39 w - Translate

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ ဒီနေ့ တောမီးလောင်နေတယ်လို့ သိရပါတယ်။
ညနေပိုင်းကတည်းက ဝိဇ္ဇာညီနောင်၊ နွားလဘို့လျှိုထဲမှာ တောမီးစလောင်ခဲ့ပြီး ညပိုင်းမှာတော့ ဇွဲကပင်တောင်တခုလုံး မီးလောင်နေတာပါ။
ဇွဲကပင်တောင်မှာ နှစ်တိုင်း တောမီးလောင်နေကျဖြစ်ပေမဲ့ ဒီတခါမှာတော့ ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo - ဒေသခံများ

image
image
image

mom : ကိုယ်ကြပ်လေးတွေဝတ်ရင်
ဝတာသိပ်မသိသာဘူး
me :

#funny

image
39 w - Translate

သဘာဝအတိုင်း ရလာတဲ့ အမွှာလေးမို့ အရမ်းတန်ဖိုးထားပေမယ့် လက်မခံနိုင်လည်း လက်ခံရတော့မယ့် နေ့ကို ရောက်လာတော့မယ်ဆိုတဲ့ ပိုးကြာဖြူခင် 😞
သူမက ဒီအမွှာလေး ရလာတာကို အရမ်းကိုတန်ဖိုးထားခဲ့တာပါ။ Ultrasound ရိုက်အပြီးမှာ ရေမွှာအိတ် ၂ ခု ၊ အချင်း ၂ ခုလည်း ပါတာကြောင့် အမွှာဖြစ်ပေမယ့် ကလေးလေးတစ်ယောက်တည်းပဲ နှလုံးခုန်နေတာကိုတွေ့ရတာကြောင့် ၂ ပတ်အကြာမှာ USG ပြန်ရိုက်ဖို့ ချိန်းဆိုခဲ့တာပါ။ အမွှာ နှစ်ယောက်မှာ တစ်ယောက်က မအောင်ဖို့ ရာခိုင်နှုန်းများနေပေမယ့် အသက်ရှင်နေဖို့ သူမက နေ့တိုင်းဆုတောင်းနေခဲါတာပါ။ ဒီကြားထဲမှာလည်း သဘာဝအတိုင်းရလာတဲ့ အမွှာလေးမို့ အရမ်းချစ်ပြီး တန်ဖိုးထားကာ ငြိမ်ငြိမ်လေးနေပြီး ဂရုစိုက်နေပေမယ့် သွေးဆင်းတာတွေရှိနေလို့ နှလုံးခုန်နေတဲ့ ကလေးလေးကိုပါ စိုးရိမ်လာတယ်လို့ သူမကပြောပါတယ်။ စိန်ဥဥလေး ငိုရင်တောင် ရင်နာခံပြီး မချီပဲပစ်ထားမိတဲ့အထိ ယခုကိုယ်ဝန်ကို ဂရုစိုက်နေခဲ့တာပါ။ မတ်လ ၂၅ ရက်နေ့ သဘက်ခါဆိုရင် Ultrasound ထပ်ရိုက်ရမယ့်နေ့ကိုရောက်တော့မှာမို့ သူမစာ လက်မခံချင်ပေမယ့် အဖြေတစ်ခုကိုကြားသိရတော့မှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မိခင်တစ်ယောက်ရဲ့တာဝန်တွေ ကျေပွန်ချင်သူ အချစ်တွေပေးချင်သူ သူမအတွက် အမွှာလေး နှစ်ယောက်လုံး အောင်ဖို့ဆုတောင်းပေးကြပါဦးနော်။

