Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယှဉ်ပြိုင်ခြင်းဟာ
လုံးဝ မလိုအပ်တဲ့အရာတော့ မဟုတ်ပါဘူး ။
လူ့ဘဝမှာနေတဲ့အခါ
ယှဉ်ပြိုင်ခြင်းတွေဟာ ရှိနေမှာဖြစ်ပြီး
ယှဉ်သင့်သလောက် ယှဉ် ၊
ပြိုင်သင့်သလောက် ပြိုင်ကြမှာပါပဲ ။
ဒါပေမယ့် တကယ်တမ်း အောင်မြင်မှုကို လိုချင်တယ်ဆိုရင် ယှဉ်ပြိုင်ခြင်းကနေ မနာလိုခြင်းအသွင် မပြောင်းလဲမိဖို့ အရေးကြီးပါတယ် ။
လူ့ဘဝဟာ ပြေးလမ်းကြီး ဆိုပါစို့ ။
ကိုယ်နဲ့ အတူပြေးနေတဲ့သူတွေ
ဘယ်အထိရောက်နေသလဲဆိုတာ သိရဖို့
တစ်ချက်လောက်တော့ ဘေးကို ကြည့်ရမှာပေါ့ ။
ဒါဟာ ယှဉ်ပြိုင်ခြင်းပါပဲ ။
ပြီးရင် အရှေ့ကိုသာ တည့်တည့်ကြည့်ရင်း အားသွန်ခွန်စိုက် ပြေးရပါမယ် ။
ဒါဟာ ကြိုးစားခြင်းပါပဲ ။
ဒီလိုနဲ့ ပန်းအရင်ဝင်သွားတဲ့သူတွေကို
မကျေနပ်ခြင်းတွေ မဖြစ်ဘဲ ဝမ်းသာပေးတတ်ရပါမယ် ။
ကိုယ်လည်း တစ်ချိန်မှာ ပန်းဝင်မယ် မဟုတ်ပါလား ။
ဒါဟာ မုဒိတာထားခြင်းပါပဲ ။
ဒါပေမယ့် အတူပြိုင်တဲ့သူတွေကိုသာ စိတ်ဝင်စားပြီး
ရှေ့ကိုမကြည့်ဘဲ ဘေးဘက်တွေပဲ ကြည့်နေမယ်ဆိုရင် ကိုယ်ဟာ ပန်းဝင်ဖို့ နောက်ကျပြီးရင်း နောက်ကျနေမှာပါ။ ဒါဟာ မနာလိုခြင်းပါပဲ ။
မနာလိုခြင်းဟာ မအောင်မြင်နိုင်ပါဘူး ။
ပိုဆိုးတာက မအေးချမ်းပါဘူး ။
ဒါကို ရှင်းလင်းစွာသိမယ်ဆိုရင်
မနာလိုခြင်းဆိုတာ ရပ်တန့်သွားပါလိမ့်မယ် ။
ယှဉ်ပြိုင်ခြင်းတွေကို လျော့ချပါ ။
မနာလိုခြင်းကိုတော့ အပြီးသတ်ပစ်ပါ ။
ပျော်ရွှင်အေးချမ်းမှုနဲ့ စိတ်အကြည်ဓာတ်လေးတွေကို
မနာလိုခြင်းနဲ့ ဘယ်တော့မှ မဖျက်စီးမိပါစေနဲ့ ။
#ad #after20 #အသက်၂၀ကျော်ပြီးတဲ့အခါ
👧🏻လူတစ်ယောက်အတွက် စိတ် ဆိုတဲ့ အရာက အရမ်းကို အရေးကြီးပါတယ်။စိတ်က သတ်ရင် လူကိုတောင် သေစေနိုင်ပါတယ်။
👧🏻ဒါကြောင့် မင်မင်ကတော့ အမြဲတမ်းလိုလို ကောင်းမွန်တဲ့အတွေးလေးတွေ တွေးဖြစ်အောင် ကြိုးစားခဲ့တယ်။
👧🏻လူတွေ တော်တော်များများက လူတိုင်းကို အသိမပေးဘဲ ကိုယ့်ဒဏ်ရာတွေနဲ့ ကိုယ် ရုန်းကန်နေကြရတာပါ။ ဒါကို မသိဘဲ သူတစ်ပါးကို ပြောချင်ရာပြောလိုက်လို့ တစ်ဖက်လူရဲ့ စိတ်ထဲမှာ တစ်ခုခု အနာတရဖြစ်သွားမှာကို အရမ်းကြောက်ပါတယ် ။ ကိုယ်တိုင်လည်း အဲ့လိုဒဏ်တွေ မခံနိုင်ဘူးရယ် ။
