35 w - Translate

ဗဟိုဘဏ်က ယွမ်နှင့် ဘတ်များ ထပ်မံထုတ်ရောင်း

နိုင်ငံခြားငွေလဲလှယ်နှုန်း တက်ရိပ်ပြနေချိန်တွင် ဗဟိုဘဏ်မှ ယမန်နေ့တွင် တရုတ်ယွမ် ၁ ဒသမ ၁၄၇ သန်းနှင့် ထိုင်းဘတ် တစ်သန်းထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခုဇန်နဝါရီလ၏ ဇန်နဝါရီလ (၂) ရက်မှ (၁၇) ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ (၁၀၈ ဒသမ ၉၁၁) သန်း ၊ တရုတ်ယွမ် (၄ ဒသမ ၄၈၃) သန်း နှင့်ထိုင်းဘတ် (၇ ဒသမ ၀၃၂)သန်းကို ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာ (၄၆၅၀) ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် (၁၃၅.၁၄) ကျပ်၊ တရုတ်ယွမ်တစ်ယွမ်လျှင် (၆၃၂) ကျပ်ဖြစ်ပေါ်နေကြောင်း သိရသည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းချပေးမှုအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃၅)သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားကြောင်း သိရသည်။

35 w - Translate

၂၀၂၅ ဆီဂိမ်းအတွက် မြန်မာယူ-၂၃ အသင်း နည်းပြအဖြစ် ဂျပန်နည်းပြတစ်ဦး ခန့်အပ်ရန် စီစဉ်နေ

၂၀၂၅ ဆီဂိမ်းအတွက် မြန်မာယူ-၂၃ အမျိုးသားအသင်း နည်းပြအဖြစ် ဂျပန်နည်းပြတစ်ဦး ခန့်အပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်လျက်ရှိကြောင်း အဖွဲ့ချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

ကနဦးတွင် ပြည်တွင်းနည်းပြတစ်ဦးကိုသာ တာဝန်ပေးခန့်အပ်ရန် လျာထားခဲ့သော်လည်း ယခုအခါ ဂျပန်လူမျိုးနည်းပြကို ခန့်အပ်ရန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာယူ-၂၃ အမျိုးသားအသင်းအတွက် လက်ရှိဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသည့် ဂျပန်လူမျိုးနည်းပြနှင့် သဘောတူညီမှုရရှိပြီးပါက တရားဝင်သတင်းထုတ်ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၂၃ အသင်းအနေဖြင့် ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံကို သွားရောက်နေထိုင်လေ့ကျင့်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

(၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ (၉) ရက်မှ (၂၀) ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချောင်ဘူရီ နှင့် ဆောင်ခလာမြို့၌ ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို ခုနစ်ကြိမ်မြောက် ကျင်းပခွင့်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

image
35 w - Translate

အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ

အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။

“နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက များလာတယ်။ အိမ်ငှား၊ ပွဲစားတွေက ဈေးတင်ရို-က်ကြတယ်။ အဲဒီတော့ ဈေးတွေက တက်လာတာပေါ့” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်၌ အိမ်အငှားဈေးကွက်သည် ယမန်နှစ်ကထက် လက်ရှိ ၂၀၂၅ အစပိုင်းတွင် ဆက်တိုက်မြင့်တက်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။

“အရင်က နှစ်သိန်း၊ တလချင်းဆီ တက်သွားတာ ၊ အခု တစ်လ သုံးသိန်း ပေးနေရတယ်။ ကျောတခင်းစာ တကယ်မလွယ်ဘူး” ဟု သင်္ကန်းကျွန်း မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အိမ်ငှားဈေးများ မြင့်တက်လာသောကြောင့် ရန်ကုန်မြို့တွင် အိမ်ငှားနေသည့် သူများသည် ဝင်ငွေနှင့် အခက်အခဲအချို့ ကြုံတွေ့နေရမှုများရှိနေကြောငိးလည်း သိရသည်။

