34 ပတ် - ဘာသာပြန်ပါ။

‎ပါဝင်ပစ္စည်း (၂)မျိုးထဲနဲ့ ချောကလက် Mousse ကိတ်ပြုလုပ်နည်းလေးဝေမျှပေးလိုက်တယ်နော်

‎Oven မလိုပဲရေခဲသေတ္တာအသုံးပြုပြီးအလွယ်တကူပြုလုပ်လို့ရတာမို့လုပ်စားကြည့်နော်..

‎ပါဝင်ပစ္စည်းများ
‎Chocolate - 300g
‎Whipping cream - 2 ½ cup (600g);
‎(chilled and divided into
‎1 cup (240g) and 1 ½ cup (360g)

‎Whipping ခရင်မ် 240 g ကိုအပူပေးပြီး ချောကလက်ဇလုံထဲသို့လောင်းထည့်ပါ။

‎ချောကလက်များအရည်ပျော်လာပြီးခရင်မ်နှင့်ပေါင်းစပ်ပြီး (၂-၃) မိနစ်လောက်ချောမွေ့လာသည်အထိမွှေပေးပါ။

‎Cold Whipping Cream ကို အလယ်အလတ်အမြန်နှုန်းဖြင့် ခရင်မ်ဖြစ်သည်အထိမွှေပါ။

‎ပထမ‌မွှေထားတဲ့ချောကလက်ဇလုံထဲသို့ ခရင်မ်ထည့်ပြီး နှံ့စပ်အောင်မွှေပါ။

‎မိမိနှစ်သက်ရာဖန်ခွက်ထဲသို့ အညီအမျှထည့်ပြီး‌
‎‌ရေခဲသေတ္တာထဲတွင် (၃)နာရီကြာထားပါ။

‎Whipping Cream အပေါ်မှာတင်ပြီးအလှဆင်ပါ။
‎ပုံတစ်ပုံချင်းစီမှာအသေးစိတ်လုပ်နည်းလေးတွေပါပြပေးထားပါတယ်ဗျ။
#မြိန်မြိန်

image
image
image
image
image
Khine Su Zin မျှဝေသည်။ ပို့စ်  
34 ပတ်

34 ပတ်

မြန်မာနိုင်ငံသားတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Huawei Company ကနေ IT နဲ့ ပက်သက်တဲ့ Free Courses တွေကို Free Certificate နဲ့ ပေးပြီး အခမဲ့သင်ကြားပေးနေပါတယ်။ ကိုယ်အားတဲ့အချိန်မှာ အားသလိုတက်လို့ရတာမို့ အလုပ်လုပ်နေတဲ့သူများအတွက် တော်တော်လေး အဆင်ပြေပါတယ်။
လျောက်ပုံကတော့ Register အရင်လုပ်ရပါမယ်။ ပြီးရင်တော့ ကိုယ်တက်ချင်တဲ့ IT courses တွေကို ရွေးချယ်ပြီး တက်ရုံပါဘဲ။
Link: https://uniportal.huawei.com/u....niportal1/hwid-login
မေးချင်တာမျိုးရှိရင် Instagram ကနေ ဖြေကြားပေးတာမို့ Instagram မှာ follow လုပ်ထားလို့ရပါတယ်ခဗျာ။
Instagram: https://www.instagram.com/svens711/
List of Huawei Free Online Courses 2025:
WLAN
Big Data
Security
LTE
IoT
5G
Transmission
Access
Datacom
Routing & Switching
Storage
Cloud Computing
Cloud Service
AI
Data Center
Intelligent Computing
Network Energy
GaussDB
Kunpeng
Video Conference
Enterprise Communication
Video Surveillance
Contact Center
Public Safety
Finance,
Transportation,
Healthcare
Education

