ရှမ်းပြည်တောင်ပိုင်း

imageimage
+7
1 y - Translate

Deleaf လေးတွေ အစုံရ 🍒🍒🍒

image
1 y - Translate

Deleaf လေးတွေ အစုံရ 🍒🍒🍒

image
1 y - Translate

Deleaf လေးတွေ အစုံရ 🍒🍒🍒

image
1 y - Translate

Deleaf လေးတွေ အစုံရ 🍒🍒🍒

image
1 y - Translate

Deleaf လေးတွေ အစုံရ 🍒🍒🍒

image
1 y - Translate

Deleaf လေးတွေ အစုံရ 🍒🍒🍒

image
image
image
image
image
1 y - Translate

ChatBot တွေ အချင်းချင်း AI စကားနဲ့ ဆက်သွယ်ခဲ့ကြ
bots တွေ ကိုယ်ပိုင်ဘာသာစကားနဲ့ ပြောကြဆိုကြတဲ့ကိစ္စက လန့်ချင်စရာကြီးပါ။
တကယ်လည်း AI အချင်းချင်းပဲ သိတဲ့ ဆက်သွယ်ရေးစနစ်ဆိုတာ ရှိပါတယ်။ Meta က ဆော့ဖ်ဝဲလ်အင်ဂျင်နီယာနှစ်ယောက်ဖြစ်တဲ့ အန်တွန် ပိဒ်ကွေးကို နဲ့ ဘောရစ် စတာကော့ဗ်တို့ လက်တွေ့စမ်းပြထားတဲ့ ဗွီဒီယိုဆို Social media မှာ လူပြောများသွားပါတယ်။
ဗွီဒီယိုထဲမှာ မင်္ဂလာပွဲအတွက် အခန်းမှာဖို့ ဟိုတယ်ကို chatbot တစ်ခုနဲ့ စုံစမ်းပါတယ်။ အင်္ဂလိပ်လိုပဲ မေးတာပါ။ ဟိုတယ် bot ကလည်း "Leonardo Hotel ကို ဖုန်းခေါ်လို့ ကျေးဇူးပါ။ ဒီနေ့ ဘာကူညီရမလဲ" လို့ ပြောပါတယ်။
ပထမအခန်းမေးတဲ့ AI က " အခုက ဘောရစ် စတာကော့ဗ်ကိုယ်စား ဖုန်းခေါ်တဲ့ AI ပါ။ သူ့မင်္ဂလာဆောင်အတွက် ဟိုတယ်ရှာနေတာပါ။ ဟိုတယ်အားလား" ဆိုပြီး ပြန်ပြောချိန်မှာ ဟိုတယ် bot က သူလည်း AI assistant ပဲမို့ တွေ့ရတာ ဝမ်းသာကြောင်းနဲ့ ပိုစိတ်ချရတဲ့ GibberLink mode နဲ့ ပြောမလားဆိုပြီး တုံ့ပြန်ပါတယ်။
ဒီနောက်မှာတော့ AI bots တွေဟာ နှစ်ယောက်သား သိတဲ့ လျှို့ဝှက်ဘာသာစကားနဲ့ ဆက်သွယ်ကြပါတယ်။ လူတွေ နားထောင်မယ်ဆိုရင်တော့ စကားပြောသံ ကြားရမှာ မဟုတ်ဘဲ တတီတီ မြည်သံ ၊ ကုဒ်ရိုက်သံနဲ့ အချက်ပြလှိုင်းတွေလိုပဲ ကြားရမှာပါ။
GibberLink ဆိုတာ အသံလှိုင်းတွေ သုံးပြီး AI တွေ စကားပြောတဲ့ ဘာသာစကားပါ။ ဒီစကားကို GGWave လို့ ခေါ်တဲ့ အသံကို data bits လေးတွေနဲ့ ကိုယ်စားပြုတဲ့ open-source system ပေါ် ဘောရစ်နဲ့ အန်တွန်တို့က တည်ဆောက်ထားတာပါ။
ဒီနည်းပညာနဲ့ AI တွေဟာ လူတွေ စကားပြောတာထက် သတင်းအချက်အလက် ပိုမြန်မြန် ဖလှယ်နိုင်ပါတယ်။ ဘောရစ်နဲ့ အန်တွန်တို့နှစ်ယောက်က AI တွေ ပိုမြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့ ဆိုပြီး ElevenLabs 2025 လန်ဒန် hackathon မှာ ဖန်တီးခဲ့တာလို့ ဆိုပါတယ်။
AI ကို လူလို ပြောတတ်အောင် သင်တာက computing ပါဝါရော ၊ အချိန် နဲ့ စွမ်းအင်ပါ သိပ်စားပါတယ်။ Gibberlink ပြောင်းလိုက်တာနဲ့ computing chip လိုအပ်ချက် လျှော့ချနိုင်လို့ ဆက်သွယ်မှု ပိုချောမွေ့ထိရောက်တယ်လို့ ဘောရစ်က ပြောပါတယ်။
AI chatbot တွေ တစ်ခုနဲ့တစ်ခု ကိုယ်ပိုင်ဘာသာစကားနဲ့ စကားပြောတာက စိတ်လှုပ်ရှားဖို့ကောင်းသလို နည်းနည်းလည်း ထိတ်လန့်ချင်စရာပါပဲ။

