Wrath of Man (စောက်ရမ်းပေါက်ကွဲနေတဲ့လူ)
IMDB rating - 7.2 /10
My Own rating - 7/10
ဒီကားက John Wick တို့ ဘာတို့ နဲ့ ယှဉ်ရင်
လူသိနည်းကြမယ် ထင်တယ် ၊ ကျနော် လဲ အစကတော့ ဘာမှ မဟုတ်တဲ့ သာမန် မင်းသားနဲ့ လူဆိုးချတယ် ကားလို့ဘဲ ထင်ထားတာပေါ့။
တကယ်တန်း စကြည့်တဲ့ အချိန် Opening Scene ကြည့်ပြီးတော့မှ ဒါရိုက်တာ က storytelling လက်ရာ စပြထားပါ‌ေလရော။ ဒီကားရဲ့ Director က သူ့အမြင်ကို ကောင်းကောင်းပုံ‌ေဖာ်နိုင်တယ့် Cinematographer ရယ် Editor တို့ပေါင်းပြီ အလုပ်လုပ် ထားမှန်းသိသာအောင် Visual တွေကကောင်းမွန်တယ် ။ ဒီကားကြည့်နေရတဲ့ အချိန် တခြား ကိစ္စ မတွေးဘဲ သူထဲ မှာ ဘဲ အာရုံရောက်နေလောက်အောင် ကို ဆွဲ ဆောင်နိုင်တယ် ၊
ဇာတ်လမ်းက ရှင်းရှင်းလေးဘဲ ထုံးစံ အတိုင်း မြင်တွေ နေကြပုံမျိုးဘဲ အဲ့တာ ကို Director ရဲ့ ကောင်းမွန်းတဲ့ Visual နဲ့ ပေါင်းလိုက်တော့ ဒီကား က တကယ် ကောင်းတယ့် Action ကားဘဲလို့ John Wick တို့ ဘာ‌တို့ထက် ကျနော် ကတော့ ဒီကားပိုကြိုက်မိပါတယ် Character က အစ သာမန် Action ကားတေ‌ွ ထက်ပိုပြီး ဇာတ်ကောင်းစရိုက်ကို ပေါ်အောင် ထည့်ထားတယ် ၊ သရုပ်ဆောင်ပိုင်းက Jason Statham လို Action ပိုင်းမှာ တကယ်‌ေပြာင်‌ေမြာက်တယ့် သရုပ်ဆောင် ၊ ဒါရိုက်တာက The Man from UNCLE လို့ မိုက်တယ့် underrated ကားတွေ Alladin , King of Arthur ,Sharlock Holmes (RDJ) လို ကားမျိုးတွေ ကို Quality ရှိရှိ နဲ့ Vision ကောင်းကောင်း တွေ န‌ဲ့ ရိုက်ပြတတ်တဲ့ ဒါရိုက်တာ Guy Ritchie ကိုင်ထားတာ မို့
မကြညိ့ရသေးရင် ကြညိ့ကြညိ့ကြပါဗျာ
စကားမစပ် Post Malone လဲ Cameo အနေနဲ့ ပါထားသေးတယ်ဗျ

