1 နှစ် - ဘာသာပြန်ပါ။

နောက်ထပ် သားယောက်ကျားလေးတစ်ဦးကို ပိုင်ဆိုင်ရတော့မယ့် ပိုးကြာဖြူခင် 🥰🥰🥰
သရုပ်ဆောင် ပိုးကြာဖြူခင် နောက်ဆုံးလွယ်ထားရတဲ့ ကိုယ်ဝန်ဟာ သားယောက်ကျားလေးဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ ပထမအကြိမ်မှာလည်း စိန်ဥဥ ဆိုတဲ့ သားယောက်ကျားလေးကို မွေးဖွားခဲ့တာပါ။ အခုတစ်ကြိမ်နဲ့ဆိုရင် ဒုတိယမြောက် သားလေးကိုယ်ဝန်ကိုလွယ်ထားရတာပါ။ ခင်ပွန်းဖြစ်သူကတော့ သား ၃ ယောက် နဲ့ သမီး ၂ ယောက်ဖခင်ဖြစ်တော့မှာမို့ ပျော်ရွှင်ကြည်နူးနေတာကိုတွေ့ရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ခြေကျင်းဝတ်ကျိုးသွားလျက်နဲ့ သရုပ်ဆောင်ခဲ့တဲ့ Tom Cruise
Tom Cruise ကတော့ Mission: Impossible – The Final Reckoning မှာလည်း ဘယ်လို စတန့်အသစ်အဆန်းတွေလုပ်မလဲဆိုတာကို ပရိတ်သက်တွေ စိတ်ဝင်စားနေကြပါတယ်။
Dead Reckoning Part 1 မှာလည်း သက်စွန့်စံဖျားစတန့် ပြကွက်တွေက ပရိတ်သက်တွေအကြိုက်တွေ့ခဲ့ပြီး အခုတစ်ခါမှာလည်း ဒီထက် အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပိုကြမ်းတဲ့ Action တွေ ပါလာမယ်လို့ သိရပါတယ်။
ဒါ့အပြင် Tom Cruise က စတန့်တွေလုပ်တဲ့အခါတိုင်း အန္တရာယ်ကင်းခဲ့တာတော့ မဟုတ်ပါဘူး။ Action ဇာတ်ဝင်ခန်းတွေ ရိုက်တိုင်း ဒဏ်ရာရတာမျိုးတွေ မကြာခဏဖြစ်ဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့ မမေ့နိုင်တဲ့ ဒဏ်ရာတစ်ခုကတော့ ရိုက်ကူးရင်း ခြေကျင်းဝတ်ကျိုးသွားတာပါပဲ။ ဒါတောင် သူက နာကျင်နေရက်နဲ့ အဲဒီဇာတ်ဝင်ခန်းအတွက်ပီပြင်ဖို့ ထော့နဲ့ထော့နဲ့ နဲ့ ထပ်ပြေးခဲ့ပါသေးတယ်။
Tom Cruise ရဲ့ ခြေကျင်းဝတ်ကျိုးသွားတဲ့ ဇာတ်ကားက ၂၀၁၈ ခုနှစ်ကထွက်ခဲ့တဲ့ “Mission: Impossible - Fallout” ရုပ်ရှင်ထဲမှာဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းက ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုဖြစ်ပြီး တိုက်တစ်ခုနဲ့ တစ်ခု ခုန်ကူးရတဲ့ ဇာတ်ဝင်ခန်းဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းကိုလည်း Tom Cruise ကိုယ်တိုင် စတန့်လုပ်ပြီး ခုန်ကူးသွားခဲ့ပါတယ်။
အဲ့လို ခုန်ကူးသွားတဲ့ အချိန် အဆောက်ဦးတစ်ခုရဲ့ နံရံနဲ့ သူ့ခြေထောက်တိုက်မိပြီး ကျိူးသွားခဲ့ပြီး။ Tom Cruise က ဒါကို သိသိချင်းမှာ နံရံတစ်ခုကို မှီထားပြီး ခြေထောက် ကျိူးလျက်နဲ့ နောက်ထက် ပြေးခဲ့ပါသေးတယ်။
သူက “ဂရေဟမ် နော်တန် Show” မှာ အခုလို ပြောပြခဲ့ပါတယ်။
“ကျွန်တော် ခြေကျင်းဝတ်ကျိုးသွားပြီဆိုတာ ချက်ချင်းသိလိုက်တယ်။ ဒါပေမယ့် Camera က လာနေပြီဆိုတော့ ပြေးပြီး ဇာတ်ဝင်ခန်းကို ရိုက်လိုက်ရတာပဲပေါ့။ အဲဒီဇာတ်ဝင်ခန်းက ရုပ်ရှင်ထဲမှာလည်း ပါပါတယ်… ပြီးတော့ အဖွဲ့သားတွေကို ‘အားနာပါတယ်ဗျာ၊ ကျွန်တော် ခြေထောက်ကျိုးသွားပြီ၊ ဆေးရုံပို့ပေးပါ” လို့ ပြောပြီး ဆေးရုံပေါ်ရောက်သွားခဲ့တာပါပဲ။
Tom Cruise ရဲ့ ခြေကျင်းဝတ်က ဆိုးဆိုးရွားရွား ကျိုးသွားတာမို့ ရိုက်ကူးရေးကို လပေါင်းများစွာ ရပ်ထားခဲ့ရပြီး သူ ပြန်သက်သာဖို့ အချိန်တော်တော်ယူခဲ့ရပါသေးတယ်။ နောက်ဆုံးတော့ Fallout ကိုလည်း အောင်အောင်မြင်မြင်နဲ့ ပရိတ်သက်တွေလက်ခံနိုင်အောင်လုပ်ပြသွားနိုင်ခဲ့ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာရုပ်ရှင်မင်းသား ဒေါင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင် Omukade ရဲ့ ပထမဆုံး Trailer ထွက်လာပါပြီ။ ဂျပန်ရိုးရာ ပုံပြင်တွေကို အခြေခံထားတဲ့ ထိုင်းရုပ်ရှင်သစ် "Omukade" ဟာ Post-production အဆင့်မှာ ရှိနေပြီလို့သိရပါတယ်။