အလားတူ ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေ အရောင်းဈေးကွက်တွင်လည်း လတ်တလော၌ ငွေကျပ် သိန်း (၄၀၀) မှ သိန်း (၆၀၀) ကြားသာ အရောင်းအဝယ်များနေပြီး မြေကွက်နှင့် တန်ဖိုးမြင့် မြေကွက်များမှာ ဝယ်ယူသူ နည်းပါးနေကြောင်းလည်း သိရသည်။

image
35 w - Translate

တရားမဝင်ရွှေ့ပြောင်းအခြေချသူများကို ပြန်ပို့ရေး ဆောင်ရွက်မှု ကျမ်းသစ္စာဆိုပြီးနောက်တစ်နေ့ ထရမ့်စတင်မည်

ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်နေ့တွင် အမေရိကန်ရှိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည်ဆိုသည့် သူ၏ မဲဆွယ်စည်းရုံးစဥ်က ကတိကဝတ်ကို သူ့အစိုးရအဖွဲ့က အထူးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်မျကို ကိုးကား၍ Wall Street Journal က သောကြာနေ့တွင် ရေးသားဖော်ပြခဲ့သည်။

“အကြီးစား လူဝင်မှုကြီးကြပ်ရေး စီးနင်းမှု” ဟု အမည်ပေးထားသော ဆောင်ရွက်မှုကို အင်္ဂါနေ့ နံနက်တွင် ချီကာဂို၌ စတင်မည်ဖြစ်ပြီး သီတင်းပတ်တစ်ပတ်လုံး ဆောင်ရွက်သွားရန်မျှော်လင့်ထားကြောင်း သိရသည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေး တပ်ဖွဲ့သည် စစ်ဆင်ရေး ဆောင်ရွက်ရန်အတွက် အရာရှိ ၂၀၀ ခန့် စေလွှတ်နိုင်‌ကြောင်း သိရသည်။

အမေရိကန်နိုင်ငံအတွင်း တရားမ၀င် ရွှေ့ပြောင်းအခြေချ‌နေထိုင်လျှက်ရှိသူများကို ပစ်မှတ်ထားရန် ရည်ရွယ်ထားကြောင်း နှင့် နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဒန်ဗာနှင့် မိုင်ယာမီတို့တွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းသတင်းကဆိုထားသည်။

image

ရွှေသောင်ယံ၊ ဘောမိအထက်ဘက်မှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်ရှောင်သူများလာ

ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနယ်မိတ်အစပ်၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံ၊ ဘောမိရွာအထက် ချောင်းဖျားဘက်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ်စစ်ရှောင်ရသူတွေအများအပြားရှိလာပြီး စစ်ရှောင်တွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး AA နဲ့နစကတပ်တွေအကြား တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီးနှစ်ဖက်အဖွဲ့အစည်းတွေက လက်နက်ကြီးပစ်ခတ်မှုတွေရှိသလို နစကဘက်မှ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဘောမိ ၊ ချိုင်လယ်(မကျီးဇင်) ၊
တောင်နီမော် ၊မီးလောင်ချိုင်၊
ကျွန်းချောင်းဖက်မှ ဒေသခံပြည်သူအများအပြား ရွှေသောင်ယံကို စစ်ဘေးရှောင်လာတဲ့အတွက် ဆန် ၊ဆီ တွေအရေးပေါ်အကူအညီလိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