image

The Medium (2021)
{Spoiler Free}
.
တော်တော်များများလည်း ကြည့်ပြီးလောက်ပြီထင်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကိုနည်းနည်းပြောချင်လို့ပါ။ ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး။ ကျွန်တော့်အမြင်လေးကို sharing လုပ်ရုံပါခင်ဗျာ။
ပထမဦးဆုံးကတော့ ဒီဇာတ်ကားမထွက်ခင်ကတည်းက Shutter နဲ့ The Wailing တို့လို greatest horror films of all time စာရင်းဝင်ဇာတ်ကားတွေကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာနှစ်ဦးပေါင်းပြီးဖန်တီးထားတယ်ဆိုရုံနဲ့ ဒီဇာတ်ကားက ပေါ့သေးသေးတော့မဟုတ်ဘူးဆိုတာ အားလုံးလည်းသိမှာပါ။
ဒီကားရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေအကြောင်းရှင်းပြထားတဲ့စာတွေက တော်တော်များနေပြီဆိုတော့ ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားရဲ့ရုပ်ရှင်ပိုင်းဆိုင်ရာလေးတွေပဲနည်းနည်းပြောချင်ပါတယ်။
Cinematography ပိုင်းကိုတော့ ကျွန်တော့် personally တော်တော်သဘောကျပါတယ်။ အရမ်းကြီးအနုပညာမြောက်နေတာမျိုးမဟုတ်ပေမဲ့ dark and realistic ဖြစ်ပြီး ကြည့်နေတဲ့လူတွေကို ဆွဲခေါ်သွားသလိုခံစားရပါတယ်။ တစ်ကားလုံးနီးပါး ထိုင်းထိုင်းမှိုင်းမှိုင်းကြီးနဲ့ စိတ်ညစ်ညူးစရာကောင်းလှပြီး The Wailing တုန်းကလို vibe မျိုးလည်း တော်တော်ရပါတယ်။
Documentary ပုံစံရိုက်ထားကိုတော့ ကြိုက်တဲ့လူတွေရှိသလို မကြိုက်တဲ့လူတွေလည်းများတဲ့အတွက် အမြင်ကွဲလွဲနိုင်ပါတယ်။ ဒါရိုက်တာကလည်း ဒီလို taste မျိုးရစေချင်လို့ကို သက်သက်လုပ်ထားတာလို့မြင်ပါတယ်။ ကျွန်တော်အမြင်ကတော့ သဘောကျပါတယ်။ အခုတောင် The Wailing ရဲ့ လွှမ်းမိုးမှုတွေတော်တော်ပါနေတာ၊ ဒီလိုမရိုက်ဘဲနဲ့ သာမန်ရိုက်နေကျအတိုင်းပဲရိုက်ရင် ဇာတ်ကားက The Wailing နဲ့ ချွတ်စွပ်နီးပါးသွားတူနေမယ်လို့ထင်ရလို့ပါ။
ပြီးတော့ ဒါရိုက်တာရော သရုပ်ဆောင်တွေရောက အရမ်းကြီး over တွေမလုပ်ဘဲ reality ဆန်ဆန်ပဲလုပ်ပြထားကြတာနဲ့ handheld documentary ပုံစံရိုက်ချက်တွေနဲ့ပေါင်းလိုက်တော့ scenes ​တော်တော်များများက အရမ်း realistic ဖြစ်ပြီး ကိုယ့်ရှေ့မှာဖြစ်နေသလိုကိုခံစားရပါတယ်။
ဒီဇာတ်ကားက သာမန်မြင်တွေ့နေကျသရဲကားတွေနဲ့ တော်တော်ကွဲထွက်တယ်လို့ပြောလို့ရပါတယ်။ ဆိုတော့ Hollywood horror movies တွေလို scare jumps တွေဖောဖောသီသီသုံးပြီး၊ သရဲကို အကောင်လိုက်ပြတာမျိုးပဲကြည့်ချင်တာဆိုရင်တော့ ဒီကားကိုမကြည့်ကြဖို့ပြောချင်ပါတယ်။
ပြီးတော့ အကြံပေးချင်တာတစ်ခုက ဖြစ်နိုင်ရင် ဒီကားကိုကြည့်မယ်ဆိုရင် တစ်ယောက်တည်းအေးဆေးဖြစ်နေတဲ့အချိန်မှ သေချာကြည့်ကြပါ။ သူငယ်ချင်းတွေနဲ့စုပြီးကြည့်လို့ကောင်းတဲ့ဇာတ်ကားမျိုးမဟုတ်ပါဘူး။ မြှုပ်ကွက်တွေပါသလို တွေးစရာတွေလည်းအများကြီးပါတဲ့အတွက်ပါ။
ဆိုတော့ကား ဒီကားက တချို့တွေပိုပိုသာသာတွေပြောနေကြသလို ရုပ်ရှင်ရုံမှာမီးဖွင့်ပြီးပြရတယ်ဘာညာလောက်ထိတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့တွေ ရစရာမရှိအောင်ပြောနေကြတဲ့အတိုင်း ပေါကားသာသာကြီးလည်းမဟုတ်ပါဘူး။ The Wailing, Shutter တို့လောက် ကောင်းမနေသည့်တိုင်အောင် အဆင့်တစ်ခုမှာတော့ရှိတဲ့ဇာတ်ကားပါ။ ကျွန်တော့်အတွက်ကတော့ ဒီနောက်ပိုင်းနှစ်တွေထဲမှာထွက်တဲ့ horror films တွေထဲမှာ အကြိုက်ဆုံးကားလို့ပြောလို့ရပါတယ်။
ရုပ်ရှင်ချစ်တဲ့လူတွေအတွက်ကတော့ သေချာပေါက်တစ်ခုခုရစေမယ့်ဇာတ်ကားမျိုးမို့လို့ ကြည့်ကိုကြည့်သင့်ပါတယ်။
အနည်းဆုံးတော့ ကျွန်တော်တို့နိုင်ငံနဲ့အရမ်းနီးစပ်တဲ့ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေအကြောင်းကို အများကြီးသိလိုက်ရမှာပါ။

