1 နှစ် - ဘာသာပြန်ပါ။

ငလျင်ဘေးသင့် အာမခံလုပ်သားများကို ကျပ် ၂၁ ဘီလီယံကျော် ထောက်ပံ့ပေးမည် +++++
မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားတွေကို ငွေကျပ် ၂၁၇၀၃.၁၀၄ သန်း (၂၁.၇၀၃ ဘီလီယံ) ထောက်ပံ့ပေးအပ်ဖို့ စီစဉ်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အနေနဲ့ ကျပ် ၂၁ ဘီလီယံကျော် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အခွန်စည်းကြပ်မှုပြဿနာ ဆွေးနွေးရန် တရုတ်ကို အမေရိကန်ကမ်းလှမ်းထားဟုဆို
တရုတ်ထုတ်ကုန်များအပေါ် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ၁၄၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားမှုနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြရန် အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းထား ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက မေ ၁ ရက် တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်တာဝန်ရှိသူများက လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် တရုတ်တာဝန်ရှိသူများကို ကမ်းလှမ်းထားကြောင်း တရုတ်မီဒီယာများ၏ အဆိုအရသိရသည်။
လက်ရှိအချိန်အထိ အခွန်စည်းကြပ်မှုပြဿနာနှင့် ပတ်သက်၍ တရုတ်နှင့်အမေရိကန် ပြည်ထောင်စုတို့အကြား ဆွေးနွေးညှိနှိုင်းမှုမျိုး မရှိသေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားထားသည်။
သို့ရာတွင် အခွန်စည်းကြပ်မှုပြဿနာနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ရပ်ရရှိရန် တရုတ်နှင့်ဆွေးနွေးနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားထားသည်။
တရုတ်နိုင်ငံနှင့် အခွန်စည်းကြပ်မှုပြဿနာဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရယူရေးအတွက် အမေရိကန်အစိုးရတွင် အခွင့်အလမ်းသာနေသည် ဟုမိမိယုံကြည်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်က ဧပြီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတရာထူး ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့သည့်ယခုနှစ် ဇန်နဝါရီလမှာပင် တရုတ်နိုင်ငံအပါအဝင် အဓိကကုန်သွယ်ဖက်နိုင်ငံများ၏ ထုတ်ကုန်များကို အခွန်စည်းကြပ်မှုများ စတင်ပြုလုပ်ခဲ့သည်။
ရိုက်တာ