" ၁၆ ရက်နေ့ညနက်ပိုင်းကစပြီးဘောမိအထက် ချောင်းဖျားဘက်နားကလက်နက်ကြီးလက်နက်ငယ်သံတွေကြားရတယ်။တညလုံး တိတ်သွားလိုက်ပြန်ဖြစ်လိုက်နဲ့ည ၁ နာရီကစပြီး
စိန်ပြောင်းကြီးသံတွေ၊အမြောက်ကျည်ပေါက်ကွဲသံတွေပါကြားရတယ်။မနေ့က မနက်ကျ
တပ်က လေယာဥ်တွေနဲ့ဗုံး​ကြဲတယ်။နေ့ခင်းလောက်ကျတော့အသံတွေငြိမ်သွားတယ်။တိုက်ပွဲကြောင့် သပေါ့ကန်၊ သဲကုန်း၊
အုန်းချောင်းနဲ့ရွှေသောင်ယံရပ်ကွက်တွေကို
စစ်ဘေးရှောင်တွေ အများအပြား ပြန်လည်ဝင်ရောက်လာလို့ ဆန်အရေးတကြီး လိုအပ်နေပါတယ် " လို့ ရွှေသောင်ယံဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ ဘောမိအောက်ဘက် ရွှေသောင်ယံကမ်းခြေတလျောက်​ရှိ ဝက်သေ ၊တပင်မော် ၊သပေါ့ကန်ဘက်မှာဆိုရင် နစကမှ ကြည်း ၊ရေ ၊လေ တပ်တွေကို ပူးပေါင်း ခံစစ်
အခိုင်အမာ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

" တကယ်လို့ ဘောမိထိတိုက်ပွဲရောက်လာရင်
ရွှေသောင်ယံဘက်ကိုဆင်းလာနိုင်သလို
အရှေ့ဘက်သာပေါင်းကိုလည်း သွားနိုင်တယ်။
ဘောမိအောက်ဘက်မှာတိုက်ပွဲဖြစ်ရင်တော့တိုက်ပွဲတော်တော် ပြင်းထန်နိုင်ပါတယ်။ဒါပေမယ့်ခုထိကတော့ ဘောမိအထက်ချောင်းဖျားမှာပဲဖြစ်နေသေးတယ်"လို့ ဒေသခံကပြောပါတယ်။

တကယ်လို့ ဘောမိအောက်ဘက်မှာသာ တိုက်ပွဲဖြစ်ပွားလာရင်တော့ သဲကျင်း၊ ပိုးလောင်း ၊ကျွန်းချောင်း၊ ဝက်သေ ၊သပေါ့ကန်၊ သဲကုန်း ၊အုန်းချောင်းတဝိုက်မှာ လက်နက်ကြီးတကမ်းစာသာရှိတာကြောင့် ဒေသခံပြည်သူတွေကစစ်ရှောင်ဖို့ကြိုတင်ပြင်ဆင်ထားကြတယ်လို့သိရပါတယ်။

ရွှေသောင်ယံမြို့ မကျီးဇင်ရွာမှာပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက် နဲ့၁၀ ရက်လောက်က AA နဲ့နစကတက်တွေအကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်ကစပြီး တိုက်ပွဲတွေရပ်သွားကာ ခုရက်ပိုင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။

AAနဲ့နစက တပ်တွေအကြား ဂွမြို့နယ်အစပ်ရှိကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားရာကနေ ဧရာဝတီ တိုင်း ပုသိမ်မြို့နယ်၊ မကျီးဇင်ရွာအထိ တိုက်ပွဲကူးစက်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ချောင်းဖျားနဲ့ ရွှေသောင်ယံက ခရီးစဥ်မဝေးတော့သလို ရွှေသောင်ယံကနေပြီး ဆက်သွားမယ်ပါက ချောင်းသားကမ်းခြေ၊ငွေဆောင်ကမ်းခြေ ခရီးမဝေးတော့တာကြောင့် ဒေသခံတွေကတိုက်ပွဲကူးစက်လာမှာကိုစိုးရိမ်နေကြပါတယ်။