image

ခေတ်ကာလ အချိန်အနေအထားကို ပြောရမယ်ဆိုရင် မြင်သာထင်သာရှိအောင် ကျနော်တို့အားလုံး သိပြီးဖြစ်တဲ့ final fantasy(ff) လိုခေတ်မျိုးပေါ့ ဒါပေမယ့် FFက Beautiful scene တွေပိုများတယ် အသုံးအဆောင် အဝတ်အစား စတာတွေက လှပပြီး အထက်တန်းဆန်တာများတယ် ဒီကောင်ကတော့ အဲ့လိုမဟုတ်ဘူး လူအများသိတဲ့ FFနဲ့တာနိုင်းပြရတာ တကယ်တော့ HD Gameဖြစ်တဲ့ Dishonored နဲ့ဆိုရင်တော့ လုံးဝ တစ်ထပ်ထဲပဲ
-- Animation ပိုင်းကတော့ မပါမဖြစ်ကိုပြောရမှာပါ
Arcane က Animation ကြိုက်သူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုပါ မျက်နှာအနေအထားတွေကအစ အသေးစိတ်ပိုလုပ်ထားတာပါ အချို့အခန်းတွေဆို မျက်နှာ အမူအရာ လောက်နဲ့ပဲပြလိုက်တယ် ပါးစပ်ကနေပြောမနေဘူးပေါ့ အဲ့အထာတွေအရမ်းမိုက်တယ်
နောက်ပြီး ဖြတ်ဆိုပြီး တစ်ချက်လောက်လေး ပါလိုက်မယ့် အခန်းကိုတောင် ရပ်ပြီးကြည့်မယ်ဆိုရင် background တွေကအစ အရမ်းအသေးစိတ်ထားတာကို တွေ့ရတယ် ပုံမှန်အခန်းက background ဆိုရင်တော့ ပြောနေစရာတောင်မလိုတော့ဘူး နေရောင်ထိုးပြီး အလင်းကျနေတဲ့နေရာက မြူမှုန်လေးတွေကအစပါတယ် လမ်းမက အခန်းထဲက နံရံတွေပေါ်က graffiti art တွေ Scene တစ်ခုမှာ ရောစပ်ထားတဲ့ Colour တွေလဲအရမ်းမိုက်တယ်
နောက်ခံသီချင်း ပတ်ဝန်းကျင်အသံ ပြောရက်စရာကိုမရှိဘူး
ထုံးစံအတိုင်းပေါ့ ဒီလိုခေတ်တွေမှာ လူတန်းစားနှစ်လွှာရှိမယ် အသုံးအဆောင် အလှအပတွေနဲ့ စားကောင်းသောက်ဖွယ်တွေနဲ့ အထက်တန်းလူတန်းစားရယ် underground မှာနေတဲ့ လမ်းသူရဲဆန်ဆန် အမြင်များနဲ့ လူတန်းစားရယ်ပေါ့ဗျာ ဆိုတော့ အရမ်းမိုက်တဲ့ background က colour တွေ အသုံးအဆောင် တွေအနေနဲ့က နှစ်မျိုးကိုခံစားရမှာပါ
-- story အနေနဲ့ကတော့ (no Spoiler )
League of Legends (LOL)ကဆိုလို့ အပေါ်နဲ့အောက်နဲ့မတည့်ဘူး ချမယ် ဆိုတာမျိုးလုံးဝ မဟုတ်ပါဘူး Action scene တွေက ပြန်ပြန်ရစ်ကြည့်ရလောက်တဲ့အထိကို မိုက်နေပေမယ့် သူက Storyကိုပို ဦးစားပေးထားတဲ့အပိုင်းပါ
final fantasyတို့ Dishonoredတို့လိုပုံဆိုတော့
လက်မှုပညာဆန်တဲ့ အသုံးအဆောင် လက်နက်အဆန်းကြီးတွေမြင်ရမယ် သိပ္ပံပညာနဲ့ စက်မှု လက်မှုကို ပေါင်းစပ်ထားတာမျိုးပေါ့ ဒီဇာတ်ကားမှာတော့ တစ်ခုပိုမယ် အဲ့ဒါကတော့ ​မှော်ပညာပါ
စက်မှုပညာ သိပ္ပံပညာ မှော်ပညာများနဲ့ ထုတ်ကုန် လက်နက်တွေနဲ့ ဇာတ်လမ်းက အရင်းခံမှာပေါ့ဗျာ
