1 နှစ် - ဘာသာပြန်ပါ။

A missile launched from Yemen by the Iran-backed Houthis struck near Tel Aviv's Ben Gurion International Airport on Sunday, briefly grounding flights, halting train service and forcing the closure of access roads covered in debris.

https://abcnews.go.com/Interna....tional/houthi-missil

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်ဝန်ကြီးချုပ်နှင့် ကနေဒါဝန်ကြီးချုပ်တို့ ကုန်သွယ်ရေးကိစ္စ ဖုန်းခေါ်ဆိုဆွေးနွေး
ဂျပန်ဝန်ကြီးချုပ် အီရှီဘာသည် ကနေဒါဝန်ကြီးချုပ် မက်ခ်ကာနေးနှင့် တယ်လီဖုန်းဆက်သွယ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အခွန်ကောက်ခံမှုများနှင့် ပေါ်ထွက်လာနိုင်သော စီးပွားရေးသက်ရောက်မှုများကို ဆွေးနွေးခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂ ရက်တွင် ပြောသည်။
မိနစ် ၃ဝ ကြာတယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုတွင် ကနေဒါ ရွေးကောက်ပွဲ၌ ကာနေး၏ပါတီအနိုင်ရရှိမှုအတွက် ဝမ်းမြောက်ကြောင်း ဂျပန်ဝန်ကြီးချုပ်ကပြောဆိုခဲ့ပြီး နိုင်ငံတကာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့ကသဘောတူခဲ့သည်။
ကနေဒါသည်ဂျီ-၇ အဖွဲ့၏ ယခုနှစ်အလှည့်ကျဥက္ကဋ္ဌဖြစ်သည်။ ဂျပန်နှင့်အမေရိကန်တို့အကြား ဒုတိယအကျော့ ကုန်သွယ်ရေးဆွေးနွေးပွဲအပြီးတွင် ကနေဒါနှင့်ဂျပန်ဝန်ကြီးချုပ်တို့ ဆွေးနွေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂျပန်စီးပွားရေး ပြန်လည်ထူထောင်ရေးဝန်ကြီး အကာဇာဝါသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့် အပါအဝင် တာဝန်ရှိသူများနှင့် ဝါရှင်တန်တွင် မေ ၁ ရက်က တွေ့ဆုံခဲ့ပြီး မေလလယ် သို့မဟုတ်နှောင်းပိုင်းတွင် နောက်ထပ် ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူခဲ့သည်။
စည်းကြပ်ခွန်များကိုပြန်လည်သုံးသပ်ရန် အမေရိကန်ကို အလေးအနက် တိုက်တွန်းခဲ့ကြောင်း အကာဇာဝါကပြောသည်။ နှစ်ဖက်အကြား စေ့စပ်ညှိနှိုင်းမှုများ အရှိန်မြှင့်ရန်နှင့်လာမည့်လတွင် သဘောတူညီချက်တစ်ရပ် ရရှိရန် မျှော်လင့်ကြောင်း ၎င်းက သတင်းထောက်များကို ပြောသည်။
အင်န်အိတ်ချ်ကေ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဟားဗတ်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့် ဒေါ်နယ်ထရန့်အစိုးရ ရုပ်သိမ်းဖွယ်ရှိ
ဟားဗတ်တက္ကသိုလ်ရရှိခံစားနေသော အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လက်ရွေးစင် အမေရိကန် တက္ကသိုလ်ကြီးများကို ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့်လကလည်း ဟားဗတ်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားပြီးဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် ဟားဗတ်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း၊ ထိုလုပ်ဆောင်ချက်မျိုးသည်သာ ဟားဗတ်တက္ကသိုလ်နှင့်ထိုက်တန်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါခြိမ်းခြောက်မှုသည် အမေရိကန်အခွန်ဥပဒေများကို တရားမဝင်အလွဲသုံးစားမှုပြုလုပ်ရာ ရောက်မည်ဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ် တာဝန်ရှိသူများက ဝေဖန်ထားသည်။
ဟားဗတ်တက္ကသိုလ်သည် အိုင်ဗီလိဂ်တက္ကသိုလ်အတွက် သုတေသန ရန်ပုံငွေချပေးမည့်အစီအစဉ်ကို ဒေါ်နယ်ထရန့်အစိုးရက ရပ်တန့်ထားမှုနှင့်ပတ်သက်၍ ထရန့်အစိုးရအဖွဲ့ကို တရားစွဲဆိုထားပြီးဖြစ်သည်။
ဟားဗတ်တက္ကသိုလ်အပါအဝင် အမေရိကန်တက္ကသိုလ်အများစုသည် ဖက်ဒရယ်ဝင်ငွေခွန်ပေးဆောင်ရမှုမှ ကင်းလွတ်ခွင့်ရထားသည်။