Photo _ CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

ဟာလန်းရဲ့စာချုပ်သစ်က မန်စီးတီးကို ယုံကြည်ကြောင်းပြသ

ဇန်နဝါရီ ၁၈

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းရဲ့ နှစ်ရှည်စာချုပ်သစ်ဟာ သူက အသင်းကို ယုံကြည်မှုရှိကြောင်း ပြသတာလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဒါက ယုံကြည်မှုပါပဲ။ ကစားသမားတစ်ဦးဟာ ဒီလိုမျိုး စာချုပ်အပေါ်မှာ လက်မှတ်ရေးထိုးတဲ့အခါ အသင်းမှာဆက်ရှိဖို့ ဘယ်လောက်အထိ စိတ်အားထက်သန်လဲဆိုတာကို ပြသတာပါ။ သူဟာ ကလပ်နဲ့ ဒီအနီးအနားမှာရှိတဲ့ လူတွေအားလုံးကို ချစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ကိုလည်း ချစ်ပါတယ်။ သူ့မိသားစုဟာ နောက် ၁၀ နှစ်အတွင်း ဒီထက်ပိုကောင်းတဲ့နေရာမရှိဘူးလို့ ဆုံးဖြတ်ပြီး ဒီမှာဆက်ရှိခဲ့တာပါ”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ မန်စီးတီးအသင်းမှာ ၂၀၃၄ ခုနှစ်အထိရှိမယ့် ၉ နှစ်ခွဲ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဟာလန်းဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံးရရှိတဲ့ အားကစားကြယ်ပွင့်တွေထဲက တစ်ဦးဖြစ် လာတော့မှာပါ။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုစွဲချက် ၁၁၅ မှုအတွက် စီရင်ချက်ကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် ရမှတ်လျှော့ ဒါမှမဟုတ် ပရီးမီးယားလိဂ်ကနေ တန်းဆင်းတဲ့ ပြစ်ဒဏ်ချမှတ်ခံရနိုင်တာပါ။

မန်စီးတီးအသင်းဟာ ဒီလိုအခြေအနေ ရင်ဆိုင်နေရပေမယ့် ဟာလန်းဟာ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး အသင်းအပေါ် ယုံကြည်မှုရှိကြောင်း ပြသခဲ့တယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်နွေရာသီ အပြောင်းအရွှေ့က ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဟာလန်းဟာ မန်စီးတီးအသင်း အတွက် ပြိုင်ပွဲစုံ ၁၂၆ ပွဲ ပါဝင်ကစားထားတာမှာ ၁၁၁ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူထားတာပါ။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၆ နေရာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC

ပုံ - ဟာလန်းနဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ရုရှားနှင့်အီရန်တို့ မဟာဗျူဟာမြောက် သဘောတူစာချုပ် ချုပ်ဆို

မော်စကို၊ ဇန်နဝါရီ ၁၈

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် မော်စကို (Moscow) သို့ ရောက်ရှိလာသည့် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) နှင့် နှစ်နိုင်ငံအကြား ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ပူတင်နှင့် ပီဇက်ရှ်ကီယန်တို့ လက်မှတ်ရေးထိုးခဲ့သည့် ထိုစာချုပ်သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကို အဆင့်သစ်တစ်ခုအထိ ရောက်ရှိစေလိမ့်မည်ဖြစ်ကြောင်း ကရင်မလင်က ထုတ်ပြန်ခဲ့သည်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပြီး အီရန်ကို တင်းမာစွာ ဆက်ဆံသွားမည်ဟု ပြောကြားခဲ့သည့် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ရုရှားနှင့်အီရန်တို့က စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ရုရှားအင်ပါယာသည် ယခင်က ပါရှန်းခေါင်းဆောင်များ ထိန်းချုပ်ခဲ့သည့် ကော့ကေးဆပ် (Caucasus) နှင့် ကက်စ်ပီယံ (Caspian) ဒေသများရှိ ကျယ်ပြန့်သည့် နယ်မြေများကို သိမ်းပိုက်ခဲ့မှုနှင့်အတူ ရုရှားနှင့် အီရန်သည် ၁၈ ရာစုနှင့် ၁၉ ရာစုများတွင် စစ်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။