ဒီထဲမှာ ဗီလိန်ဆိုတာမရှိပါဘူး ဒါပေမယ့် ကျနော်တို့ အားလုံးဟာ တစ်ဦးတစ်ယောက်ရဲ့ Storyထဲမှာတော့ ဗီလိန်ဖြစ်ခဲ့ဖူးမှာပေါ့ အဲ့လိုပါပဲ
ကိုယ့်ရည်မှန်းချက် ပန်းတိုင်အတွက် ကိုယ်အရမ်းချစ်ရတဲ့ လူတစ်ဦးတစ်ယောက်အတွက် ကိုယ့်ရဲ့မိသားစုအတွက် ကိုယ့်ဂုဏ်သိက္ခာအတွက် ရှု့ဒေါင့်အမျိုးမျိုးကနေ မနက်ဖြန်အတွက် အသက်ဆက်နေသူတွေပါပဲ နှစ်ဖက်လုံးက ငြိမ်းချမ်းရေးကို လိုချင်လို့ တိုက်နေရတဲ့ပွဲပေါ့ဗျာ ဒါဆိုဘာကမှားနေတာလဲဆိုတာကို characters တစ်ဦးချင်းစီရဲ့ နေရာကနေ မတူတဲ့အမြင်များနဲ့ ဝင်ရောက်ခံစားရမယ့် ဇာတ်ကားလေးပါ။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်ပို့မည့်အိုင်ဖုန်းများကို တရုတ်နိုင်ငံတွင် ထုတ်လုပ်မည်မဟုတ်ကြောင်း အက်ပဲလ်ဆို
အမေရိကန်တွင် ရောင်းချမည့်အိုင်ဖုန်းအများစုနှင့် အခြားဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံ၌ ထုတ်လုပ်တော့မည်မဟုတ်ကြောင်း အမေရိကန်အခြေစိုက် အက်ပဲလ်ကုမ္ပဏီက မေ ၁ ရက်တွင်ပြောသည်။
အက်ပဲလ်အနေဖြင့်အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ အဓိက အခွန်စည်းကြပ်ရာ တရုတ်နိုင်ငံ၌ထုတ်လုပ်မှုများ လျှော့ချ၍ အမေရိကန်ဈေးကွက်သို့တင်ပို့မည့် အိုင်ဖုန်းအများစုကို အိန္ဒိယတွင် ထုတ်လုပ်မည်ဖြစ်ရာ အိုင်ပက်နှင့် စမတ်နာရီများကို ဗီယက်နမ်တွင် အဓိကထုတ်လုပ်မည်ဟုကုမ္ပဏီအမှုဆောင်အရာရှိချုပ် တင်ကွက်ခ်က ပြောသည်။
ဒေါ်နယ်ထရန့်သည် အဓိက အီလက်ထရွန်နစ်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုအသစ်များ ချမှတ်ခြင်းမှ ကင်းလွတ်ခွင့်ပေးရန် ဆုံးဖြတ်ထားသော်လည်း လက်ရှိသုံးလပတ်တွင် အခွန်စည်းကြပ်မှုများကြောင့် ကုန်ကျစရိတ်ဒေါ်လာသန်း ၉ဝဝ ထပ်တိုးလာကြောင်း တင်ကွက်ခ်က ပြောကြားထားသည်။
ထရန့်အစိုးရကမူ အက်ပဲလ်၏ထုတ်လုပ်မှုများကို အမေရိကန်သို့ ပြောင်းရွှေ့စေလိုကြောင်း အကြိမ်ကြိမ်ပြောဆိုထားသည်။ အက်ပဲလ်အနေဖြင့် လာမည့်လေးနှစ်အတွင်း အမေရိကန်ပြည်နယ်များတွင် ဒေါ်လာဘီလီယံ ၅ဝဝ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို မေ ၁ ရက်က ပြုလုပ်ခဲ့သောရင်းနှီးမြှုပ်နှံသူများအစည်းအဝေး၌ တင်ကွတ်ခ်က ဆွေးနွေးခဲ့သည်။
အိန္ဒိယနှင့် ဗီယက်နမ်တို့သည် အမေရိကန်ဈေးကွက်တင်ပို့မှုအတွက် ထုတ်လုပ်မှုဗဟိုချက်နိုင်ငံများ ဖြစ်လာမည်ဟု ၎င်းက ပြောဆိုထားပြီး အမေရိကန်ပြင်ပနိုင်ငံများအတွက်မူ တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုများ ဆက်ရှိနေမည်ဟုပြောသည်။
ဘီဘီစီ