#crd

image

မြန်မာနိုင်ငံသားတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Huawei Company ကနေ IT နဲ့ ပက်သက်တဲ့ Free Courses တွေကို Free Certificate နဲ့ ပေးပြီး အခမဲ့သင်ကြားပေးနေပါတယ်။ ကိုယ်အားတဲ့အချိန်မှာ အားသလိုတက်လို့ရတာမို့ အလုပ်လုပ်နေတဲ့သူများအတွက် တော်တော်လေး အဆင်ပြေပါတယ်။
လျောက်ပုံကတော့ Register အရင်လုပ်ရပါမယ်။ ပြီးရင်တော့ ကိုယ်တက်ချင်တဲ့ IT courses တွေကို ရွေးချယ်ပြီး တက်ရုံပါဘဲ။
Link: https://uniportal.huawei.com/u....niportal1/hwid-login
မေးချင်တာမျိုးရှိရင် Instagram ကနေ ဖြေကြားပေးတာမို့ Instagram မှာ follow လုပ်ထားလို့ရပါတယ်ခဗျာ။
Instagram: https://www.instagram.com/svens711/
List of Huawei Free Online Courses 2025:
WLAN
Big Data
Security
LTE
IoT
5G
Transmission
Access
Datacom
Routing & Switching
Storage
Cloud Computing
Cloud Service
AI
Data Center
Intelligent Computing
Network Energy
GaussDB
Kunpeng
Video Conference
Enterprise Communication
Video Surveillance
Contact Center
Public Safety
Finance,
Transportation,
Healthcare
Education

#crd

image
34 ပတ် - ဘာသာပြန်ပါ။

ဧရာမသစ်ပင်များအတွင်းမှ အိမ်များ - (၁၉ ရာစု၏ ထူးခြားသော နေထိုင်မှုပုံစံ)
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
၁၈၇၀ ခုနှစ်များ ဝန်းကျင်တွင် အမေရိကန် အနောက်ပိုင်းနှင့် သြစတေးလျကဲ့သို့ ဝေးလံခေါင်သီသော ဒေသများ၌ လူတို့သည် ဧရာမသစ်ပင်ကြီးများ၏ အတွင်းပိုင်းတွင် အိမ်များ ဆောက်လုပ်နေထိုင်ခဲ့ကြပါတယ်။
ထိုခေတ်အခါက အခြေခံအဆောက်အအုံ အားနည်းခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ အန္တရာယ် စသည့် အခက်အခဲများကြောင့် သဘာဝအလျောက် ဟောက်ပတ်ဖြစ်နေသော သစ်ပင်ကြီးများ သည် အကောင်းဆုံး ခိုလှုံရာ ဖြစ်ခဲ့ပါတယ်။
အဆိုပါ သစ်ပင်အိမ်များသည် ရာသီဥတုဒဏ်ကို ကာကွယ်ပေးနိုင်ရုံသာမက သဘာဝဘေးအန္တရာယ်များမှလည်း ကာကွယ်ပေးနိုင်ပြီး အချို့သော သစ်ပင်များ သည် အလွန်ကြီးမားသောကြောင့် မိသားစုတစ်စုလုံး သက်သောင့်သက်သာ နေထိုင်နိုင်လောက်အောင် ကျယ်ဝန်းပါတယ်။
သစ်ပင်အတွင်းပိုင်းကို အခန်းများအဖြစ် ပိုင်းခြားကာ အသုံးပြုကြပြီး အချို့ဆိုလျှင် ပြတင်းပေါက်များနှင့် မီးဖိုများပင် ထည့်သွင်းဆောက်လုပ်ကြပါတယ်။
ယနေ့ခေတ်တွင် ထိုသစ်ပင်အိမ်များသည် သစ်ထုတ်လုပ်ရေးလုပ်ငန်းများဖွံ့ဖြိုးလာခြင်းတို့ကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ဧရာမသစ်ပင်များအတွင်း၌ လူများနေထိုင်သော အထောက်အထားအနည်းငယ်သာ ကျန်ရှိတော့သည်။
သို့သော် ဤသမိုင်းဝင် အဖြစ်အပျက်သည် ၁၉ ရာစု၏ လူသားတို့၏ စွမ်းရည်နှင့် သဘာဝတရားနှင့် လိုက်လျော ညီထွေစွာ နေထိုင်မှုပုံစံကို ဖော်ညွှန်းနေသော သက်သေတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။
#knowledge
#timespectrum

image
34 ပတ် - ဘာသာပြန်ပါ။

နိုင်ပွဲပြန်ရယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးရဲ့ တုန့်ပြန့်မှုကို မာရက်စ်ကာ ချီးကျူး