၂၀ ရာစု အစောပိုင်းကလည်း ရုရှားစစ်သားများသည် အီရန်မြောက်ပိုင်းရှိ နယ်နိမိတ် အများအပြားကို သိမ်းပိုက် ထားခဲ့သော်လည်း ၁၉၁၇ ခုနှစ်က ဘော်ရှီဗစ်တော်လှန်ရေး(Bolshevik Revolution)ကြောင့် အီရန်မှ ရုရှား စစ်သားများ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ဒုတိယကမ္ဘာစစ် အတွင်းကလည်း ဆိုဗီယက်ယူနီယံနှင့် ဗြိတိန်တို့သည် အီရန်ကို ဝင်ရောက်ကျူးကျော်ခဲ့ဖူးသဖြင့် အီရန်သည် ရုရှားနှင့်ပတ်သက်ပြီး နာကျင်စရာကောင်းသည့် အတိတ်ကာလများ ရှိခဲ့ဖူးသည်။

ထို့ပြင် စစ်အေးကာလက အီရန်သည် အမေရိကန်၏ မဟာမိတ်ဖြစ်ခဲ့သဖြင့် အီရန်နှင့် ရုရှားအကြား တင်းမာမှု မြင့်တက်ခဲ့သည်။

သို့သော် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး (Islamic Revolution) တွင် အမေရိကန်လိုလားသည့် ရှားဘုရင် ပြုတ်ကျသွားခဲ့ပြီးနောက် တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီ ( Ayatollah Ruhollah Khomeini) က အမေရိကန်ကို ခါးသီးစွာ ဆန့်ကျင်ခဲ့သည်။

ထို့နောက် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပြီးနောက် ရုရှား-အီရန် ဆက်ဆံရေးများ ကောင်းမွန်လာခဲ့ ကာ ရုရှားသည် အီရန်၏ အဓိကကုန်သွယ်ဘက် ဖြစ်လာခဲ့ကာ အီရန်ကို လက်နက်နှင့် နည်းပညာများ ထောက်ပံ့ ပေးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ရုရှားသည် အီရန်၏ ပထမဆုံး နျူကလီးယား စွမ်းအင်စက်ရုံကို တည်ဆောက်ပေးခဲ့ပြီး လာမည့် နှစ်တွင်လည်း ရုရှားက အီရန်အတွက် နျူကလီးယား ဓာတ်ပေါင်းဖို ၂ လုံး တည်ဆောက်ပေးရန် စာချုပ်ချုပ်ဆိုခဲ့ သည်။

Source: အေပီ

ပုံ - အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
35 w - Translate

StarCity ✌

image

မြန်မာအရေးဖြေရှင်းရန် အမြဲတမ်းအထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး အာဆီယံအဖွဲ့ ဆွေးနွေးနေ

ဇန်နဝါရီ ၁၈

အာဆီယံအဖွဲ့သည် မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် အမြဲတမ်းအထူးကိုယ်စားလှယ်ခန့်အပ်ရန် ဆွေးနွေးနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် အာရမ်ဇင်က ပြောသည်။

၎င်းက “အာဆီယံအဖွဲ့ဝင်နိုင်ငံအများအပြားဟာ အာဆီယံအဖွဲ့ရဲ့အထူးကိုယ်စားလှယ်ခန့်အပ်ဖို့ဆွေးနွေးနေတယ်” ဟုပြောသည်။

မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တရားဝင်တာဝန်ယူခဲ့ပြီဖြစ်ကြောင်း သိရသည်။ အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများအတွက် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း အာရမ်ဇင်က ပြောသည်။

၎င်းက ” မလေးရှားနိုင်ငံဟာ ဒီနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့အတွက် မြန်မာ့အရေးကို ထိရောက်စွာဖြေရှင်းနိုင်အောင် အဖြေရရေးအတွက် အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အဓိက အခန်းကဏ္ဍက ပူးပေါင်းဆောင်ရွက်မယ်။ မြန်မာနိုင်ငံရဲ့မြေပြင်အခြေနေတွေ
တိုးတက်ကောင်းမွန်ရေးကို ထောက်ပံဖို့ မိတ်ဆက်အဖွဲ့အစည်းတွေအပြင် အာဆီယံအသိုက်အဝန်းထက်ကျော်လွန်ပြီး ကြိုးပမ်းတာတွေလုပ်ဆောင်မယ်။ မြန်မာနိုင်ငံဟာ အာဆီယံအတွက် အဓိကဦးစားပေးအဖြစ် ရှိနေပါမယ်။ ရှေ့ဆက်ပြီး အဖြေရယူနိုင်အောင် ကြိုးပမ်းရမှာဖြစ်တယ်
“ဟု ပြောသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ယခုသီတင်းပတ်အတွင်း လန်ကာဝါမြို့တွင်တွေ့ဆုံဆွေးနွေးပြီး ပထဝီနိုင်ငံရေး စိုးရိမ်ရမှုများကို အဓိကထားဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