image

Lamb 2021
လူသားတွေနဲ့ တရိစ္ဆာန်တွေကြားက ဆက်နွယ်မှုတွေနဲ့ လူတွေရဲ့လောဘ အတ္တတွေကိုပုံဖော်ထားတဲ့ ဒီဇာတ်ကားဟာ ဇာတ်သိမ်းပိုင်းအထိ တွေးစရာအချို့ပေးသွားပါတယ်။
သိုးမွေးမြူရေးနဲ့ အသက်မွေးနေတဲ့ Marieတို့လင်မယား၂ယောက်ဟာ သူတို့ရဲ့မပျော်ရွှင်တဲ့ ဘဝတစ်ခုအတွက် သိုးခြံထဲကမွေးကင်းစသိုးလေးတစ်ကောင်ကို သားသမီးလိုမွေးစားခဲ့ကြတယ်။
သိုးလေးကို စမွေးစားတဲ့နေ့ကစပီး သူတို့လင်မယားနှစ်ယောက် ပျော်ရွှင်တဲ့ မိသားစု
လေးတစ်ခုဖြစ်လာတယ်လို့ ယုံကြည်ခဲ့ကြတာပေါ့။ တဖတ်မှာတော့ သူတို့အတ္တအတွက်
သို့လေးရဲ့ အမေသိုးမကြီးဟာ သူ့သိုးသား
လေးကိုခေါ်သွားလို့ သောကတွေနဲ့ သူ့သား
နောက်ကိုလိုက်ရင်း အိမ်ရှေ့မှာလာအော်လိုက်
မောင်းထုတ်ခံရလိုက် နဲ့နောက်ဆုံးတော့ Maria
ရဲ့သေနတ်အောက်မှာ ဘဲသေဆုံးခဲ့ရပါတယ်။
သိုးလေးကတော့ သူ့အမေရင်းကို သူ့မွေးစား
အမေသတ်လိုက်တာမသိပါဘူး။
အချိန်ကြာလာတဲ့နဲ့အမျှ သိုးလေးဟာ လူသားတွေကြားထဲနေရပေမယ့် သူဟာလူသားတယောက် မဟုတ်ကြောင်း သူ့ဘဝမှန်ကို သိလာ
ပါတယ်။ သူ့ကိုမွေးစားထားတဲ့ မိဘကိုလည်း
ချစ်သလို သူ့ဘဝအမှန်ကိုရှာဖွေချင်လာတယ်။
သူ့မိဘရဲ့ အတ္တစိတ်ကတော့ သူ့ကိုချစ်တာ
ထက် သူ့တို့ပျော်ရွှင်မှုကိုချစ်တာကိုဖော်ပြသွား
ပါတယ်။
လူတွေရဲ့ အတ္တနဲ့ ကိုယ်ပျော်ရွှင်ဖို့အတွက် အခြားအားနည်းတဲ့ သတ္တဝါတွေကိုအသုံးချ
မှုကြောင့် တဖတ်မှာ ဘယ်လိုအထိနာမှုတွေ
နဲ့ ကျန်ခဲ့တယ်ဆိုတာကို ရိုက်ပြသွားတာ
ကောင်းပါတယ်။ နောက်ဆုံးပိုင်းမှာ Maria
ရဲ့မျက်နှာ အမူရာနဲ့ဘဲ အဖြေပေးသွားပီး
သူ့အမှားသူသိမှု နဲ့ ဝမ်းနည်းမှုနဲ့ ကျေနပ်မှု
၂ခုလုံးကိုပြသွားပါတယ်။ ဒီဇာတ်ကားကိုမကြည့်ရသေးသူများလည်းကြည့်ကြည့်ပါ။ ဇာတ်လမ်းဆုံး ရောက်တဲ့အထိ ဆွဲခေါ်သွား
ပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ တိရိစ္ဆာန်တွေဟာ အစစ်တွေဖြစ်ပီး ကိုယ်ဝန်ဆောင်နေတဲ့ သိုးတွေကို ကလေးမွေးတဲ့အခန်းတွေကလည်း အစစ်တွေကိုရိုက်ထားတာပါ။ ဒီဇာတ်ကားထဲက Maria နေရာသရုပ်ဆောင်တဲ့မင်းသမီး ကိုယ်တိုင် ဒီဇာတ်ကားရိုက်ရင် pregnant သိုး၂ကောင် မွေးပေးခဲ့ရပါတယ်။ဒါကြောင့်
လည်းကြည့်ရတာတကယ်အသက်ဝင်တာပါ။
Director ကိုယ်တိုင်က ကိုယ်ပိုင်ခံယူချက်နဲ့ စိတ်ကြိုက်ခံစားခွင့်ပေးထားတဲ့ ကားမို့ ကြည့်ရှုရင်း လွတ်လပ်စွာခံစားနိုင်တဲ့ဇာတ်ကားတကားပါ။