ဇန်နဝါရီ ၂၁

ချယ်လ်ဆီးအသင်းဟာ ဝုလ်ဗ်စ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံး နေတာကို အဆုံးသတ်ကာ နိုင်ပွဲပြန်ရယူနိုင်ခဲ့တဲ့ အသင်းရဲ့တုန့်ပြန်မှုကို နည်းပြမာရက်စ်ကာက ချီးကျူးခဲ့ပါတယ်။

မာရက်စ်ကာက “မိနစ် ၄၀ အထိ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ဟာ အလွန်ကောင်းမွန်ခဲ့ပေမယ့် နောက်ဆုံး ၅ မိနစ်မှာ ရုန်းကန်ခဲ့ရပါတယ်။ သူတို့ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကျနော်တို့ ယုံကြည်မှု အနည်းငယ် လျော့သွားခဲ့ပြီး ဒါက ဒီရာသီမှာ အကြိမ်အနည်းငယ် ဖြစ်ပျက်ခဲ့တဲ့ အရာပါ။ ဒုတိယပိုင်းမှာ ကျနော်တို့ဟာ ကောင်းမွန်စွာ စတင် နိုင်ခဲ့သလို ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ ဒီပွဲကို အနိုင်ရဖို့ ထိုက်တန်တယ်လို့ ကျနော် ထင်ပါ တယ်။ နိုင်ပွဲတွေ ပျောက်ဆုံးအပြီးမှာ ဒီလိုမျိုး ပြန်လုပ်ရတာက မလွယ်ကူတဲ့အတွက် ဒီပွဲအနိုင်ရဖို့က အရေးကြီးခဲ့ တယ်”လို့ BBC ကို ပြောခဲ့တာပါ။

ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို တိုဆင်၊ ကူကူရယ်လာနဲ့ မာဒူကီတို့က သွင်းယူခဲ့ပြီး ဝုလ်ဗ်စ်အသင်း အတွက် ချေပဂိုးကို ဒိုဟာတီက သွင်းယူခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံး တာကို အဆုံးသတ်နိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲရရှိခဲ့တဲ့အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာကို ပြန်တက် နိုင်ခဲ့ပြီး အဆင့် ၂ နဲ့ ၃ နေရာက အာဆင်နယ်၊ နော်တင်ဟမ်ဖောရက်စ်အသင်းတို့နဲ့ ၄ မှတ် ကွာဟနေပါတယ်။

ဒီပွဲမှာ ဝုလ်ဗ်စ်အသင်းအတွက် ချေပဂိုးကို အမှားအယွင်း ပြုလုပ်ပြီးပေးခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ဂိုးသမား ဆန်းချက်ဇ်ကို ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာက ကာကွယ်ပေးခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ အမှားအယွင်းတွေ လုပ်ခဲ့ပေမယ့် အကြိမ်ပေါင်းများစွာ ကာကွယ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြဿနာမရှိဘူးလို့ နည်းပြမာရက်စ်ကာက ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၄၄ ဂိုး သွင်းယူထားပေမယ့် ၂၇ ဂိုး ခွင့်ပြုထားရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

