#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ စပိန်နှင့် လီ​ဗာပူးဂိုးသမားဟောင်း ရိန်နာ ဘောလုံးလောကမှ အနားယူမည်
စပိန်နှင့် လီဗာပူးဂိုးသမားဟောင်း ပီပီရိန်နာသည် ယခုဘောလုံးရာသီကုန်ဆုံးချိန်တွင် ဘောလုံးလောကမှအနားယူသွားမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက မေ ၂ဝ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အသက်(၄၂)နှစ် အရွယ်ရှိရိန်နာသည် လက်ရှိအချိန်တွင် အီတလီစီရီးအေးကလပ် ကိုမိုတွင်ကစားလျက်ရှိပြီး မေ ၂၃ ရက်တွင် အင်တာမီလန်အသင်းနှင့် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ရဖွယ်ရှိသည်။
ဘာစီလိုနာ အကယ်ဒမီထွက်ရိန်နာသည် ၂ဝ၁ဝ ပြည့်နှစ် ကမ္ဘာ့ဖလားနှင့် ၂ဝဝ၈ ခုနှစ်၊ ၂ဝ၁၂ ခုနှစ်တို့တွင် ဥရောပချန်ပီယံဖလားများရရှိခဲ့သော စပိန်အသင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။
ရိန်နာသည် ၂ဝဝ၅ ခုနှစ်တွင် ဗီလာရီးယဲလ်မှ လီဗာပူးသို့ ရောက်ရှိလာခဲ့ပြီး အက်ဖ်အေဖလားနှင့် လိဂ်ဖလားများရရှိခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အကြား ဘောလုံးရာသီ သုံးရာသီဆက်တိုက် ရွှေလက်အိတ် ဆုရယူနိုင်ခဲ့ဖြစ်သည်။
ရိန်နာသည် လီဗာပူးအသင်းနှင့်အတူ ပွဲစဉ်ပေါင်း ၃၉၄ ပွဲကစားခဲ့ ပြီးနောက် ၂ဝ၁၄ ခုနှစ်တွင်အသင်းမှထွက်ခွာခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ နာပိုလီ၊ အေစီမီလန်၊ အက်စ်တွန်ဗီလာ၊ လာဇီယို၊ ဗီလာရီးယဲလ်နှင့် ကိုမိုအသင်းများတွင် ဆက်လက်ပါဝင်ခဲ့သည်။

image