image
1 နှစ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ငလျင်ဘေးဒဏ်သင့်အင်းလေး၌ အမိုးအကာများအရေးပေါ်လိုအပ်နေ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ငလျင်ဘေးဒဏ်သင့်အင်းလေးဒေသ၌ အမိုးအကာများအ‌ရေးပေါ်လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူများကပြောသည်။
ညောင်ရွှေမြို့ အင်းလေးဒေသတွင်အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဇရပ်ကြီးကျေးရွာ၊ ဇရပ်ကြီးဘုန်းကြီးကျောင်းရှိ အပျက်အစီးများရှင်းလင်းခြင်း၊ နန်းပန်မြို့၊ ကြာတောကျေးရွာရှိ လူနေအိမ်အပျက်အစီးများရှင်းလင်းခြင်း၊ အင်းခြံကေလာကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ ဖောင်တော်ဦး ဘုရားတို့ရှိ အပျက်အစီးများအား ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရှင်းလင်းရေးလုပ်ငန်များ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။
"ကူညီကယ်ဆယ်ရေးတော့ပြီးသွားပြီး။ အခုပြန်လည်ထူထောင်ရေးဘက်ကိုသွားနေပါတယ်။ တချို့ အိမ်တွေကတော့ပျက်စီးမှုနည်းတော့ပြန်လည်ပြုပြင်လို့ရတယ်။ တချို့ကတော့လုံးဝပြိုသွားတယ်။ သူတို့အတွက်အသစ်ပြန်ဆောက်ရမှာဆိုတော့ ငွေကြေးကလိုပြီ။ သူတိုမှာလည်းမရှိ၊ လှူတဲ့သူ ကလည်း မရှိဘူး။ ဒီကြားထဲမိုးကလည်းရွာတော့ သူတို့မှာခက်ခဲနေကြတယ်။ သူတို့တွေအတွက် အခုအရေးပေါ် လိုအပ်နေတာကယာယီအိမ်ဆောက်ဖို့ အမိုးနဲ့အကာအတွက် တာပေါ်လင်များလိုအပ်နေပါတယ်" ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောက်ရွက်နေသည့် ပရဟိတအသင်းသား တစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်အင်အားပြင်းကြောင့် အင်းလေးဒေသ၌လူဦးရေ ၄၀ ခန့်သေဆုံပြီး အိမ်ခြေ ၂၇၀၀ ကျော်ပျက်စီးခဲ့ကြောင်း သိရသည်။
သတင်း - ပိုင်လေး

image
1 နှစ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယအကြိမ်မိုင်းခွဲခံရ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင် - သထုံ - ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုးကောင်းတံတား ယမန်နေ့ (မေ ၃ ရက်) ည ၉ နာရီ ၁၁ မိနစ်ခန့်တွင်မိုင်းခွဲဖျက်ဆီခံရကြောင်း သထုံမြို့နယ်မှဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဖောက်ခွဲမှုမှာ ဒုတိယအကြိမ် ဖောက်ခွဲဖျက်ဆီးခံရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်တံတားမှာ ပြိုကျပျက်စီးသွားသည့်အတွက်ယနေ့နံနက်ပိုင်မှစတင်ကာ Express ကားများနှင့်ကုန်ကားကြီးများမှာဖြတ်သန်းခွင့်မရဘဲလမ်းပိတ်မှုများဖြစ်ပွားနေကြောင်းသိရသည်။
“ဘီးလင်း ကနေစပြီးအခုလမ်းပိတ်ထားပါတယ်။ Express နဲ့ ကုန်ကားတွေ လုံးဝပေးမသွားတော့ဘူး။​ အိမ်စီးကားတွေကတော့ ရွာထဲကနေပတ်ပြီးသွားနေတယ်"ဟု သထုံမြို့မှဒေသခံတစ်ဦးကပြောသည်။
မိုးကောင်းတံတားသည် မော်လမြိုင် - သထုံ - ရန်ကုန် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်းတစ်ကြိမ် မိုင်းခွဲခံရပြီး ယခု မိုင်းခွဲခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓတ်ပုံ - CJ