ပုံ - ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
34 ပတ် - ဘာသာပြန်ပါ။

တရုတ်ညွှန်ကြားချက်အရ “ဝ” ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြု

ဇန်နဝါရီ ၂၁

တရုတ်အစိုးရရဲ့ ညွှန်ကြားချက်အရ “ဝ” ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံးက ဒီနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့အကြောင်း UWSA ထိန်းချုပ်မီဒီယာဖြစ်တဲ့ Wa News Land က ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ကိုးကန့်ဒေသနဲ့ “ဝ”ပြည်နယ် ဟိုပန်ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားပေါ်ကတစ်ဆင့် မော်တော်ယာဉ်၊ လူနဲ့ ကုန်စည်တွေ ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ဖို့ ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးက အကြောင်းကြားစာ ရရှိခဲ့တယ်လို့လည်း ဖော်ပြထားတဲ့အပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်လို့ ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်တွေ ပြုလိုက်ကြောင်း ပါဝင်တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းကလွဲလို့ သာမန်ပြည်သူတွေရဲ့နေ့စဉ်ထွက်ကုန်နဲ့၊ နေ့စဉ်ဘဝ ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေအားလုံးကို ပုံမှန်အတိုင်းရောင်း ဝယ်ဖောက်ကားနိုင်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ကိုးကန့် – တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်အပြင် “ဝ” – တရုတ်နယ်စပ်က နမ့်တစ် (မန်ခါး)ဂိတ်တို့ကို မနေ့က စတင်ပြီး ဖွင့်ပေးခဲ့ကာ ဓာတ်ဆီတွေလည်း ပြန်လည်ဝင်ရောက်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

“တရုတ်ရဲ့ မူဝါဒ ဂိတ်ပိတ်မှုကြောင့် ကျွန်တော်တို့ “ဝ” ပြည်အတွင်းမှာ ဆီပြတ်လပ်မှုတချို့ကြုံခဲ့ပါတယ်။ ဒါပေမယ့် မနေ့ကစတင်ပြီး တရုတ်ကဂိတ်တွေပြန်ဖွင့်လို့ ဆီတွေလည်း တချို့ပြန်ဝင်နေကြပါပြီ။ အိမ်ဆောက်ပစ္စည်းတချို့လည်းဝင်လာကြပြီလို့တော့ သိရတယ်။ တခြားစက်ပစ္စည်းတွေတော့ မကြားသေးဘူး” လို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA၊ ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ ဦးညီရန်းက “ဝ” လူငယ့်အသံ ကွန်ရက်ကိုပြောတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

Ref & Photo – Wa News Land & UWSA/UWSP (သတင်းနဲ့ပြန်ကြားရေး ဟိုပန်)

#cenyralnewsnaypyitaw

image
34 ပတ် - ဘာသာပြန်ပါ။

ဒီနေ့က ချစ်သုဝေရဲ့ ချစ်သမီးလေး၂ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ ၈နှစ်ပြည့်မွေးနေ့လေးပါ❤️❤️

image
34 ပတ် - ဘာသာပြန်ပါ။

The Son Of Big Foot ( 2017 )
=======================

2017မှာထွက်ရှိလာတဲ့ကားတွေထဲ ဒီဇာတ်လမ်းလေးကတော့ ဇာတ်အိမ်ကျယ်ကျယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ကားလေးလိုပြောရမှာပါပဲ။ ဂြိုလ်သားတို နဂါးတို ခြေထောက်အကြီးကြီး သတ္တဝါတွေဆိုတာ ယုံတမ်းပုံပြင်လို အားလုံးကထင်မှတ်ထားကြတာပါ။ အဲ့ဒီအချိန်မှာ မမျှော်လင့်ဘဲ အက်ဒမ်ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့အဖေဟာ ဒီလိုသတ္တဝါကြီးဖြစ်နေတယ်ဆိုတာသိလိုက်ရပါတော့တယ်။ ဒီလိုစိတ်ဝင်စားစရာမထင်မှတ်ထားတဲ့ Storyline လေးနဲ့ ဒီကားလေးကတော့ Imdb Rating 6.1% Rotten Tomatoes 88 ရရှိထားတာမို ဇာတ်လမ်းကောင်းလေးဆိုတာ အထွေအထူးမညွှန်းတော့ပဲ ကြည့်ရှုခံစားကြည့်ဖိုတိုက်တွန်းလိုက်ရပါတယ်။