The 100 ​ဒါရိုက်တာ Pakphum Wongjinda နဲ့ Chalit Krileadmongkon တို့က ဒီရုပ်ရှင်ကို ရိုက်ကူးထားတာ ဖြစ်​ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ဖြန့်ချိခွင့် မရသေးဘူးလို့ သိရပါတယ် Trailer မှာတော့ တကယ့်ကို ထူးခြားဆန်းပြားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ကင်းခြေများကြီးတွေ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ Narilya Gulmongkolpech (The Medium), Daung (The Only Mom), James Laver (The Cave), Yasaka Chaisorn (The Medium), Hideki Nagayama, နဲ့ Ryota Omi တို့လို သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။
"Omukade" ရုပ်ရှင်ရဲ့ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်က ထိုင်းကို သိမ်းပိုက်ထားချိန်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ကျိန်စာသင့်နေတဲ့ မိုင်းတွင်းတစ်ခုထဲမှာ ဂျပန်စစ်သားတွေနဲ့ အကျဉ်းသားတွေ ပိတ်မိနေကြပါတယ်။ ရန်သူတွေကြား တင်းမာမှုတွေ အမြင့်ဆုံးရောက်နေချိန်မှာပဲ အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ရှေးဟောင်း၊ ကြောက်စရာကောင်းတဲ့ သတ္တဝါ တစ်ကောင်နဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။
ဒီလို တွေးမရနိုင်တဲ့ ကြောက်မက်ဖွယ်ရာ အခြေအနေကို ရင်ဆိုင်ရတဲ့အခါမှာ ရန်သူ မိတ်ဆွေဆိုတဲ့ အပိုင်းအခြားတွေ ပျောက်ကွယ်သွားပြီး၊ အရင်က ရန်သူတွေဟာ အသက်ရှင်ဖို့အတွက် သူတို့ရဲ့ ကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး စည်းလုံးညီညွတ်ကြရတာ ဖြစ်ပါတယ်။
ရုပ်ရှင်အဖွဲ့သားတွေကတော့ "Omukade ဟာ သဘာဝလွန် ထိတ်လန့်မှု ဇာတ်လမ်းတစ်ခု ဖြစ်ရုံသာမက၊ အင်အားကြီးမားတဲ့ စစ်ဆန့်ကျင်ရေး သတင်းစကားပါ ဖြစ်ပါတယ်" လို့ ပြောထားပါတယ်။ လူသားတွေရဲ့ အကြီးမားဆုံး ရုန်းကန်မှုဟာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေရတာ မဟုတ်ဘဲ၊ လူသားအားလုံးကို ခြိမ်းခြောက်နေတဲ့ အမှောင်ထုကို ကျော်လွှားနိုင်ဖို့ ဖြစ်တယ်ဆိုတာကို ပြသထားတယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ Pakphum Wongjinda နဲ့ Chalit Krileadmongkon တို့ဟာ ယခင်ကလည်း ထိုင်း horror ရုပ်ရှင် "The 100" ကို ရိုက်ကူးခဲ့ဖူးပါတယ်။ အဲဒီရုပ်ရှင်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ အမေရိကန်မှာ "Creepy Crawly" နာမည်နဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒါရိုက်တာ Pakphum Wongjindaဟာ မြန်မာပြည်မှာလည်း မဖဲဝါရုပ်ရှင်ကို ခါရာ ၊ ပက်ထရစ်ရှာ၊ လီလီကျော်ခိုင် ၊ နော်ဖောအယ်ထားနဲ့ ထိုင်းသရုပ်ဆောင်တွေခေါ်ပြီး ရိုက်ကူးဖို့စီစဉ်ခဲ့ပေမဲ့ Covid 19 ကြောင့် မရိုက်ဖြစ်ပဲ ဖျက်သိမ်းခဲ့ရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Jurassic World: Rebirth မှာဆိုရင် မျိုးမတူတဲ့ ဒိုင်နိုဆောချင်းဖောင်းဒိုင်းကြပြီး အဆင့်မြှင့်တဲ့ Mutant ကောင်တွေပါလာမယ်လို့သိရပါတယ်။