👧🏻တစ်ရက်မှာတော့ ဒီ 11နှစ်အရွယ် ကလေးမလေး ပေါ်လီယာနာ အကြောင်းရေးသားထားတဲ့ ဒီစာအုပ်လေးကို ဖတ်လိုက်ရပါတယ် ။ ဒီစာအုပ်လေးထွက်တာ ကြာပြီဆိုပေမယ့် ဘယ်တော့မှမရိုးတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် ။ ပေါ်လီယာနာလေးကလည်း ကောင်းမွန်တဲ့အတွေးလေးတွေ အမြဲတွေးနေတတ်ပြီး ကစားနည်းတစ်ခုလိုတောင်ကစားနေခဲ့တာပါတဲ့ ။
👧🏻ပြီးတော့ သူက တခြားသူတွေကိုပါ ကစားဖို့ အကြုံပြုတတ်သေးတယ်။ဘယ်လို အခက်အခဲမျိုးပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်ကနေပဲ တွေးနေတတ်တာ....
👧🏻ဒါကြောင့် သူနဲ့တွေ့ပြီးနောက်ပိုင်း ကောင်းမွန်တဲ့ အတွေးတွေ တွေးဖြစ်ဖို့ကို အရမ်းကြီး အာရုံစိုက်မနေဘဲ ကစားနည်းတစ်ခုလိုပဲ ပျော်ရွှင်စရာတစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် တွေးတတ်လာတယ်။
👧🏻အခုဆိုရင် အရမ်းစိတ်ချမ်းသာလာရတယ် ။ ဆိုးရွားတဲ့အခြေအနေတွေမှာတောင် ဘာမှမဖြစ်သလိုပဲ လှပမှုတွေကို ခံစားပြီး ကောင်းကောင်းကြီးရပ်တည်နိုင်လာတယ် ။ ပိုပြီးလည်း သန်မာလာတယ်လို့ ခံစားရတယ် ။
👧🏻လူတွေအများကြီးမဟုတ်ရင်တောင် ကိုယ့်အနီးနားက လူတိုင်းကို ကောင်းမွန်တဲ့ အတွေးလေးတွေ ဝေမျှပေးချင်တယ်။ လူတိုင်းကိုလည်း ပေါ်လီယာနာလေးလို ကောင်းမွန်တဲ့အတွေးလေးတွေ တွေးစေချင်တယ် ။
👧🏻လူတစ်ယောက်ကို စိတ်ချမ်းသာစေချင်တယ်ဆိုတာ ပစ္စည်းတွေ လက်ဆောင်တွေပေးနေမှရယ် မဟုတ်ပါဘူး ။ လူတစ်ယောက်ကို အပြုံးလေးတစ်ပွင့် ဖန်တီးပေးတာ ၊ ကိုယ့်ကြောင့် သူတစ်ပါးစိတ်ချမ်းသာသွားရတာ ဘယ်လောက်တောင် တန်ဖိုးရှိလိုက်သလဲနော် ။
👧🏻ဘယ်အလုပ်ပဲ လုပ်လုပ် ၊ ဘယ်လိုစကားပဲပြောပြော သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့စိတ်လေးနဲ့ နေထိုင်သွားမယ်ဆိုရင် လောကကြီးက ဘယ်လောက်သာယာလိုက်မလဲ ။
👧🏻ဒါကြောင့် စာဖတ်သူတို့လည်း အချိန်တစ်ခုရတဲ့အခါ
ဒီစာအုပ်လေးကိုဖတ်ကြည့်ပြီး ကိုယ့်ရဲ့ကောင်းမွန်တဲ့ အတွေးလေးတွေကို အချိန်တိုင်းတွေးနေနိုင်အောင် ကြိုးစားကြရအောင်နော်.......
#ထင်လင်း #ပေါ်လီယာနာ