#crd
#celenews

image

image
Johnny WING changed his profile picture
39 w

image

image
39 w - Translate

ဝက်ခြံကပ်ပလာစတာ
🌟 ချစ်စရာ ဝက်ခြံပလာစတာ အသစ်!🌟
စျေးနုန်း ၉၀၀၀ကျပ်. အခု ၂၀၀ပါ
ကြယ်ပုံစံ၊ အရောင် ၅ မျိုးနဲ့ ပျော်စရာဒီဇိုင်း
အဖုအပိမ့်တွေ အမြန်ပျောက်၊ ချောမွေ့တဲ့အသားအရေကို ပေးစွမ်းရန်
တွယ်ကပ်အား အထူးကောင်း၊ လွယ်ကူစွာ ကပ်လိုက်ဖယ်လိုက်လုပ်လို့ရပြီး အကြွင်းအကျန်မကျန်
အသားအရေနဲ့ အဆင်ပြေတဲ့ Hydrocolloid ပစ္စည်းနဲ့ပြုလုပ်ထား၊ ရောင်ရမ်းမှုကာကွယ်ပြီး သဘာဝအတိုင်းပျောက်ကင်းစေ
အဆီပြန်၊ ခြောက်သွေ့၊ အထိမခံတဲ့အသားအရေမျိုးမှာပါ အဆင်ပြေ
၄-၇ နာရီအတွင်း ဝက်ခြံအညစ်အကြေးတွေကို စုပ်ယူပြီး အမြန်သက်သာစေ
အထုပ်လိုက် ၂၀၀ ပါ၊ အသုံးပြုရလွယ်ကူ၊ သတိမထင်ရတဲ့ ပလာစတာ
✨ ဝက်ခြံပြဿနာကို အမြန်ဖြေရှင်းပြီး ယုံကြည်မှုအပြည့်နဲ့ လှပလိုက်ပါ!✨
#ဝက်ခြံပလာစတာ #အသားအရေထိန်းသိမ်းမှု #hydrocolloid #ချစ်စရာဒီဇိုင်း #အမြန်ပျောက်ကင်း #ယုံကြည်မှုအပြည့် #အသားအရေလှပအောင် #skincaremyanmar

ဟဲ့ ဟဲ့! ဘယ်သွားတာတုန်း ငါ့လည်းခေါ်ကြဦးလို့

39 w - Translate

#နိုင်ငံတကာသတင်း
◼အက်ဖ်-၄၇ မျိုးဆက်သစ်တိုက်လေယာဉ်ဘိုးရင်း ထုတ်လုပ်မည်
အမေရိကန်စစ်ဘက်အတွက် မျိုးဆက်သစ်တိုက်လေယာဉ်ဖြစ်လာမည့် အက်ဖ်-၄၇ အား ဘိုးရင်းကုမ္ပဏီ က ထုတ်လုပ်သွားမည်ဖြစ်ကြောင်းအမေရိကန်သမ္ မတဒေါ်နယ်ထရန့်ကယမန်နေ့သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား သည်။
“ အက်ဖ်-၄၇ တိုက်လေယာဉ်ဟာ တည်ဆောက်ခဲ့ဖူးသမျှတွေထဲမှာ အဆင့်အမြင့်ဆုံး ၊ စွမ်းဆောင်ရည်အမြင့်ဆုံး ၊ အထိရောက်ဆုံး တိုက်လေယာဉ်ဖြစ်ပါလိမ့်မယ်။” ဟု အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ကန်ထရိုက်အား ဘဲဥပုံရုံးခန်း တွင် ကြေညာစဉ် ဒေါ်နယ်ထရန့်က ပြောကြားသည်။
မျိုးဆက်သစ်လေကြောင်းလွှမ်းမိုးရေးအစီအစဉ် အတွက် ကန်ထရိုက်အား ဘိုးရင်း က လော့ဟိဒ်မာတင်အား ကျော်ဖြတ်ရရှိသွားခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်လေယာဉ်အား အက်ဖ်-၄၇ ဟု နာမည်ပေးထားပြီး တဖြည်းဖြည်းနှင့် လက်ရှိအမေရိကန်လေတပ်တွင် အသုံးပြုနေပြီး လော့ဟိဒ်မာတင် က တည် ဆောက်ခဲ့သော အက်ဖ်-၂၂ ရက်ပ်တာ တိုက်လေယာဉ်များနေရာတွင် အစား ထိုးဝင်ရောက်မည်ဖြစ်သည်။
စမ်းသပ်တည်ဆောက်ထားသော ယင်းအမျိုးအစားတိုက်လေယာဉ်တစ်စီးအား ပျံသန်းနေသည်မှာ ငါးနှစ်နီးပါးရှိနေပြီ ဖြစ်ကြောင်းနှင့် အဆိုပါလေယာဉ် က အခြားနိုင်ငံများ၏ စွမ်းဆောင်ရည်များကို များစွာသာလွန်သည်ဟု မိမိတို့ ယုံကြည်ကြောင်း အိမ်ဖြူတော်တွင် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် နှင့် အတူရှိနေစဉ် ဒေါ်နယ်ထရန့်က သတင်းထောက်များအား ပြောကြားသည်။
ဆဌမမျိုးဆက် တိုက်လေယာဉ်အား လူလိုက်ပါခြင်းမရှိသော တိုက်လေယာဉ်များ ၊ ဒရုန်းများနှင့် တွဲဖက် တိုက်ပွဲဝင်နိုင်ရန် ပုံဖော်ထားပြီး ယင်းအရည်အချင်းများမှာ အနာဂတ်လေကြောင်းတိုက်ပွဲများအတွက် ကြီးမားသောအစိတ်အပိုင်းဖြစ်လာမည်ဟု ရှုမြင်ထားကြသည်။
၂၀၀၉ ခုနှစ်တွင် ထိုစဉ်က ကာကွယ်ရေးဝန်ကြီး ဘော့ဂိတ်စ် က မူလကမှာယူထားသော အရေအတွက်ဖြစ်သည့် ၃၈၁ စီးမှ ထက်ဝက်ခန့်သာ လက်ခံရယူပြီးနောက် ပဥ္စမမျိုးဆက်တိုက်လေယာဉ် အက်ဖ်-၂၂ ရက်ပ်တာ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အမေရိကန်စစ်တပ်က ယင်းတိုက်လေယာဉ် နောက်ဆုံးအ သုတ်ကို ၂၀၁၂ ခုနှစ် က လက်ခံရရှိခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-UPI

