောင် ရေစိမ်စိုက်ပါ။ ရေကို တစ်နေ့တစ်ခါ လဲပေးရမည်။ အပင်ပေါက်ပြီး တစ်လသားအရွယ် အပင်များကို(၅x၆) လက်မ ပလတ်စတစ်အိတ်တွင် ရွှေ့ပြောင်းစိုက်ပါ။ လေးလသားအရွယ် အပင် များ ခြောက်လက်မမှ ရှစ်လက်မရှိလျှင် ရွှေ့ပြောင်းစိုက်ပါ။
(ခ) ဥကိုဖဲ့၍ စိုက်ပျိုးခြင်း မေ၊ ဇွန်တွင် စတင်စိုက်ပျိုးနိုင်ပါသည်။ တစ်တန်းနှင့် တစ်တန်း သုံးပေမှ ခြောက်ပေ၊ တစ်ပင်နှင့်တစ်ပင် တစ်ပေမှ ၁ ဒသမ ၅ ပေအထိ အကွာအဝေးထား၍ စိုက်နိုင်သည်။ ကျင်းကို ရှစ်လက်မအထိတူး၍ စိုက်နိုင်သည်။
အပင်ပြုစုနည်း
==== 🌱 ====
ပေါင်းမြက်ကို အခါအားလျော်စွာ ရှင်းပေးပြီး မိုးမကျမီ တစ်ပတ်အလိုတွင် မြေပေါ်အပင်များကိုခုတ်၍ မီးရှို့ပါ။ နွားချေးဆွေး၊ မြေဆွေးများ ထည့်ပြီး မိုးဦးကျလာသည်နှင့် အစို့များ ထွက်လာမည်။ ကညွတ် တစ်နှစ်မှ နှစ်နှစ်သားတွင် အပင်များအကြား၌ ပဲမျိုးရင်းဝင် အပင်များ စိုက်နိုင်သည်။
ရိတ်သိမ်းခြင်း
==== 🌱 ====
ကညွတ်အစို့များကိုစိုက်ပြီး နှစ်နှစ်သားတွင် စတင်ရိတ်သိမ်းနိုင်သည်။ အပင်သက်ခုနစ်နှစ်အထိ အထွက် တိုးသည်။ လေးနှစ်မှ ၁၀ နှစ်သားတွင် အရည်အသွေးကောင်းသော ကညွတ်များ ရနိုင်သည်။ တစ်ဧကလျှင် ပိဿာ (၃၀၀-၅၀၀) ထွက်နိုင်ပါသည်။ ဘောင်များ ကို မြေတောင်မြှောက်ပေးခြင်းဖြင့် နူးညံ့ပြီး ကြီးထွားသော အစို့များကို ရနိုင်ပါသည်။
#greengarden
* ငါးဆုပ်မျှစ်သောက်စမ်းချဉ်စပ်
~~~~~~~~~~~~~~~~~~~~~
* ရာသီဥတုပူလို့ခံတွင်းပျက်နေတာနဲ့ မီးလာတုန်းလေး ရှိတာလေးနဲ့ငါးဆုပ်မျှစ်သောက်စမ်းချဉ်စပ်ဟင်းကလေးချက်စားလိုက်တယ် ( စားလို့ကောင်းပေမဲ့အချိန်မတိုင်ခင်ပျက်တဲ့မီးက..ည၁၁နာရီလောက်မှပြန်လာတာဆိုတော့ ထမင်းစားချိန်နောက်ကျသွားတယ် )
(ငါးဆုပ်ကို ဆား နနွင်း ဟင်းချိုမှုန့် ငံပြာရည် နဲ့ ဂျင်းကြက်သွန်ဖြူ ထောင်းထားတာထည့် စီးနေအောင်ရောနယ်ပြီး အနေတော်အဝိုင်းလေးတွေလုပ်ပြီး ရေနွေးပူထဲထည့်ပြုတ်ပြီး ကျက်ရင်ခဏဆည်ထား
မျှင်ငါးပိအနည်းငယ်ထည့် ဂျင်း ကြက်သွန်ဖြူ ကြက်သွန်နီ ထောင်းထားတာကိုထည့်ပြီးရေဆူအောင်တည် မျှစ် ခရမ်းချဉ်သီး ငရုတ်သီးစိမ်းထည့်ပြီး နူးတဲ့အထိတည် အရသာမြည်း ငါးဆုပ်ထည့် ပင်စိမ်းအုပ် အချဉ်အတွက် သံပုရာရည်ညှစ်ထည့်ပြီးသုံးဆောင်နိုင်ပါပြီ )
Credit Yu Wai
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်ထားသူ သက်ဆိုင်ရာ နိုင်ငံသားများအားခေါ်ယူရန် ပြည်ပအစိုးရများကို ထိုင်း တိုက်တွန်းမည်
မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်ထားသော သက်ဆိုင်ရာ နိုင်ငံသားများအား ပြန်လည်ခေါ်ယူရေးအတွက် အခြားနိုင်ငံများမှ အစိုးရများနှင့် အားချင်း အဆက်အသွယ်လုပ် တိုက်တွန်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဖူသမ်ဝီချာယာချိုင်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ လူပေါင်း ၇ဝဝဝ ခန့်ကို ကရင်ပြည်နယ် ဘီဂျီအက်ဖ်တပ်ဖွဲ့က ကယ်ထုတ် ထားပြီးနောက် ထိုင်းကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘီဂျီအက်ဖ်အနေဖြင့်၎င်းတို့ခေါ်ထုတ်ထားသူများကို ဆက်လက်လက်ခံထိန်းသိမ်းပေးထားရန် အခက်အခဲရှိလာနိုင်သည်ဖြစ်ရာ ၎င်းတို့ထိန်းသိမ်းထားသူအားလုံးကို တစ်ကြိမ်တည်းဖြင့်ပြန်လွှတ်ခဲ့ပါက ထိုင်းနိုင်ငံဘက်သို့ အစုအပြုံလိုက်ပြေးလွှားဝင်ရောက်လာနိုင်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားထားသည်။
သို့ဖြစ်ရာ မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်ထားသူ ၇ဝဝဝ ခန့်ကိုပြန်လည်ခေါ်ယူရေးအတွက် သက်ဆိုင်ရာနိုင်ငံများ မှ အစိုးရများကို တိုက်တွန်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနအား ညွှန်ကြားထားကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်အနေဖြင့် မြန်မာဘက်ခြမ်းရှိ သက်ဆိုင်ရာ နိုင်ငံသားများကို ပြန်လည်ခေါ်ယူရေးအတွက် သက်ဆိုင်ရာပြည်ပအစိုးရများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် အသိပေးတိုက်တွန်းမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးအဆိုအရ သိရသည်။
လက်ရှိအချိန်တွင် မြန်မာဘက်ခြမ်းအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်ထားသူများအနက် တရုတ်နိုင်ငံသား ၆ဝဝ ကျော်ကို တရုတ်အစိုးရကပြန်လည်ခေါ်ယူထားပြီးဖြစ်သည်။
ကျန်ရှိဆဲ တရုတ်နိုင်ငံသားများကို ဆက်လက်လွှဲပြောင်းအပ်နှံရေးအတွက် မကြာမီကာလအတွင်း ထိုင်း၊ တရုတ်နှင့် မြန်မာတို့အကြား သုံးနိုင်ငံဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားထားသည်။
black knight
Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။
သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။
ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာ အသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။
အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ဂျမဲလ်ကတော့ ဒီကိစ္စတစ်ခုလုံးကို သရုပ်ဆောင်လေ့ကျင့်နေတယ်လို့ ထင်မှတ်ပြီးတော့ အလိုက်သင့်ပြောဆိုနေရင်းနဲ့ပဲ.အလယ်ပိုင်းခေတ်ရဲ့ နန်းလုပွဲနဲ့ တော်လှန်ရေးအရေးတော်ပုံကြားထဲကို ဘူမသိကိုးမဘိဘဲ ပဲလှော်ကြားဆားညှပ်ပါသွားပါတော့တယ်။
အလယ်ပိုင်းခေတ်ကို မတော်တဆရောက်သွားခဲ့ရတဲ့. ဗန်းစကားတွေ ကရားရေလွှတ်ပြောနေတတ်တဲ့ဟောင်ဖွာဖွာလူမည်းတစ်ယောက် ပြဿနာတွေကို သူ့ရဲ့လက်တစ်လုံးခြားဉာဏ်၊ ဝေ့လည်ကြောင်ပတ်စကားတွေနဲ့ဖြေရှင်းနေရပုံတွေဟာ Martin Lawrence ရဲ့ Acting နဲ့ အလိုက်ဖက်ဆုံးလို့ဆိုရပါလိမ့်မယ်။အလယ်ပိုင်းခေတ်နဲ့ ၂၁ ရာစုရောစပ်ထားတဲ့ ဟာသဇာတ်လမ်းလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။