40 w - Youtube

Frankie shared a post  
40 w

40 w

၉ လကျော်အကြာ တိုက်ခိုက်ပြီးနောက် ရခိုင်ပြည်နယ်၊မောင်တောင်မြို့နယ်၊ န-ခ-ခ ၅ ကို အပြီးသတ် သိမ်းပိုက်ရရှိကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ယနေ့ သတင်းထုတ်ပြန်ထားသည်။

AA ရဲ့ သတင်းထုတ်ပြန်ချက်၌ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

#centralnewsnayptitaw

image
image
image

တာမွေမြို့နယ် စည်ပင်သာယာရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား လမ်းသွားနေသူ ၂ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီရုံး (ကျောက်မြောင်းမီးပွိုင့်)အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ လမ်းသွားနေသူ ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၆ နာရီ မိနစ် ၅၀ ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် လူငယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ပေါက်ကွဲတဲ့နေရာက စည်ပင်ရုံးနားက အမှိုက်ပုံးက ပေါက်ကွဲတာပါ။ လမ်းသွားလမ်းလာသူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်။ ဗုံးစထိမှန် ဒဏ်ရာတွေ ရသွားကြတာပါ။ ဖြစ်စဉ်နဲ့ပတ်သက်လို့ လုံခြုံရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ်မှုဆောင်ရွက်နေကြပါတယ်”ဟု လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် တာမွေမြို့နယ်ရဲစခန်းတွင် ဗုံးဖောက်ခွဲမှုကို (ပ) ၄၁၃/၂၀၂၄ ၊ အကြမ်းဖက် ၅၄၊ ၅၀(ဈ)ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများကို အမြန်ဖမ်းဆီးရမိနိုင်ရေးအတွက် ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

နစကဥက္ကဋ္ဌ ကာလ်မီးကီယာပြည်နယ်အကြီးအကဲအား လက်ခံတွေ့ဆုံ၊ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ကာလ်မီးကီယာပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်ကျင်းပသွားမည့် အခြေအနေ များနှင့် ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာနိုင်ငံမှကူညီ ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ကိုးကွယ်ယုံကြည်မှုအရ၊ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းမှတစ်ဆင့် ခရီးသွားလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက် ရေးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် ကိုယ်စားလှယ်အဖွဲ့များ တက် ရောက်ကြသည်။

#centralnewsnaypyitaw

image
image
image
40 w - Translate

မိန်းမကိုယ်လေး သန့်ပြီး အနံ့ဆိုးကင်းနေရင် မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ အချိန်တိုင်းတက်ကြွလန်းဆန်းနေစေမှာပါ 💁
မိန်းမကိုယ်လေးကို Feminine Soap လေးနဲ့ နေ့တိုင်းပုံမှန် သန့်စင်ပေးခြင်းအားဖြင့်...
- ယားယံခြင်း ကင်းစေတယ်
- အနံ့ဆိုးတွေ သက်သာစေတယ်
- သက်တောင့်သက်သာရှိပြီး ပိုကျန်းမာစေတယ်
- PH Level ထိန်းညှိပေးနိုင်တယ် စသဖြင့် အကျိုးကျေးဇူးတွေ ရရှိနိုင်တာကြောင့် ပိုကျန်းမာ ပိုလှနိုင်ဖို့
Feminine soap လေးကိုလည်း နေ့တိုင်းသုံးဖို့ မမေ့နဲ့နော် 💕
မှာယူလိုပါက Message Box မှာသာ လက်မနှေးဘဲ မှာယူလိုက်ပါ။
#femininesoap #dailyneed

image
40 w - Translate

တရုတ်နိုင်ငံ မှာ အလုပ်သမား 1500 နဲ့ 9 နာရီ
အတွင်းမှာ ရထားဘူတာ တစ်ခုကို
ဆောက်လုပ်ပြီးစီးဖူးခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
#crd

image

image
Apu Lay shared a post  
40 w

40 w

တွဲမသုံးသင့်သော skincare များ 😍

တောင်ကိုရီးယားသမ္မတရုံးကို စီးနှင်းရှာဖွေ၊ အဖမ်းခံရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း သတ်သေဖို့ ကြိုးစား

ဒီဇင်ဘာ ၁၁

နိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတရုံးကို ရဲတပ်ဖွဲ့က ဒီကနေ့မှာ ဝင်ရောက်စီးနှင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ သမ္မတရုံး၊ အမျိုးသားရဲတပ်ဖွဲ့၊ ဆိုးမြို့တော်ရဲတပ်ဖွဲ့၊ အမျိုးသားလွှတ်တော် လုံခြုံရေးဌာနတို့ကို ဝင်ရောက်စီးနင်းခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲနဲ့ ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲတို့ကိုလည်း ဒီနေ့မနက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်အပါအဝင် သူ့ရဲ့ မဟာမိတ်တွေဟာ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆို်ငနေရပြီး သူတို့ထဲက အများအပြားကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။ သမ္မတကတော့ ဒီကြေညာချက်အတွက် ပြည်သူတွေကို တောင်းပန်ခဲ့ပေမယ့် ရာထူးဆင်းပေးဖို့ကိုတော့ ငြင်းဆန်ထားပါတယ်။

သူ့ကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ ပွတ်ကာသီကာပဲ လွတ်မြောက်ခဲ့ပါတယ်။ အတိုက်အခံတွေကတော့ ယခုသီတင်းပတ်ကုန်မှာ စွပ်စွဲပြစ်တင်မှု အဆိုထပ်တင်မယ်လို့ ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာချက်ကို တာဝန်ယူခဲ့တဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းကတော့ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးပမ်းခဲ့တယ်လို့ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက် လွှတ်တော်ကို ပြောပါတယ်။

ဒီလို စစ်အုပ်ချုပ်ရေး ကြေညာချက်ဟာ ဖက်ဆစ်အာဏာရှင်ရဲ့ ရူးသွပ်တဲ့ ကြိုးပမ်းမှုလို့ မြောက်ကိုရီးယား သတင်းဌာနတွေက ဒီကနေ့မှာ ဖော်ပြထားကြပါတယ်။

Ref:BBC
Photo:Getty Images

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
40 w - Translate

video
တွဲမသုံးသင့်သော skincare များ 😍