image
34 ပတ် - ဘာသာပြန်ပါ။

သားအမိနှစ်ယောက်တည်း စွန့်စားပြီး ထွက်လာမိတာ မှားသွားလားလို့ တွေးမိတယ်ဆိုတဲ့ အေသင်ချိုဆွေ 💔
သူများတွေလို မိသားစုနဲ့ မနေရပေမယ့် သမီးလေးကို ပြည့်စုံအောင် ထားပေးနိုင်တယ်လို့ဆိုပါတယ်။ သူမသာ ဒီလိုစွန့်စားပြီးထွက်မလာခဲ့ရင် Ivy လေးဟာ သူ့ကို သည်းသည်းလှုပ်ချစ်ကြတဲ့ မိသားစုအသိုင်းအဝိုင်းမှာ ရှင်သန်ကြီးပြင်းရမှာဖြစ်တယ်လို့ သူမက စိတ်မကောင်းစွာဆိုပါတယ်။ ငယ်စဉ်တည်းက မိသားစုကိုငဲ့ပြီး ရှင်သန်တတ်ခဲ့တဲ့သူမို့ ပြတ်ပြတ်သားသားဆုံးဖြတ်ချက် ခံယူချက်တွေ မချတတ် သတ္တိမရှိဖူးလို့ သူမကိုသူမဆိုပါသေးတယ်။ သူမရဲ့ခံစားချက်တွေကို ဖွင့်ဟလေ့မရှိပေမယ့် စိတ်ဓာတ်ကျလာသလိုခံစားရလို့ ဖွင့်ဟလာခဲ့တာပါ။

#crd

image

တရုတ်မှာ ဓါးကိုင်တိုက်ခိုက်သူနဲ့ လူအုပ်ထဲကားဝင်တိုက်သူ နှစ်ယောက်ကို ကွပ်မျက်

ပေကျင်း၊ ဇန်နဝါရီ ၂၁

တရုတ်နိုင်ငံမှာ ဓါးကိုင်တိုက်ခိုက်သူနဲ့ လူအုပ်ထဲကားနဲ့ဝင်တိုက်သူ အမျိုးသားနှစ်ယောက်ကို အာဏာပိုင်တွေက ကွပ်မျက်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

လူ ၃၅ ယောက်ထိ သေဆုံးခဲ့တဲ့ ကားတိုက်မှုဖြစ်စဉ်မှာ ကျူးလွန်သူ အသက် ၆၀ အရွယ်အမျိုးသားကို မနေ့က ကွပ်မျက်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဂွမ်ဒေါင်းပြည်နယ် ရှူဟိုင်ခရိုင်ရှိ အားကစားရုံပြင်ပမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

သူဟာကွာရှင်းမှုနဲ့ပတ်သက်ပြီး မကျေလည်မှုတွေကြောင့် အခုလိုကျူးလွန်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီနိုဝင်ဘာလမှာပဲ အသက် ၂၀ အရွယ်လူငယ်တယောက်က ကျန်ဆုပြည်နယ်ရှိ အသက်မွေးပညာသင်ကျောင်းမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူရှစ်ယောက်သေဆုံးခဲ့ပြီး ၁၇ ယောက်ဒဏ်ရာရခဲ့ပါတယ်။

သူကတော့ ဘွဲ့ရရှိတဲ့အပေါ် မကျေနပ်ချက်ကြောင့်လို့ဆိုပါတယ်။ ဒါဟာ တရုတ်လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးပေါ် ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို ထင်ဟပ်စေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ သူတို့တွေကို ကျူးလွန်ပြီးနှစ်လအကြာမှာ အလျင်အမြန်အရေးယူမှုဟာ အလားတူရာဇဝတ်မှုတွေကိုတားဆီးဖို့ အာဏာပိုင်တွေက ရည်ရွယ်ပုံရပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သေဒဏ်ပေးမှုအမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီး သေဒဏ်ပေးတဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိတာကြောင့် အရေအတွက် အတိအကျကို မသိနိုင်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

Ref:NHK
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image