Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆီးနီ၊ ဆီးနည်း၊ သည်းခြေကျောက်၊ ကျောက်ကပ်ကျောက်၊ ကွမ်းစားသူများ မဖြစ်မနေစားသင့်တဲ့ " ပေါက်ပန်းဖြူ "
ဆီးနီ၊ ဆီးနည်း ရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေသည်။
ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏပြုတ်တို့စားပေးရသည်။
မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါဖြစ်လျှင် ပေါက်ပန်းဖြူပွင့်ကို သုပ်စားရသည်။
အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သာစေသည်။ ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်း၀င်ခြင်း ကို ကင်းဝေးစေသည်။
ပေါက်ပန်းဖြူ အပွင့်၏ သတ္တု ရည်ကို မျက်စေ့၌ ခပ်ပါက မျက်စေ့မှုန်ခြင်း၊ မျက်စေ့ဝေခြင်းတို့ကို ပျောက်ကင်းစေ၏။
အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေသည်။
အပွင့် (သို့) အရွက်ကို အရည်ညှစ်ယူ၍ ၄င်းအရည်ကို ခေါင်းမကိုက်သော တဘက်ရှိ နှာခေါင်းမှ ရှုပါက ပျောက်ကင်း၏။
ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်စားပါက ကြက်မျက်သင့်ရောဂါ ပျောက်ကင်း၏။
၄င်းအရွက်၏ သတ္တုရည်တွင် ချင်းခြောက်, ပိတ်ချင်း, ကြံသကာတို့ကို ဆတူရော၍ ရှု၍ ရှု၍ ပေးပါက စိတ်ပျံ့လွင့်ခြင်း ပျောက်ကင်း၏။
တုပ်ကွေးဖျား(သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်သည်။
ပေါက်ပန်းဖြူ ရွက်ကို ငြုပ်ကောင်းနှင့်အတူ နွားကျင်ငယ်နှင့် ကြိတ်၍ ရှုသော် ဝက်ရူးနာ ပျောက်၏။
ပေါက်ပန်းဖြူ အစိုအခေါက်ကို ထောင်း၍ အရည်ညှစ်ယူပါ။ ၄င်းသတ္တုရည်ကို စင်ကြယ်သော အဝတ် (သို့မဟုတ်) ဂွမ်းတွင် စိုအောင် ဆွတ်၍ ယောနိတွင်ထည့်၍ ပေးပါက မီးယပ်ဖြူ ရောဂါ ပျောက်ကင်း၏။
#ကျန်းမာရေးဗဟုသုတများ
ပြောစရာစကားတွေရှိပြီး
နားထောင်ပေးမဲ့သူ မရှိတဲ့အချိန်တွေရှိတယ်။
နားထောင်မဲ့လူရှိပြီး
ပြောချင်စိတ်မရှိတဲ့ အချိန်တွေလည်းရှိတယ်။
တစ်ခါတစ်လေတွန်းထုတ်ချင်ပြီး
တစ်ခါတစ်လေ အနားမှာရှိစေချင်တယ်။
ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ စိတ်တွေကြောင့်ပဲ
ကျွန်တော်တို့ဟာ အထီးကျန်ခဲ့ကြတာ။
အဓိဂ တရားခံဟာ ကျွန်တော်တို့ ကိုယ်တိုင်ပါဘဲ။
#as
လူသားတွေမတက်ရောက်နိုင်သေးတဲ့ အမြင့်ဆုံးတောင်
ဘူတန်နဲ့ တိဘက်နယ်စပ်မှာတည်ရှိတဲ့ Gangkhar Puensum တောင်ဟာ လူသားတွေ မတက်ရောက်နိုင်သေးတဲ့ အမြင့်ဆုံးတောင် ဖြစ်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ၇,၅၇၀ မီတာ (၂၄,၈၃၆ ပေ ) မြင့်တဲ့ ဒီတောင်ဟာ လူသူရှားပါးတဲ့ တည်နေရာ၊ စိန်ခေါ်မှုများတဲ့ မြေပြင်အနေအထား၊ နဲ့ ယဉ်ကျေးမှုအရ အရေးပါမှုတွေကြောင့် ဘယ်သူမှ မတက်ရောက်နိုင်သေးပါဘူး။
ဘူတန်နိုင်ငံမှာ မီတာ ၆,၀၀၀ ထက်မြင့်တဲ့ တောင်တွေကို သန့်ရှင်းမြင့်မြတ်တဲ့နေရာတွေအဖြစ် သတ်မှတ်ထားတဲ့အတွက် ဒေသခံတွေရဲ့ ယုံကြည်မှုကို လေးစားတဲ့အနေနဲ့ ၂၀၀၃ ခုနှစ်ကစပြီး တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
ဒီတားမြစ်ချက်မထုတ်ခင်က တရုတ်ဘက်ခြမ်းကနေ တက်ရောက်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် အခုတော့ Gangkhar Puensum တောင်ဟာ မတက်ရောက်ရသေးတဲ့ တောင်ထွတ်ကြီးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ဒီတောင်ရဲ့ ဆွဲဆောင်မှုဟာ သူ့ရဲ့အမြင့်ကြောင့်သာမက ဒဏ္ဍာရီလာ လျှို့ဝှက်ဆန်းကြယ်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။
Gangkhar Puensum တောင်ကို ၁၉၂၂ ခုနှစ်မှာ ပထမဆုံးအကြိမ် တိုင်းတာခဲ့ပေမယ့် ရှေးခေတ်မြေပုံတွေက မတိကျတာကြောင့် တောင်ရဲ့တည်နေရာနဲ့ အမြင့်အတိအကျကို ရှာဖွေရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါဟာ တောင်တက်ခရီးစဉ်တွေ စီစဉ်ရာမှာ အခက်အခဲတွေ ပိုများစေခဲ့ပါတယ်။
တောင်တက်သမားတချို့က ဒီတောင်ကို တက်ရောက်ဖို့ စိတ်ဝင်စားကြပေမယ့် ယဉ်ကျေးမှုနဲ့ ဥပဒေဆိုင်ရာ တားမြစ်ပိတ်ပင်မှုတွေ၊ ဝေးကွာလွန်းတဲ့ဒေသကို သွားရောက်ဖို့ ခက်ခဲတဲ့အခြေအနေတွေကြောင့် ဒီတောင်ဟာ ဘယ်သူမှ မတက်ရောက်နိုင်တဲ့တောင်အဖြစ် ကျန်ရှိနေရတာဖြစ်ပါတယ်။
ဒါကြောင့် Gangkhar Puensum တောင်ဟာ လူသားတွေရဲ့ စူးစမ်းလေ့လာမှု ကန့်သတ်ချက်တွေကို သက်သေပြနေသလို မရောက်ဖူးသေးတဲ့နဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နေရာတစ်ခုရဲ့ သင်္ကေတအဖြစ် ဆက်လက် တည်ရှိနေပါတယ်။