image
1 နှစ် - ဘာသာပြန်ပါ။

"A calm and modest life brings more happiness than the pursuit of success combined with constant restlessness,"

image
1 နှစ် - ဘာသာပြန်ပါ။

တနင်္ဂနွေနေ့ မနက်ခင်း
နိုင်ငံတကာထူးခြားသတင်းမှာ -

အိန္ဒုမြစ်ရေဖြတ်တောက်ခံရ၍ ရေအခက်အခဲဖြစ်ပေါ်နေသော ပါကစ္စတန် မီးရထားဝန်ကြီး က မင်းတိုရဲ့အသက်ရှုမှုကို ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည် ၊ ပါကစ္စတန် ၏ နူ ထိတ်ဖူးတပ် ဒုံးကျည်အစင်း ၁၃၀ ကို အိန္ဒိယ သိုချိန်ရွယ်ထားသည်ဟုဆိုသည် ။

တရုပ် BYD ကုမ္ပဏီသည် ဒေါ်လာ ၄၉၀ မီလျံတန် EV ကားစက်ရုံကို ထိုင်း ၌ တည်ဆောက်လျှက်ရှိသည် ။

သမ္မတထရန့်က အစိုးရဘတ်ဂျက် ဒေါ်လာ ၁၆၃ ဘီလျံ လျှော့ချရန် အဆိုပြုလိုက်သည် ။

မြန်မာပြည်ရှိ အမေရိကန်သံမှုး ဒက္ကာသိုသွားခြင်း ၊ အိုက်ဇောလေဆိပ်တွင် အင်္ဂလန်နိုင်ငံသားတစ်ဦး လက်နက်နှင့်အတူဖမ်းမိခြင်း တိုသည် ချင်းပြည်နယ်၌ အမေရိကန်ကြောထောက်နောက်ခံကြေးစားများဝင်တိုက်ပေးနေသည်ဆိုခြင်းမှာဖြစ်နိုင်ကြောင်း ဝါရင့်သတင်းစာဆရာ ဆူဗီယာဘောမိ က BBC ကိုပြောသည် ။

KS News

1 နှစ် - ဘာသာပြန်ပါ။

သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။

ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတိုကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတိုသည် ထိုပုဂ္ဂိုလ်အဖို ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။

1 နှစ် - ဘာသာပြန်ပါ။

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီးကယူကရိန်းသည်၂၀၁၄ခုနှစ်နယ်နိမိတ်ကိုပြန်မရနိုင်ဟု​ပြော

(ဘာသာပြန်​ဆောင်းပါး)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယူကရိန်းသည် ၂၀၁၄ ခုနှစ်က နယ်နိမိတ်များကိုရုရှားထံမှ ပြန်လည်ရယူနိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

ယူကရိန်းသမ္မတ ဇလင်စကီးက ခရိုင်းမီးယားအပါအဝင် ဆုံးရှုးသွားသော နယ်မြေများကို ရုရှား၏အစိတ်အပိုင်းအဖြစ် ဘယ်သောအခါမှ အသိအမှတ်မပြုကြောင်း ကြေညာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အမေရိကန်မှ ပံ့ပိုးသော ယူကရိန်းစစ်တပ်ကအာဏာသိမ်းမှုအပြီး ခရိုင်းမီးယားကျွန်းဆွယ်သည် ရုရှားနှင့်ပူးပေါင်းရန် မဲအများစုဖြင့် ဆုံးဖြတ်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ခါဆန်၊ ဇာပါရိုဇီး၊ ဒိုနက်စ်ခ် နှင့် လူဂန်းစ်ခ် တိုသည်လည်း ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒခံယူပွဲများ ကျင်းပခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် ကီသ်ကဲလ်လော့ဂ်က ဖောက်စ်သတင်းဌာနသို ပြောကြားချက်အရ စစ်ပြေငြိမ်းရေးသဘောတူညီချက်တွင် ယူကရိန်းသည် တရားဝင်အသိအမှတ်မပြုသော်လည်း တကယ့်လက်တွေ့အနေဖြင့် နယ်မြေများကို စွန့်လွှတ်ရန် သဘောတူနိုင်သည်ဟု ဖော်ပြခဲ့သည်။

