Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စုံစမ်းစစ်ဆေးသူများက တောင်ကိုရီးယားသမ္မတကို ဖမ်းရန်ဆိုင်းငံ့
ဆိုးလ်၊ ဇန်နဝါရီ ၄
တောင်ကိုရီးယားစုံစမ်းစစ်ဆေးသူများသည် ဇန်နဝါရီ ၃ ရက်က သမ္မတ ယွန်းဆော့ရွဲ (Yoon Suk Yeol) ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး ဖမ်းဝရမ်းဖြင့် ဖမ်းဆီးမည့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးရေး အရာရှိများသည် သမ္မတယွန်းအား အောင်မြင်ခဲ့ခြင်း မရှိသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ မှုနှင့်ပတ်သက်ပြီး ယွန်းအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း သမ္မတ၏ လုံခြုံရေးအစောင့်များနှင့် နာရီပေါင်း များစွာကြာ တွန်းထိုးမှုများဖြစ်ပွားခဲ့သည်။
တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင်များနှင့် စုံစမ်းစစ်ဆေးရေးအရာရှိ ၈၀ ခန့်က ဒီဇင်ဘာ ၃ ရက် နံနက် အစောပိုင်း ကတည်းက သမ္မတအိမ်တော်ဝင်းအတွင်း ဝင်ရောက်ခဲ့ကြသည်။
အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံး (CIO) မှ အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင် ၈၀ ခန့်သည် ယွန်း၏ နေအိမ်အနီး မီတာ ၁၀၀ ခန့်သို့ ရောက်ရှိလာချိန်တွင် သမ္မတဝင်းအတွင်းမှ စစ်သားများနှင့် လုံခြုံရေးအစောင့်များ ပါဝင်သည့် လူအင်အား ၂၀၀ ခန့်က လူသားတံတားအဖြစ် တန်းစီပြီး လမ်းကို ပိတ်ဆို့ခဲ့ကြသည်။
စုံစမ်းစစ်ဆေးရေးအရာရှိများနှင့် သမ္မတအိမ်တော် လုံခြုံရေးများအကြား ငြင်းခုံမှုများ တွန်းတိုက်မှုများ ရှိခဲ့သည် ဟုလည်း CIO က ပြောကြားခဲ့သည်။
ထို့ကြောင့် အခြေအနေများ တင်းမာလာပြီး လူအင်အားချင်း မမျှခြင်းကြောင့် စုံစမ်းစစ်ဆေးသူများက သမ္မတအား ဖမ်းဆီးမည့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း CIO က ထုတ်ပြန်ခဲ့သည်။
ယွန်းအား ဖမ်းဝရမ်း ထုတ်သည့် ကာလသည် ဇန်နဝါရီ ၆ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး ဖမ်းဝရမ်းကာလကို သက်တမ်း ထပ်တိုးနိုင်မည်ဖြစ်သည်။
ဆိုးလ်မြို့တော်ရှိ သမ္မတအိမ်တော်ဝင်း အပြင်ဘက်တွင်လည်း ယွန်းကို ဆန့်ကျင်သူများက တစ်ဖက်၊ ယွန်းကို ထောက်ခံသူများကတစ်ဖက် တန်ပြန်သပိတ်များ ပြုလုပ်ခဲ့ကြသည်။
ယွန်းသည် ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း စုံစမ်းစစ်ဆေးသူများ၏ ဆင့်ခေါ်မှုကို ၃ ကြိမ်တိုင်တိုင် ငြင်းဆိုခဲ့ကြောင်း CIO က ထုတ်ပြန်ခဲ့သည်။
Source: Nikkei Asia
ပုံ - သမ္မတယွန်းဆော့ရွဲကို ဖမ်းဖို့လာသူတွေနဲ့လုံခြုံရေးအဖွဲ့ အငြင်းပွားနေကြစဉ်
#centralnewsnaypyitaw
အစ္စရေးအတွက် ဒေါ်လာ ကိုးဘီလီယံဖိုး လက်နက်တွေရောင်းဖို့ အမေရိကန်စီစဉ်နေ
ဇန်နဝါရီ ၄
ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ အစ္စရေးအတွက် ဒေါ်လာ ကိုးဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ ကွန်ဂရက်ကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါဟာ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းအရပ်သားတွေ သောင်းနဲ့ချီသေဆုံးပေမယ့် မဟာမိတ်အစ္စရေးအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ဆက်လက်ပြသနေတာလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ဒီရောင်းချမှုအတွက် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ကော်မတီတို့က အတည်ပြုရဦးမှာဖြစ်ပါတယ်။