image

#နိုင်ငံတကာသတင်း
◼ ဝါရှင်တန်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုတွင် အမေရိကန်‌ငွေတိုက်စာချုပ်များက လက်နက်ကိရိယာတစ် ခုဖြစ်ကြောင်း ဂျပန်ပြောကြား
ဝါရှင်တန်နှင့်ကုန်သွယ်ရေးဆွေးနွေးမှုများတွင် အ‌မေရိကန်‌ဒေါ်လာ တစ်ထရီလီယံနှင့်အထက် တန်ဖိုးရှိသော အမေရိကန်ဗဟိုဘဏ်ငွေတိုက်စာချုပ်များကို ဂျပန်က အသုံးချနိုင်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး က ယနေ့ တွင်ပြောကြားလိုက်ရာ အမေရိကန်၏ ကြီးမားသော မြီရှင်အဖြစ် ဂျပန်၏အလေးသာမှုူကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောခြင်းဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။
ဘဏ္ဍာရေးဝန်ကြီး ကတ်ဆူနိုဘူကာတို က ယင်း စာချုပ်များကို ရောင်းချသွားမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း မရှိသော်လည်း ထရန့်အစိုးရထံမှ လိုက်လျောမှုများ ရရှိအောင်လုပ်ဆောင်ရာ၌ အမေရိကန်အစိုးရကြွေးမြီများကို အများဆုံးပိုင်ဆိုင်ထားသော ဂျပန် နှင့် တရုတ် က မည်သို့အ‌ရေးယူကြမည်ဆိုခြင်းနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြုပ်နှံသူများ စိုးရိမ်နေသော အကြောင်းအရာကို တို့ထိလိုက်ခြင်းဖြစ်သည်။
ဂျပန်ကဲ့သို့ အ‌ရေးပါသော မဟာမိတ်များ အပါအဝင် ကုန်သွယ်ဖက်နိုင်ငံများအပေါ် ကြီးမားသော အခွန်များချမှတ်သွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဧပြီ ၂ ရက် ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့သည့် လအတွင်း အမေရိကန် ငွေတိုက်စာချုပ်များအား အကြီးအကျယ်ရောင်းချမှု ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာပေါ်တွင် အမေရိကန်ငွေတိုက်စာချုပ်များ အများဆုံး ဝယ်ယူထားရသော ဂျပန်နိုင်ငံ၏ အဓိရည်ရွယ်ချက်မှာ လိုအပ်လာခဲ့ပါက ယန်းငွေအတွက် ကျားကန်ပေးရန် လုံလောက်သောပမဏ ထားရှိ‌ရေးဖြစ်ကြောင်း မစ္စတာကာတို က ဆိုသည်။
“ ဒါပေမယ့်လည်း သေချာတာကတော့ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ရွေးချယ်စရာကတ်တွေ အကုန်လုံးကို စားပွဲမှာ ထားဖို့လိုပါတယ်။ ငွေတိုက်စာချုပ်တွေကလည်း အဲဒီထဲ က ကတ်တစ်ခုဖြစ်နိုင်ပါတယ်။” ဟု မေးခွန်းတစ်ခုအား တုံ့ပြန်ရင်း ကာတာက ပြောကြားသည်။
အမေရိကန်နှင့်ဆွေးနွေးမှုများတွင် အမေရိကန် ငွေတိုက်စာချုပ်များကို ရောင်းချသွားမည်မဟုတ်ဟု ဂျပန် က အာမခံနိုင်ပါသလားဟု သတင်းထောက်က ကာတို အား မေးမြန်းချိန်၌ ကာတို က အထက်ပါအတိုင်း တုံ့ပြန်ခြင်းဖြစ်သည်။
ယင်းကတ်ကို မိမိတို့ အမှန်တကယ်အသုံးပြုမည် ဆိုသည်မှာ သီးခြားကိစ္စဖြစ်ကြောင်း ကာတိုက ဆက်လက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ရုံးချိန်ပြင်ပဖြစ်၍ အမေရိကန်ဘဏ္ဍာရေးဌာနက ချက်ခြင်းမတုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ကာတို၏ ယနေ့မှတ်ချက်များသည် ပြီးခဲ့သည့် လ က အမေရိကန်ငွေတိုက်စာချုပ်များအား ရောင်းချသွားမည်မဟုတ်ဟု၎င်းပြောကြားခဲ့သည့်မှတ်ချက်များနှင့်အလွန်ခြားနားသွားကြောင်းရိုက်တာသတင်းက ဆက်လက်ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
1 နှစ် - ဘာသာပြန်ပါ။

ဝက်သားဘဲဥချဉ်ငံစပ်😋😋
ဝိတ်ချမယ့်သူတွေအတွက်😁
ဘဲဥကို ဆားထည့်ပြီ ပြုတ်ပါ
ရရင် ရေအေးစိမ် အခွံခွာပြီး ထက်ခြမ်းပိုင်းထားပါ။ ဝက်သားကိုနုတ်နုတ်စင်းပြီး ဆားအချိုမှုန့် နယ်ပြီး မီးအေးအေးနဲ့ လှော်ထားပါ။
ကျက်တဲ့အထိ
အရည်တွေကုန်တဲ့အထိလှော်ပေးရမယ်နော်
အချဉ်ရည်အတွက်
သံပုရာရည် ငံပြာရည် ကြာညှို့သကြား အချိုမှုန့် လှီးထားသော ကြက်သွန်ဖြူ နံနံပင် ရှမ်းနံနံ ငရုပ်သီး
ထက်ခြမ်းထားတဲ့ ဘဲဥအပေါ်မှ အချဉ်ရည်ဆမ်း ဝက်သားလှော်ထားတာထည့် အချဉ်ရည်ထပ်ဆမ်းပြီရင် 😁စားလို့ရပါပြီရှင့်ဆီနဲနဲမှမပါဘူးနော် အရသာကတော့ရှယ်ပဲ