image
1 y - Translate

စိမ်းချိုသီး 😋

image

ဘယ်လိုသီးခံမှသာ အောက်သက်သက်မဖြစ်နိုင်သလဲ?တဲ့...
"သီလ"နဲ့ပြည့်စုံတဲ့ ဖြောင့်မတ်တဲ့"သမာဓိ"ရှိသူမှသာ "ပညာ"ဖြင့်ဆင်ခြင်သုံးသပ်နိုင်ခြင်းကြောင့် အောက်သက်သက်မဖြစ်ဘဲ ကျေကျေနပ်နပ် ခွင့်လွှတ်သီးခံနိုင်မှာဖြစ်ပါတယ်။
ဥပမာ...
အသံကြားရင် ကြားတဲ့အသံကို ဖြစ်ပျက်ရှုခြင်းဖြင့် ဣန္ဒြေစောင့်စည်းနိုင်တာက.#သီလ။
မတုံမလှုပ်တည်တည်ကြည်ကြည်နေနိုင်တာက.#သမာဓိ။
ကြားတဲ့အသံ ရှိမရှိ အကဲခတ်တာနဲ့ မရှိတော့ဘူးဟု သိတာက.#ပညာ။
အကယ်၍ အသံကို ဖြစ်ပျက်ရှုဖို့ မမီလိုက်သော် #မကောင်းတဲ့စကားဘဲဟုသိတဲ့စိတ်.ကို ဖြစ်ပျက်ရှုခြင်းဖြင့် ဣ‌န္ဒြေစောင့်စည်းနိုင်တာက.#သီလ။
မတုံမလှုပ်တည်တည်ကြည်ကြည်နေနိုင်တာက.#သမာဓိ။
မကောင်းတဲ့စကားဟု သိစိတ် ရှိမရှိ အကဲခတ်တာနဲ့ မရှိတော့ဘူးဟု သိတာက.#ပညာ။
အကယ်၍ မကောင်းတဲ့စကားဟု သိစိတ်ကို ဖြစ်ပျက်ရှုဖို့ မမီလိုက်သော် မကောင်းတဲ့စကားကြောင့် ဖြစ်လာတဲ့ #ဒေါသစိတ်.ကို ဖြစ်ပျက်ရှုခြင်းဖြင့် နောက်ထပ် ဒေါသမဖြစ်အောင် ဣ‌န္ဒြေစောင့်စည်းတာက.#သီလ။
မတုံမလှုပ်တည်တည်ကြည်ကြည်နေနိုင်တာက.#သမာဓိ။
ဒေါသစိတ် ရှိမရှိ အကဲခတ်တာနဲ့ မရှိတော့ဘူးဟု သိတာက.#ပညာ။
အကယ်၍ ဒေါသစိတ်ကို ဖြစ်ပျက်ရှုပါသော်လည်းဆက်လက်ဒေါသ ဖြစ်သေးတယ်ဆိုရင် #ဒေါသဆက်ဖြစ်သေးတယ်လို့သိစိတ်.ကို ဖြစ်ပျက်ရှုခြင်းဖြင့် နောက်ထပ် ဒေါသမဖြစ်အောင် ဣ‌န္ဒြေစောင့်စည်းတာက.#သီလ။
မတုံမလှုပ်တည်တည်ကြည်ကြည်နေနိုင်တာက.#သမာဓိ။
ဒေါသဆက်ဖြစ်သေးတယ်လို့သိစိတ် ရှိမရှိ အကဲခတ်တာနဲ့ မရှိတော့ဘူးဟု သိတာက.#ပညာ။
"ဗုဒ္ဓံ ဓမ္မံ သံဃံပူဇေမိ"

image

???

မင်္ဂလာနံနက်ခင်းလေးပါ💓💞
ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော နေ့လေးဖြစ်ကြပါစေ🙏🙏🙏

image

image