35 w - Translate

Good night ပါရှင့်😍

35 w - Translate

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ထိရောက်စွာ အရေးယူမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်မှ ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူး လာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော်တွင် တည်းခိုဆောင် အခန်းပေါင်း (၆၀၀) ကျော်၊ ဈေးဆိုင်ခန်းပေါင်း (၈၀၀) ကျော်ကို စတင်ဆောက်လုပ်နေပြီး လက်ရှိတွင် နမ္မဒါတည်းခိုဆောင်အပါအဝင် ငွေသောင်ယံနှင့် မန်းချောင်း သောင်ပြင်တစ်လျောက် တည်းခိုဆောင်နှင့် ဈေးဆိုင်အခန်း ပေါင်း (၁၄၀) ကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တည်းခိုဆောင် ငှားရမ်းခနှုန်းထားများကို တစ်ရက်လျှင် အထူးခန်း(VIP)တည်းခိုဆောင် (ရေချိုးခန်းနှင့် Toilet အပါ) ရေစပ်(ကမ်းစပ်) တစ်ခန်းကို ငွေ (၁၁၀၀၀၀) ကျပ်၊ ရိုးရိုးတည်းခိုဆောင် ရေစပ် (ကမ်းစပ်)တစ်ခန်းကို ငွေကျပ် (၈၀၀၀၀)၊ (၆၀၀၀၀) ကျပ်နှင့် ရိုးရိုးတည်းခိုဆောင် (ကုန်းပေါ်) တစ်ခန်း ငွေကျပ် (၄၀၀၀၀) ညှိနှိုင်းသတ်မှတ်ပေးထားကြောင်း သိရသည်။

“ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်စေဖို့အတွက် တည်းခိုဆောင်ငှားရမ်းခတွေကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်သလို ထိရောက်စွာအရေးယူသွားမှာ ဖြစ်ပါတယ်။”ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောသည်။

ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် သောင်ပြင်အတွင်း၌ ယာယီ ဘေလီသံပေါင်တံတား (အထူးတံတား)တစ်စင်းကို ဆောက်လုပ်ပေးထားကာ မင်ဘူး-ရွှေစက်တော်နှင့် တောင်ပေါ်-တောင်အောက် မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image
35 w - Translate

အဲ့လောက်ကြီးကျ နင့်ဟာနင်စား

image

image

image
35 w - Translate

ပိတ်ရက် မိမိ နေ့စဉ်လုပ်ငန်း

အစားလေးတော့ ထ စားလိုက်ရမှ 😁😁

image
35 w - Translate

အပြန်ကျရင် တိရစ္ဆာ၊န်ဥယာဉ် ဝင်မယ်‌ပြောပြိး ကျော်သွားသောအခါ

image
35 w - Translate

#ကျောက်ကပ်မကောင်း
ဆီးဆိပ်များသူ ၊သွေးတိုး၊ ဆီးချို ရှိသူများ #ပြောင်းဖူးမွှေး ပြုတ်သောက်ပါ

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆီးအိမ်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆီးသွားရလွယ်စေပြီး ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးကျိတ်ဂလင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဆီးရွှင် စေတယ်

ဆီးသွားရခက်နေသူတွေအနေနဲ့ ပြောင်းဖူးမွှေးကို ဆီးရွှင်ဆေးအဖြစ် သုံးလို့ရပါတယ်။ ပြောင်းဖူးမွှေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဆီးမသွားနိုင်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံး ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးတယ်

ကျောက်ကပ်မှာ ကျောက်တည်တာကနာကျင်သလို ဆီးသွားတဲ့အခါ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပြောင်းဖူးမွှေးက ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပြီး ဆီးရွှင်စေတာ​ကြောင့် ကျောက်ကပ်မှာ အနယ်စုပုံပြီး ကျောက်ဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

သွေးတိတ် စေတယ်

ပြောင်းဖူးမွှေးမှာ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ မလိုအပ်ဘဲ သွေးထွက်မလွန်အောင် ကာကွယ်ပေးပါတယ်။

သွေးတိုးကျ စေတယ်

ဆီးချို၊ သွေးတိုး ခံစားရသူတွေက ယနေ့ခေတ်မှာ ပိုများလာပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ လေနဲ့အခြောက်ခံထားတဲ့ ပြောင်းဖူးမွှေးကို ရေနွေးထဲ စိမ်သောက်ပေးရုံပါ။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