image
1 နှစ် - ဘာသာပြန်ပါ။

ကြက်သားချောင်းကြော် /တန်ပူရာကြက်ကြော်
🐔🐣🐤🐣🐥🐔🐥🐣🐤🐔🐥🐤🐔🐣🐣🐣
ခလေးတွေကြိုက်လို့ အမြဲကြော်စားဖစ်တာ
ပါ၀င်သောပစ္စည်းများ
ကြက်ရင်ပုံသား ......၂၅ ကျပ်သား
ဆား ....အနည်းငယ်
ငရုတ်ကောင်း ....အနည်းငယ်
ခရုဆီ.... အနည်းငယ်
သကြား.....အနည်းငယ်
တန်ပူရာမှုန့်....... ထမင်းစားဇွန်း ၅ ဇွန်း
ပြောင်းကော်မှုန့်......။ ၁ဇွန်း
ကြ က် ဥ..... ၁ လုံး
ပဲငံပြာရည်..... အနည်းငယ်
ပေါင်မုန့်ခြောက်မှုန့်......လိုသလောက်
ကြော်ရန် ဆီ
​ ကြော်နည်း
ကြက်သားကိုသန်စင့်ပြီး အချောင်းလေးဖြစ်အောင် လှီးထားပါ။
လှီးထားတဲ့ ကြက်သားထဲကို ဆားနှင့် ငရုပ်ကောင်းမှုန့် သကြား ခရုဆီ နယ်ပြီး ရေခဲသေတ္တာထဲ ၁နာရီ နှပ်ထားပါ။
ကြော်ခါနီး ပြောင်းကော်မှုန့် တန်ပူရာမှုန့် ကြက်ဥခေါက်ထည့် ပဲငံပြာရည် ထည့်ပြီ နယ်ထား
ပေါင်း မုန့်ခြောက်မှုန့်ကို ပန်းကန်တခုစီ ထည့်ထားပါ။
ကြော်မည့်အိုးထဲကို ဆီထည့် ဆီပူအောင်တည်ထားပါ။
ဆီပူလာလျှင် ကြက်သားကို ပေါင်မုန့်ခြောက် မှုန့်များ အသားမှာ ကပ်အောင်လုပ်ပြီး ဆီပူထဲထည့်ကြော်​ပေးပါ။
အဝါရောင်သန်းလာရင် ဆယ် ဆီစစ်ရင်ရပြီနော်
ခရမ်းချဥ်သီးဆောစ့် ငရုပ်သီးဆော့စ် ကြိုက်ရာ သုံးဆောင်ပါ

image

အားသာချက် : ခရီးအရမ်းသွားချင်အရမ်းပျော်
အားနည်းချက် : ခရီးစ ရိ - တ်မ- ရှိ

image

ငါ့စိ- တ်ကို နားလ- ည်နိုင်တဲ့သူနဲ့ပဲ တွဲ- တော့မယ်ဟယ်
Mean while ငါ့စိ- တ်:

image
1 နှစ် - ဘာသာပြန်ပါ။

◾️Sale Promotor - Yangon
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23526

◾️Shop Supervisor - Yangon
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23420

◾️Customer Service - Yangon
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23421

◾️Senior Accountant - Yangon
Salary Range: MMK 800,000 - 900,000
https://www.joimyanmar.com/job/detail/23527

◾️HR –Admin Assistant Manager - Yangon
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/23639

image
1 နှစ် - ဘာသာပြန်ပါ။

◾️Sale Promotor - Yangon
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23526

◾️Shop Supervisor - Yangon
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23420

◾️Customer Service - Yangon
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23421

◾️Senior Accountant - Yangon
Salary Range: MMK 800,000 - 900,000
https://www.joimyanmar.com/job/detail/23527

◾️HR –Admin Assistant Manager - Yangon
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/23639

image

လူဟာ မပြောင်းလဲတာ ကြာလာရင်
မပြောင်းလဲဖြစ်တော့ဘူး ။
မကြိုးစားတာ ကြာလာရင်
မကြိုးစားဖြစ်တော့ဘူး ။
မစွန့်စားတာ ကြာလာရင်
မစွန့်စားဝံ့တော့ဘူး ။
မယုံကြည်တာ ကြာလာရင်
မယုံကြည်တော့ဘူး ။
မသင်ယူတာ ကြာလာရင်
မသင်ယူဖြစ်တော့ဘူး ။
အကောင်းမမြင်တာ ကြာလာရင်
အကောင်းမြင်တော့ဘူး ။
မစုဆောင်းတာ ကြာလာရင်
မစုဆောင်းတတ်တော့ဘူး ။
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအခြေအနေမှာ
ကြာရှည်စွာ ထားမိနေသလဲဆိုတာ
နေ့တိုင်း မေးခွန်းထုတ်ကာ
အဖြေရှာနေရမယ့် အရာတစ်ခု ဖြစ်ပါတယ် ။
တကယ်လို့ အဖြေ ရှာတွေ့ပြီဆိုရင်တော့
ဒါထက် ပိုမကြာအောင် ပြောင်းလဲဖို့ အကြံပြုပါရစေ ။
ဒါထက် ပိုမကြာသွားရင်
ဒါထက် ပိုပြောင်းလဲဖို့ ခက်သွားနိုင်လို့ပါ ။
#ကောင်းစံသာ (ရေကြည်)
#လောင်စာ

image