ဒီရောင်းချမှုမှာ တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအတွက် ခဲယမ်းတွေအပြင် အမြောက်ကျည်တွေ ၊ ဗုံးတွေလည်းပါဝင်တယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နို်ငငံခြားရေးဝန်ကြီးဌာနကတော့ ချက်ချင်း မှတ်ချက်ပေးတာမရှိသေးပါဘူး။
အစ္စရေးကို လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်မှာ ကန့်ကွက်မှုတွေရှိနေပေမယ့်လည်း အမေရိကန်အစိုးရရဲ့ မူဝါဒကတော့ ကြီးကြီးမားမား ပြောင်းလဲတာမျိုးမရှိသေးပါဘူး။ ဩဂုတ်လအတွင်းကလည်း အမေရိကန်ဟာ အစ္စရေးအတွက် တိုက်လေယာဉ်နဲ့ အခြားစစ်လက်နက်ပစ္စည်း ဒေါ်လာ ဘီလီယံ ၂၀ ဖိုးရောင်းချဖို့ကို ခွင့်ပြုခဲ့ပါတယ်။
ဂါဇာရှိ ဟားမတ်စ်၊ လက်ဘနွန်ရှိ ဟဇ်ဘိုလာနဲ့ ယီမင်ရှိ ဟူသီသူပုန်အဖွဲ့လိုမျိုး အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွးများကို ခုခံကာကွယ်ဖို့အတွက် မဟာမတ်အစ္စရေးကို ကူညီနေတာလို့ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက ပြောပါတယ်။
၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်ကစတင်ခဲ့တဲ့ ဂါဇာစစ်ပွဲမှာ အစ္စ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၅၀၀၀ ကျော်သေဆုံးပြီး ၂ ဒသမ ၃ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
Ref:Reuters
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး
အီဂျစ်တိုက်စစ်ကစားသမား ဆာလာက စာချုပ်သစ်နဲ့ပတ်သက်ပြီး တိုးတက်မှုမရှိတာကြောင့် ဒီရာသီဟာ လီဗာပူးလ်အသင်းမှာ သူ့ရဲ့နောက်ဆုံးရာသီလို့ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြေညာခဲ့ပါတယ်။
ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် ဆာလာနဲ့ လီဗာပူးလ်အသင်းတို့ဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေရပ်တန့်နေတာကြောင့် ဆာလာဟာ ရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ရှိနေတာပါ။
>>>>>
ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၂၀)အထိ သွင်းယူပြီး ခြေစွမ်းပြသနေတဲ့ ဆာလာဟာ ဇန်နဝါရီ(၁)ရက်စတင်ပြီး အင်္ဂလန်ပြင်ပကလပ်အသင်းတွေနဲ့ အကြိုစာချုပ်ချုပ်ဆိုလို့ရပြီဖြစ်ပါတယ်။ ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိတာကြောင့် ဒီရာသီဟာ သူ့ရဲ့နောက်ဆုံးရာသီလို့ အကြိမ်ပေါင်းများစွာပြောနေခဲ့တာပါ။ ဆာလာဟာ သူ့ရဲ့နောက်ဆုံးရာသီမှာ လီဗာပူးလ်အသင်းကို အောင်မြင်မှုတွေရယူပေးချင်နေပြီး ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ကို အဓိကရည်မှန်းနေတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဆာလာအပြင် အသင်းခေါင်းဆောင် ဗန်ဒိုက်၊ နောက်ခံလူ အာနိုးလ်တို့ကိုလည်း ရာသီအကုန်မှာ အလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ သူတို့နှစ်ဦးကလည်း ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။ အာနိုးလ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက ချဉ်းကပ်မှုတွေပြုလုပ်နေပြီး လီဗာပူးလ်အသင်းကို တရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖို့ရှိနေပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို (၁)ပွဲလျော့၊ရမှတ်(၆)မှတ်အသာနဲ့ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဇန်နဝါရီ(၅)ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်နိုင်ငံတွင် ဖြစ်ပွားနေပြန်ဟုဆို
Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာတွင် Human metapneumovirus (HMPV) ဆိုသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံ၌ကိုင်တွယ်ဖြေရှင်းနေရကြောင်း သိရသည်။
သတင်းအစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ယင်း ဗိုင်းရပ်စ် လျင်မြန်စွာ ပျံ့နှံ့နေကြောင်း အချို့က ဆိုကာ အတည်မပြုနိုင်သော သတင်းများကလည်း ဆေးရုံများတွင် လူများရှိနေကြကြောင်းဆိုကြသည်။ အွန်လိုင်းတွင် မျှဝေထားသည့် ဗီဒီယိုများတွင် တုပ်ကွေး၊ HMPV၊ Mycoplasma pneumoniae နှင့် Covid-19 အပါအဝင် ဗိုင်းရပ်စ်အများအပြား ပျံ့နှံ့နေကြောင်းနှင့် လူစည်ကားလျှက်ရှိနေသော ဆေးရုံများကို ရိုက်ကူး ပြသထားသည်။
တရုတ်နိုင်ငံကမူ ယင်းဗိုင်းရပ်စ်ပြန့်နှံ့ခြင်းကို အတည်မပြုနိုင်သေးကြောင်း အခိုင်အမာဆိုထားသည်။ HMPV သည် တုပ်ကွေးကဲ့သို့ လက္ခဏာများ ဖြစ်စေကြောင်း သိရပြီး Covid-19 နှင့် ဆင်တူသော လက္ခဏာများကိုလည်း ပြသနိုင်သည်။ ကျန်းမာရေး တာဝန်ရှိသူများကလည်း အခြေအနေကအရပ်ရပ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။
တချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ဆောင်းရာသီတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအချို့ ဖြစ်ပွားမှုနှင့်အတူ ဆောင်းရာသီတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ မြင့်တက်လာနိုင်ဖွယ်ရှိသဖြင့် အမျိုးအမည်မသိ အဆုတ်ရောင်ရောဂါ စောင့်ကြည့်ရေးစနစ်တစ်ခုကို စမ်းသပ်လုပ်ဆောင်နေသည်ဟု သောကြာနေ့က ပြောကြားခဲ့ကြောင်းReuters သတင်းဌာန၏ သတင်းတစ်ပုဒ်တွင်ရေးသားဖော်ပြထားသည်။
အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး အိန္ဒိယသွားမည်
ဝါရှင်တန်၊ဇန်နဝါရီ ၃
အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်သည် အိန္ဒိယနှင့်ဝါရှင်တန်ကြားရှိ မိတ်ဖက်ဆက်ဆံမှုဆိုင်ရာဆွေးနွေးမှုအတွက် ၎င်းတာဝန်ချိန်ကျန်ရှိကာလအတွင်း နူးဒေလီသို့နောက်ဆုံးအနေဖြင့်သွားမည်ဟုသိရသည်။
တနင်္ဂနွေနှင့်တနင်္လာနေ့များတွင်သွားရန်စီစဉ်ထားသည့် ၎င်း၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး မစ္စတာအာဂျစ်ဒိုဗယ်နှင့်တွေ့ဆုံဆွေးနွေးမည်ဟုလည်းဖော်ပြထားသည်။
၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးအတွက်အဓိကကျသည့် အာကာသ၊ကာကွယ်ရေးနှင့် ဗျူဟာမြောက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများအတွက် အဓိကထားဆွေးနွေးသွားမည်ဟုလည်းဆိုသည်။
ဇန်နဝါရီလ ၂၀ ရက် အစိုးရအဖွဲ့သစ်ကျမ်းသစ္စာကျိန်ဆိုမည့်အချိန်တွင် ရာထူးသက်တမ်းကုန်ဆုံးမည်ဖြစ်သည့် ဆူလဗန်သည် အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးဂျေးရှန်ကာနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။