#centralnewsnaypyitaw

image

မြိတ်မှာ နေအိမ်သုံးလုံးမီးလောင်ပြီး လူတယောက်ပါမီးလောင်သေဆုံး

ဇန်နဝါရီ ၁၈

တနင်္သာရီတိုင်း ၊မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက် ၊ မင်္ဂလာလမ်းသွယ်မှာ ဇန်နဝါရီ ၁၈ ရက်ဒီကနေ့မနက်အစောပိုင်းက နေအိမ်သုံးလုံး မီးလောင်ခဲ့ပြီး အမျိုးသားတယောက်မီးလောင်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ကသိရပါတယ်။

မီးလောင်မှုက မနက်၃ နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ချိန် မိနစ်၁၀ လောက်သာရှိခဲ့ပြီး မီးငြိမ်းသွားချိန် မီးလောင်နေအိမ်တွေကို ရှင်းလင်းရေးလုပ်ချိန်မှာ မီးလောင်သေဆုံးနေတဲ့အမျိုးသားကိုတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။

" ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာမသိရသေးဘူး။စုံစမ်းနေတုန်းပါ။" လို့သေဆုံးအမျိုးသားနဲ့ပတ်သက်ပြီးမြိတ်ခရိုင်မီးသတ်ဌာနမှတာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာ မီးလောင်သေဆုံးခဲ့တဲ့ သေဆုံးအမျိုးသားနဲ့ပတ်သက်လို့ အသေးစိတ်မသိရှိရသေးသလို မီးစတင်လောင်ကျွမ်းတဲ့အခြေအနေနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးလည်း မသိရသေးဘူးလို့သိရပါတယ်။

" လူသေမှန်းကိုမသိကြဘူး။မီးငြိမ်းလို့ရှင်းကြလင်းကြမှ အလောင်းတွေ့ရတာ။အဲဒီတော့မှသိကြတာ။မီးကလောင်ထားတော့ဘယ်သူဘယ်ဝါသေချာမသိရဘူးဖြစ်နေတာပေါ့။ခုတော့ဆေးရုံပို့ထားကြတယ်။"လို့ ဒေသခံကပြောပါတယ်။

အဆိုပါမီးလောင်မှုကိုတော့ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင် အယောက် ၄၀ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အယောက် ၉၀ ၊ တပ်မတော်သား ၁၄ ယောက်၊
ကြက်ခြေနီ တပ်ဖွဲ့ဝင် ၁၂ ယောက် ၊ ရဲတပ်ဖွဲ့ဝင် ၁၃ယောက် တို့နဲ့အတူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ပူးပေါင်းမီးငြှိမ်းသတ်ခဲ့တာဖြစ်တယ်လို့မီးသတ်ဌာနမှသိရပါတယ်။

မီးလောင်မှုအတွင်း ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ် ယာဉ်(၄)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အရန်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၆)စီး၊ ပုဂ္ဂလိကရေသယ် ယာဉ်(၅)စီး၊ လူမှုရေးအသင်းများမှလူနာတင်ယာဉ်(၁၂)စီးအသုံးပြုခဲ့တယ်လို့လည်းသိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်ကလည်း မြိတ်မြို့ရဲ့ တဖက်ကမ်းမှာရှိတဲ့ ပထော်ကျေးရွာမှာ လူ နေအိမ်သုံးလုံး မီးလောင်ခဲ့တယ်လို့သိရပါတယ်။

Photo - မြိတ်ခရိုင်မီးသတ်ဌာန

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image