image
39 w - Translate

ဘဏ်များ၏ ပိုလျှံသီးသန့်ငွေအပေါ် အတိုးနှုန်း တိုးမြှင့်သတ်မှတ်
- ၃.၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ ပြောင်းလဲ
ရန်ကုန်၊ မတ် ၂၂
ဘဏ်တွေက မြန်မာကျပ်နဲ့ ထားရှိရမယ့် အနည်းဆုံးသီးသန့်ငွေထက် ကျော်လွန်တဲ့ ပျမ်းမျှသီးသန့်ငွေအပေါ်မှာ ပေးတဲ့ အတိုးနှုန်းကို ဗဟိုဘဏ်က တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ငွေကြေးမူဝါဒကော်မတီအစည်းအဝေး (၁/၂၀၂၅)မှာ အတိုးနှုန်း တိုးမြှင့်သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံး ကျပ် ၇ ဘီလီယံနဲ့ အထက်ရှိတဲ့ ဘဏ်တွေကိုသာ အတိုးပေးမှာဖြစ်ပြီး အများဆုံးပိုလျှံသီးသန့်ငွေပမာဏ ကျပ် ၅၀ ဘီလီယံအထိသာ ခွင့်ပြုမယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
အနည်းဆုံးနဲ့ အများဆုံး ပိုလျှံသီးသန့်ငွေပမာဏဘောင်သတ်မှတ်ချက်နဲ့ ပေးမယ့်အတိုးနှုန်းကို အခါအားလျော်စွာ သုံးသပ်ပြီး ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ အတိုး/အလျှော့ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
အတိုးငွေကို အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလအလိုက် နောက်ဆုံးနေ့ရှိ ပိုလျှံသီးသန့်ငွေအပေါ် တွက်ချက်မှာဖြစ်ပြီး ထိန်းသိမ်းမှုကာလနောက်ဆုံးနေ့ရက်ရဲ့ T+2 နဲ့ ဗဟိုဘဏ်ရှိ သက်ဆိုင်ရာဘဏ်ရဲ့ စာရင်းထဲ အလိုအလျောက်ထည်သွင်းပေးမှာတယ်။
ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၂၂ ရက် ထိန်းသိမ်းမှုကာလမှ စတင်ကျင့်သုံးသွားမယ်လို့ သိရပါတယ်။
ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို မြန်မာကျပ်ငွေနဲ့ လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ခွင့်ပြုထားတဲ့ နိုင်ငံပိုင်ဘဏ်တွေ၊ ပုဂ္ဂလိဘဏ်တွေနဲ့ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်တွေကို တစ်ပြေးညီ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
သတင်း - BETV Business

image