ကြာသပတေးနေ့က ဖောက်စ်သတင်းနှင့် အင်တာဗျူးတွင် ရူဘီယိုက “ယူကရိန်းသည် ရုရှားတပ်များကို ၂၀၁၄ ခုနှစ်က နေရာများသို ပြန်တွန်းလှန်နိုင်မည်မဟုတ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
လပေါင်းများစွာ အမေရိကန်မှကြားဝင်ညှိနှိင်းမှုများအပြီး စစ်ရေးအခြေအနေနှင့်ပတ်သက်၍ နှစ်ဖက်လိုလားချက်များကို ရှင်းရှင်းလင်းလင်း သိရှိလာကြောင်း ၎င်းကဆိုသည်။ “ယူကရိန်းရပ်တန့်ဖို လိုအပ်တာတွေ၊ ရုရှားရပ်တန့်ဖို လိုအပ်တာတွေကို ခန့်မှန်းနိုင်ပါပြီ။ သိုသော် နှစ်ဖက်လိုလားချက်များသည် အလှမ်းကွာနေဆဲဖြစ်သည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“အမြန်ပြတ်သား​သောဆုံးဖြတ်ချက်တစ်ခု မချနိုင်ပါက သမ္မတအနေဖြင့် ဤကိစ္စအတွက် မည်မျှအချိန်ပိုမိုသုံးမည်ကို ဆုံးဖြတ်ရမည်” ဟု ရူဘီယိုက သုံးသပ်ခဲ့သည်။
ထရမ့်နှင့် ရူဘီယိုတိုက ယခင်ကတည်းကယူကရိန်းပဋိပက္ခငြိမ်းချမ်း​ရေးတိုးတက်မှုမရှိပါက အမေရိကန်သည်ကြားဝင်ညှိနှိင်းသူအဖြစ်မှ နုတ်ထွက်နိုင်ကြောင်း သတိပေးခဲ့သည်။
“ယူကရိန်းစစ်ပွဲသည် အရေးမကြီးဟု မဆိုလိုပါ။ သိုသော် တရုတ်၏အခြေအနေက ပို၍အရေးကြီးသည်” ဟု ရူဘီယိုက ပြောကြားကာ အီရန်ပြဿနာကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

ရုရှား၏ငြိမ်းချမ်းရေးအခြေခံသဘောတရားများတွင် ယူကရိန်း၏ ကြားနေရေး၊ စစ်လက်နက်ဖျက်သိမ်းရေး၊ နာဇီဝါဒသုတ်သင်ရေးနှင့် နေတိုးအဖွဲဝင်မဖြစ်ရေး တိုပါဝင်ကြောင်း၊ ခါဆန်၊ ဇာပါရိုဇီး၊ ဒိုနက်စ်ခ် နှင့် လူဂန်းစ်ခ် တိုကို ရုရှားနယ်မြေအဖြစ် အသိအမှတ်ပြုရန်၂၀၂၃ ခုနှစ်က ဗလာဒီမီးယား ပူတင်က ထုတ်ပြန်ခဲ့သည်။ ယူကရိန်းက နေတိုးဝင်ရောက်ရန်ကြိုးပမ်းမှုများကို စွန့်လွှတ်ပြီး ရုရှားနှင့်​ပေါင်းသွား​သောနယ်မြေလေးခုမှ စစ်တပ်များရုပ်သိမ်းပါက ရုရှားဘက်မှ ချက်ချင်းစစ်ပြေငြိမ်းရန် သဘောတူကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

NOM