#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နျူကလီးယားဆွေးနွေးပွဲများ သဘောတူညီချက်ရရှိရန် အီရန် မျှော်လင့်မထား
အမေရိကန်နှင့် နျူကလီးယား ဆွေးနွေးပွဲများတွင် သဘောတူညီ ချက်သစ်တစ်ခုရရှိမည်ဟု မျှော်လင့်မထားကြောင်း အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက မေ ၂ဝ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သည် အီရန်၏ယူရေနီယံသန့်စင်မှုအပေါ် အမျက် ထွက်ဖွယ် လွန်ကဲသည့် တောင်းဆိုမှုများပြုလုပ်နေသည်ဟု ၎င်းက စွပ်စွဲထားသည်။ အမေရိကန်နှင့်ကျင်းပသည့် ရလဒ်တစ်စုံတစ်ရာ ထွက်လာမည်ဟုမိမိတို့မထင်ကြောင်း ခါမေနီ က ပြောသည်။
ဧပြီ ၁၂ ရက်နောက်ပိုင်း အိုမန်နိုင်ငံကြားဝင်မှုဖြင့် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲလေးကြိမ်အပြီးတွင် အီရန်သည် သဘောတူညီချက်တစ်ရပ်ကို သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လွန်ခဲ့သည့်သီတင်းပတ်တွင် အခိုင်အမာပြောသည်။
ဤအတောအတွင်း အီရန်၏ယူရေနီယံသန့်စင်သည့် ဓာတ်ပေါင်း ဖိုများကို ပိတ်ပစ်ရန်အမေရိကန်တာဝန်ရှိသူများ၏ တောင်းဆိုချက်ကို ယခုသီတင်းပတ်တွင်နှစ်ဖက်အကြား ပြုလုပ်မည့် နောက်ထပ်ဆွေးနွေးပွဲမတိုင်မီတွင် အီရန်က ပယ်ချထား သည်။
အီရန်နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ချုပ်ဆိုခဲ့သော ၂ဝ၁၅ နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့သောအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်အနေဖြင့် သဘောတူညီချက် မရယူနိုင်ပါက စစ်ရေးအရ အရေးယူခံရနိုင်ကြောင်း သတိပေးထားသည်။
ဘီဘီစီ

image