သွေးတွင်းသကြားဓာတ် ကျစေဖို့လည်း ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ် ပြောင်းဖူးမွှေး ရေနွေးကြမ်း သုံးဆောင်ပေးတာက သဘာဝသွေးချိုထိန်းသိမ်းနိုင်မယ့် နည်းလမ်းပါ။

အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေတယ်

ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရိုးအဆစ် နာကျင်ရောင်ရမ်းမှု ဝေဒနာ၊ ဂေါက်ရောဂါတို့ကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ အသုံးပြုလို့ရပါတယ်။

သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်

သွေးတွင်းကိုလက်စထရောများတာက နှလုံးကို သွေးစီးဆင်းရောက်ရှိမှုနည်းစေပြီး ရေရှည်မှာ နှလုံးထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ဆိုရင် ပြောင်းဖူးမွှေးကို ပြုတ်သောက်ပေးလို့ရပါတယ်။

ဗီတာမင် C ကြွယ်ဝတယ်

ပြောင်းဖူးမွှေးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းနိုင်ပါတယ်။

ဒီအကျိုးကျေးဇူးတွေအပြင် ပြောင်းဖူးမွှေးက အသားအရောင်ကို ညီစေပြီး အသားအရေ ကျန်းမာစေနိုင်သလို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ညီညွတ်မျှတစေပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်မျိုးပါ။

image

ပြည်ကြီးငါး(သို့)ကင်းမွန် ၃၀သားအတွက်ပါ
==============
ဆီထမင်းစားဇွန်း၃ဇွန်းထဲကို ခရမ်းချဉ်သီး ကြက်သွန် လေးစိတ်ခြမ်း
ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပြီးဆီသတ်ပါ
သိပ်မနွမ်းခင်လေးမှာအရောင်နဲ့ အစပ်အတွက် ငြုပ်အစပ်ခြောက်တောင့်ကိုရေစိမ်ပြီးထောင်းထားတာထည့်ပါ ဖြတ်တောက်ဆေးကြောသန့်စင်ထားတဲ့ ပြည်ကြီးငါးထည့်ပါ ငံပြာရည်ထည့်ပါ အရသာမှုန့်ထည့်ပါ ရေထွက်လာပါလိမ့်မယ် အသားကျက်အောင်လုံးပေးပါ
အသားကျက်လောက်ပြီဆိုရင် ရေနဲနဲထပ်ထည့်ပါ ကြက်သွန်မြိတ်နဲ့ ငြုပ်အစိုတောင့်ထည့်ပါ
ရေ ရယ် အရသာရယ် ကိုယ့်စိတ်ကြိုက်မှာ သုံးဆောင်လို့ရပါပြီ
တရုတ်ဟင်းလို ချိုချဉ်ကြော်မဟုတ်ပါ
ဗမာဟင်းလိုမျိုး
ခရမ်းချဉ်သီးအချဉ်နဲ့ ငြုပ်ခြောက်တောင့် အစပ်နဲ့ ချက်ထားတဲ့ ချဉ်စပ်ဟင်းလေးပါ

image
35 w - Translate

ဗဟိုဘဏ်က ယွမ်နှင့် ဘတ်များ ထပ်မံထုတ်ရောင်း

နိုင်ငံခြားငွေလဲလှယ်နှုန်း တက်ရိပ်ပြနေချိန်တွင် ဗဟိုဘဏ်မှ ယမန်နေ့တွင် တရုတ်ယွမ် ၁ ဒသမ ၁၄၇ သန်းနှင့် ထိုင်းဘတ် တစ်သန်းထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခုဇန်နဝါရီလ၏ ဇန်နဝါရီလ (၂) ရက်မှ (၁၇) ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ (၁၀၈ ဒသမ ၉၁၁) သန်း ၊ တရုတ်ယွမ် (၄ ဒသမ ၄၈၃) သန်း နှင့်ထိုင်းဘတ် (၇ ဒသမ ၀၃၂)သန်းကို ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာ (၄၆၅၀) ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် (၁၃၅.၁၄) ကျပ်၊ တရုတ်ယွမ်တစ်ယွမ်လျှင် (၆၃၂) ကျပ်ဖြစ်ပေါ်နေကြောင်း သိရသည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းချပေးမှုအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃၅)သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားကြောင်း သိရသည်။