▪️ကျွန်တော်သာ ရော်နယ်ဒိုရဲ့ 5 % လောက် ကြိုးစားခဲ့ရင်…
“မန်ချက်စတာ ယူနိုက်တက်ကို စရောက်တုန်းက ကျွန်တော် နဲ့ နာနီ တို့ ခရစ္စတီယာနို ရဲ့ အိမ်မှာ ၁ နှစ်လောက် နေခဲ့ရတယ်ဗျ ။ သူပဲ အစအဆုံး လုပ်ပေးခဲ့တာပါ ၊ ကျွန်တော်တို့ အတွက် ဝယ်ခြမ်းပေးတယ် ၊ စားဖို့ သောက်ဖို့ တွေလည်း လုပ်ပေးတယ် ၊ လေ့ကျင့်ရေးကွင်း ကိုလည်း ခေါ်သွားပေးခဲ့တယ်လေ”
“ထရိန်နင်တွေက ပုံမှန်ဆို မနက် ၉ ခွဲမှ စကြတာများပါတယ် ။ ဒါပေမယ့် တခါတလေကျရင် ၆ ခွဲလောက် ကတည်းက အဲ့ကို ရောက်နေတတ်တယ်ဗျ ။ ဘာလို့လည်းဆိုတော့ ခရစ္စတီယာနို ကြောင့်ပေါ့ ။ သူက အစောကြီး သွားတတ်တော့ သူနဲ့ ကပ်စီးရတဲ့ ကျွန်တော်တို့ပါ လိုက်ရတာပေါ့ဗျာ”
“အဲ့ဒီမှာ ခရစ္စတီယာနို က အစောကြီး လေ့ကျင့်နေပြီ ၊ ကျွန်တော် နဲ့ နာနီ က ခေါက်ကုတင်တွေနဲ့ အိပ်ရင်း စောင့်ကြရတာပေါ့ ။ တကယ်လို့ ကျွန်တော်သာ ခရစ္စတီယာနိုမှာရှိတဲ့ ဇွဲလုံ့လရဲ့ ၅% လောက်ပဲ ရှိခဲ့မယ်ဆိုရင်တောင် ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ အယောက် ၂၀ စာရင်းထဲကို ဝင်နိုင်ခဲ့မှာပါ”
🎙️အန်ဒါဆန် ( သရဲနီ ကွင်းလယ်လူဟောင်း )