ဒီထဲမှာ Distortus Rex နဲ့ Mutadon ဆိုတဲ့ မျိုးရိုးဗီဇပြောင်းဒိုင်နိုဆောတွေ ပါလာမယ်လို့သိရပါတယ်။
ဇာတ်လမ်းကတော့ Scarlett Johansson တို့ သိပ္ပံပညာရှင်တွေစုပြီး ဒိုင်နိုဆောတွေ ပြည့်နှက်နေတဲ့ နယ်မြေထဲကို ဝင်ပြီး DNA ယူဖို့ သွားကြတာကိုပြထားမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ တစ်ခါမှမမြင်ဖူးသေးတဲ့ မျိုးရိုးဗီဇပြောင်းဒိုင်နိုဆောတွေနဲ့ တွေ့ကြမှာဖြစ်ပါတယ်။
ဒီထဲမှာ Distortus Rex (ခေါ် ) D-Rex ကို ပြထားပြီး ဒါရိုက်တာပြောတာတော့ D-Rex ဆိုတဲ့ အကောင်က T-Rex နဲ့ Rancor နှစ်ကောင် ဖောင်းဒိုင်းပြီး ရထားသလိုပုံစံမျိုးလို့ ပြောလာပါတယ်။
“ဒီ D-Rex Design ကို ကျွန်တော်တကယ်သဘောကျတယ်။ ဒီအရုပ်ထွက်လာရင် ဝယ်ထားချင်တယ်” လို့ ဒါရိုက်တာက Empire မှာ ပြောထားပါတယ်။
D-Rex ကို Jurassic World: Rebirth ရဲ့ Trailer မှာ ခပ်ရေးရေးပြသွားပြီး Jurassic Park/Jurassic World ဇာတ်ကားတွေမှာ မြင်ခဲ့တဲ့ တကယ့်ဒိုင်နိုဆောတွေထက် အများကြီး ပိုကြောက်စရာကောင်းတယ်လို့သိရပါတယ်။
ပြီးတော့ Mutadon တွေရှိတယ်။ ဒါက တောင်ပံပါတဲ့ သားရဲတွေဖြစ်ပြီး ဇာတ်ညွှန်းရေးသူ David Koepp က “pterosaur နဲ့ Raptor ပေါင်းစပ်ထားတာ” လို့ ခေါ်ပါတယ်။
Jurassic World: Rebirth ထဲက ဒိုင်နိုင်ဆောတွေကတော့ အရင်ကထက် ပိုကြီး၊ ပိုကြမ်း၊ ပိုကြောက်စရာကောင်းတယ်လို့ ဒါရိုက်တာဖြစ်သူက ပြောထားပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Ballerina မှာတွေ့ရမယ့် Ana De Armas ရဲ့ First Look တွေဖြစ်ပါတယ်။
Ballerina ကတော့ John Wick Universe ထဲကဖြစ်ပြီး ကြေးစားတွေအဖြစ် လေ့ကျင့်ခံရပုံတွေနဲ့ လူမိုက်တွေကိုရှင်းရမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ John Wick လည်း ပြန်ပါလာဦးမှာပါ။
ဒီဇာတ်ကားကိုတော့ June 6 ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Ballerina မှာတွေ့ရမယ့် Ana De Armas ရဲ့ First Look တွေဖြစ်ပါတယ်။
Ballerina ကတော့ John Wick Universe ထဲကဖြစ်ပြီး ကြေးစားတွေအဖြစ် လေ့ကျင့်ခံရပုံတွေနဲ့ လူမိုက်တွေကိုရှင်းရမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ John Wick လည်း ပြန်ပါလာဦးမှာပါ။
ဒီဇာတ်ကားကိုတော့ June 6 ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Ballerina မှာတွေ့ရမယ့် Ana De Armas ရဲ့ First Look တွေဖြစ်ပါတယ်။
Ballerina ကတော့ John Wick Universe ထဲကဖြစ်ပြီး ကြေးစားတွေအဖြစ် လေ့ကျင့်ခံရပုံတွေနဲ့ လူမိုက်တွေကိုရှင်းရမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ John Wick လည်း ပြန်ပါလာဦးမှာပါ။
ဒီဇာတ်ကားကိုတော့ June 6 ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

imageimage
1 နှစ် - ဘာသာပြန်ပါ။

Netflix မှာ နံပါတ် ၁ ဖြစ်နေတဲ့ Havoc
မင်းသား Tom Hardy ပါဝင်ပြီး The Raid ဒါရိုက်တာ ရိုက်ကူးတဲ့ Havoc ဇာတ်ကားကတော့ Netflix ရဲ့ ဒီတစ်ပတ် စာရင်းမှာ View 29.8M နဲ့ နံပါတ် (၁) နေရာကနေ ဦးဆောင်နေတာပဲဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Tattoo reference

image
1 နှစ် - ဘာသာပြန်ပါ။

Tattoo reference

image