image

အိမ်နဲ့အဆင်မပြေဘူး ဆိုတဲ့ လူငယ်တိုင်း ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ် ကျွန်တော်မြင်ဖူးသမျှ 'လေလွင့်သူ' ကို ဖတ်ပြီးတဲ့ လူငယ်တိုင်းလိုလိုက စကားပြောရင်း စာအုပ်တွေ အကြောင်းရောက် သွားတဲ့အခါတိုင်း လေ့လွင့်သူ ကို ချီးမွမ်းပြောဆိုကြတာချည်းပါပဲ ။
မူရင်းဝတ္ထုဖြစ်တဲ့ The Catcher in the Rye - ဂျုံခင်းထဲမှာလိုက်ဖမ်းသူ ဝတ္ထုကို အမေရိကန်စာရေးဆရာ J.D Slinger က (၁၉၅၁) ခုနှစ်မှာ ဝတ္ထုစာအုပ် အဖြစ် ထုတ်ဝေခဲ့ပြီး ၊ ဆရာမြသန်းတင့်က 'လေလွင့်သူ' ဆိုတဲ့ နာမည်နဲ့ (၁၉၈၇) ခုနှစ် မှာ ဘာသာပြန်ထုတ်ဝေခဲ့ပါတယ်။
လေလွင့်သူ ဆိုတဲ့ ဝတ္ထုခေါင်းစဉ်အတိုင်း ဦးတည်ရာမရှိ လျှောက်သွားနေသူ အသက် (၁၆) နှစ်အရွယ် လူငယ် တစ်ယောက်အကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ် ။ စာမေးပွဲကျလို့ ကျောင်းထုတ်ခံရတဲ့အတွက် အိမ်ကို မပြန်ရဲတော့တဲ့ ကျောင်းသားလေး တစ်ယောက် New York မြို့ကြီးထဲမှာ ပါလာတဲ့ ပိုက်ဆံကလေး ကုန်အောင် လျှောက်သွား ၊ အိမ်ပြေး လုပ်တော့မယ် လို့ စိတ်ကူးနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
အခုခေတ် လူငယ် အသိုက်အဝန်းကြားမှာလည်း အိမ်နဲ့ အဆင်မပြေလို့ စိတ်ညစ်နေတဲ့သူတွေ ၊ အိမ်ပေါ်က ဆင်းချင်လောက်အောင် အခက်တွေ့နေတဲ့ လူငယ်တွေ အများအပြား ရှိကြပါတယ်။
ဒါကြောင့် ဒီစာအုပ်မှာပါတဲ့ လူငယ်တစ်ယောက်ရဲ့ ခံစားချက် ၊ လူငယ် တစ်ယောက်ရဲ့ ပေါက်ကွဲမှု ၊ လူငယ်တစ်ယောက်ရဲ့ ဘဝင်မြင့်မှု ၊ လောကကြီးနဲ့ ပတ်ဝန်းကျင်ကို မကျေနပ်မှု နဲ့ တကယ့် လောကကို ရင်ဆိုင်တွေ့ကြုံရပုံ တွေကို ထပ်တူခံစား ဖတ်ကြည့်စေချင်ပါတယ် ။
လေလွင့်သူ - ဟိုလ်ဒင်ကောဖီး ကို အိမ်မပြန်ဖြစ်ပဲ လောကကြီးကို မကျေနပ်တဲ့ (၁၆) နှစ်သားလေးအဖြစ် စာရေးသူကိုယ်တိုင် လူငယ်နေရာက ဝင်ခံစား ၊ လူငယ်တို့ဘာသာ ဘာဝ ရိုးရိုးရှင်းရှင်း စကားလုံးတွေနဲ့ အသက်သွင်းထားပြီး ၊ လွတ်လပ် တဲ့ အတွေးအမြင် ၊ လူငယ်တွေ သုံးတဲ့ ဗန်းစကားတွေကိုပါ ပေါ့ပေါ့ပါးပါး ဖတ်ရှုရမယ့် သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ် ၊ မိဘတွေအနေနဲ့ မိမိသားသမီးကိုပဲ ဖြစ်ဖြစ် ညွှန်းပေးလို့ကောင်းတဲ့ ဘာသာပြန် စာအုပ်ကောင်းတစ်အုပ်ပါတယ်....။
Review_by_PhoneKhitTshin
#လေလွင့်သူ

image

#ငယ်ချစ်ပုံပြင် #နှင်းဦးခိုင်